Sunset In Winter ( နှလုံးသားကိုခိုးယူမဲ့ကျား )
📈 Análisis del canal de Telegram Sunset In Winter ( နှလုံးသားကိုခိုးယူမဲ့ကျား )
El canal Sunset In Winter ( နှလုံးသားကိုခိုးယူမဲ့ကျား ) (@thai_seri) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 22 352 suscriptores, ocupando la posición 13 301 en la categoría Películas y el puesto 6 386 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 22 352 suscriptores.
Según los últimos datos del 29 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 714, y en las últimas 24 horas de 13, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 4.22%. Durante las primeras 24 horas tras publicar, el contenido suele obtener 1.36% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 943 visualizaciones. En el primer día suele acumular 304 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.
📝 Descripción y política de contenido
No se ha proporcionado la descripción del canal.
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 30 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Películas.
ဒီဇာတ်လမ်းလေးမှာတော့ အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တစ်ဦးနဲ့ တွဲနေတဲ့သူပါ။ ဒါပေမယ့် အေးဝါးချစ်သူရဲ့ မိသားစုက အေးဝါး ကို အပြည့်အဝ လက်မခံရုံတင်မက အေးဝါးကိုပါ ဂရုမစိုက်သလိုလုပ်ပြပြီး အင်္ဂလိပ်လိုသာ ပြောဆိုဆက်ဆံကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပါတယ်။ မိသားစုရဲ့ လက်ခံမှုကို ရဖို့နဲ့ အလုပ်အတွက်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ဖို့အေးဝါး က အင်္ဂလိပ်စာ ဂျူတာ တစ်ယောက် ရှာဖွေရာကနေ ပန် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစပိုင်းမှာတော့ပန်နဲ့အေးဝါးက ဂျူတာ နဲ့ ကျောင်းသူ ဆက်ဆံရေးသာ ဖြစ်ပေမယ့် သင်ခန်းစာတွေကြားက နီးစပ်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကြောင့် သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။ ပန် က အေးဝါး ကို အခက်အခဲတွေကြားကနေ အမြဲကာကွယ်ပေးပြီး အားပေးကူညီပေးနေသလို အေးဝါး ကလည်း ပန် ဆီမှာ စစ်မှန်တဲ့ နွေးထွေးမှုကို ရှာတွေ့လာပါတယ်။ ဒါပေမယ့် အေးဝါး မှာ ရှိပြီးသား ချစ်သူရယ် လူမှုအဆင့်အတန်းကွာခြားမှုနဲ့ မိသားစုဖိအားတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ လွယ်ကူမနေပါဘူး။ အချစ်၊ အိပ်မက်နဲ့ ဘဝရွေးချယ်မှုများကြားမှာ အေးဝါး ဟာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်.....#MyTutorMyLove #thaiseries #2026series #mmsub #blackhole
"ကို" ခရစ်တင် ယင်ခွန် "ကို(တစ်)" အဖြစ် Progress Passawish Thamasungkeeti "ကို" ခနင် စီရိသာရာ "ကို(နှစ်)" အဖြစ် Almond Poomsuwan Suwansatit ဇာတ်လမ်းအကျဉ်း "နာမည်ချင်းတူပေမယ့် ကံကြမ္မာချင်း မတူတဲ့ 'ကို' နှစ်ယောက်" လိမ္မော်သီးကိုတောင် အိမ်နီးချင်းခြံထဲက အသီးကိုမှ စားချင်တဲ့ ဆော့ကစားရတာ ဝါသနာပါတဲ့ "ကို (တစ်)" ဆိုတဲ့ လိမ္မော်နတ်ဆိုးလေးနဲ့ ထိုလိမ္မော်ပင်ရဲ့ ပိုင်ရှင် အေးဆေးတည်ငြိမ်ပြီး လူကြီးဆန်လွန်းတဲ့ "ကို(နှစ်)" စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်သလို တစ်ယောက်က ခိုးစားတဲ့သူ တစ်ယောက်က ပိုင်ရှင်အဖြစ် ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ဦးကြားမှာ "နာမည်" ကလွဲလို့ တူညီတာဆိုလို့ ဘာမှမရှိခဲ့ပါဘူး ဒါပေမဲ့ အချိန်တွေကုန်လွန်ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ အမုန်းနဲ့ စခဲ့တဲ့ ဆက်ဆံရေးက အချစ်ကို ပြောင်းလဲသွားမှာလား လိမ္မော်သီးလေးတွေက သူတို့နှစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုမျိုး နီးစပ်အောင် ဖန်တီးပေးမှာလဲဆိုတဲ့ "ကို(တစ်) နဲ့ "ကို(နှစ်)" တို့ရဲ့ ငယ်ဘဝအမှတ်တရတွေကနေ ရင့်ကျက်လာတဲ့ အချစ်ဇာတ်လမ်းလေးအထိ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဘာသာပြန်တင်ဆက်ပေးသွားမှာမို့လို့ အတူတူစောင့်ကြည့်လိုက်ကြရအောင်ဗျို့#WhenOrangesFall #thaiseries #2026series #mmsub #BL
