Moe Thwe _ Marketing
Ir al canal en Telegram
တကယ်အလုပ်ဖြစ်ပြီးသား Marketing နည်းလမ်းများကို လက်တွေ့ချက်ချင်းအသုံးချလိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ပါတယ်။ Messenger : https://m.me/MoeThweMarketing Telegram : @insights_by_moe_thwe
Mostrar más6 329
Suscriptores
-324 horas
-117 días
+2130 días
Archivo de publicaciones
6 329
📣 တကယ့်လက်တွေ့ဘဝမှာ အောင်မြင်နေတဲ့သူတွေရဲ့ လမ်းညွှန်ပြသမှုကိုလိုချင်နေတဲ့သူတွေရှိလား 🔔💜
ကဲ ဒါဆို သင့်အတွက် အခွင့်အရေးအကြီးကြီး လာပြီနော်။
Minding My 20s ရဲ့ Media Partner ဖြစ်တဲ့ Bounce - Education Centre ကနေ ထပ်မံဖန်တီးပေးလိုက်တဲ့ “Unlock Your Potential: Webinar Series Challenge” လေးက လက်ရှိလူငယ်တွေ အလိုအပ်ဆုံးဖြစ်နေတဲ့ ကွက်လပ်လေးတွေ ဖြည့်ပေးဖို့ တစ်လတိုင်တိုင် တကယ့် career လမ်းကြောင်းတစ်ခုမှာ အောင်မြင်နေတဲ့သူတွေနဲ့ ပြုလုပ်သွားမဲ့ webinar series လေးဖြစ်ပါတယ်။
😟 ဘယ်လိုလုပ်မှာလဲ ? အချိန်ကရော ?
Zoom ကနေတစ်ဆင့် ရှယ် Guest Speaker တွေဖိတ်ပြီး discussion ပုံစံပြုလုပ်ပေးမှာပါ။ Guest Speaker တွေရဲ့ professional field ပေါ်မူတည်ပြီး Topic တွေကို စုံနေအောင်စီစဉ်ထားပါတယ်။ Q&A လေးကတော့ မပါမဖြစ်ပေါ့။ Speaker 8 ဦးနဲ့ တစ်လအတွင်း webinar ပေါင်း 8 ပွဲတောင်လုပ်ပေးမှာပါ။
speaker တစ်ဦးကို တစ်နာရီကျော် ဝန်းကျင်နှုန်းနဲ့ တစ်ရက်ကို Speaker တစ်ဦးဖြစ်ပါတယ်။
အချိန်နဲ့နေ့ရက်က Guest Speaker တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ညပိုင်းတွေကြည့်ဘဲ စီစဉ်ပေးထားပါတယ်။ အကယ်၍များ တစ်ရက်တစ်လေမအားလို့ မတက််နိုင်မှာ စိတ်မပူနဲ့နော်၊ Bounce က အဲ့အတွက်လဲ စီစဉ်ပေးထားပါသေးတယ်။
🧐 Speaker တွေကရော ဘယ်သူတွေလဲ ?
Speaker တွေက ဘယ်သူလဲမဖြေခင်၊ ဒါလေး အရင်ဖြေကြည့်…
သင်က အခုလက်ရှိမှာ ဒီလိုလေးတွေ တွေးနေလား ⁉️
Career တစ်ခုကို ခြေလှမ်းစချင်တယ် ဘယ်လိုစရမလဲ ? အစတော့ပြုပြီးပါပြီ ဘယ်လိုဆက်လှမ်းရမလဲ ?
Business တစ်ခုစချင်တယ် ဘယ်လိုစရမလဲ ဘာတွေသိထားဖို့လိုမလဲ ? အလုပ်လိုချင်လိုက်တာ ဘာ skillset တွေကို ဘယ်လိုဖြည့်ရမလဲမသိဘူး ?
ဒါတွေသိချင်နေတဲ့သူဆိုရင်တော့ Speaker ကဘယ်သူတွေလဲ မစဉ်းစားနဲ့ ချက်ချင်းဘဲ register လုပ်လိုက်တော့ 💜
🫣ဘယ်လို Challenge လဲ ? ရိုးရိုး webinar series မဟုတ်ဘူးလား ?
Bounce ရဲ့ challenges တွေကို join ဖူးတဲ့သူတိုင်းသိမှာပါ။ ဒီတိုင်းလေး register လုပ်ရုံနဲ့မရဘူးနော်။ register လုပ်သူတိုင်းကို code ချပေးမယ်။ Webinar တိုင်း လာမလာ စစ်မယ်။
( စစ်မဲ့နည်းလေးက secret နော်၊ register လုပ်သူတွေကို သီးသန့်ပြန်ရှင်းပြပေးမယ်။)
😅 ဟမ် ဒါဆို သေချာတက်တော့ရော ဘာရမှာလဲ !
