Excerpts from the Poems of Apocalypse
Ir al canal en Telegram
1 307
Suscriptores
Sin datos24 horas
Sin datos7 días
+1130 días
Archivo de publicaciones
-ဘေဘီသို့ အချစ်တေးတစ်ပုဒ်-
ပန်းကလေးတစ်ပွင့်
ငြိမ်သက်စွာ စောင့်နေသလို
နှင်းရည်စက်လေး
ပျော်ရွှင်စွာ ခုန်ဆင်းလာသလို
သဘာဝကျကျ
ထပ်တူထပ်မျှ
ငါတို့ တွေ့ခဲ့ပါတယ်
အချစ်ဟာ ဆန်းကြယ်သတဲ့
ရယ်စရာပေါ့ ဘေဘီရယ်
တို့တွေ
ရိုးရိုးလေး ချစ်ခဲ့ကြတယ်။ ။
-မြကျေး-
20 nov, 10:01
ခေါင်းလား ပန်းလား
မေးမနေပါနဲ့တော့ကွယ်
ဘာပဲကျကျ
ကိုယ်မှားပါတယ်။
- ယဉ်ဝယ်ထက်
12 nov, 09:24
ဘယ်တော့မှ
ထုတ်မပြောဖြစ်လောက်အောင်
သတိရနေမယ် ယုံပါကွယ်။
- စစ်ငြိမ်း
29 oct, 10:42
ကျနော်တို့သာ တကယ်ဆန္ဒရှိရင်
Move-on လုပ်လို့ရပါတယ်...။
အားလုံးကိုလွှတ်ချထားခဲ့လို့ရတယ်။
အရာရာ အစကပြန်စလို့ရတယ်။
ဘာမှမခက်ပါဘူး...။
ဒါပေမယ့် ကျနော်တို့ဟာ ဘဝရဲ့
ပျော်စရာအကောင်းဆုံး အခိုက်အတန့်တွေကို
အဲ့ဒီတစ်ယောက်နဲ့ သွားဖြတ်သန်းခဲ့မိတယ်။
ကိုယ့်ဘဝကလည်း ပျော်စရာသိပ်နည်းလွန်းခဲ့တော့
(ကျနော်တို့ဟာ)
လွယ်လွယ်လေးနဲ့ Move-on မလုပ်နိုင်ခဲ့ကြဘူး..။
မဟုတ်ဘူး...
တကယ်က ကျနော်တို့ မလုပ်ရဲခဲ့တာ...။
- မိုးနေ့
17 oct, 09:27
စိတ်အတွင်းသားထဲက
Truma တွေကို ဒုတိယအကြိမ်
ပြန်တူးဆွမိတဲ့အခါ နာကျင်မှုဒဏ်ကို
ငါတို့ ကြံကြံခံဖို့ လိုအပ်တယ်။
၀ဋ်ဒုက္ခကြီးမားစွာ
ငါတို့ရှင်သန်နေရတာ
ပျော်စရာလည်း မကောင်းလှပါဘူး။
- ရွက်လှေ
08 oct, 21:31
ခံနိုင်ရည်သာ ချန်မထားရင်
ဘယ်ဆက်ဆံရေးမှာမှ
ကိုယ်ဟာ ပြန်ထနိုင်မှာ မဟုတ်ဘူး။
နှုတ်ဆက် ပြုတ်ထွက်သွားရင်တောင်
ဘာမှမဖြစ်သလို နေနိုင်တယ်ဆိုတာ
ကိုယ် ကိုယ်တိုင် ပုံသွင်းယူထားခဲ့ရတာ။
- Lionel Sn
01 oct, 11:15
"ချစ်တယ်"
အိမ်ရှေ့က စိတ်မမှန်တဲ့
စက္ကူပန်းပင်လေးကို ချစ်တယ်။
နေပူပူ မိုးရွာရွာ
ထီးဆောင်းရတာကို ချစ်တယ်။
သွားမယ်ဆိုပြီး
မရောက်ဖြစ်သေးတဲ့ ရပ်ကွက်