Krating Khunnarong Pratesrat Kao Supassrathip Akkrathaweepatch Na Naphat Vikairungroj တို့အဓိကပါဝင်ထားတဲ့ thai drama ကောင်းကောင်းလေးလာပါပြီ ဇာတ်လမ်းအကျဉ်း "The Admin" လို့ လူသိများတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမည်မသိလူတစ်ယောက်က ဆုကြေးငွေ အမြောက်အမြားကို သုံးပြီးတော့ မတူညီတဲ့ နောက်ခံနဲ့ အရည်အချင်းကိုယ်စီရှိတဲ့ ထိပ်တန်းလိမ်လည်သူ ၈ ယောက်ကို တစ်နေရာတည်းမှာ စုစည်းဖို့အတွက် ဖန်တီးခဲ့ပါတယ်။ သူတို့အဖွဲ့ကို ပေးအပ်ထားတဲ့ အဓိကတာဝန်က ဩဇာကြီးမားတဲ့ မာဖီးယားဂိုဏ်းကြီးရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ ကို အကွက်ကျကျ ပြန်လည်လိမ်လည်ပြီး ဖြိုခွင်းဖို့ပါ။ Admin ရဲ့ ညွှန်ကြားချက်တွေ အတိုင်း သူတို့အဖွဲ့က မြေအောက်ထီလုပ်ငန်း၊ တရားမဝင် လောင်းကစားဝိုင်းများနဲ့ လူထုကို ဒုက္ခပေးနေတဲ့ Call Center ဂိုဏ်းတွေကို တစ်ဆင့်ချင်းစီ ဝင်ရောက်စီးနင်းပြီး လှည့်ဖြားမှုမျိုးစုံနဲ့ လက်စားချေ တိုက်ခိုက်ကြတယ်။ ဒါပေမဲ့လည်း ဆုကြေးငွေအတွက် အဖွဲ့ခွဲကြတဲ့အခါ အဲ့ဒီအဖွဲ့က သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လိမ်လည်မှုကြီး (The Biggest Heist) ကို အကောင်အထည်ဖော်ရန် ကြိုးစားရင်းကနေ ဒီစစ်ဆင်ရေးကြီးတစ်ခုလုံးရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ပိုမိုမှောင်မိုက်တဲ့ အမှန်တရားတွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာကို တစ်စတစ်စ သိရှိသွားကြတဲ့အခါမှာ..... ဒီလို Action,Drama ကားကောင်းကောင်းလေးကို တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်ကြည့်လိုက်ရအောင်ရှင့်#TheScammerGames #thaiseries #2026series #mmsub #blackhole
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က တောင်ပေါ်တိုင်းရင်းသားကျေးရွာတစ်ခုရဲ့ ယုံကြည်ကိုးကွယ်မှုနောက်ခံနဲ့ ရိုက်ကူးထားတဲ့ Horror, Drama နဲ့ Supernatural အမျိုးအစား ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး၊ မွေးဖွားလာစဉ်ကတည်းက ရွာရဲ့နတ်ဘုရားမဆီမှာ ရွာသူရွာသားတွေရဲ့ ဒုက္ခနဲ့ကံဆိုးမှုတွေကို ကိုယ်စားခံယူပေးရမယ့် ရိုးရာနတ်ကတော် (မ้าขี่ - မြင်းစီးသည်) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ "Muifei" ဆိုတဲ့ တိုင်းရင်းသူမိန်းကလေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ မိမိဘဝကို ကိုယ်ပိုင်ပြဌာန်းခွင့်မရှိဘဲ ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှု၊ အာဏာရှိသူတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုနဲ့ မတရားမှုတွေအပြင်၊ ပြင်ပကမ္ဘာကလာတဲ့ အမျိုးသားတစ်ယောက်နဲ့ ဖြစ်ပေါ်လာတဲ့ တားမြစ်အချစ်ဇာတ်လမ်းတို့ကြောင့် သူမရဲ့ဘဝဟာ နာကျင်ကြေကွဲစရာ သမိုင်းဆိုးတစ်ခုဆီသို့ ဦးတည်သွားခဲ့ရပြီး၊ နောက်ဆုံးမှာတော့ အဆိုပါမတရားမှုတွေကို တုံ့ပြန်ဖို့အတွက် နာကျည်းချက်အပြည့်နဲ့ ကလဲ့စားချေမယ့် ဝိညာဉ်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားရတဲ့ ဘဝဇာတ်ကြောင်းကို သည်းထိတ်ရင်ဖို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။#MuifeitheMedium #thaiseries #2026series #mmsub #blackhole
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath <ဇာတ်လမ်းအကျဉ်း> ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။ ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။#StrongWill #thaiseries #2026series #mmsub #blackhole
