es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 055
Suscriptores
-224 horas
-27 días
+430 días
Archivo de publicaciones
EIO
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 055
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 055
(17,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိ
(17,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (11:09&11:13)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား - ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား - ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများနှင့် ကင်းပုန်းများဖြင့် စစ်ရေးအခြေအနေ အထူးရှုပ်ထွေးနေသော အချိန်ကာလဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ခရီးသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကြိုတင်ချိတ်ဆက်၍ မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာ နယ်မြေခံ၊တာဝန်ခံများ ထံသို့ ကြိုတင်ဆက်သွယ်ပါ။လမ်းကြောင်းအခြေအနေကို အတည်ပြုပြီး သတင်းပို့ ချိတ်ဆက်မှု ပြုလုပ်ပြီးမှသာ ခရီးစဉ်ကို စတင်ပါ။ ဒေသခံအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် စစ်ရေးသတိကို အမြဲရှိနေစေရန်တိုက်တွန်းအပ်ပါသည်။ မိမိတို့၏ အသက်ဘေးကင်းလုံခြုံရေးသည် တော်လှန်ရေးအတွက် အဓိကကျသဖြင့် စနစ်တကျ ချိတ်ဆက်သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများကိုယ်စား #EIO Admin Team မှ အသိပေး ပန်ကြားအပ်ပါသည်။ #EIO #AdminTeam #Eagle Information Operator @EIO2021_bot @EagleInformationOperator_bot

EIO
1 055
(17,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိ
(17,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (4:23)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခ ခမ အအ(၂၀)ခန့်သည် ရွာသာအေးဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 17, 5:14PM @EIO2021_bot@EagleInformationOperator_bot

EIO
1 055
Repost from EIO
​✊ အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။ ​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။ ​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။ ​🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။ ​#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ 🚫​မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ။ တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။ ✨​ပြန်လည်မျှဝေခြင်းသာရှိသည်။ အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။ ​📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။
"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"
မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။ ​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် အရှေ့လက် ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရား အထိုင်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 17, 11:55AM @EIO2021_bot@EagleInformationOperator_bot

EIO
1 055
⚜️ #EIO_Update_News ချောင်းဦးနယ်၊ မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထဲသို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 17, 11:15AM @EIO2021_bot@EagleInformationOperator_bot

EIO
1 055
Repost from EIO
🟢 ဆောင်ရန်အချက်များ (Do's) — ၎င်းတို့ကို ချက်ချင်းလုပ်ဆောင်ပါ ✅ အေးဆေးတည်ငြိမ်စွာ နားထောင်ပါ (Radio Discipline)။ ရန်သူ့အသံ ဝင်လာပါက စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာဖြင့် ရန်သူဘာပြောနေသည်ကို အသံဖမ်းနားထောင်ပါ။ (ရန်သူ့အသံနောက်ကွယ်မှ အသံများ ဖြစ်သော လေယာဉ်သံ၊ ကားသံ၊ သေနတ်သံ သို့မဟုတ် အခြားအမိန့်ပေးသံများကို အကဲခတ်ပါ) ✅ အခြားသတ်မှတ်ချန်နယ် (Alternative Frequency) သို့ ပြောင်းပါ။ ရန်သူက လိုင်းကို ဆက်တိုက်နှောက်ယှက်နေပြီး အရေးကြီးသတင်းများ ပြောဆို၍ မရတော့ပါက မိမိတို့အဖွဲ့အစည်းအချင်းချင်း ကြိုတင်သတ်မှတ်ထားသော အရန်ချန်နယ် (Backup Frequency) သို့ ချက်ချင်း လိုင်းပြောင်းရွှေ့ပါ။ ✅ ကုဒ်ဝှက်အသုံးအနှုန်း (Code Words) များကိုသာ သုံးပါ။ လိုင်းအတွင်း ရန်သူရှိနေနိုင်သဖြင့် အရန်လိုင်းပေါ်တွင် စကားပြောသည့်အခါ၌ပင် ရန်သူအလွယ်တကူ နားမလည်နိုင်သော မိမိတို့အဖွဲ့၏ လျှို့ဝှက်ကုဒ်များကိုသာ အသုံးပြု၍ အပြန်အလှန် ဆက်သွယ်ပါ။ ✅ တာဝန်ရှိသူထံ ချက်ချင်းသတင်းပို့ပါ။ ရန်သူ့ဘက်မှ မည်သည့်ချန်နယ်တွင် ဝင်ရောက်နှောက်ယှက်နေသည်၊ မည်သို့သော အခြေအနေမျိုး ပြောဆိုနေသည်ကို ဆက်သွယ်ရေးနှင့် ပြန်ကြားရေး အထိုင်စက်ကြီးများရှိ တာဝန်ခံရဲဘော်များထံ ချက်ချင်း (အခြားဆက်သွယ်ရေးနည်းလမ်းဖြင့်) သတင်းပို့ အကြောင်းကြားပါ။ ရန်သူ့၏ လိုင်းဝင်နှောက်ယှက်မှုသည် "ထောင်ချောက်" တစ်ခု ဖြစ်ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင့်ကို ဒေါသထွက်အောင်ပြုလုပ်ပြီး သင်၏ တည်နေရာ၊ စိတ်လှုပ်ရှားမှုနှင့် သင့်ထံမှ သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် ဖြစ်သည်။ "ဆိတ်ဆိတ်နေခြင်းသည် ရန်သူ့ကို သတင်းအမှောင်ချခြင်း ဖြစ်သည်" ဆိုသည့် ဆက်သွယ်ရေးစည်းကမ်းကို မမေ့ပါနှင့်။ #EIO #WalkieTalkie #EarlyWarning #AirRaidWarning #CivilDefense #AirstrikeAlert #ArtilleryAlert #PublicSafety #WhatsHappeningInMyanmar #MyanmarCrisis #SpringRevolution #AntiMilitaryDictatorship

EIO
1 055
Repost from EIO