သေချာပေါက် တန်ဖိုးရှိတဲ့ လမ်းညွှန်ပြသမှုတွေရမှာပေါ့။ ထုံစံအတိုင်း challenge winner တွေကလဲ organization အသီးသီးကပေးတဲ့ ဆုတွေရဦးမှာနော်။
ဒီတစ်ခါက English Language Enrichment Challenge မဟုတ်ဘဲ Professional / Personal Development ပိုင်းဆိုတော့ Reward ဆန်းဆန်းလေးတွေပါမှာနော်။
😔 Fee ကရော ဘယ်လောက်လဲ ? ဘယ်လို Register ရမလဲ ?
သေချာပေါ့ အခမဲ့ပေါ့ 😚 Register လုပ်ဖို့ကတော့ Bounce ရဲ့ Telegram Channel လေးမှာ Google Form လေးတင်ထားပေးမှာပါ။
Telegram Link :
https://t.me/bounceeducationcentre
Deadline က October 2 ရက်နေ့မလ်ို့ အခုဘဲ Register လုပ်ထားနော်။
6 329
Repost from စီမံ - Siman
စုထားတဲ့မုန့်ဖိုးနဲ့ အတန်းဘဲတက်ရမလား၊ လှူဘဲလှူရမလား တွေဝေနေစရာမလိုတော့ပါဘူးရှင်။ 💜
အခုဖြစ်နေတဲ့ ရေဘေးအတွက် တစ်စိတ်တစ်ပိုင်းလဲ ပါဝင်လှူဒါန်ချင်တယ်၊ English Speaking Class လဲ join ချင်ပါက Bounce က လေးကြိမ်မြောက်ဖွင့်မယ့် အတန်းအား အပ်နှံနိုင်ပါပြီ။
အတန်းကြေးတွေအကုန် အလှူငွေဖြစ်သွားသော်လည် စာလျော့သင်တာမျိုး လုံးဝရှိမှာမဟုတ်ဘူးဆိုတာ အာမခံပါတယ်ရှင်။ အတန်းကလဲ ကျောင်းသားအခိုင်အမာရထားပြီး positive feedback တွေနဲ့ အတန်းပါ။
Pre-intermediate level ကနေ upper-level အထိတက်လို့ရအောင် အတန်းခွဲပြီးဖွင့်ထားတာမလို့ စိတ်ဝင်စားပါက အတန်းကြောင်း နှင့် အချိန်ဇယား ကို Messenger (or) telegram မှ စုံစမ်းနိုင်ပါပြီ။
ပုံမှန်အတန်းကြေး ၈၅၀၀၀ ကျပ်ဖြစ်သော်လည်း၊ စိတ်အားထက်သန်ပါက ၄၀၀၀၀ ကျပ်မှ စ၍ပါဝင်နိုင်ပါပြီ။
အတန်းကြေးရရှိတဲ့ပမာဏနှင့် လှူဒါန်းတဲ့ မှတ်တမ်းတွေကိုလဲ ကျောင်းသားတွေကို အသိပေးပြောပြပေးမှာပါ။
အတန်းအပ်ရံ
http://m.me/BounceEducationCentre
(Or ) @mmtcrl - telegram ကို message ပို့ထားရုံပါဘဲရှင်။
6 329
သိပြီးသားဖြစ်မလားဆိုပေမဲ့ Bounce Education Centre က မင်မင်ရဲ့ start-up online school မို့ စိတ်ချလို့ရတယ်နော်။
6 329
📍 English learner တော်တော်များများဖြစ်နေတဲ့ ပြဿနာကိုဒီနေ့ဖြေရှင်းပေးပါမယ်။
👉🏻 Cb မှာ “အမရေ speaking ပြောမထွက်လို့” အစရှိသဖြင့်လာမေးကြပါတယ်။ ဆိုတော့ အဲ့ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကတော့ Think in English ပါ။
ဒီမာ ဆရာမတစ်ယောက်ပြောဖူးတာလေး သတိရတယ်။ think in English မလုပ်ဘဲ မြန်မာလို အရင်စဉ်းစားပြီး ခေါင်းထဲ ဘာသာပြန်ရင်းသူများနဲ့ စကားပြောမယ်ဆိုရင်၊ ဟိုကပြောလို့ပြီးနေပြီ ကိုယ်က ပထမစာကြောင်းကို ဘာသာပြန်နေတုန်း။ 🤧
ဒီနေ့မှာ အပြောလဲပိုသွက်ပြီး၊ intermediate level ကို တက်ဖို့ အထောက်အကူပြုမဲ့ ဒီ how to think in English ကို ပုံတွေဖိပြီး ဖတ်ကြည့်ပါ။ 👇👇
Object Naming 📍
ဘယ် level မဆို ဒီဟာလေး try လို့ရတယ်။ ကိုယ်နဲ့ အနီးဆုံးမှာရှိနေတဲ့ အရာတွေကို English လို အသံထွက်ပြောကြည့်။
ဥပမာ လက်ထဲမှာ phone, phone မှာတပ်ထားတာက earphones, အခုက bed ဘဲအိပ်နေတယ်။ ရှေ့တည့်တည့်မှာ window ရှိတယ်။
အစရှိသဖြင့် ကိုယ့်အနားမှာရှိနေတာတွေက်ို English လိုလိုက်ပြောကြည့် လိုက်စဉ်းစားကြည့်ပါ။
Start With Simple 🎉
ရိုးရိုးရှင်းရှင်းလေး ကိုယ်လုပ်တာလေးတွေကို English လို ပြောကြည့်။ naming object က အရှင်းဆုံးပြောရရင် noun တွေကို လိုက်ပြောတာပေါ့။ ဒီဟာကကျ -
ဥပမာ I am now writing content. I receive a message from my student while writing a content for my page. It is raining outside.