လမ်းကျဉ်းလေးတစ်ခုကို ချစ်တယ်။
ပန်းပန်ရတာကို ချစ်တယ်၊
ကျန်းမာနေတဲ့ ခန္ဓာကိုယ်ကို ချစ်တယ်၊
ရုပ်ရှင်ကြည့်ပြီး ငိုရတာကို ချစ်တယ်၊
*ကျမဟာ ကဗျာပဲ မငိုပါနဲ့* ကို ချစ်တယ်၊
လမ်းမပေါ် ကွက်ကြားကျနေတဲ့
လရောင်ကို ချစ်တယ်၊
ညမှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတာကို ချစ်တယ်၊
အိပ်မက်ဆိုးမရှိ နိုးထလာရတဲ့
မနက်ခင်းကို ချစ်တယ်၊
တိမ်တွေကို ချစ်တယ်၊
ငွေကြေးလုံလောက်နေတာကို ချစ်တယ်၊
ကျွန်မ ကြားချင်တဲ့ အသံ မလာခင်
တတူတူ မြည်နေတဲ့
တယ်လီဖုန်းသံကို ချစ်တယ်။
တစ်ယောက်တည်းနေဖို့
တစ်ကိုယ်စာလေဟာနယ်တွေကို ချစ်တယ်။
စိတ်အဆင်ပြေနေတာကို ချစ်တယ်၊
ပြုတ်မကျနိုင်ဘူးလို့
ယုံကြည်ရတဲ့ ဝရန်တာတွေကို ချစ်တယ်။
ဘတ်စ်ကားပေါ်က
နေရာလွတ်နေတဲ့ ထိုင်ခုံတွေကို ချစ်တယ်။
တစ်ယောက်ယောက်က
အချိန်မီလေး လာရောက်
ကယ်တင်သွားနိုင်တာကို ချစ်တယ်။
ကျွန်မမို့လို့
ဒီလို လုပ်လို့ရတယ် ဆိုတာကို ချစ်တယ်။
စိတ်မပူပါနဲ့လို့ လိမ်ညာပြောလိုက်ရတာ၊
လိမ်ညာပြောခံလိုက်ရတာကို ချစ်တယ်
လာမှာကို သိလို့ ယုံယုံကြည်ကြည်
ထိုင်စောင့်နေရတာကို ချစ်တယ်။
သိထားတဲ့အတိုင်း
မပြောင်းလဲသေးတာကို ချစ်တယ်။
ကျွန်မ ချစ်တာကို ကျွန်မသိသလို
အဲဒီ ယောကျာ်းလည်း သိနေတာကို ချစ်တယ်။
ဘယ်တော့မှ
ကလေးမမွေးဖြစ်တော့တာကို ချစ်တယ်၊
လေဟာနယ်တောင် မကျန်ရစ်ခဲ့တဲ့ထိ
လုံးဝ ပြတ်တောက်သွားတာကို ချစ်တယ်၊
အမှုန်အစလေး ဖြစ်သွားတဲ့ထိ
လိုက်ပြီး ရှာဖွေနေသေးတာကို ချစ်တယ်၊
ရှင်သန်နေရတာကို ချစ်တယ်၊
သေခြင်းတရားကို ချစ်တယ်၊
ကိုယ့်ကိုယ်ကိုယ် ချစ်တယ်၊
ကျွန်မ ချစ်တဲ့သူတွေထက်
အရင် သေသွားရမှာကို ချစ်တယ်၊
ဒီကိစ္စအတွက် နောင်တမရဘူးလို့
အခိုင်အမာပြောလို့ရတာကို ချစ်တယ်
ချစ်သမျှကို အကုန် မရဘူးဆိုတာ သိတယ်
ဒါပေမဲ့ ချစ်တယ်။
- မြကျေး
19 sep, 09:06
မင်းလည်း အဆင်မပြေဘူး
ငါလည်း အဆင်မပြေဘူး
ဒါဟာ လောကဓံပဲ
ကမ္ဘာဟာ
တစ်ခြမ်းစောင်းပြီး လည်နေတာ
အရမ်းကောင်းပြီး လွယ်နေတာ မဟုတ်ဘူး။