အလှည့်အပြောင်းတွေနဲ့အတူ လူသားတစ်ယောက်နဲ့ စက်ရုပ်မလေးတို့ကြားက ဆန်းသစ်ပြီး ရင်ခုန်စရာကောင်းတဲ့ ဖူးစာဆုံပုံကို ဟာသနှောပြီး ရိုမန်တစ်ဆန်ဆန် ရိုက်ကူးထားတာမလို့ GL Fan တွေနဲ့ Sci-Fi ကြိုက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်.. ဂျန် အဖြစ် Myyu Khawisara Singplod အိုင် အဖြစ် Chanya Chanya Duval Amarit ဇာတ်လမ်းအကျဉ်း လူတွေနဲ့ သိပ်မရောနှောတတ်ဘဲ အေးအေးဆေးဆေး နေတတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အိမ်ရှေ့ကို ထူးဆန်းတဲ့ ပါဆယ်ထုပ်ကြီးတစ်ခု မမျှော်လင့်ဘဲ ရောက်ရှိလာတဲ့အခါ... ပါဆယ်ထုပ်ကြီးကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဂျန် တစ်ယောက် အံ့ဩသွားခဲ့ရပါတယ်..အကြောင်းရင်းကတော့ အထဲမှာ ရှိနေတာက သူ့ရဲ့ စိတ်ကူးယဉ်အိမ်မက်ထဲကအတိုင်း တစ်ထပ်တည်းတူပြီး လှလွန်းတဲ့ "လူသားတစ်ပိုင်း စက်ရုပ်မလေး" ဖြစ်နေလို့ပါ.. ဒါပေမယ့်လည်း ဂျန်က အဲစက်ရုပ်ကို ပြန်ပို့ဖို့ နည်းလမ်းရှာနေတုန်းမှာပဲ မတော်တဆ ခလုတ်တစ်ခုကို နှိပ်မိသွားပြီး စက်ရုပ်မလေးက မျက်လုံးပွင့်ကာ အသက်ဝင်လာခဲ့ပါတော့တယ်... ချစ်စရာကောင်းပြီး..အစအနောက်သန်သလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ စက်ရုပ်မလေး ဘေးနား ရောက်လာတဲ့အခါမှာတော့ အေးတိအေးစက်နိုင်တဲ့ ဂျန်တစ်ယောက်လည်း စိတ်မဖြတ်နိုင်တော့တဲ့အခါ အနားမှာပဲ ဆက်ထားဖို့ ဆုံးဖြတ်လိုက်ပြီး "အိုင်" လို့ နာမည်ပေးလိုက်ပါတော့တယ်.. ဒါဆို စက်ရုပ်မလေးနဲ့ လူသားတစ်ယောက်ကြား ဘယ်လိုတွေ ချစ်ကြိုးသွယ်လာမလဲဆိုတာကိုတော့ အတူတူစောင့်မျော်ကြည့်ရှူလိုက်ရအောင် ။#AIGirl #thaiseries #2026series #mmsub #GL #blackhole
ရာဝီအဖြစ် - Jam Rachata Hampanont လုဂျန် အဖြစ် -Vill Wannarot Sonthichai ဒီဇာတ်လမ်းလေးမှာတော့ ရာဝီ (Rawi) ဆိုတဲ့ ချမ်းသာပြီး မာနကြီးတဲ့ မင်းသားတစ်ပါးဟာ မလွှဲမရှောင်သာဘဲ ဖက်ဖရင် (Phetphring) နဲ့ လက်ထပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရာဝီက သူမအပေါ် ဘယ်လိုသံယောဇဉ်မှ မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ပတ်သက်မှုကိုပါ ငြင်းပယ်ခဲ့တဲ့အတွက်ကြောင့် ဖက်ဖရင်ဟာ နန်းတော်အပြင်ဘက်မှာ သာယာမှုကို ရှာဖွေရင်း ကိုယ်ဝန်ရရှိခဲ့ပါတော့တယ်။ ဒီအမှန်တရားကို ရာဝီ သိရှိသွားတဲ့အခါမှာတော့ ဖက်ဖရင်ကို ကွာရှင်းပြီး နန်းတော်ထဲကနေ နှင်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် စည်းစိမ်ချမ်းသာနဲ့ သုခတွေကို အလွယ်တကူ လက်မလွှတ်နိုင်တဲ့ ဖက်ဖရင်ဟာ ရာဝီကို လုပ်ကြံဖို့ အကွက်ချပြီး ။ ဒါပေမယ် ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ရွာလေးတစ်ရွာက လုဂျန် (Lukjan) ရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရပြီး ရာဝီကလည်း တဝမ် (Tawan) ဆိုတဲ့ နာမည်သစ်နဲ့ ဘဝသစ်ကို ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အတိတ်က အမှတ်အသားဖြစ်တဲ့ လည်ဆွဲတစ်ခုနဲ့ လျှို့ဝှက်ချက်တွေကြောင့် သူတို့ရဲ့အချစ်နဲ့ ကံကြမ္မာလမ်းကြောင်းမှာတော့ အတားအဆီးတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အတိတ်မေ့နေတဲ့ ရာဝီတစ်ယောက် အမှန်တရားကို ပြန်လည်ဖော်ထုတ်ပြီး သူတကယ်ပိုင်ဆိုင်ရမယ့် ဘဝမှန်ကို ပြန်လည်ရွေးချယ်နိုင်မလား၊ ဒါမှမဟုတ် ဖက်ဖရင်တို့ရဲ့ အကွက်ချမှုအောက်မှာပဲ ပျောက်ကွယ်သွားမလားဆိုတာ ဆက်လက်ရှုစားလိုက်ကြရအောင်။#SunsetInWinter #thaiseries #2026series #mmsub

ကိုယ့်ရဲ့ ရင်ဘတ်ထဲက မေတ္တာတရားကို အချိန်အကြာကြီး မြတ်နိုးတန်ဖိုးထားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကိုယ်ချစ်ရတဲ့သူက သူ့အစ်ကိုနဲ့ လက်ထပ်သွားလို့ အရှုံးနဲ့ရင်ဆိုင်ကာ တောင်ပိုင်းကျွန်းငယ်လေးဆီ အထီးကျန်ဆန်ဆန် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ "ဆမ်" (Sam)... အဲဒီလို ခံစားချက်ဒဏ်ရာတွေနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် ပြန်ုကုစားဖို့ ကြိုးစားနေချိန်မှာပဲ သူ့ရဲ့ခေါင်းမာပြီး အလုပ်ခိုင်းရခက်တဲ့ ညီဖြစ်သူကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ပေးခြင်းခံရတဲ့ ထက်မြက်ပြီး