EIO
Ir al canal en Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Mostrar más1 053
Suscriptores
-124 horas
-27 días
+230 días
Archivo de publicaciones
1 053
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 053
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 053
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 053
Repost from EIO
💡 စနစ်သစ်မှာ အရေးကြီးတဲ့ "ဉာဏမူပိုင်ခွင့်" အကြောင်း သိကောင်းစရာ
စနစ်ဆိုးကို မကြိုက်လို့ တော်လှန်နေပြီး စနစ်သစ်တခုကို ဖော်ဆောင်နေတဲ့အချိန်မှာ မသိမဖြစ် သိထားရမယ့် အခြေခံကျင့်ဝတ်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ⚖️
၁။ 🚫 Plagiarism (ခိုးကူးမှု) ဆိုတာ ဘာလဲ❓
သူတစ်ပါးရဲ့ ကိုယ်ပိုင်အာဘော်၊ ကိုယ်ပိုင်ဟန်နဲ့ ကြိုးစားအားထုတ်ထားတဲ့ အရေးအသား၊ အိုင်ဒီယာတွေကို ခွင့်ပြုချက်မတောင်း၊ #Credit မပေးပဲ မိမိကိုယ်ပိုင်ဖြစ်သယောင် ခိုးယူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဒါဟာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ရှောင်ကြဉ်ရမယ့်အချက် ဖြစ်ပါတယ်။
၂။ ✅ Intellectual Property Right (ဉာဏမူပိုင်ခွင့်) ဆိုတာ ဘာလဲ❓
လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးထားတဲ့အရာ (စာပေ၊ အနုပညာ၊ နည်းပညာ) တွေသည် အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားတဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ ဒါကို လေးစားခြင်းဟာ ဖန်တီးသူရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားခြင်းပါပဲ။
🌍 ဘာကြောင့် အရေးကြီးတာလဲ❓
နောင်လူငယ်တွေအနေနဲ့ တကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်ဖို့နဲ့ ကိုယ်ပိုင်တီထွင်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ဒီအလေ့အထကို အခုကတည်းက ပျိုးထောင်သင့်ပါပြီ။
မှတ်ချက်။။ ။။ မင်းသုတ (ဒီဇင်ဘာ ၇၊ ၂၀၂၃)၏ "ဉာဏမူပိုင်ခွင့်" အကြောင်းကို မှီငြမ်း၍ မိမိတို့ #Eagle_Information_Operator မှ ကိုးကား၍ အသေးစိတ် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
( EIO_Founder )
#AdminTeam
#Eagle_Information_Operator
#KnowledgeSharing #Education #Ethics #Intellectual_Property_Right #Plagiarism #Eagle_Information_Operator
1 053
Repost from တယ်လီကျန်းမာ - Telekyanmar
+9
ရေကြီးရေလျှံပြီးနောက် သင့် ကျန်းမာရေးအတွက် လိုက်နာရန် (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)
▪️ သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။
▪️ အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။
▪️ အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။
▪️ ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။
▪️ ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။
▪️ ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။
▪️ ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။
▪️ ကူးစက်ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref:WHO
1 053
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 053
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်း (အကျိုးကန်းကုန်း)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Aug 9, 5:44PM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Yinmabin #WhatsHappeningInMyanmar #SecurityUpdate
1 053
ပြည်သူ့ကာကွယ်ရေးအဖွဲ့ မုံရွာမြို့နယ်
စာအမှတ်၊ (၀၄၉) / ၂၆၀၀ / မရဖ / လုံ / ၂၀၂၆ ရက် စွဲ၊ ၂ ၀ ၂ ၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်
ပြည်သူလူထုသို့ အသိပေးထုတ်ပြန်ခြင်း
၁။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သမိုင်းဝင် ကျောက္ကာရွှေဂူနီ ဘုရားဝင်းအတွင်း တပ်စွဲနေထိုင်လျက်ရှိသည်မှာ ယခုအချိန်ထိဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပါသည်။
J" အဆိုပါ စစ်ကောင်စီတပ်စွဲထားသည့် ကျောက္ကာရွှေဂူနီဘုရားတည်ရှိရာ ကျောက္ကာ (တောင်)ကျေးရွာ၊ ကျောက္ကာ(မြောက်)ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တို့အား စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားရှိပြီး တိုက်မိုင်း၊ နင်းမိုင်းများ၊ မိုင်းကွင်းများ ဖော်ဆောင်ထားရှိပါသည်။
२॥ သို့ဖြစ်ပါ၍ မုံရွာမြို့နယ်၊ ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်း လမ်းပိုင်းအား အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်ထားပါသောကြောင့် ခရီးသွားပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား အသုံးမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၄။ အဆိုပါ ပိတ်ထားသည့်လမ်းပိုင်းအား အသုံးပြုသွားလာရင်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
လေးစားမှုဖြင့်
မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 9, 2:33PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာ၊ နမခအတွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 2:27PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 2:05PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း မအူဂိတ်ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 2:03PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း မြေနဲ ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 1:57PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း မုံရွေးရွာ ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 1:53PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးမြို့ဖြတ်၍ မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 1:46PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးနယ်၊ နတ်ရေကန်ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 1:39PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ် မြောင်လမ်းခွဲဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 9, 1:23PM
@EIO2021_bot ၊ @EagleInformationOperator_bot