- သူရဇ္ဇနီ
13 sep, 10:54
ကျနော်က
မထိလည်း ညှိုးနေတတ်တဲ့ ထိကရုံးပင်
ကျနော်က
ဘယ်သူမှ ရုတ်ဖို့ သတိမရတဲ့
မိုးမိနေတဲ့ အဝတ်တန်း
"တစ်ယောက်တည်း"ဆိုတာ
ကျနော်နဲ့ နေသားကျပြီးသား စကားလုံး
ခင်ဗျားအားမနာပါနဲ့
ကျနော့်ထိုက်နဲ့ ကျနော်။
- သူရဇ္ဇနီ (20.1.2023)
04 sep, 11:32
မင်းရဲ့ဘဝကြီးကိုယူသွားတဲ့အရာက
မိုးမဟုတ်ပေမယ့်
မိုးရွာတဲ့အခါမှာတော့
မိုးကို မင်းအရမ်းမုန်းမှာပဲ။
ဒီလိုပဲ ........။
- သျှာဒ်
30 ago, 02:02
တစ်စုံတစ်ယောက်က
အလွယ်တကူမုန်းသွားရင်
မှောင်နေတဲ့ညညမှာ
မင်းအမြဲတမ်းမငိုပါနဲ့......။
သံသရာရှည်တဲ့ခရီး
ဒီအိမ်ကြီးထဲမှာ
ကြုံရသော လူ့ဘဝဟာ
အရမ်းပဲဆန်းကြယ်တာ။
ပျော်စရာများလည်း
မင်းတွေ့နိုင်တယ်
ငိုစရာများလည်းမင်းတွေ့ရင်
ယိုင်လဲမသွားနဲ့နော်
အလွယ်လေးမင်းဖြတ်ကျော်......
- A Chit Yae Ya Latte | Linn Linn
29 ago, 11:35
ဘယ်သူ့အတွက်မှ အသက် မရှင်ခဲ့ဖူးရင် ကိုယ့်အတွက် ဘယ်သူသေပေးမှာလဲ ၊ ကိုယ်တို့တစ်ယောက်ကို တစ်ယောက် သေရ ရှင်ရ နာကျင်ခဲ့ကြရပေမယ့် ဘဝမှာ ရစရာနောင်တ မရှိအောင် ပျော်ရွှင်လည်း ကြည်နူးဖူးခဲ့ရ အဲ့ဒါ အရူးမိုက်ဆုံး ချစ်ခြင်းမေတ္တာ ဒီကမ္ဘာလောကမှာ ကိုယ့်တရားသဖြင့် စိမ့်ဝင်နေထိုင်ခဲ့ခြင်းပဲလို့ ကိုယ်တို့တစ်ယောက်ခြင်း နားလည် သိရှိခဲ့တာဟာလည်း လွမ်းဆွတ်ကြေကွဲစရာပါပဲ ။
- စိုင်းဝင်းမြင့်
၂၉ ၈ ၂၀၂၆
28 ago, 23:21
သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ကတည်းက
ကိုယ်လည်း လွတ်မြောက်သွားတော့တာပဲ။
တစ်ခါတလေကျ ကျွန်တော်တို့ဟာ
ကိုယ့်စိတ်နဲ့ကိုယ် ပိတ်မိနေခဲ့ကြတာ။
- Lionel Sn
26 ago, 23:33
“ဂန္တဝင်မမ”လေ
ရှေးက ကုသိုလ်ကြောင့် ထင်ရဲ့
ကျွန်တော်ရင်တွေ ခုန်တယ်။
ခိုပြာရောင် မျက်နှာမှာ
သိပ္ပံအလှကုန် ဘာမှမရှိ
သံခင်းတမန်ခင်း အပြုံးမရှိ
သူကျတော့ ကြည့်လို့ကောင်းတယ်။
- အောင်ချိမ့်
25 ago, 08:55
ပီပြင်တဲ့ လူသားဘဝဆိုတာ
အတူတကွ ရှိနေခြင်း မဟုတ်လား.......