ကိုယ့်ဘာသာ မင်းသား မင်းသမီးတွေလို interview ခံနေရသလိုသဘောထားပြီး ပြောကြည့်။
အသဲကွဲနေလည်း “ he betrayed me…” အစရှိသဖြင့် အသံထွက်ကြည့်ပေါ့။
Conversation 🗣️
Speaking ပြောသွက်ချင်တယ် ဘာလုပ်ရမလဲဆ်ိုရင် just speak ကွာ။ ပြောချင်တာပြောနေ။ speaking club တွေ join။ အတန်းထဲက speaking activity လုပ်ရင် ပြောတာပြော။ ဒီမာ သိရသလော conversation club တွေ 👉🏻
https://m.facebook.com/story.php?story_fbid=167189229783242&id=100094764983574
At the end of the day, English လေ့လာတာ တနည်းနည်းနဲ့ communicate လုပ်ဖို့လေ။ ဆိုတော့ ပြောထွက်ထွက် ပြောမထွက်ထွက် ပြောတာပြော။
Listen 🫶🏻
ဒါက thinking in English ဖြစ်စေဖို့တော်တော်ထိရောက်တဲ့ method လို့ပြောရမယ်။ ဆရာမတစ်ယောက်ပြောဖူးသလိုဘဲ ကိုယ်ဘာဘဲလုပ်နေနေ English နဲ့ဆိုင်တာ တစ်ခုခုဖွင့်ထားလိုက်။ နားထဲတစ်လုံးရောက်ရောက် နှစ်လုံးဝင်ဝင်။
အဲ့အတွက်ဆို luke English ကောင်းတယ်။
https://youtube.com/@LukesEnglishPodcast?si=UYPTnhWcqJd9NYK8
BBC က 6 minutes English လဲ ရှယ်ကောင်း။
https://youtube.com/playlist?list=PLcetZ6gSk96-FECmH9l7Vlx5VDigvgZpt&si=MJSoqRsBSoDs-k30
BBC news တွေနားထောင်းပေးပါ။
https://youtube.com/@BBCNews?si=B_2HwR-ruwWlbwEr
Basic / elementary level လောက်ဆိုရင်တော့ - ဒီ Channel လေးကောင်းပါတယ်။
https://youtube.com/@easyenglish551?si=Egcg3hAf942WNCGS
ကဲ ဒီလောက်ဆို လုံလောက်ပြီ။ ဒီလိုလေးတွေအရင် ကျင့်ကြည့်ကြပါဦး။ အဆင်ပြေမပြေလေး ပြန်ပြောပေးနော်။
6 329
Log in ဝင်မရလို့ ပြဿနာတက်နေသူလေးတွေ ဒီ article လေးဖတ်ပြီးလိုက်လုပ်ကြည့်ပါနော်၊ https://www.androidauthority.com/chatgpt-not-working-fix-3295471/#
6 329
ChatGPT နဲ့ English Speaking ဘယ်လိုလေ့ကျင့်ကြမလဲ? 🤖
ဒီနေ့မှာတော့ တစ်ယောက်တည်းဖြစ်နေလို့ speaking ဘယ်လိုလေ့ကျင့်ရမလဲ လာလာမေးကြတဲ့ သူတွေအတွက် video လေးတစ်ပုဒ်တင်ပေးလိုက်ပါတယ် ရှင်။
Video လေးကို ကြည့်ကြည့်ပြီးတော့မှ အကြံပေးချင်တာ ဒီထက်ပိုပြီးသိချင်တာရှိရင် comment မန့် ခဲ့လို့ရပါတယ်ရှင်။
Please follow me 💜
Telegram: https://t.me/mindingmy20s
Viber: https://invite.viber.com/?g2=AQBn4LVPCZfsX1L%2BvE97Krbm5jOfxC4T3Rc1i%2FOpWSAnnE71pZNQ42f5nFjlHyVM
TikTok: https://www.tiktok.com/@mindingmy_20s?_t=8nUK5HXFlAe&_r=1
