626
Suscriptores
Sin datos24 horas
-37 días
-1530 días
Archivo de publicaciones
မင်းပြားနဲ့ ပေါက်တောမြို့အမည်တွေကို ULA/AA က ပြောင်းလဲသတ်မှတ်
ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ ပေါက်တောမြို့တို့ရဲ့ အမည်ပြောင်းလဲခြင်း အခမ်းအနားကို အာရက္ခတပ်တော် (ULA/AA) က ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီမှာ တစ်ချိန်တည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာ မင်းပြားမြို့ကို အဥ္ဇနပူရမြို့ အဖြစ်၊ ပေါက်တောမြို့ကို ဝီရဌာနီမြို့ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။
မြို့အမည်ပြောင်းလဲခြင်း အခမ်းအနားကို ULA/AA မှ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ ဝန်ထမ်းတွေ၊ AA စစ်သည်တွေနဲ့ ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ULA/AA ရဲ့ ရှင်းလင်းချက်အရ အဥ္ဇနပူရ ဆိုတဲ့အမည်ဟာ ပါဠိ/သက္ကတအခြေခံ အမည်ဖြစ်ပြီး "အဉ္ဇန" က သမိုင်းဝင် အဉ္ဇနမြစ်ကို ရည်ညွှန်းကာ "ပူရ" က "မြို့" လို့ အဓိပ္ပာယ်ရတာကြောင့် "အဉ္ဇနမြစ်ရဲ့မြို့" လို့ အဓိပ္ပာယ်ဖော်ဆောင်ထားတယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံး လွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ သဘောတူ
တစုတစ်ဖွဲ့ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ သဘောတူအတည်ပြုခဲ့ကြပါတယ်။
အဲဒီ သဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ မန္တလေးဒေသလွှတ်တော် (MRH) နဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) တို့က သဘောတူအတည်ပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို သဘောတူအတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ခန္တီးမှာ ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ် ၄၀ ကျော်ကို နာဂအဖွဲ့ ကြိုးတုပ် ဖမ်းဆီး
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့နယ် မှန်ပင်ကျေးရွာအတွင်း ဇူလိုင် ၂၉ ရက်နေ့က ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ်တွေအပါအဝင် ရွှေလုပ်သား ၄၀ ကျော်ကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် ည ၈ နာရီမှာ အရပ်ဝတ်စုံ နဲ့ ကျည်ကာဝတ်စုံ ဝတ်ဆင်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဗမာစကားပြော နာဂလက်နက်ကိုင် အဖွဲ့တစ်ခု ရောက်ရှိလာပြီး ဒေသခံလူငယ် ယောက်ျားလေးတွေ နဲ့ မိန်းကလေးတွေကို ကြိုးတုပ်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးမှုမှာ မှန်ပင်ကျေးရွာအပြင် ကင်းတော်ရွာ၊ စာဖျောက်ရွာ၊ ဆာဆောရွာနဲ့ တိန်းအင် စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား လူငယ် ၂၃ ဦး ပါဝင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ဒေသတွင်း ရွှေမျောလုပ်ငန်းခွင်တွေမှ ရွှေလုပ်သားတွေ နဲ့ စားဖိုမှူးအမျိုးသမီး ၁၉ ဦးထက်မနည်းကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
SNA က ပြည်သူ ၇၀၀ ခန့်ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကက်သာစံပြကျေးရွာမှာ ဒေသခံပြည်သူ ၆၉၂ ဦးကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
ကက်သာစံပြကျေးရွာမှာရှိတဲ့ ရွှေဘုံသာရွာမကျောင်းတိုက်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိ SNA တပ်မဟာ (၈၉၁) အမှတ် (၂) တပ်ရင်းက ဒေသခံပြည်သူတွေအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသရေးအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့တာပါ။