📡 ပြည်သူ့အသံမှသည် လုံခြုံရေးဆီသို့။ #Icon (စကားပြောစက်) အသုံးပြုခြင်းဆိုင်ရာ အရေးကြီးလမ်းညွှန်ချက်။ အကြမ်းဖက်စစ်ကောင်စီ၏ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ရန်သူ့စစ်ကြောင်း လှုပ်ရှားမှုသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဆက်သွယ်ရေးနှင့် ပြန်ကြားရေးအထိုင်စက်ကြီးများမှ ရဲဘော်များသည် နေ့မနား၊ ညမနား တာဝန်ထမ်းဆောင်နေကြပါသည်။ ဤသည်မှာ ပြည်သူလူထုတစ်ရပ်လုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် နောက်ကွယ်မှနေ၍ အသက်ပေးကာကွယ်နေကြခြင်း ဖြစ်သည်။ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် ရန်သူ့အန္တရာယ်ကို ကြိုတင်ရှောင်ကွင်းနိုင်ရန် Icon စကားပြောစက်၏ အသုံးဝင်ပုံ၊ စနစ်တကျ ကိုင်ဆောင်နည်းနှင့် လုံခြုံရေးအရ မဖြစ်မနေ သိရှိထားရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အောက်ပါအတိုင်း အလေးအနက် သတိပေးနှိုးဆော်အပ်ပါသည်။ 📻 Icon စကားပြောစက်ကို ဘာကြောင့်သုံးရမလဲ၊ ဘယ်လိုသုံးမလဲ⁉️ 🎯 အဓိကအသုံးဝင်ပုံ ဆက်သွယ်ရေးပြတ်တောက်ချိန်တွင် အားကိုးရခြင်း။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေချိန်တွင်ပင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် ရန်သူ့လှုပ်ရှားမှုများကို မိနစ်ပိုင်းအတွင်း ကြိုတင်သိရှိနိုင်ပါသည်။ 🛠️ မှန်ကန်စွာ ကိုင်ဆောင်နည်း။ ကြိမ်နှုန်း (Frequency) တိုက်စစ်ပါ။ မိမိဒေသအခြေစိုက် ပြန်ကြားရေးအဖွဲ့များ သတ်မှတ်ထားသည့် ကြိမ်နှုန်းချန်နယ်ကို တိကျစွာ ဖမ်းယူထားပါ။ အင်တင်နာ (Antenna) စစ်ဆေးပါ။စက်အသုံးမပြုမီ အင်တင်နာ တပ်ဆင်ထားမှုကို အမြဲမပြတ် စစ်ဆေးပါ။ ⚠️ စည်းကမ်းနှင့် လုံခြုံရေး (Do's and Don'ts) 🟢 ဆောင်ရန်အချက်များ (Do's) ✅ အားအဆင်သင့် အမြဲရှိပါစေ။ လျှပ်စစ်မီးအခက်အခဲ ရှိနိုင်သဖြင့် ဘက်ထရီအားကို အပြည့်သွင်းထားပါ။ အပိုဘက်ထရီ သို့မဟုတ် Power Bank များကို စနစ်တကျ ဆောင်ထားပါ။ ✅ သတင်းအချက်အလက်ကို ချက်ချင်းအသုံးချပါ။ အရေးပေါ် လေကြောင်း သို့မဟုတ် စစ်ကြောင်းသတိပေးချက် ကြားရသည်နှင့် တုံ့ဆိုင်းမနေဘဲ လုံခြုံစိတ်ချရသော ခိုလှုံရာနေရာများသို့ ချက်ချင်း ရွှေ့ပြောင်းပါ။ 🔴 ရှောင်ရန်အချက်များ (Don'ts) ❌ စကားပြောခလုတ် (PTT) ကို လျှောက်မနှိပ်ပါနှင့်။ မိမိက သတင်းပြန်ပို့ရမည့် တာဝန်ခံမဟုတ်ပါက ခလုတ်ကို မလိုအပ်ဘဲ နှိပ်ခြင်း၊ စကားပြောခြင်း လုံးဝမပြုလုပ်ပါနှင့်။ (လိုင်းပိတ်ဆို့ပြီး အရေးကြီးသတင်းများ မကြားရဘဲ ဖြစ်သွားနိုင်သည်) ❌ လျှို့ဝှက်ချက်များကို ပြင်ပ၌ မပြောပါနှင့်။ စကားပြောစက်မှ ကြားရသော စစ်ရေးသတင်းများ၊ ရဲဘော်များ၏ တည်နေရာနှင့် ကုတ်နံပါတ် (Code) များကို ပြင်ပလူထုကြားထဲတွင်ဖြစ်စေ၊ လုံခြုံရေးမရှိသော ဖုန်းလိုင်းနှင့် လူမှုကွန်ရက် (Social Media) ပေါ်တွင်ဖြစ်စေ ပေါ့ဆစွာ ပြန်လည်မပြောဆိုပါနှင့်။ 💡 "သတင်းသိရုံဖြင့် မလုံလောက်ပါ။ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းများကို တိတိကျကျ လိုက်နာခြင်းကသာ သင်နှင့် သင့်ပတ်ဝန်းကျင်ကို အသက်ဘေးမှ အမှန်တကယ် ကယ်တင်နိုင်မည် ဖြစ်သည်။" 🚨 [အရေးပေါ်သတိပေးချက်] ရန်သူမှ စကားပြောစက်လိုင်းအတွင်း ဝင်ရောက်နှောက်ယှက်လာပါက လိုက်နာရန် လမ်းညွှန်ချက်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ရန်၊ သတင်းအမှားများ ဖြန့်ဝေရန်နှင့် ရဲဘော်များနှင့် ပြည်သူများကို စိတ်ဓာတ်ခြောက်ခြားစေရန်အတွက် စကားပြောစက်လိုင်းများ (Frequencies) အတွင်းသို့ ဝင်ရောက်နှောက်ယှက်ခြင်း၊ ဆဲဆိုခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ကြုံတွေ့ရပါက လုံခြုံရေးအန္တရာယ် မကျရောက်စေရန်အတွက် အောက်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိတိကျကျ တသွေမတိမ်း လိုက်နာကြပါရန် အသိပေးအပ်ပါသည်။ 🟥 ရှောင်ရန်အချက်များ (Don'ts) — ၎င်းတို့ကို လုံးဝ(လုံးဝ) မလုပ်ပါနှင့် ❌ ပြန်လည်တုံ့ပြန်ခြင်းနှင့် ဆဲဆိုခြင်း လုံးဝမပြုလုပ်ပါနှင့်။ ရန်သူက ဆဲဆိုခြင်း၊ စိန်ခေါ်ခြင်း ပြုလုပ်သည့်အခါ ဒေါသအလျောက် ပြန်လည်ချေပခြင်း သို့မဟုတ် အချေအတင် စကားပြောခြင်း လုံးဝမလုပ်ရပါ။ (သင် ပြန်ပြောလိုက်သည့် စကားလုံးတိုင်းသည် ရန်သူ့အတွက် သတင်းအချက်အလက် ဖြစ်သွားနိုင်သည်) ❌ မိမိတို့၏ အချက်အလက်များကို အမှတ်တမဲ့ မပြောမိပါစေနှင့်။ "မင်းတို့ ဘယ်ကလဲ" ဟု မေးမြန်းလာပါက မိမိတို့အဖွဲ့အမည်၊ တည်နေရာ၊ ဒေသ သို့မဟုတ် လူပုဂ္ဂိုလ်အမည်များကို စိတ်လှုပ်ရှားပြီး ထုတ်ဖော်မပြောမိစေရန် အထူးသတိပြုပါ။ ❌ PTT (စကားပြောခလုတ်) ကို အကြာကြီး ဖိမထားပါနှင့်။ စိတ်တို၍ဖြစ်စေ၊ လိုင်းပိတ်လို၍ဖြစ်စေ စကားပြောခလုတ်ကို အကြာကြီး ဖိထားခြင်းမျိုး မလုပ်ပါနှင့်။ ၎င်းသည် ရန်သူ့ကို မိမိတို့၏ တည်နေရာပြစနစ် (Direction Finding) ဖြင့် ထောက်လှမ်းရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတတ်ပါသည်။ ❌ ကြောက်လန့်တကြား လိုင်းမပိတ်ပါနှင့်။ လိုင်းထဲဝင်ပြောသည်နှင့် ကြောက်လန့်ပြီး စက်ကို ချက်ချင်းပိတ်ပစ်ခြင်းမျိုး မလုပ်ပါနှင့်။ ရန်သူ ဘာတွေပြောနေသည် (ဥပမာ - စစ်ကြောင်းထွက်မည့်အခြေအနေ သို့မဟုတ် လှည့်ဖြားမည့်သတင်း) ကို အေးဆေးစွာ ဆက်လက်နားထောင်ပြီး အကဲခတ်ရပါမည်။

EIO
1 055
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 17, 8:57AM @EIO2021_bot@EagleInformationOperator_bot

EIO
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ (Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။ တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 055
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 055
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 055
Repost from EIO
စိတ်မကောင်းစရာကတော့ အဲဒီလိုသတင်းတွေက သိပ်ပြီး ရှိမနေပါဘူး။ တရားခံကို ဘယ်လို ဖမ်းဆီးပြီး ဘယ်လို အရေးယူတယ်၊ ဘယ်လောက် ပြစ်ဒဏ်ချလိုက်ပြီဆိုတဲ့ သတင်းတွေကတော့ ကျူးလွန်တဲ့ သတင်းတွေလောက် မပေါများနေပါဘူး။ ဒါဟာ ရဲစခန်းတွေ၊ တရားရုံးတွေကိုယ်တိုင်ဆီမှာ မရှိတာလည်း ဖြစ်နိုင်သလို သတင်းရေးတဲ့ သတင်းထောက်ဆီ၊ ဆိုရှယ်မီဒီယာအသုံးပြုသူတွေဆီမှာလည်း မရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းထဲမှာကိုက ရှိမနေတာလည်း ဖြစ်ပါလိမ့်မယ်။ နိဂုံးချုပ်ရရင်တော့ ကျွန်တော်တို့အနေနဲ့ သတင်းတစ်ပုဒ် ဒါမှမဟုတ် ပို့စ်တစ်ခုတင်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့တော့ လိုမယ်ထင်တယ်။ ဒီအရေးအသားက သမင်ကို သတိပေးနေတာလား၊ ဒါမှမဟုတ် မုဆိုးကို လမ်းပြနေတာလားဆိုတာပါပဲ။ ငြိမ့်လွင့်