လက်တွေ့ကျတဲ့ လက်ထောက်လူငယ်လေး "ဂျမ်" (Jam) အဲဒီကျွန်းပေါ်ကို ရောက်ရှိလာပါတော့တယ်။ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားမှာ ဘယ်တော့မှ ပထမနေရာကို မရဘဲ အမြဲတမ်း တတိယလူ (သို့မဟုတ်) နောက်ကျကျန်ရစ်သူ ဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေ ကို ကိုင်စွဲထားတဲ့ ဆမ်ရဲ့ဘဝထဲကို ဂျမ်တစ်ယောက် ဝင်ရောက်လာပြီးနောက်မှာတော့... တာဝန်နဲ့စေလွှတ်ခံရတဲ့ ခရီးစဉ်လေးကနေ အစပြုလို့ တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်ဘဲ ရင်ခုန်သံချင်း ထပ်တူကျလာပြီး အနာတရဖြစ်နေတဲ့ နှလုံးသားနှစ်စုံ အချင်းချင်း နှစ်သိမ့်ကုစားပေးကြမယ့် ရင်နာစရာကောင်းသလို ရိုမန့်ဆန်လွန်းတဲ့ အချစ်ခရီးလမ်းအစပဲ ဖြစ်ပါတယ်#YourThird #thaiseries #2026series #mmsub #BL #blackhole
ခယ်ဒါရွန် အဖြစ် Tubtim Anyarin Terathananpat နစ်ချန် အဖြစ် New Wongsakorn Paramatthakorn ဇာတ်လမ်းအကျဉ်း ဂျင်လာ ဆိုတဲ့ သတင်းထောက်မလေးဟာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရဲ့ အမွေခံဖြစ်သူ ခယ်ဒါရွန် ဆိုတဲ့ အမျိုးသမီးကို အင်တာဗျူးဖို့ သွားခဲ့ရင်း သူ့ဘဝဟာ မမျှော်လင့်တဲ့အပြောင်းအလဲကြီးဖြစ်ခဲ့တယ် ပြင်ပလူတွေအမြင်မှာတော့ ခယ်ဒါရွန် ဟာ ဂုဏ်သရေရှိပြီး ပညာအရည်အချင်း အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်ရှိပြီး နစ်ချန် လို့ခေါ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပါရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ဒါပေမဲ့ စီမံကိန်းတစ်ခုကို သွားကြည့်ရင်း ရဟတ်ယာဉ်မတော်တဆမှု ဖြစ်သွားတဲ့အခါမှာတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားပါတော့တယ် ဂျင်လာ သတိရလာတဲ့အချိန်မှာ မထင်မှတ်ဘဲ ခယ်ဒါရွန် ရဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို သိလိုက်ရတယ် စိတ်ဝိညာဉ်ချင်းလဲတာမျိုး မဟုတ်ဘဲ ခယ်ဒါရွန် ရဲ့ယောက်ျားဖြစ်သူ နစ်ချန် ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်ပါတယ် ဂျင်လာ က ဒီလိုဟန်ဆောင်ဖို့ သဘောမတူချင်ပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ သူ့အဒေါ်ရဲ့ လုံခြုံရေးအတွက်ကြောင့် ခယ်ဒါရွန် ရဲ့ အဘိုးမကွယ်လွန်ခင်အထိ ခယ်ဒါရွန် အဖြစ် ဟန်ဆောင်နေပေးဖို့ သဘောတူလိုက်ရတယ် ဒီလိုနဲ့ ဟန်ဆောင်နေထိုင်ရင်းနဲ့မှ... အပြင်ပန်းမှာ သဘောကောင်းပါတယ်ဆိုတဲ့ ခယ်ဒါရွန် ရဲ့ နောက်ကွယ်က တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေကို ဂျင်လာ တစ်ယောက် စပြီး သိလာရပါတော့တယ် ဇာတ်လမ်းလေးက လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ကြည့်ရကျိုး နပ်မယ့်ကားလေးကားလေးဖြစ်တဲ့အတွက် အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်#TheHiddenShadow #thaiseries #2026series #mmsub #blackhole
ဆန့်အဖြစ် Ice Panuwat Premmaneenan ဖွန် အဖြစ် Oom Eisaya Hosuwan ယွမ် အဖြစ် Oom Eisaya Hosuwan ဖရန့် အဖြစ် Prima Bhunjaroeun ပွန် အဖြစ် Peterpan Tadsapon Wiwitawan ဘောနပ် အဖြစ် Cine Phatrakorn Bussarakwadee ဘဝဆိုတာ...လူတိုင်း မက်မောကြတဲ့ အိပ်မက်တွေနဲ့ စတင်ပေမယ့်... တကယ့်လက်တွေ့ဘဝမှာတော့ အချစ်၊ ငွေကြေးနဲ့ တာဝန်ဝတ္တရားတွေကြား နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ခရီးတစ်ခုပါ။ Running of Love and Money ကတော့ အရွယ်ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုရဲ့ အချစ်၊ မိတ်ဆွေသံယောဇဉ်၊ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရတဲ့ အဖြစ်အပျက်တွေကို ရင်ထဲထိအောင် ပုံဖော်ထားတဲ့ စိတ်ခံစားမှုအပြည့်ရှိတဲ့ ထိုင်းဒရာမာဇာတ်လမ်းတွဲတစ်ခုပဲက ဖြစ်ပါတယ်။ သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အိပ်မက်တွေရှိတယ်။ အောင်မြင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ဒါပေမယ့်... အောင်မြင်မှုဆီ သွားတဲ့လမ်းက ထင်ထားသလောက် မလွယ်ကူခဲ့ပါဘူး။ တချို့က အချစ်ကို ရွေးချယ်ရတယ်။ တချို့က အနာဂတ်ကို ရွေးချယ်ရတယ်။ တချို့ကတော့...