Manchester United Myanmar Supporters FC
Ir al canal en Telegram
Mostrar más
7 644
Suscriptores
-224 horas
-477 días
-19730 días
Archivo de publicaciones
အက်စတွန်ဗီလာအသင်းအတွက် နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ မားကပ်စ်ရက်ဖို့စ်အတွက် တကယ်ကို ဂုဏ်ယူမိပါတယ် ။ ရာသီကုန်ရောင်းချဖြစ်ခဲ့ရင် ပြောင်းရွေ့ကြေးပိုပီးတောင်းလို့ကောင်းသလို ၊ အသင်းအတွက် လိုအပ်တဲ့နေရာတွေ ပြန်ပီးအစားထိုးနိုင်မာ ဖြစ်ပါတယ် ။ အသင်းဆီကို ပြန်ရောက်လာခဲ့ရင် အရင်လိုဘဲ လေးတိလေးကန် ၊ စိတ်မပါတပါနဲ့ ကန်နေတာကို ကြည့်ရတာထက်စာရင် သူ့အတွက် အကောင်းဆုံးဖြစ်မဲ့ တခြားအသင်းမာ ပိုပီးတောက်ပပြတာကိုဘဲ အဝေးကနေဘဲ ငေးကြည့်ရရင်ဘဲ ကျေနပ်မိပါတယ် ။
#MUMS
အီတလီကလပ် ကိုမိုအသင်းရဲ့ ညာတောင်ပံကစားသမား Assane Diao ကို အသင်းဖက်က စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။ လီဗာပူးလ် ၊ နယူးကာဆယ်အသင်းကလည်း တိုးတက်လာနေတဲ့ အဆိုပါကစားသမားရဲ့ ခြေစွမ်းကို သဘောကျနေလို့ အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။
#MUMS
ဒီနေ့က လူတကာချစ်တဲ့ အသင်းရဲ့ ပင်တိုင်စံ နံပတ် 1 ဂိုးသမား မောင်အန်ဒရေအိုနာနာရဲ့ အသက် 29 နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ် ။
Happy 29th birthday to Andre Onana. 🥳
#MUMS
မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေက အနိုင်ဂိုးသွင်းခဲ့တဲ့ အီလန်ဂါကို အသင်းကနေ ပေါင် 15 သန်းနဲ့ ရောင်းချခဲ့ပီး အစားထိုးဖို့အတွက် အန်တိုနီကို ပေါင်သန်း 100 နဲ့ ပြန်ဝယ်ခဲ့တာဖြစ်ပါတယ် ။
#MUMS
နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဒီရာသီပရီးမီးယားလိဂ် 2 ကျော့စလုံး မန်ယူအသင်းကို အနိုင်ရရှိခဲ့တာက ပထမဆုံးအကြိမ်ဖြစ်ပါတယ် ။
Congratulations 👏
#MUMS
ဖောရက်စ်ရဲ့ အကောင်းဆုံးအချိန်ကို အဝေးကွင်းကနေ ကစားရတာက တကယ်ကို မန်ယူအတွက် လွယ်ကူမနေခဲ့ပါဘူး ။ ကြားရက်နိုင်ငံတကာပွဲစဉ်အပြီး ပြန်စတင်ချိန်မာ အချိတ်အဆက် ၊ နားလည်မှုတွေ ၊ လိုအပ်နေသေးတာ ဖြစ်ပါတယ် ။ ကိုယ့်အသင်းရဲ့ ကစားသမားဟောင်းရဲ့ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ရတာက အတော်လေးကို ခံရခက်စေတဲ့ ခံစားချက်မျိုးနဲ့ ပွဲစဉ်တပွဲဖြစ်ပါတယ်။
#MUMS
It’s Matchday!!
🏆 Premier League
🏟 The City Ground
⏰ 1:30 AM
🆚 Nottingham Forest
COME ON UNITED!! 🔴🔴🔴
ဆင်ခြေမပေးဘူး ။
ကွင်းမရွေးဘူး ။
အာသီးမယောင်ဘူး ။
စပိန်ရောက် 🐐
#MUMS
TNT အားကစားသတင်းသမားများက ရာသီကုန်မာ မန်ချက်စတာယူနိုက်တက်အသင်းဂန္တဝင်ဖြစ်တဲ့ ရီယိုဖာဒီနန်ကို ရုပ်သံထုတ်လွှင့်မှုမှ ထွက်ခွာမည်ကို ပိုမိုစိုးရိမ်လာခဲ့ကြတယ်လို့ သိရပါတယ် ။
လွန်ခဲ့တဲ့ တစ်လခန့်တည်းက ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို အခုထိ ချုပ်ဆိုနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ် ။
#MUMS
တချိန်က အသင်းအတွက် ခံစစ်ကျောက်ဆောင်ကြီးဆိုရင် မမှားပါဘူး 🥺
#MUMS
မားကတ်ရက်ဖို့စ်ပါဝင်တဲ့ အက်စတွန်ဗီလာအသင်းက ပရက်စတန်ကို အနိုင်ရရှိခဲ့ပီး ဆီမီးဖိုင်နယ်အဆင့်မာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမာဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
ဘရူနိုဖာနန်ဒက်စ်ရဲ့ မန်ယူကစားသမားဘဝ ပထမဆုံးရာသီ စွမ်းဆောင်ရည်များ 👏🤩
#MUMS
အာမတ်ဒီယာလိုရဲ့ ဒဏ်ရာက ထင်ထားတာထက် အမြန်ဆုံးသက်သာလာပေမဲ့ အသင်းဖက်ကတော့ အလောတကြီး အသုံးပြုသွားဖွယ် ရှိမနေဘူးလို့ သိရပါတယ် ။
#MUMS
မန်ယူအသင်းက အပြောင်းအရွေ့စတင်ဖွင့်လှစ်တာနဲ့ ဖရန့်ဖတ်တိုက်စစ်မှူး Ekitike ကို ခေါ်ယူဖို့ ပြင်ဆင်နေပီလို့ သိရပါတယ် ။ အာဆင်နယ် ၊ လီဗာပူးလ် ၊ ဂျူဗင်တပ်စ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြလို့ အပြိုင်ခေါ်ယူရဖွယ် ရှိနေပါတယ် ။
#MUMS
အလားအလာကောင်းတွေနဲ့ အသင်းကြီးအတွက် အနာဂတ်မာ အားကိုးရနိုင်တဲ့ လူငယ်အကယ်ဒမီကစားသမား Bendito Mantato ကို 2029 ခုနစ်အထိ 4 နှစ်စာချုပ်ကို ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
