es
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Ir al canal en Telegram
7 130
Suscriptores
-324 horas
-427 días
-20930 días
Archivo de publicaciones
တစ်ချို့တွေ အသင်းကို လာချင်လို့ အကြံအဖန်တွေ ၊ အရိပ်အမြွက်တွေ လုပ်ပြနေပြီ ။ တကယ်ခေါ်ရင် မငြင်းဘဲ လာတာလိုချင်တယ်နော် :3 #MUMS
တစ်ချို့တွေ အသင်းကို လာချင်လို့ အကြံအဖန်တွေ ၊ အရိပ်အမြွက်တွေ လုပ်ပြနေပြီ ။ တကယ်ခေါ်ရင် မငြင်းဘဲ လာတာလိုချင်တယ်နော် :3 #MUMS

ချော်လဲသွားတာ မဟုတ်ဘူး သူမငါ့ကို အပျော်တွဲသွားတာ ☹️ Miss Raphaël #MUMS

ညီ‌လေးဟာလန်း မြန်မာလိုကြီး အဲ့လိုတို့မစားရဘူးလေကွာ 🤣 #MUMS

Iliman Ndiaye က လာမယ့်ရာသီအဲဗာတန်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ကစားသမားရဲ့ ငယ်ဘဝအိမ်မက်အသင်းဖြစ်တဲ့ မန်ယူဘ
Iliman Ndiaye က လာမယ့်ရာသီအဲဗာတန်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ကစားသမားရဲ့ ငယ်ဘဝအိမ်မက်အသင်းဖြစ်တဲ့ မန်ယူဘက်က အမှန်တကယ် ကမ်းလှမ်းလာခဲ့ပါက အသင်းပြောင်းမှာ ဖြစ်တယ်လို့ သိရပါတယ် ။ #MUMS

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ 2016–2017 ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရိုမဲရိုးက အဓိကဂို
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ 2016–2017 ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရိုမဲရိုးက အဓိကဂိုးသမားတစ်ယောက်အနေနဲ့ ပါဝင်ခဲ့သလို ၊ သူ့ရဲ့လက်စွမ်းကောင်းတွေကြောင့် ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့ပြီး ၊ အပိုဆုအနေနဲ့ ဖိုင်နယ်မှာ clean sheet ယူနိုင်ခဲ့တာက သူ့ရဲ့ကစားသမားဘဝ အောင်မြင်မှုတွေထဲက အမှတ်တရတစ်ခုအနေနဲ့ အမြဲသတိရနေတော့မှာ ဖြစ်ပါတယ် ။ နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအတွက် အရေးကြီးတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ခဲ့သလို ၊ 2014 World Cup Final ကိုလည်း တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ဘဲ PL နာမည်ကြီး အသင်းတစ်သင်းနဲ့ အဖြစ်က သွားတူနေခဲ့တာက တကယ်စိတ်မကောင်းစရာပါဘဲ ။ ရိုမဲရိုးက တခြားနာမည်‌ကြီး ဂိုးသမားတွေလို မဟုတ်ခဲ့ပေမဲ့ big matches တွေလို ပွဲစဉ်မျိုးတွေမှာ ယုံကြည်ရပြီး စိတ်ချရတဲ့ လက်စွမ်းပိုင်ရှင်မျိုး silent hero type goalkeeper တစ်ယောက်လို့ပြောရင် ပိုပြီးမှန်ပါလိမ့်မယ် ။ #MUMS

မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ရိုမဲရိုးက ပထမဦးစားပေးဂိုးသမားတစ်ယောက်မဟုတ်ဘဲ အချိန်အများစုကို အရန်ခုံတန်းနဲ့ ၊ လိုအပ်လာမှ အ
မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ရိုမဲရိုးက ပထမဦးစားပေးဂိုးသမားတစ်ယောက်မဟုတ်ဘဲ အချိန်အများစုကို အရန်ခုံတန်းနဲ့ ၊ လိုအပ်လာမှ အစားထိုးတက်သူတွေရဲ့ ထုံးစံအတိုင်း လိုသုံးဘဝနဲ့သာ အချိန်တွေ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရိုမဲရိုးက အဆုံးအစမရှိ သိမ်းပိုက်နိုင်ခဲ့သလို ၊ ပွဲကစားချိန်ရတဲ့ အချိန်တိုင်းမှာလည်း အသင်းပေါ်တွေနဲ့ ၊ ပရိတ်သတ်တွေကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါဘူး ။ အင်္ဂလန်မြေပေါ်က ကျင်းပတဲ့ ဖလားပြိုင်ပွဲတွေမှာတော့ ရိုမဲရိုးက ပထမဦးစားပေးဂိုးသမားတစ်ယောက်အနေနဲ့ အမြဲပွဲထွက်ခွင့်တော့ ရရှိခဲ့ပါတယ် ။ ဖလားပြိုင်ပွဲတွေနဲ့ ကံစပ်တတ်တဲ့ ရိုမဲရိုးရဲ့ လက်စွမ်းတွေကို အဓိကထား မြင်ရတဲ့ ပြိုင်ပွဲတွေလို့ ပြောရင်လည်း မမှားခဲ့ပါဘူး ။

ထားရာနေ စေရာသွားတဲ့ ပေးဆပ်သူကြီး ရိုမဲရိုး 💔 ဆာဂျီယိုရိုမဲရိုးရဲ့ ကစားသမားဘဝက စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ် ။ သူ့ရဲ့ ပရော်ဖ
ထားရာနေ စေရာသွားတဲ့ ပေးဆပ်သူကြီး ရိုမဲရိုး 💔 ဆာဂျီယိုရိုမဲရိုးရဲ့ ကစားသမားဘဝက စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ် ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နယ်သာလန်က AZ အယ်လ်ခမာ မှာစတင်ခဲ့ပြီး အဲ့ဒီကနေ အမှတ်ပေးချန်ပီယံဆုဖလား ( Eredivisie title ) တောင်ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အောင်မြင်မှုတွေ ထပ်ပြီးရယူဖို့ အီတလီစီးရီးအေကလပ်ဖြစ်တဲ့ ဆမ်ဒိုးရီးယားအသင်းဆီကို ပြောင်းရွေ့ကစားခဲ့ပေမဲ့ ထင်သလောက်တော့ အောင်မြင်မှု ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး ။ ဒါပေမဲ့ ကြိုးစားသူတွေကို ဘယ်တော့မှ ကံတရားက မျက်နှာလွှဲခဲပစ် မလုပ်ပါဘူး ။ သူ့ရဲ့ တိုးတက်လာခဲ့တဲ့ လက်စွမ်းတစ်စုံကို အင်္ဂလန်မြေပေါ်က နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းက သတိထားမိခဲ့ပြီး အရခေါ်ယူနိုင်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို 2015 ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ် ။

ဒီလိုခံစားချက်မျိုး ဘယ်လောက်ထိ ခံရခက်နေမလဲဆိုတာ ခံစားဖူးသူတိုင်း သိကြမှာပါ ။ အကောင်းဆုံးတွေနဲ့ အမြန်‌ဆုံးပြန်လာနိုင်ပါစေ Italy 💪 #MUMS

ချယ်လ်ဆီးစတား ကိုးလ်ပါးမားက ရာသီကုန် ချန်ပီယံလိဂ်ဝင်ပြိုင်ရမယ်ြ မန်ယူအသင်းထံ ပြောင်းရွေ့ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်
ချယ်လ်ဆီးစတား ကိုးလ်ပါးမားက ရာသီကုန် ချန်ပီယံလိဂ်ဝင်ပြိုင်ရမယ်ြ မန်ယူအသင်းထံ ပြောင်းရွေ့ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပါတယ် ။ သူ့အနေနဲ့ ငယ်ဘဝတည်းက အားပေးလာခဲ့တဲ့ မန်ယူအသင်းကို ပြောင်းရွေ့ခွင့်ရမှာဖြစ်လို့ အတိုင်းမသိ ဝမ်းသာနေခဲ့မိပါတယ် ။ #MUMS

အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံလူ စကယ်လီရဲ့ အေးဂျင့်က မန်ယူအသင်းထံ သူ့ရဲ့ကစားသမားလေးကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်
အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံလူ စကယ်လီရဲ့ အေးဂျင့်က မန်ယူအသင်းထံ သူ့ရဲ့ကစားသမားလေးကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ။ အလားအလာ‌ကောင်းတွေရှိနေတဲ့ အဆိုပါကစားသမားလေးက ရှေ့ကနောင်တော်ကြီးတွေရဲ့ ခြေရာအတိုင်း အသင်းပြောင်းဖို့ လုပ်ဆောင်လာနေပြီလည်း ဖြစ်ပါတယ် ။ #MUMS

သူမနဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်‌တရတွေကိုသာ မေ့ချင်မေ့သွားမယ် မော်စကိုညချမ်းကိုတော့ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး ❤️❤️ #MUMS

နိုင်ငံအသင်းမှာရော ၊ ကလပ်အသင်းမှာပါ ခေါင်းဆောင်မှုအပြည့်နဲ့ ဘရူနိုကို မြင်ရတာ တကယ်ကို စိတ်ချမ်းသာရပါတယ် ။ ဒဏ်ရာအနာတရကင်းရှင်း
နိုင်ငံအသင်းမှာရော ၊ ကလပ်အသင်းမှာပါ ခေါင်းဆောင်မှုအပြည့်နဲ့ ဘရူနိုကို မြင်ရတာ တကယ်ကို စိတ်ချမ်းသာရပါတယ် ။ ဒဏ်ရာအနာတရကင်းရှင်းစွာနဲ့ အသင်းကို ပြန်ရောက်လာဖို့က တစ်ခြားအရာတွေအတွက် ပိုပြီးအရေးကြီးပါတယ် ။ #MUMS

နောက်ခံလူဂေါင်းကြီးက အခု‌ဆို အသင်းနဲ့ စာချုပ်သစ် ချုပ်‌ဆိုဖို့ အရမ်းနီးစပ်လာနေပြီလို့ သိရပါတယ် ။ 2028 ခုနစ်အထိ သက်တမ်းရှိမှာဖ
နောက်ခံလူဂေါင်းကြီးက အခု‌ဆို အသင်းနဲ့ စာချုပ်သစ် ချုပ်‌ဆိုဖို့ အရမ်းနီးစပ်လာနေပြီလို့ သိရပါတယ် ။ 2028 ခုနစ်အထိ သက်တမ်းရှိမှာဖြစ်ပြီး နောက်ထပ် 1 နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်း ရှိနေပါတယ် ။ အခုဆို ဂေါင်းကြီးရဲ့ အပြောင်းအရွေ့သတင်းက ငြိမ်သက်သွားပြီလည်း ဖြစ်ပါတယ် ။ #MUMS

အသင်းရဲ့နည်းပြသစ်စာရင်းထဲမှာ ခန့်အပ်ဖို့ ရေပန်းစားတဲ့အထဲ ပါဝင်နေခဲ့တဲ့ ဒီဆာဘီကတော့ အခုအခါ စပါးအသင်းနည်းပြဖြစ်လာဖို့ အတော်လေး
အသင်းရဲ့နည်းပြသစ်စာရင်းထဲမှာ ခန့်အပ်ဖို့ ရေပန်းစားတဲ့အထဲ ပါဝင်နေခဲ့တဲ့ ဒီဆာဘီကတော့ အခုအခါ စပါးအသင်းနည်းပြဖြစ်လာဖို့ အတော်လေး နီးစပ်လာနေခဲ့ပါပြီ ။ #MUMS

ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးပြုလုပ်ထားနိုင်တဲ့ ကစားသမားစာရင်းထဲ ဘရူနိုတစ်ယောက် ပါဝင်လာခဲ့ပါတယ် ။ အသင်း
ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးပြုလုပ်ထားနိုင်တဲ့ ကစားသမားစာရင်းထဲ ဘရူနိုတစ်ယောက် ပါဝင်လာခဲ့ပါတယ် ။ အသင်းကို ရောက်လာတဲ့အချိန်ကစပြီး ဘရူနိုအနေနဲ့ အသင်းကို ထမ်းနိုင်သမျှ ထမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ် ။ ဆုဖလားအောင်မြင်မှုအရ ကြီးကြီးမားမားမရှိခဲ့တာကလွဲရင် ဘရူနိုက PL ရဲ့ ချွင်းချက်မရှိ တစ်ဦးတည်းသောအကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ပါတယ် ။ #MUMS