YouTube: https://youtube.com/@outsmart_your_day_with_mmt?si=AMbzZ7mcpkV2WT7D
6 329
နောက်ထပ်တင်မဲ့ content ကို video content အနေနဲ့ ဖန်တီးထားပါတယ်။ ဘာခေါင်းစဉ်ဖြစ်မယ်ထင်လဲရှင့် 🤗
6 329
အပေါ်က နှစ်ချက်က အစချီရမဲ့ အရာလေးတွေဘဲဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီးလေ့လာချင်သူတွေအတွက် အောက်မှာ video လေးတွေထည့်ထားပေးပါတယ်။
1 Personal Brand တည်ဆောက်ရာဝယ်
https://youtu.be/R0ny5Kou3vY?si=JZMZ5JYU5IAY8F47
1 Personal Brand အတွက် အရေးကြီးတဲ့ အချက် (၄) ချက်
https://youtu.be/MJa0qfc5Vl4?si=Pq2SChW5U4R0CPNZ
1 YOUR IDENTITY CAN BE MORE THAN JUST YOUR CAREER OR PROFESSION.
https://youtu.be/pJRXaexMAtw?si=6kfBOZCg73Y1lBOg
ဒီ post ဟာ အသက် 20 ကျော်စွန်းစွန်းကောင်မလေး point of view နဲ့ဘဲ ရေးထားဖြစ်ပေမဲ့ အားလုံးအတွက် အကျိုးရှိမယ် မျှော်လင့်ပါတယ်။
ဒီ Post ထဲတစ်ခုခုလိုအပ်တာ မှားယွင်းတာ ထပ်ဖြည့်ချင်တာမျိုးရှိရင် comment ပေးသွားလို့ရပါတယ်ရှင့်။
Please follow me 💜
Telegram: https://t.me/mindingmy20s
Viber: https://invite.viber.com/?g2=AQBn4LVPCZfsX1L%2BvE97Krbm5jOfxC4T3Rc1i%2FOpWSAnnE71pZNQ42f5nFjlHyVM
TikTok: https://www.tiktok.com/@mindingmy_20s?_t=8nUK5HXFlAe&_r=1
YouTube: https://youtube.com/@outsmart_your_day_with_mmt?si=AMbzZ7mcpkV2WT7D
6 329
1 Soft skills များကိုလေ့လာခြင်း။
ဒီ ခေတ်ကြီးက Career အတွက် hard skills တွေဘဲ လေ့လာရုံနဲ့တော့ မလုံလောက်ဘူးနော်။ Critical thinking skills, creativity, team working skills, digital literacy, presentation skills, financial, time and energy management အစရှိတာတွေလေ့လာထားသင့်ပါတယ်။
ဒါတွေလေ့လာဖို့ဆိုရင် ဗဟုသုတရမဲ့ စာအုပ်တွေနားထောင်တာ၊ video တွေ audio တွေနဲ့လေ့လာတာ၊ workshop တွေ conference တွေတက်တာမျိုးတွေလုပ်သင့်ပါတယ်။ Creativity အတွက်ဆိုရင်တော့ ဝါသနာပါတာလေးတွေလုပ်နေဖို့က အရေးကြီးပါတယ်။
နောက်တစ်ခုက volunteer တို့ internship တို့ခေါ်တာတွေရှိပါတယ်။ အဲ့တာလေးတွေ try ကြည့်စေချင်ပါတယ်။ ဒီလိုမျိုး လူတွေနဲ့ ပေါင်းသင်းဆက်ဆံလုပ်မှသာလျှင် တကယ့်ကို team working skills တို့ conflict management တို့က တိုးတက်လာမှာဖြစ်ပါတယ်။
အရေးမကြီးဘူးထင်ရပေမဲ့ ဒါလေးတွေရော သေချာလုပ်တတ်ပြီးလား ?