- လှသန်း
20 ago, 09:49
တခါ တလေ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တဆောင်း တနွေ
ကျတော်ပျော်သလောက် နေပစ်လိုက်တာပဲ
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို "ရှက်တတ်မ"တဲ့။
ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆို
လူတခြား အိမ်မက်တခြားပဲ ။
- သန်းတင့်
13 ago, 10:02
အချစ်ပြီးအချစ် ဖြစ်နေလို့ကလည်း မဖြစ်ဘူး
ငွေပြီးငွေ ဖြစ်နေလို့ကလည်း မဖြစ်ဘူး
ကိုယ့်ကိုယ်ကိုယ် ပုံချလိုက်လို့ကလည်း မဖြစ်
ခေတ်ကို ပုံချလိုက်လို့ကလည်း မဖြစ်
မဖြစ်တာတွေချည်းပဲ ရင်ဆိုင်နေရ။
- မောင်ချောနွယ်
11 ago, 22:42
လူတစ်ယောက်ကို
တားဆီးနိုင်တာ နှစ်ခုပဲရှိတယ်
ပထမ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး
နောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။
ကိုယ့်အပေါ် ချစ်စိတ်မှ မရှိရင်
ဘယ်တစ်ဦးတစ်ယောက်ကိုမှ
ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။
ချစ်စိတ်သာ ရှိရင်လည်း
ထိန်းချုပ် ချည်နှောင်နေစရာမလို
သူကိုယ်တိုင် စောင့်ထိန်းလိမ့်မယ်
ပြင်ဆင်လိမ့်မယ် ဆင်ခြင်လိမ့်မယ်
ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုပဲ။
- LionelSn
10 ago, 00:55
ငါ အခုတစ်လော အရမ်းလမ်းပျောက်နေတယ်။ ဒါကိုလည်း ငါကိုယ်တိုင်ပဲ သိတယ်။
ဒီခံစားချက်ကို ငါရှင်းပြလို့မရဘူး။ ငါဟာ ဦးတည်ရာမဲ့တဲ့ ရထားတစ်စီးလိုပဲ။ မရပ်ပဲ သွားနေပေမယ့် ဘယ်သွားနေတယ်ဆိုတာ ငါ ကိုယ်တိုင်မသိဘူး။
သေချာတာကတော့ ငါအရမ်းလမ်းပျောက်နေတယ်။ ဒါကိုလည်း ငါကိုယ်တိုင်ပဲ သိတယ်။
- Avalanche
08 ago, 10:00
ထီးနန်းကိုတောင်စွန့်လာတဲ့ ဗုဒ္ဓကို
ရွှေတွေနင်းကန်ချနေတဲ့သူတွေကို မြင်တိုင်း
လူတွေဟာ ကိုယ့်အတ္တကို
ကိုယ် ပြန်ရွှေချနေတာပါလားလို့
ငါ သဘောပေါက်လိုက်တယ် ...
ဆာဆာလောင်လောင် ငိုကြွေးသံတွေကို
ဥပက္ခာ ပြုရင်း
ဂေါပကရဲ့ ငွေဖလားထဲကို
ငွေစက္ကူတွေ ထည့်လိုက်ရင်
ကုသိုလ်တွေ ရမယ်လို့
အခုထိ ထင်နေကြတုန်းလား ...
ဗုဒ္ဓသာ သက်တော်ထင်ရှားရှိနေသေးရင်
ဒုက္ခရောက်နေသူတွေကို
မြသပိတ်နဲ့ တောင်
ဆွမ်းခံကျွေးလိမ့်မယ်ဆိုတာ ငါသိနေတယ် ...
ဘုရားပိုင် ငွေတွေနဲ့
ငတ်ပြတ်နေသူတွေကို ကျွေးမွေးလိုက်ရင်
ဗုဒ္ဓက သာဓုခေါ်,မခေါ်
မင်းနဲ့ငါ လောင်းကြေးထပ်ကြမလား ...။
- ရာပျော်ငေး
06 ago, 21:06