Star Boy ဖြစ်တဲ့ ကိုဘီကတော့ အခုအခါ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ အတော်လေးနီးစပ်လာနေပြီလဖြစ်ပါတယ် ။ ကားရစ်လက်အောက်မှာ ပို
Star Boy ဖြစ်တဲ့ ကိုဘီကတော့ အခုအခါ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ အတော်လေးနီးစပ်လာနေပြီလဖြစ်ပါတယ် ။ ကားရစ်လက်အောက်မှာ ပိုပြီးတောက်ပ‌လာတဲ့ ကိုဘီတစ်ယောက် ဘယ်လောက်အထိ အမြင့်ပျံသန်းနိုင်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ ။ #MUMS

မင်းသာမန်ယူဖန်စစ်‌စစ်ဆိုရင် ၊ ဒီလိုပုံစံနဲ့ ဘယ်သူကဂိုးသွင်းလဲဆိုတာ သိမှာအမှန်ဘဲ :3 #MUMS
မင်းသာမန်ယူဖန်စစ်‌စစ်ဆိုရင် ၊ ဒီလိုပုံစံနဲ့ ဘယ်သူကဂိုးသွင်းလဲဆိုတာ သိမှာအမှန်ဘဲ :3 #MUMS

ယုံယုံကြည်ကြည်နဲ့ အဆုံးထိ ကြည့်လိုက်ပါ ။ လိုရာဆု ပြည့်ပါလိမ့်မယ် 😛 #MUMS

ခရစ်တီယာနိုရိုနယ်ဒို 🗣️ ငါ့ရဲ့အိမ်က မန်ယူအသင်းပါဘဲ ။ မက်ဒရစ်လို့ တစ်ချို့ကပြောကြပေမဲ့ ကစားသမားဘဝ အထွတ်အထိပ် အောင်မြင်မှုရရှိ
ခရစ်တီယာနိုရိုနယ်ဒို 🗣️ ငါ့ရဲ့အိမ်က မန်ယူအသင်းပါဘဲ ။ မက်ဒရစ်လို့ တစ်ချို့ကပြောကြပေမဲ့ ကစားသမားဘဝ အထွတ်အထိပ် အောင်မြင်မှုရရှိအောင် ကူညီပေးခဲ့တဲ့ မက်ဒရစ်အသင်းကိုလည်း ဘယ်တော့မှ မမေ့ပါဘူး ။ ဒါပေမဲ့ အိမ်ကထွက်ပြေးခဲ့တဲ့ ခပ်ဆိုးဆိုးကောင်လေးက အချိန်တန်လို့ ပြန်ရမယ်ဆို သူ့ကိုနွေးထွေးစွာ ကမ်းလင့်ကြိုဆိုနေမယ့် အိမ်ဆိုတဲ့ အရာကိုဘဲ သေချာပေါက် ပြန်လာမှာပါ ။ #MUMS

ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လောက်ပဲ ကောင်းခဲ့ပါစေ အဆုံးသတ်ဆိုတာ ရှိစမြဲပါ။ ကတ်စီရဲ့ ယူနိုက်တက်ဇာတ်လမ်းကတော့ ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံ
ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လောက်ပဲ ကောင်းခဲ့ပါစေ အဆုံးသတ်ဆိုတာ ရှိစမြဲပါ။ ကတ်စီရဲ့ ယူနိုက်တက်ဇာတ်လမ်းကတော့ ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်ဖို့ ပြင်ဆင်နေပါပြီ။ ဇွန်လရဲ့ လေပြေထဲမှာ သူထွက်ခွာသွားတဲ့အခါ အိုးထရက်ဖို့ဒ်ရဲ့ ပရိသတ်တွေကတော့ ငြိမ့်ညောင်းတဲ့ လက်ခုပ်သံတွေနဲ့အတူ လွမ်းဆွတ်စွာ ကျန်ရစ်နေမှာပါ။ "ကျေးဇူးတင်ပါတယ် ကတ််စီ... မင်းပေးခဲ့တဲ့ အနီရောင် အမှတ်တရတွေအတွက်။" #MUMS