မိသားစုတာဝန်တွေအတွက် ကိုယ့်ရဲ့အိပ်မက်တွေကိုတောင် စွန့်လွှတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတယ်။ တစ်ခါတစ်ရံ... ငွေကြေးဆိုတာ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်သလို... တစ်ခါတစ်ရံမှာတော့ အချစ်နဲ့ မိတ်ဆွေသံယောဇဉ်တွေကိုတောင် ကွဲကွာသွားစေနိုင်ပါတယ်။ အောင်မြင်မှုရဖို့ သူတို့ ဘယ်လောက်ထိ ပေးဆပ်ရမလဲ... အချစ်ကို ကာကွယ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲ... သူငယ်ချင်းသံယောဇဉ်တွေက အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား... ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်ထိုင်းလူငယ်တွေရဲ့ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုတာဝန်နဲ့ အနာဂတ်အတွက် ရုန်းကန်ကြိုးစားနေတဲ့ ဘဝအစစ်အမှန်တွေကို စိတ်ခံစားမှုအပြည့်နဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ရယ်မောစရာ အခိုက်အတန့်တွေရှိသလို... မျက်ရည်ကျစေမယ့် အချိန်တွေလည်း ရှိမယ်။ နှလုံးသားကို နွေးထွေးစေမယ့် မိတ်ဆွေသံယောဇဉ်တွေလည်း ပါဝင်နေပါတယ်။ အချစ်နဲ့ အိပ်မက်ကြား...ငွေကြေးနဲ့ ဘဝရပ်တည်မှုကြား...သူတို့ရဲ့ ရွေးချယ်မှုက သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲသွားစေမလဲ... ဆိုတာကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။#TheRunningofLoveandMoney #thaiseries #2026series #mmsub #blackhole
ဝင်းအဖြစ် Guitar Sarin ခီတာအဖြစ် Putter Phubase ပေါင်ပေ့အဖြစ် Ittoei Jidapa Pholrojpanya တေးဂီတနဲ့ လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ပုံဖော်ထားတဲ့ Musical ကားဆန်ဆန်ကြည့်ရမဲ့ Fill the Beat (2026) ထိုင်း BL ဇာတ်ကားလေးကတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ် အကနဲ့ တေးဂီတကို ရူးသွပ်ကြပြီး ကိုယ်ပိုင်အကအဖွဲ့တည်ထောင်ပြီး အောင်မြင်မှုကိုရှာဖွေနေကြတဲ့ ထိုင်းလူငယ်တစုအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ခီတာက နိုင်ငံခြားမှာပညာတော်သင်သွားချင်နေတဲ့ ဂီတသီအိုရီကျောင်းသားတယောက်ဖြစ်ပြီးတော့ သူ့အမေကနေ ခီတာကျင့်သားရရန်အတွက် ဂီတတူရိယာအဟောင်းပြိုင်ဆိုင်ဖွင့်ထားပြီး ဂန္ဓဝင်ဂီတကိုကြိုက်တတ်တဲ့ အဘိုးနဲ့နေဖို့ ပို့ခံထားရတဲ့သူဖြစ်ပါတယ် ခီတာက အစီအစဉ်ကိုဗျူဟာကျကျဆွဲနိုင်သူ "ဝင်း" ငယ်ငယ်ကတည်းကပေါင်းဖူးခဲ့ကြတဲ့ စာဂျပိုး တိတ်ဆိတ်ဆိတ်နေတတ်သူဖြစ်ပေမဲ့ နာမည်ကြီး TikTok အကောင့်ပိုင်ရှင်ဖြစ်တဲ့ "ပေါင်ပေ့"တို့နဲ့ပေါင်းမိသွားကာ ဂီတပြိုင်ပွဲတခုကို ဝင်ပြိုင်ရန်အတွက် "SHHH" တီးတိုင်းတခုကိုဖွဲ့စည်းခဲ့ကြပါတော့တယ် ခေတ်သစ်လူငယ်များနဲ့လူကြီးတွေရဲ့ ဂီတအပေါ်ခံယူချက်ကွာခြားပုံ ဂီတအမျိုးအစားကြိုက်နှစ်သက်ပုံကွာခြားမှုတွေကို ရင်ဆိုင်ရမဲ့အပြင် မိဘများရဲ့ဖိအားပေးမှုတွေ ကုန်တိုက်ဆောက်လုပ်ကြမဲ့စီးပွားရေးသမားများရဲ့ခြိမ်းခြောက်မှုများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကိုတော့ တနင်္ဂနွေနေ့တိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်#FilltheBeat #thaiseries #2026series #mmsub #BL #blackhole
ဆန့်အဖြစ် Ice Panuwat Premmaneenan ဖွန် အဖြစ် Oom Eisaya Hosuwan ယွမ် အဖြစ် Oom Eisaya Hosuwan ဖရန့် အဖြစ် Prima Bhunjaroeun ပွန် အဖြစ် Peterpan Tadsapon Wiwitawan ဘောနပ် အဖြစ် Cine Phatrakorn Bussarakwadee ဘဝဆိုတာ...