ဒီအစီအစဉ်မှာ ကက်သာစံပြကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေ ပါဝင်ခဲ့ပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Homeland News Agency၊ ဇူလိုင် ၃၀၊ ၂၀၂၆

အလားတူ ဝီရဌာနီ ဆိုတဲ့အမည်မှာလည်း "ဝီရ" (သူရဲကောင်း၊ ရဲရင့်သူ) နဲ့ "ဌာနီ" (မြို့၊ နေရာ) ဆိုတဲ့ ပါဠိစကားလုံးတွေကို ပေါင်းစပ်ထားပြီး "သူရဲကောင်းတို့ရဲ့မြို့"၊ "ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့မြို့" သို့မဟုတ် "သူရဲကောင်းများ နေထိုင်ရာမြို့" လို့ အဓိပ္ပာယ်ရကြောင်း ဖော်ပြထားပါတယ်။
အဲဒါအပြင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသနဲ့ ချင်းပြည် ပလက်ဝမြို့နယ်တို့မှာ မြန်မာစာဖတ်စာကို ရခိုင်ဖတ်စာနဲ့ အစားထိုးသင်ကြားဖို့ စီစဉ်နေသလို အဲဒီ ရက္ခိုင်ဖတ်စာသင်ရိုးမှာလည်း ရှေးခေတ်ရခိုင်စာဆိုတွေရဲ့ ကဗျာ၊ ရသစာတမ်းနဲ့ ဝတ္ထုတိုတွေကို သင်ကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ - APM
Website - https://homelandnewsmm.com/
YouTube - https://www.youtube.com/@HNA-7
Telegram - https://t.me/+InLvdXLY8MdmNzE1
တနိုင်ငံလုံး လွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ သဘောတူ
Homeland News Agency၊ ဇူလိုင် ၃၀၊ ၂၀၂၆
တစုတစ်ဖွဲ့ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ သဘောတူအတည်ပြုခဲ့ကြပါတယ်။
အဲဒီ သဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ မန္တလေးဒေသလွှတ်တော် (MRH) နဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) တို့က သဘောတူအတည်ပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို သဘောတူအတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အတူတကွ လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး အပြန်အလှန် ပံ့ပိုးကူညီမှုများဖြင့် အောင်ပွဲရသည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ဂုဏ်သိက္ခာနဲ့ တည်ရှိမှုကို အပြန်အလှန် လေးစားအသိအမှတ်ပြု ဖေးမကူညီ၍ ပူးပေါင်းဆောင်ရွက်သွားကြဖို့၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြား ဖြစ်ပွားတဲ့ ဘယ် အမြင်မတူမှုကိုမဆို ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စရပ်တွေ ရှိလာပါက အဆိုပါ ဘုံနိုင်ငံရေး သဘောတူညီချက်အပေါ် အခြေခံ၍ တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးတိုင်ပင် သဘောထားရယူပြီး တုံ့ပြန်သွားဖို့ ဆိုပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတွေက တော်လှန်ရေးအင်အားစုတွေအပေါ် ခြိမ်းခြောက်ဖိအားပေးမှုတွေကို ညီညီညွတ်ညွတ် ပူးပေါင်း တုံ့ပြန်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ၊ တော်လှန်ရေးအောင်မြင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှုအတွက် အသိအမှတ်ပြု၍ အပြည့်အဝ စွဲကိုင်အသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်။
နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေအနေဖြင့် စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး အနာဂတ်မှာ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေခြင်းကို အဆုံးသတ်ဖို့၊ ဖျက်သိမ်းကြောင်း ကြေညာပြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။
သက်ဆိုင်သူအစုအဖွဲ့တွေအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့၊ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကို တည်ဆောက်ဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