1 CV, Resume နဲ့ cover letter ရေးတတ်လား ?
2 Information တွေရှာဖို့ Research ရောလုပ်တတ်လား ?
ဒါတွေကို ဘယ်လိုတွေကျင့်ရမလဲဆိုရင် How to write a CV / Resume/ Cover letter လို့ရှာရင် လေ့လာစရာတွေ အများကြီးထွက်လာမှာဆိုပေမဲ့ အလုပ်တွေရရမရရလျှောက်ကြည့်စေချင်တယ်။ interview stage တွေထိပါခဲ့ရင် အတွေ့အကြုံတောင်ရသေးတယ်။ ပြောလို့မရဘူး အလုပ်ပါရရင် ရမှာပေါ့။
မိမိလေ့လာချင်တဲ့ skills တွေရှိရင် Google, YouTube, Facebook မှာ ရိုက်ရှာရုံပါဘဲ။ EdX တို့ Coursera တို့ Oxford Home Study Centre တို့မှာ ရှာကြည့်ပါနော်။
1 Hard Skills များကိုလေ့လာခြင်း။
ပိုက်ဆံရှာလို့ရမဲ့ skills တစ်ခုခုလို့ အဓိပ္ပါယ်ဖွင့်ရမယ်ထင်တယ်။ အသက်မွေးလို့ရမဲ့ skill တစ်ခုခုလေ့လာစေချင်တယ်။ language တစ်ခုခုလေ့လာတာ၊ coding လား digital marketing လား financial management အစရှိသဖြင့် စိတ်ဝင်စားတာလေးတွေလေ့လာပါ။ လေ့လာချင်တာတွေကို အခုခေတ်မှာ အလွယ်တကူလေ့လာလို့ရနေပါပြီ။ English စာ intermediate လောက်ရှိရင် ပိုပြီး လေ့လာရတာ အဆင်ပြေပါတယ်။
Facebook မှာ free class တွေကို sharing လုပ်ပေးနေတဲ့ သူတွေအများကြီးပါ။ ဒါ့အပြင် Google မှာ မိမိတက်ချင်တဲ့ အတန်းတွေ ရှာကြည့်ပြီ တက်နော်။
Career လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့သူတွေဆိုရင် ဒီထက့်ပိုစျေးမတက်ခင် ကိုယ်ယူထားချင်တဲ့ certificate တွေ တက်ချင်တဲ့ အတန်းတွေကို ဝယ်ယူပြီး လေ့လာထားသင့်ပါတယ်။
1 လိုအပ်မဲ့ basic skills တွေလေ့လာထားပါ။
Excel တို့ Microsoft တို့ Google Products တွေ အသုံးပြုတတ်အောင် လေ့လာထားသင့်ပါတယ်။ ဒါအပြင့် ဒီခေတ်မှာ လိုအပ်တဲ့ skills လေးတွေကို တီးမိခေါက်မိအောင် လေ့လာထားပါ။ ဥပမာ page တစ်ခုဘယ်လို run ရတယ်၊ basic video editing လေးတွေကို လေ့လာထားသင့်ပါတယ်။
ဒါတွေကလဲ Facebook မှာ workshop တွေ စျေးသက်သက်သာသာဖွင့်ပေးထားတဲ့ class တွေအပြင့်၊ သေချာရှာကြည့်ရင် online မှာ free နီးပါးလေ့လာလို့ရပါတယ်။
ဒီနေရာမှာ skills တွေလေ့လာတာနဲ့ပတ်သတ်ပြီး သတိထားစရာတစ်ခုရှိပါတယ်။ တချို့တွေကျ skills တစ်ခုတည်းကို တစိုက်မက်မက်လေ့လာရမယ်၊ တချို့ကျလည်း တစ်ခုခုလေ့လာလို့ စိတ်မပါရင် အခြားဟာပြောင်းလေ့လာဖို့ ပြောကြတယ်။
ဒါပေမဲ့ ဒီနေရာ ကျွန်မအမြင်လေးတစ်ခုပြောပြချင်တာက ဘယ်အရာမဆို စိတ်ဝင်စားလို့လေ့လာရင် အခြေခံ concept လေးတွေပိုင်နိုင်အောင် လေ့လာသင့်တယ်လို့ ထင်ပါတယ်။ language ဆိုလည်း pre-intermediate လောက်ထိပေါ့။
ဖြည့်စွက်ပြီးပြောချင်တာက နောက်ပိုင်းဘယ် career ရွေးရွေးပိုပြီး အလုပ်တွင်အောင် AI tools လေးတွေလေ့လာစေချင်တယ်၊ အထူးသဖြင့် ChatGPT လို AI Tools လေးတွေ သုံးတတ်အောင် Prompt Engineering လေ့လာထားသင့်ပါတယ်။
1 Personal Branding