လူတိုင်း မက်မောကြတဲ့ အိပ်မက်တွေနဲ့ စတင်ပေမယ့်... တကယ့်လက်တွေ့ဘဝမှာတော့ အချစ်၊ ငွေကြေးနဲ့ တာဝန်ဝတ္တရားတွေကြား နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ခရီးတစ်ခုပါ။ Running of Love and Money ကတော့ အရွယ်ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုရဲ့ အချစ်၊ မိတ်ဆွေသံယောဇဉ်၊ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရတဲ့ အဖြစ်အပျက်တွေကို ရင်ထဲထိအောင် ပုံဖော်ထားတဲ့ စိတ်ခံစားမှုအပြည့်ရှိတဲ့ ထိုင်းဒရာမာဇာတ်လမ်းတွဲတစ်ခုပဲက ဖြစ်ပါတယ်။ သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အိပ်မက်တွေရှိတယ်။ အောင်မြင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ဒါပေမယ့်... အောင်မြင်မှုဆီ သွားတဲ့လမ်းက ထင်ထားသလောက် မလွယ်ကူခဲ့ပါဘူး။ တချို့က အချစ်ကို ရွေးချယ်ရတယ်။ တချို့က အနာဂတ်ကို ရွေးချယ်ရတယ်။ တချို့ကတော့...မိသားစုတာဝန်တွေအတွက် ကိုယ့်ရဲ့အိပ်မက်တွေကိုတောင် စွန့်လွှတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတယ်။ တစ်ခါတစ်ရံ... ငွေကြေးဆိုတာ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်သလို... တစ်ခါတစ်ရံမှာတော့ အချစ်နဲ့ မိတ်ဆွေသံယောဇဉ်တွေကိုတောင် ကွဲကွာသွားစေနိုင်ပါတယ်။ အောင်မြင်မှုရဖို့ သူတို့ ဘယ်လောက်ထိ ပေးဆပ်ရမလဲ... အချစ်ကို ကာကွယ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲ... သူငယ်ချင်းသံယောဇဉ်တွေက အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား... ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်ထိုင်းလူငယ်တွေရဲ့ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုတာဝန်နဲ့ အနာဂတ်အတွက် ရုန်းကန်ကြိုးစားနေတဲ့ ဘဝအစစ်အမှန်တွေကို စိတ်ခံစားမှုအပြည့်နဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ရယ်မောစရာ အခိုက်အတန့်တွေရှိသလို... မျက်ရည်ကျစေမယ့် အချိန်တွေလည်း ရှိမယ်။ နှလုံးသားကို နွေးထွေးစေမယ့် မိတ်ဆွေသံယောဇဉ်တွေလည်း ပါဝင်နေပါတယ်။ အချစ်နဲ့ အိပ်မက်ကြား...ငွေကြေးနဲ့ ဘဝရပ်တည်မှုကြား...သူတို့ရဲ့ ရွေးချယ်မှုက သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲသွားစေမလဲ... ဆိုတာကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။#TheRunningofLoveandMoney #thaiseries #2026series #mmsub #blackhole
ခယ်ဒါရွန် အဖြစ် Tubtim Anyarin Terathananpat နစ်ချန် အဖြစ် New Wongsakorn Paramatthakorn ဇာတ်လမ်းအကျဉ်း ဂျင်လာ ဆိုတဲ့ သတင်းထောက်မလေးဟာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရဲ့ အမွေခံဖြစ်သူ ခယ်ဒါရွန် ဆိုတဲ့ အမျိုးသမီးကို အင်တာဗျူးဖို့ သွားခဲ့ရင်း သူ့ဘဝဟာ မမျှော်လင့်တဲ့အပြောင်းအလဲကြီးဖြစ်ခဲ့တယ် ပြင်ပလူတွေအမြင်မှာတော့ ခယ်ဒါရွန် ဟာ ဂုဏ်သရေရှိပြီး ပညာအရည်အချင်း အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်ရှိပြီး နစ်ချန် လို့ခေါ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပါရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ဒါပေမဲ့ စီမံကိန်းတစ်ခုကို သွားကြည့်ရင်း ရဟတ်ယာဉ်မတော်တဆမှု ဖြစ်သွားတဲ့အခါမှာတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားပါတော့တယ် ဂျင်လာ သတိရလာတဲ့အချိန်မှာ မထင်မှတ်ဘဲ ခယ်ဒါရွန် ရဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို သိလိုက်ရတယ် စိတ်ဝိညာဉ်ချင်းလဲတာမျိုး မဟုတ်ဘဲ ခယ်ဒါရွန် ရဲ့ယောက်ျားဖြစ်သူ နစ်ချန် ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်ပါတယ် ဂျင်လာ က ဒီလိုဟန်ဆောင်ဖို့ သဘောမတူချင်ပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ သူ့အဒေါ်ရဲ့ လုံခြုံရေးအတွက်ကြောင့် ခယ်ဒါရွန် ရဲ့ အဘိုးမကွယ်လွန်ခင်အထိ ခယ်ဒါရွန် အဖြစ် ဟန်ဆောင်နေပေးဖို့ သဘောတူလိုက်ရတယ် ဒီလိုနဲ့ ဟန်ဆောင်နေထိုင်ရင်းနဲ့မှ... အပြင်ပန်းမှာ သဘောကောင်းပါတယ်ဆိုတဲ့ ခယ်ဒါရွန် ရဲ့ နောက်ကွယ်က တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေကို ဂျင်လာ တစ်ယောက် စပြီး သိလာရပါတော့တယ် ဇာတ်လမ်းလေးက လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ကြည့်ရကျိုး နပ်မယ့်ကားလေးကားလေးဖြစ်တဲ့အတွက် အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်#TheHiddenShadow #thaiseries #2026series #mmsub #blackhole