Website - https://homelandnewsmm.com/
YouTube - https://www.youtube.com/@HNA-7
Telegram - https://t.me/+InLvdXLY8MdmNzE1
ခန္တီးမှာ ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ် ၄၀ ကျော်ကို နာဂအဖွဲ့ ကြိုးတုပ် ဖမ်းဆီး
Homeland News Agency၊ ဇူလိုင် ၃၀၊ ၂၀၂၆
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့နယ် မှန်ပင်ကျေးရွာအတွင်း ဇူလိုင် ၂၉ ရက်နေ့က ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ်တွေအပါအဝင် ရွှေလုပ်သား ၄၀ ကျော်ကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် ည ၈ နာရီမှာ အရပ်ဝတ်စုံ နဲ့ ကျည်ကာဝတ်စုံ ဝတ်ဆင်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဗမာစကားပြော နာဂလက်နက်ကိုင် အဖွဲ့တစ်ခု ရောက်ရှိလာပြီး ဒေသခံလူငယ် ယောက်ျားလေးတွေ နဲ့ မိန်းကလေးတွေကို ကြိုးတုပ်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးမှုမှာ မှန်ပင်ကျေးရွာအပြင် ကင်းတော်ရွာ၊ စာဖျောက်ရွာ၊ ဆာဆောရွာနဲ့ တိန်းအင် စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား လူငယ် ၂၃ ဦး ပါဝင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ဒေသတွင်း ရွှေမျောလုပ်ငန်းခွင်တွေမှ ရွှေလုပ်သားတွေ နဲ့ စားဖိုမှူးအမျိုးသမီး ၁၉ ဦးထက်မနည်းကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးမှုတွေဟာ အရှေ့နာဂ အမျိုးသားအဖွဲ့အစည်း/အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်(ENNO/ENDA) ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး ၎င်းပြောဆိုမှုကို အတည်ပြုနိုင်ဖို့အတွက် ENNO/ENDA ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ENNO/ENDA အဖွဲ့ကိုတော့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က လက်နက်တပ်ဆင်ပေးထားပြီး လိုင်ဇာမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားရှိကာ KIA နဲ့ ပူးပေါင်း၍ စစ်ရေး လှုပ်ရှားနေတဲ့အဖွဲ့လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "ဘာလို့ ဖမ်းတာလဲဆိုရင် ဟိုတလောက နန်စီပွန်မှာ PDF တွေကို ကား ၅ စီးလောက်နဲ့ ဆယ်ဇင်းဘက် စစ်ကူပို့ထားတော့ လူလိုလို့ ဖမ်းတာ ဖြစ်နိုင်တယ်" လို့ ပြောပါတယ်။
ခန္တီးမြို့နယ်အတွင်း ဒေသခံလူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက မကြာခဏ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
လက်ရှိ ခန္တီးမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်အတွင်းမှာတော့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ENNO/ENDA အဖွဲ့တွေလည်း လှုပ်ရှားကြတယ်လို့ သိရပါတယ်။
Website - https://homelandnewsmm.com/
YouTube - https://www.youtube.com/@HNA-7
Telegram - https://t.me/+InLvdXLY8MdmNzE1
ခန္တီးမှာ ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ် ၄၀ ကျော်ကို နာဂအဖွဲ့ ကြိုးတုပ် ဖမ်းဆီး
Homeland News Agency၊ ဇူလိုင် ၃၀၊ ၂၀၂၆