ဘယ် career ဘဲရွေးရွေး personal branding လုပ်တတ်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ့်ကို marketing ဆင်းဖို့အတွက် branding အရင် လုပ်ရမယ်လို့ အမတစ်ယောက်ပြောဖူးတာလေးရှိတယ်။ အစက နားမလည်ခဲ့ပေမဲ့ အလုပ်တွေလုပ်လာတဲ့အခါ ဒီစကားကမှန်တယ်ပြောရမယ်။
Personal Branding ဆိုတာ ကိုယ်ကဘယ်သူလဲ ကိုယ့်ရဲ့ value ကဘာတွေလဲဆိုတာက်ို ပြသတာဖြစ်ပါတယ်။ personal branding ဆိုတာ career လမ်းကြောင်းပေါ် ကျွမ်းကျွမ်းကျင်ကျင်ရောက်နေမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို စလို့ရပါတယ်။
Personal Branding လုပ်ဖို့ဆိုရင် -
1 မိမိကိုယ့်ကို အရင်သိအောင်လေ့လာပါ။ ကိုယ်က ဘယ်သူလဲ? ကိုယ့်ရဲ့ value ကဘာလဲ? ကိုယ့်ကိုယ်ကို ဘယ်လိုပြသချင်တာလဲ အစရှိသဖြင့် အရင်လေ့လာပါ။ ဒါတွေက အသေအချာစဉ်းစားတဲ့အခါ အဖြေထွက်နိုင်သလို အလုပ်တစ်ခုကို စလုပ်ရင်းနဲ့ဘဲဖြစ်ဖြစ် လမ်းကြောင်းတစ်ခုပေါ် လျှောက်ရင်းနဲ့ဘဲဖြစ်ဖြစ် ကိုယ့် identity ကိုသိလာနိုင်တာမလို့ အခုမစဉ်းစားနိုင်သေးရင် အရမ်းစိတ်မပူပါနဲ့။
2 Professional accounts များဖွင့်ထားပါ။ Facebook account ကို personal နဲ့ professional ခွဲထားတာမျိုး LinkedIn အကောင့်ဖွင့်ပြီး ကိုယ့်အကြောင်း ကိုယ့် education background နဲ့ experience တွေကို သေချာလေး update လုပ်ထားသင့်ပါတယ်။
6 329
+1
🤗 2025 မရောက်ခင် ဒီသုံးလအတွင်းဘာတွေရင်းနှီးမြှုပ်နှံကြမလဲ ?
နောက်သုံးလဆို 2025 တောင်ရောက်တော့မှာမလို့ နှစ်မကူးခင် တစ်ခုခု အကျိုးရှိတာလေးတွေလုပ်ချင်တာလား ?
ဒါမှမဟုတ် ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမှန်းမသိလို့ ဘာမှကိုမလုပ်ချင်ဖြစ်နေသူတွေအတွက် ရင်းနှီးမြှုပ်နှံသင့်တာလေးတွေပြောပြချင်ပါတယ်။
#mindingmy20s
6 329
Repost from စီမံ - Siman
+1
🤗 စကားလုံးတစ်လုံးတည်းကိုဘဲ ထပ်ခါထပ်ခါသုံးမိနေသူများကို recommend ပေးချင်တာက synonyms လေးတွေလေ့လာကြည့်နော်။
Synonyms ဆိုတာက အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးတွေကိုပြောတာပါ။ ဥပမာ Big နဲ့ large ပေါ့။
Synonyms တွေကို လေ့လာချင်ရင် အလွယ်တကူ Google မှာ Synonyms of _ လို့ရှာကြည့်လို့ရပါတယ်။
ဒါပေမဲ့ တစ်ခုသတိထားစရာလေးရှိပါတယ်။ Meaning က similar ဖြစ်နေပေမဲ့ အသုံးပြုပုံတူချင်မှ တူမှာပါ။ ဒါ့ကြောင့် Synonyms တွေရှာရင် တခါတည်း သူ့ရဲ့ usage နဲ့ example sentences လေးတွေလေ့လာကြနော်။
ပုံမှာ အသုံးများတဲ့ စကားလုံးတွေရဲ့ Synonyms တွေပေးထားပါတယ်။
6 329
နောက်ရေးပေမဲ့ post လေးက ဒီလိုအချိန်မှာ ဘာတွေအတွက် invest လုပ်ရမလဲဖြစ်ပါတယ်။ post လေးမရေးခင် အားလုံးရဲ့ အမြင်လေးသိချင်တာမလို့ ဖြေပေးပါဦး 💜
6 329
ဒီထက်ကောင်းတဲ့ Speaking လေ့ကျင့်လို့ရမဲ့ website မတွေ့ဖူးဘူး ‼️
နိုင်ငံတကာက သူတွေနဲ့လဲ တွေ့ဆုံစကားပြောချင်တဲ့ ဒါမဲ့အချို့ website တွေလို inappropriate ဖြစ်တာတွေလဲ မမြင်ချင်ဘူး ဆိုရင် ဒီ website လေးက အရမ်းကောင်းပါတယ်။