မင်းသား ထင်နာကွန် ဝါရာကူဝါထင် အဖြစ် Ongsa Ttuchh ဖို့ ဖို့ထီ မန်ခွန်ဖက် အဖြစ် Inn Jakkrasin ငယ်စဉ်ကလေးဘဝကတည်းက ခွဲလို့မရလောက်အောင်ကို ရင်းနှီးကြတဲ့ မင်းသားလေး ထင်နာကွန်နဲ့ အထိန်းတော်ကြီးရဲ့သားဖြစ်သူ ဖို့ နန်းတော်ရိုးမကြီးရဲ့အရိပ်အောက်မှာ သူတို့နှစ်ဦးရဲ့ အပြစ်ကင်းစင်တဲ့ ပထမဦးဆုံးအချစ်ပန်းလေးဟာ တိတ်တဆိတ် ဖူးပွင့်ခဲ့ဖူးပေမယ့် တင်းကျပ်လှတဲ့ ရှေးရိုးစဉ်လာထုံးတမ်းတွေ ကြီးမားလှတဲ့အဆင့်အတန်း ကွာဟမှုတွေနဲ့ တာဝန်ဝတ္တရားတွေကြားမှာ ဖူးပွင့်ခဲ့ရတဲ့အချစ်ပန်းလေးဟာ အကြင်နာကင်းမဲ့စွာနဲ့ စောစီးစွာပဲခြွေယူခံခဲ့ရပါတယ် နှစ်တွေအတော်ကြာလာတဲ့အချိန်…. တစ်ယောက်ကတော့ တိုင်းပြည်နဲ့ ထီးနန်းရဲ့မျှော်လင့်ချက်တွေကို မဖြစ်မနေ ထမ်းပိုးထားရတဲ့ တာဝန်သိမင်းသားလေးတစ်ပါးဖြစ်လာခဲ့ပြီး အခြားတစ်ယောက်ကတော့ နန်းတော်တံခါးပြင်ပက လွတ်လပ်တဲ့သာမန်ဘဝကို တောင့်တနေခဲ့သူအဖြစ် မတူညီစွာရှင်သန်ခဲ့ကြရင်း တိုင်းပြည်ရဲ့လှိုင်းထန်လှတဲ့ သမိုင်းဝင် အချိုးအကွေ့တစ်ခုမှာ ကံကြမ္မာက သူတို့နှစ်ဦးကို မျက်နှာချင်းဆိုင် ပြန်လည်ဆုံတွေ့စေတဲ့အခါ အဆင့်အတန်းခွဲခြားမှု ဂုဏ်သိက္ခာနဲ့ရေးဆွဲထားတဲ့ စည်းမျဉ်းတွေ ကြီးစိုးနေတဲ့ ဒီလောကကြီးမှာ သူတို့နှစ်ဦးရဲ့အချစ်ဟာ တိုင်းပြည်က လုံးဝခွင့်မပြုနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်နေခဲ့ပါတယ် ရှင်သန်ခွင့်မရှိပါဘူးလို့ ပြဋ္ဌာန်းထားတဲ့ ဒီမြေပြင်ပေါ်မှာ…… သူတို့ရဲ့အချစ်တွေဟာ တကယ်ပဲ အမြစ်တွယ် ရှင်သန်ခွင့် ရနိုင်ပါ့မလား... တာဝန်လား အချစ်လား… ထီးနန်းရဲ့တာဝန်ဝတ္တရားနဲ့ ကိုယ်ပိုင်နှလုံးသားရဲ့အားပြိုင်မှုကြားမှာ ဘယ်အရာက ရှင်သန်ကျန်ရစ်နေခဲ့မလဲ…. အဆင့်တန်းကွာခြားလှတဲ့လူနှစ်ဦးကြားက ဘဝအတွက်ရုန်းကန်မှုတွေ တင်းမာမှုတွေကို အချစ် အလွမ်း အဆွေးအပြည့်နဲ့ ခံစားချက်ပေါင်းများစွာကို တစ်ခါတည်းခံစားနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုမို့ အပတ်စဉ် စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှူလိုက်တော့နော်#TheEdgeOfHorizon #thaiseries #2026series #mmsub #BL #blackhole
ဆန်း အဖြစ် Min Thanakorn Wichanukhor ဂျေအဖြစ် Toptap Jarukit Kaewmoonrueang ဇာတ်လမ်းအကျဉ်း အတိတ်က ဒဏ်ရာတွေကို မမေ့နိုင်သေးတဲ့ အသက် ၂၅ နှစ်အရွယ် ဒလီသမား ဆန်းဟာ အကြမ်းဖက်မှုကြောင့် မိသားစုကို ဆုံးရှုံးခဲ့ရပြီး အပြစ်ရှိသလို ခံစားနေရတဲ့ သူ့ဘဝဟာ တစ်နေ့မှာ Dream Entertainment ကို ဝင်ရောက်လိုက်ခြင်းနဲ့ အပြောင်းအလဲ စတင်လာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လက်စားချေခရီးစဉ်ရဲ့ အစလည်း ဖြစ်သလို... အတိတ်က လူတစ်ယောက်နဲ့ ပြန်လည်ဆုံတွေ့ရမယ့် အချိန်လည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီလူကတော့ အေးစက်ပြီး ဩဇာကြီးမားတဲ့ ကုမ္ပဏီဒါရိုက်တာ ဂျေပဲဖြစ်ပါတယ်။ ဂျေ အတွက် အချစ်နဲ့ ခံစားချက်တွေဟာ အားနည်းချက်တစ်ခုသာ ဖြစ်ပြီး လူတိုင်းနဲ့ ဆက်ဆံရေးကို အကျိုးအမြတ်အရသာ တိုင်းတာတတ်သူတစ်ယောက်ပါ ။ ဒါပေမယ့် သူ့နှလုံးသားအတွင်းက မပျောက်ကင်းသေးတဲ့ ဒဏ်ရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပါတယ်။ ဆန်း ရဲ့ ရောက်ရှိလာမှုက ဂျေ ရဲ့ စနစ်တကျ ထိန်းချုပ်ထားတဲ့ ကမ္ဘာကို တဖြည်းဖြည်း လှုပ်ခတ်စေခဲ့ပြီး၊ ဖျော်ဖြေရေးလောကရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဂျေ က ဆန်း ရဲ့ နောက်ကွယ်က ထောက်ခံသူအဖြစ် ရပ်တည်လာခဲ့ပါတယ်။ လျှို့ဝှက်ချက်တွေ၊ လက်စားချေမှုတွေ၊ ယုံကြည်မှုနဲ့ သစ္စာတရားတို့ကြား... သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း မထင်မှတ်ထားတဲ့ ခံစားချက်တွေ ပေါက်ဖွားလာမလား...။ ဒါမှမဟုတ် အတိတ်ရဲ့ အမှောင်ထုက သူတို့ကို ဖုံးလှမ်းသွားမလား...။ နှလုံးသားကို လှုပ်ခတ်စေမယ့် အချစ်၊ သည်းထိတ်ရင်ဖိုစေမယ့် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းလေးကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။#Payback #thaiseries #2026series #mmsub #BL #blackhole