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့နယ် မှန်ပင်ကျေးရွာအတွင်း ဇူလိုင် ၂၉ ရက်နေ့က ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ်တွေအပါအဝင် ရွှေလုပ်သား ၄၀ ကျော်ကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် ည ၈ နာရီမှာ အရပ်ဝတ်စုံ နဲ့ ကျည်ကာဝတ်စုံ ဝတ်ဆင်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဗမာစကားပြော နာဂလက်နက်ကိုင် အဖွဲ့တစ်ခု ရောက်ရှိလာပြီး ဒေသခံလူငယ် ယောက်ျားလေးတွေ နဲ့ မိန်းကလေးတွေကို ကြိုးတုပ်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးမှုမှာ မှန်ပင်ကျေးရွာအပြင် ကင်းတော်ရွာ၊ စာဖျောက်ရွာ၊ ဆာဆောရွာနဲ့ တိန်းအင် စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား လူငယ် ၂၃ ဦး ပါဝင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ဒေသတွင်း ရွှေမျောလုပ်ငန်းခွင်တွေမှ ရွှေလုပ်သားတွေ နဲ့ စားဖိုမှူးအမျိုးသမီး ၁၉ ဦးထက်မနည်းကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးမှုတွေဟာ အရှေ့နာဂ အမျိုးသားအဖွဲ့အစည်း/အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်(ENNO/ENDA) ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး ၎င်းပြောဆိုမှုကို အတည်ပြုနိုင်ဖို့အတွက် ENNO/ENDA ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ENNO/ENDA အဖွဲ့ကိုတော့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က လက်နက်တပ်ဆင်ပေးထားပြီး လိုင်ဇာမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားရှိကာ KIA နဲ့ ပူးပေါင်း၍ စစ်ရေး လှုပ်ရှားနေတဲ့အဖွဲ့လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "ဘာလို့ ဖမ်းတာလဲဆိုရင် ဟိုတလောက နန်စီပွန်မှာ PDF တွေကို ကား ၅ စီးလောက်နဲ့ ဆယ်ဇင်းဘက် စစ်ကူပို့ထားတော့ လူလိုလို့ ဖမ်းတာ ဖြစ်နိုင်တယ်" လို့ ပြောပါတယ်။
ခန္တီးမြို့နယ်အတွင်း ဒေသခံလူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက မကြာခဏ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
လက်ရှိ ခန္တီးမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်အတွင်းမှာတော့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တွေလည်း လှုပ်ရှားကြတယ်လို့ သိရပါတယ်။
Website - https://homelandnewsmm.com/
YouTube - https://www.youtube.com/@HNA-7
Telegram - https://t.me/+InLvdXLY8MdmNzE1
SNA က ပြည်သူ ၇၀၀ ခန့်ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Homeland News Agency၊ ဇူလိုင် ၂၉၊ ၂၀၂၆
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကက်သာစံပြကျေးရွာမှာ ဒေသခံပြည်သူ ၆၉၂ ဦးကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
ကက်သာစံပြကျေးရွာမှာရှိတဲ့ ရွှေဘုံသာရွာမကျောင်းတိုက်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိ SNA တပ်မဟာ (၈၉၁) အမှတ် (၂) တပ်ရင်းက ဒေသခံပြည်သူတွေအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသရေးအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့တာပါ။
ဒီအစီအစဉ်မှာ ကက်သာစံပြကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေ ပါဝင်ခဲ့ပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
SNA ကျန်းမာရေးအဖွဲ့က ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကျရောဂါတွေ အပါအဝင် အထွေထွေရောဂါတွေကို စစ်ဆေးကုသပေးခဲ့ပြီး လိုအပ်တဲ့ လူနာတွေကို ဆေးဝါးတွေ အခမဲ့ပေးတာ၊ ဆေးထိုးကုသပေးတာနဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုဆွေးနွေးပေးတာတွေကို လုပ်ပေးခဲ့ပါတယ်။
ဒေသခံ ပြည်သူလူထုအနေနဲ့ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေကို သွားရောက်ကုသဖို့ အခက်အခဲရှိသူတွေအတွက် အချိန်နဲ့ ငွေကြေးကုန်ကျစရိတ် သက်သာစေဖို့ SNA ဘက်က စီစဉ်ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။
Website - https://homelandnewsmm.com/