EIO
1 055
Repost from EIO
သတင်းက သမင်ကို သတိပေးတာလား၊ မုဆိုးကို လမ်းပြနေတာလား Dawei Watch | အက်ဆေး သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က မြားနဲ့ပစ်ဖမ်းလိုက်တယ်။ ဒီသတင်းဟာ သမင်တွေကြားမှာရော၊ ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ သတင်းရေးသားသူဟာ ဖြစ်စဉ်ကို ပီပီပြင်ပြင် ဖော်ပြထားတော့ စိတ်ဝင်စားဖို့ကောင်းနေတယ်။ မုဆိုးက ဘယ်နေရာမှာ ပုန်းတယ်၊ ဘယ်လို အသက်ရှူတယ်၊ မြားက ဘယ်လို ထိသွားတယ်ဆိုတာအထိ အသေးစိတ် ဖော်ပြထားတယ်။ အဲဒီသတင်းကို သမင်တွေကလည်း ဖတ်မယ်။ မုဆိုးတွေကလည်း ဖတ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ ဆက်တွေးကြည့်ရအောင်ပါ။ ကျွန်တော်တို့ ကလေးတုန်းက မှုခင်းစာစောင်တွေ ရောင်းကောင်းခဲ့ကြတယ်။ မုဒိမ်းသတင်းတွေ၊ လူသတ်သတင်းတွေလည်း မကြာမကြာ တွေ့ရတယ်။ စိတ်မကောင်းစရာက အဲဒီအမှုအခင်းတွေဟာ လျော့နည်းသွားတာမျိုး၊ ပပျောက်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတာပါပဲ။ အသက်အရွယ်အစုံ မုဒိမ်းမှုတွေ၊ ကြမ်းကြုပ်လွန်းတဲ့ လူသတ်မှုတွေ။ ဆို့နင့်ဖွယ်ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ။ ဒါတွေဘာကြောင့်ဖြစ်လဲ။ အကြောင်းတွေ ရှာကြည့်ရင်တော့ အများကြီးရှိနေမှာပါပဲ။ အစိုးရတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ အဆီအငေါ်မတည့်တာတွေလည်း ပါပါလိမ့်မယ်။ ကျွန်တော်တွေးကြည့်နေမိတာက မီဒီယာတွေ ဒါမှမဟုတ် ရေးသားဖော်ပြမှုတွေအကြောင်းပါ။ မီဒီယာလို့ ပြောရင် ဆိုရှယ်မီဒီယာတွေလည်း အပါအဝင်ပေါ့။ အဲဒီအပိုင်းကိုပဲ ခွဲထုတ်ပြီး စဉ်းစားကြည့်တာပါ။ သတင်းတွေ ဘာကြောင့်ရေးလဲ၊ ဘယ်လိုရေးလဲဆိုတာအပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် သိပ်မပြောကြဘူးလို့ ကျွန်တော်ထင်တယ်။ သတင်းတွေကို ဘာကြောင့်ရေးလဲ။ လွယ်လွယ်ဖြေရရင် အများပြည်သူ သိစေချင်လို့၊ သတိပြုစေချင်လို့၊ ဒါတွေ ဖြစ်မှာပါပဲ။ ဘယ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ရေးလိုက်တဲ့အခါ တခြားနေရာကလူတွေလည်း သတိပြုမိမယ်။ ကြိုတင်ကာကွယ်တာ၊ ဆင်ခြင်တာတွေ လုပ်နိုင်တယ်။ ဒါက ကောင်းတဲ့သက်ရောက်မှု ပါပဲ။ ဒါပေမဲ့ အရိပ်ကွယ်နေတဲ့ အပိုင်းကိုလည်း ရှာကြည့်ဖို့ လိုမယ်ထင်ပါတယ်။ သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က ဘယ်ပုံဘယ်နည်း မြားနဲ့ပစ်ဖမ်းလိုက်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုပဲ နမူနာပြုချင်ပါတယ်။ အဲဒီသတင်းကို အခြားသော သမင်တွေကလည်း ဖတ်မယ်၊ မုဆိုးတွေကလည်း ဖတ်မယ်။ သတင်းကို ဖတ်ရတဲ့အခါ သမင်တွေဟာ သူတို့ရဲ့ဘေးအန္တရာယ်အကြောင်းကို တွေးမယ်။ သတင်းထဲက သမင်ဟာ ဘယ်လိုဘယ်ပုံ ခံလိုက်ရတယ်ဆိုတာကို ဆင်ခြင်မယ်။ ရှောင်ရှားမယ်။ ကျွန်တော်တို့ သတိပြုရမှာက မုဆိုးတွေဟာလည်း သတင်းဖတ်သူတွေဖြစ်တယ်ဆိုတာပါပဲ။ သူတို့တွေအတွက်တော့ သမင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ မုဆိုးကို ချီးမွမ်းခန်းဖွင့်ကြမယ်။ ဘယ်လိုပစ်ဖမ်းရတယ်ဆိုတာကို နည်းယူမယ်၊ တောအုပ်ရဲ့ ဟာကွက်တွေကို လေ့လာမယ်။ ဒါပါပဲ။ ဒီတော့ သတင်းတွေဟာ မုဆိုးတွေအတွက် လမ်းပြတွေဖြစ်နေနိုင်ပါတယ်။ အသေးစိတ်ဖော်ပြလေလေ လေ့လာစရာ ကျမ်းတစ်ဆူလို ဖြစ်လေလေပါပဲ။ အရင်တုန်းကတော့ သတင်းကို သတင်းစာ၊ ဂျာနယ်တွေက ရေးတယ်။ အခုတော့ လူတိုင်း သတင်းရေးနေကြတယ်။ လူတိုင်း အများသိအောင် ဖြန့်နိုင်တဲ့ခေတ်မှာ လူတိုင်း အယ်ဒီတာဖြစ်လာတယ်။ ဒါပေမဲ့ အယ်ဒီတာတစ်ယောက်လို စဉ်းစားရတဲ့ တာဝန်ကိုတော့ မေ့နေကြတယ်။ သတင်းဆိုတာ ဖြစ်ခဲ့တာကို ပြောပြတာပဲ။ ဒါပေမဲ့ ဘယ်လိုပြောမလဲဆိုတာက အရေးကြီးပါတယ်။ လူတစ်ယောက် အသတ်ခံရတယ်ဆိုတာကို ပြောဖို့ လိုတယ်။ ဒါပေမဲ့ သူ့ရုပ်အလောင်းကို အသေးစိတ်ပြဖို့ လိုသလား။ အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့်ခံရတယ်ဆိုတာကို လူ့အဖွဲ့အစည်း သိသင့်တယ်။ ဒါပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို တစ်ကြောင်းမကျန် ရေးပြဖို့ လိုသလား။ အခုနောက်ပိုင်းတော့ သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကြီးတွေဟာ သတင်းအရေးသားတွေကို ကျင့်ဝတ်အရ စိစစ်ကန့်သတ်လာပါတယ်။ အထူးသဖြင့် မုဒိမ်းမှု၊ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု စတာမျိုးတွေ။ အသေးစိတ်ပုံဖော်ပြတာမျိုးတွေကို လက်မခံတော့ပါဘူး။ ဒါပေမဲ့လည်း တချို့တွေကတော့ ကွက်ကွက်ကွင်းကွင်း၊ အတွင်းကျကျ ဖော်ပြနေကြဆဲပါပဲ။ ဒီလိုဖော်ပြနိုင်လေလေ ပို့စ်အောက်မှာ လူတွေ တပြုံတမကြီး ရောက်လာလေလေ၊ လူအများဆီကိုလည်း ပိုပျံ့နှံ့လေလေပါပဲ။ ပလက်ဖောင်းတွေက မကန့်သတ်နိုင်ခင်မှာပဲ အဲဒီသတင်းတွေဟာ လူအချင်းချင်း မျှဝေပြီးသား ဖြစ်နေတတ်ပါတယ်။ သတင်းတွေရဲ့ မူလရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းကို အသိပေးဖို့၊ သတိပြုမိစေဖို့ပါပဲ။ ဒါပေမဲ့ တစ်ခါတလေ အဲဒီရည်ရွယ်ချက်ထက် ပိုသွားတတ်တယ်။ လူတွေဟာ သတင်းတွေဖတ်ရလွန်းပြီး ကြောက်လန့်သွေးပျက်လာကြတယ်။ ဘယ်မှာတော့ဖြင့် မုဒိမ်းမှုဖြစ်တယ်လို့ ရေးလိုက်တာဟာ ခင်ဗျားရှိနေတဲ့နေရာမှာလည်း အဲသလိုမျိုး ဖြစ်နိုင်တယ်လို့ သတိပေးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် ခြောက်လှန့်လိုက်တာပါပဲ။ နောက်တစ်ခုတွေးမိတာက သတင်းတွေဟာ ဘာဖြစ်လို့ လူတွေကို စိတ်ချမ်းသာမှု မပေးနိုင်ရတာလဲ။ ဒီကိစ္စကလည်း အရေးကြီးပါတယ်။ တကယ်လို့သာ သမင်တစ်ကောင်ကို မုဆိုးက ဖမ်းတဲ့အကြောင်းမဟုတ်ဘဲ မုဆိုးတစ်ယောက်ကို ကျားဆွဲသွားတယ်ဆိုတဲ့သတင်းမျိုးဆိုပါတော့။ ဒီသတင်းကို သမင်တွေဖတ်ရတဲ့အခါ အထိုက်အလျောက်စိတ်လုံခြုံမှုကို ရစေမှာဖြစ်သလို မုဆိုးတွေအတွက်လည်း တစ်စုံတစ်ရာ တွန့်သွားစေမှာပဲ။

EIO - Estadísticas y analítica del canal de Telegram @eagleinformationoperator