Website ကို စစသုံးပြီဆိုရင် host ကနေ ကိုယ်နဲ့ one on one ( Live Video call ) စကားပြောကြည့်ပြီးရင် သူက ကိုယ့်English level က ဒီ conversation တွေကို join ဖို့ သင့်တော် မတော်ပြောပါတယ်။ တခါတည်း Host ကနေ ကိုယ်နဲ့ သင့်တော်မဲ့သူနဲ့ one on one conversation ထိုင်ဖို့ စီစဉ်ပေးပါတယ်။
one on one conversation က 7 မိနစ်ကြာမှာဖြစ်ပြီး သူတို့ဘက်ကနေ ပြောရမဲ့ topic နဲ့ example video လေးပြပါတယ်။
Hi hello နဲ့ဘဲ အချိန်ကုန်မှာလဲ စိတ်မပူရဘူး၊ သူတို့က ဘယ်ချိန်ကို မိတ်ဆက်၊ ဘယ်ချိန် စ ဆွေးနွေး၊ ဘယ်ချိန်ကို နှုတ်ဆက်ဆိုပြီး message လေး ပေါ်လာပါတယ်။
အဲ့ platform မှာ ကိုယ်နဲ့အတူတူကျတဲ့သူကိုလဲ တခါတည်း rating ပေးလို့ရပါတယ်။ အဲ့ကြောင့် ဒီ platform သုံးတဲ့သူတွေက respectful ဖြစ်တယ်ပြောရမယ်၊ မသင့်တော်တာတွေ မပြောကြ၊ မလုပ်ကြဘူး။
100 % free မလို့ စမ်းကြည့်ချင်သူတွေအတွက် link ချထားပေးပါတယ်။
https://www.episoden.com
#mindingmy20s
6 329
👩🍼👨🍼ကလေးပြုစုပျိုးထောင်နည်းများကို ဘယ်မှာလေ့လာကြမလဲ ?
ဒီ post က မိဘတွေအတွက်ဘဲ မဟုတ်ပါဘူး။ လူတိုင်းအတွက် ဖြစ်ပါတယ်။ ကလေးတစ်ယောက်က်ိုပြုစုပျိုးထောင်တတ်ဖို့၊ ကလေးတစ်ယောက်ကို ဘယ်လိုနည်းလမ်း မှန်မှန်နဲ့ကိုင်တွယ်ရမလဲဆိုတာကို လူတိုင်းလေ့လာထားသင့်ပါတယ်။
ဒါကြောင့် ဒီတခါတော့ ကလေးပြုစုပျိုးထောင်နည်းများကို လေ့လာလို့ရမဲ့ နေရာလေးတွေပြောပြပါမယ်။
1. Sayarma 🥰
ဒီ page လေးက ဆရာ၊ဆရာတွေအတွက်ဘဲ မဟုတ်ပါဘူး။ ကလေးတွေအကြောင်း သိသင့်သိဖထိုက်တာတွေကို ပြောပြပေးနဲ့ page တစ်ခုဖြစ်ပါတယ်။
https://www.facebook.com/sayarma.co?mibextid=LQQJ4d
2. Superparent Myanmar 🥰
ဒီ page လေးက parenting နဲ့ပတ်သတ်လို့ သူပြောတာလေးတွေ အတော်စုံပါတယ်။ ကလေးတစ်ယောက်နဲ့ ဘယ်လို ဆက်ဆံစကားပြောရမလဲ? ကလေးတွေရဲ့ အပြုအမှုတွေကို ဘယ်လို တုံ့ပြန်ရမလဲ အစရှိတာတွေ sharing လုပ်ပေးနေတဲ့ page ဖြစ်ပါတယ်။
Facebook - https://www.facebook.com/superparentmyanmar?mibextid=LQQJ4d
YouTube - https://youtube.com/@superparentmyanmar5363?si=WhoJDm0EupbIICBY
3. Smart Kids College 🥰
ဒီ channel လေးက မိဘတွေကြုံတွေနေရတဲ့ ပြဿနာတွေတိုင်းအတွက် အဖြေရှိနေတဲ့ website လို့တောင် ပြောလို့ရတယ်။ သင်ယူမှုနှေးကွေးတာလား၊ အစားစုံအောင်မစားတာလား ? အစရှိတဲ့ ပြဿတွေအတွက် ဖြေရှင်းထားတဲ့ video လေးတွေရှိပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်တိုးတက်ဖွံ့ဖြိုးမှုအတွက် ဘယ်လိုပံ့ပိုးပေးရမလဲဆိုတာလေးတွေပါ ပြောပြထားပါတယ်။
Link - https://youtube.com/@smartkidscollege-skc?si=jZJTYguNDUrkz3fD
Minding My Twenties Page ကို like and follow လုပ်ဖို့ မမေ့နော် 💜
6 329
ကိုယ့်ရဲ့ inner peace အတွက် လေ့လာချင်သူတွေများအတွက် -