YouTube - https://www.youtube.com/@HNA-7
Telegram - https://t.me/+InLvdXLY8MdmNzE1
ဝါဆိုလပြည့်နေ့မှာ ဆွမ်းကပ်လှူဒါန်းဖို့ ရှမ်းနီလူငယ်တွေ ပြင်ဆင်
Homeland News Agency၊ ဇူလိုင် ၂၈၊ ၂၀၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့နယ် ထမံ-မောက်လပ်ဒေသမှာ မနက်ဖြန် ဇူလိုင် ၂၉ ရက်၊ ဝါဆိုလပြည့်နေ့ မနက်အရုဏ်တက်ချိန် ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း အခမ်းအနားတွေ ပြုလုပ်နိုင်ဖို့ ရှမ်းနီလူငယ်တွေက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း အခမ်းအနားနဲ့ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းတော်ဆက်ကပ် လောင်းလှူပူဇော်ခြင်းတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလဆန်း (၁၄) ရက် အဖိတ်နေ့ ညနေပိုင်းမှာ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု လူငယ်မောင်မယ်တွေနဲ့ ဂေါပကအဖွဲ့တို့က ကျေးရွာအတွင်းရှိ ဒေသခံတို့ ကုသိုလ်ပါဝင်လှူဒါန်းနိုင်စေဖို့အတွက် စီတန်းလှည့်လည်၍ အလှူခံတာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရှမ်းနီတိုင်းရင်းသားတို့ နေထိုင်ရာ ပင်လည်ဘူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ဗန်းမောက်၊ ခန္တီး၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး၊ ဝိုင်းမော်၊ တာလောကြီး၊ ဆင်ဘို စတဲ့ ဒေသအသီးသီးမှာ အခုလို ဓလေ့ထုံးတမ်းတွေကို ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - Zaw Zaw

နိုင်ငံရေးဆွေးနွေးလိုပါက လေကြောင်းတိုက်ခိုက်မှု ရပ်ဖို့ ချင်းပြည်ကောင်စီ ပြော
စစ်တပ်အနေဖြင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ အမှန်တကယ်ဆန္ဒရှိပါက လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ချင်းပြည်ကောင်စီရဲ့ တတိယအကြိမ် ကောင်စီအစည်းအဝေး ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်အနေဖြင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ အမှန်တကယ်ဆန္ဒရှိပါက အရပ်သားပြည်သူ အဆောက်အဦးတွေ၊ ကျန်းမာရေး၊ ပညာရေး နဲ့ သာသနာရေး အဆောက်အဦးတွေ အပါအဝင် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းရမယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ကန့်ကွက်နေသည့်ကြားက နမ့်ကိုးတန်ချောင်းမှာ ရွှေတူးဖို့ ဆောင်ရွက်နေ
ဟုမ္မလင်းမြို့နယ် ကောယားအုပ်စု၊ စံကပ်ကျေးရွာအနီးရှိ နမ့်ကိုးတန်ချောင်းဖျားမှာ ရွှေသတ္တုတူးဖော်ဖို့ စီစဉ်နေတာကြောင့် ချောင်းအောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးနိုင်တဲ့အတွက် ကောယားအုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံရွာသူရွာသားတွေနဲ့ တောင်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိတယ်လို့ သိရပါတယ်။
ရွှေသတ္တု မတူးဖော်ဖို့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက လုပ်ငန်းရှင်တွေဟာ ရွှေတူးဖို့ ပြင်ဆင်နေတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ တားမြစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပဲ ဖြစ်ပါတယ်။
အဲဒီ ရွှေသတ္တုတူးဖော်မှု ပြင်ဆင်နေတဲ့ ကိစ္စနဲ့ပတ်သက်၍ တုံလုံးကျေးရွာ၊ တုံမာဟဲကျေးရွာနဲ့ စံကပ်ကျေးရွာတို့မှ ဒေသခံတွေက မိမိတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက "နမ့်ကိုးတန်ချောင်းဖျားမှာ ရွှေတူးဖော်မှု မပြုလုပ်ဖို့ တားနေကြပေမယ့်လည်း လုပ်ငန်းရှင်တွေက ရွှေတူးဖို့ လုပ်နေကြပြီ။ အဲဒါကို တားပေးဖို့ ထပ်မံတောင်းဆိုပါတယ်" လို့ ပြောပါတယ်။