ကဲ ကဲ အားလုံးဘေးဖယ် "ခွန်ထီ" လာပါပြီ အကုန်လုံးစောင့်မျှော်နေကြတဲ့ Peach and Me လေးကတော့ထွက်လာပါပြီ ထီ အဖြစ် Pond Naravit Lertratkosum ဖိ အဖြစ် Phuwin Tangsakyuen တို့ main role အဖြစ်ပါဝင်ထားပြီး နာမည်ကြီး support role များစွာပါပါတယ် ဇာတ်လမ်းအကျဉ်း... ခွန်ထီ နဲ့ ဖိ တို့ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့... အရင်ကထက် ပိုပြီး အချစ်ကြီး၊ အူတိုတတ်တဲ့ ခွန်ထီ တစ်ယောက် အချစ်မူးပြီး ရူးမတတ်ဖြစ်မယ့်အစား "အသိသတိလေးဝင်ပြီး အေးအေးဆေးဆေး နေထိုင်သွားမယ်" လို့ သန္နိဋ္ဌာန် ချလိုက်ပါတော့တယ်။ ဒါပေမဲ့ စကားကသာ လွယ်တာပါ လက်တွေ့မှာတော့ ထီ ရဲ့ အချစ်တွေက လုံးဝလျော့မသွားတဲ့အပြင် ၆ လဆက်တိုက် ပိတ်ရက်တိုင်း ဖိ ကို ဟန်းနီးမွန်းတွေ လိုက်ပို့နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖိ တစ်ယောက် မောလွန်းလို့ "တော်ပါတော့ ခဏလောက် နားပြီး အလုပ်လေးပဲ အာရုံစိုက်ပါရစေတော့" လို့ တောင်းပန်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ထီ ရဲ့ အချစ်ရေးကို နေရာပေးဖို့အတွက် ရုမ်း က အာစီနီ ရဲ့ ခေါင်းဆောင်အဖြစ် တာဝန် လွှဲပြောင်းယူလိုက်ပြီး ထီ ကတော့ GMM THEE V က သူ့ရဲ့ အလုပ်တွေဆီကို ပြန်ပြီး အာရုံစိုက်လာခဲ့ပါတယ်။ အလုပ်ခွင်ထဲ ပြန်ဝင်လာကြတဲ့အခါမှာတော့ အိမ်ထောင်သည်ဘဝရဲ့ အသစ်စက်စက် တာဝန်တွေ၊ အလုပ်ခွင်က ဖိအားတွေနဲ့ ထီ ရဲ့ မလျော့တဲ့ အချစ်ကြီးမှုတွေကြားထဲမှာ ဖိ တစ်ယောက် ဘယ်လိုတွေ ဗာရာဏသီ ချောရဦးမလဲနော် ရုမ်း နဲ့ မို့ ရဲ့ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်ကြမှာလဲ? အချစ်ကြီးတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ romance, comedy ဇာတ်လမ်းလေးကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးမှာမို့လို့စောင့်ကြည့်လိုက်ရအောင်ရှင့်#PeachandMe #thaiseries #2026series #GL #blackhole
ပျိုရီးမမဘွနဲ့ တူ တူမတွေပဲ ထိန်းမယ်ဆိုပြီး လေကျယ်ထားတဲ့ ကျွန်းပိုင်ရှင် မမဖိုင်တစ်ယောက် မယကဂိုဏ်းဝင်ဖြစ်မဲ့နေ့လေးကို ရောက်ရှိလာပါပြီရှင်။ ဖိုင်အဖြစ် Namneung Milin Watinthanakit ကဖောင်အဖြစ် Noey Kanteera Wadcharathadsanakul "အဖေ့ရဲ့ သမုဒယအဖော် ဒုတိယကတော်လို့ ထင်ခဲ့တဲ့ မိန်းကလေးက အသည်းနှလုံး ဖြစ်လာတယ်တဲ့လား..." Thai GL Mega Projectကြီးဖြစ်တဲ့ 4E ကို နှုတ်ဆက်ရတော့မဲ့ နောက်ဆုံးအတွဲလေးအလှည့်ကို ရောက်ရှိလာပါပြီ။ နံပါတ်လေးအတွဲကတော့ မီးဆိုတဲ့အတိုင်းပဲ မတည့်အတူနေ ကြောင်နဲ့ကြွက် Enemies to Lovers Vibe အပြည့်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖိုင်နဲ့ ကဖောင်ဆိုတဲ့ ငယ်သူငယ်ချင်း ရန်ဘက်နှစ်ယောက် ပြန်ဆုံတွေ့ရာကနေ စတင်ပါတယ်။ ပြဿနာက ဖိုင်ရဲ့အဖေက ကဖောင်ကို ရုတ်တရက်အိမ်ခေါ်လာပြီး တစ်အိမ်လုံးကလူတွေကို ဖိုင်နဲ့တန်းတူဆက်ဆံဖို့ အမိန့်ပေးချိန်မှာ ကဖောင်ကို သူ့အဖေရဲ့ မယားငယ်၊ မိသားစုပိုင်ဆိုင်မှုတွေကို လာမက်မောတဲ့ သိုက်တူးသမားလို့ အထင်လွဲသွားရာကနေ စတာပါပဲ။ "ငွေမက်တဲ့မိန်းမ" ဆိုတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့အတူ ဖိုင်တစ်ယောက် ကဖောင်ကို တွေ့ရာနေရာတိုင်းမှာ ဒုက္ခပေးဖို့၊ နှိပ်စက်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကဖောင်ကလည်း အချဉ်မဟုတ်တော့ အပြန်အလှန် အချေအတင်တွေနဲ့ ချကြရင်းကနေ... မဆုံးနိုင်တဲ့ ရန်ပွဲတွေကြားမှာ မငြင်းဆန်နိုင်တဲ့ ဆွဲဆောင်မှုတွေ၊ သံယောဇဉ်တွေ တဖြည်းဖြည်း ဖြစ်တည်လာတဲ့အခါ… ရန်သူတွေကနေ တစ်ယောက်မရှိရင် မဖြစ်တဲ့သူတွေဖြစ်လာချိန်မှာ... ဖိုင်တစ်ယောက် သူ့ရဲ့ မိသားစုအပေါ် ထားရမယ့် တာဝန်ဝတ္တရားနဲ့ သူ့နှလုံးသားကို ဖမ်းစားသွားတဲ့ မိန်းကလေး ဒီအရာနှစ်ခုကြားမှာ ဘယ်အရာကို ရွေးချယ်မလဲ... အချစ်အတွက် ဘာတွေစတေးရမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးနော်။#4Elements #TheFire #thaiseries #2026series #mmsub #GL #blackhole