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလို့ဘဲ သုံးနှုန်းရမလား ? အတွင်းစိတ်ငြိမ်းချမ်းသေဖို့လို့ဘဲ သုံးနှုန်းရမလား မသိပေမဲ့ စိတ်ကလေးထားတတ်ဖို့၊ စိတ်ဓာတ်သန်မာလာစေဖို့ လေ့လာလိုသူများအတွက် YouTube channel လေးတွေ Facebook page လေးတွေ sharing လုပ်ပေးပါမယ်။
1 Oxford Sayadaw
ဆရာတော် Facebook တင်ပေးနေတဲ့ စာတွေကို လူတိုင်းဖတ်ဖူးကြမှာပါ။ ဆရာတော်ရဲ့ တရားတွေကို ပြန်တင်ပေးထားတဲ့ playlist ကို sharing လုပ်ပေးမယ်နော်။
1 https://youtube.com/playlist?list=PLe9VwV3Tufs3iWs46JmC_os3G6rcX1Pxu&si=2jSDOhdHYcg8YKAp
1 https://youtube.com/playlist?list=PLoQfZORynXYy8intshqoiPdxk5dQsxGNA&si=3SGHOo0gmxhAkz_N
ဆရာတော်ရဲ့ Facebook page -
https://www.facebook.com/OxfordSayardawDrDhammasami?mibextid=LQQJ4d
1 Dr Seinn
စာအုပ်တွေလည်း ထွက်ရှိထားပြီး၊ YouTube မှာလည်း attraction အကြောင်းကို ( အဓိကအားဖြင့် transformation အကြောင်းလေးတွေ) sharing နေသူတစ်ဦးပါ။
1 Yamone Scarlett
Energy တွေအကြောင်း astrology အကြောင်းတွေအပြင် relationship အကြောင်းတွေ narcissist တွေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အကြောင်းတွေ sharing လုပ်ပေးနေသူပါ။
Link - https://youtube.com/@yamonescarlett?si=3m0Sniz-OM9FYzBu
1 Arabella Yee
အခုနောက်ပိုင်း သူမရဲ့ ဘဝအတွေ့အကြုံကို sharing လုပ်နေလေ့ရှိပြီး mindfulness နဲ့ပတ်သတ်ပြီး ပြောထားတာတွေရှိသလို embodied leadership ဆိုပြီးလဲ free training videos တွေတင်ထားတာ ရှိပါတယ်။
Link - https://youtube.com/@arabelleyee?si=mB7P-c41xtAg5Bg5
6 329
မြန်မာလိုရေးထားတဲ့ မြန်မာစာအုပ်ကောင်းကောင်းလေးတွေဖတ်ချင်တာလား ?
အရင်ဆုံး ဘာစာအုပ်ဖတ်ရမလဲမသိတွေဝေနေရင် Myanmar book review လေးတွေ ပြောပြနေသူတွေကို အရင်ပြောပြမယ်နော်။
1 The Books of May Soe
စာအုပ်လေးတွေလည်း review ပေးတယ်၊ ဗဟုသုသရစရာတွေလည်း ပြောပြပေးတဲ့ Channel ဖြစ်ပါတယ်။
Link - https://youtube.com/@thebooksofmaysoe?si=qcU1TW-wOL-5imKs
1 Sharing by STZ
အထင်ကရနေရာအကြောင်းတွေ ပြောပြတာ၊ စာအုပ် review ပေးတာတွေအပြင် စာအုပ်တွေကိုပါ ဖတ်ပြနေတဲ့ channel ဖြစ်ပါတယ်။
link- https://youtube.com/@sharingbystz?si=ERDj0kZhbwVf80wE
1 Kyaw Ming Naing
ရုပ်ရှင်တွေအကြောင်း၊ စာအုပ်တွေအကြောင်းနဲ့ vlog လေးတွေ တင်ပေးတဲ့ channel ဖြစ်ပါတယ်။
Link : https://youtube.com/@kyawmingnaing?si=TZrJtWcSrycOZZRC
Review လေးတွေရှာကြည့်ပြီးလို့ စိတ်ဝင်စားတဲ့ စာအုပ်တွေ့ပြီဆိုရင် အောက်က telegram channel တွေမှာ ဝင်ရှာဖတ်ပါ။
1 https://t.me/myanmarbooklovers
2 https://t.me/bookparadisemyanmar
3 https://t.me/bookworldforall
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
