es
Feedback
အခွင့်လမ်း by MYEO

အခွင့်လမ်း by MYEO

Ir al canal en Telegram

📈 Análisis del canal de Telegram အခွင့်လမ်း by MYEO

El canal အခွင့်လမ်း by MYEO (@myeochannel) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 347 suscriptores, ocupando la posición 16 179 en la categoría Educación y el puesto 10 251 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 347 suscriptores.

Según los últimos datos del 27 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 144, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 19.52%. Durante las primeras 24 horas tras publicar, el contenido suele obtener 7.17% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 2 411 visualizaciones. En el primer día suele acumular 885 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 25.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.

12 347
Suscriptores
-924 horas
+1127 días
+14430 días
Archivo de publicaciones
မနေ့က Public Speaking နဲ့ Presentation Skills Webinar ကို လာ Join ပေးကြတာ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် Webinar လေးတွေကိုလည်း ထပ်ပြီးအကြောင်းကြားပေးလို့ရအောင် အောက်က Attendance Form လေးကို ဖြည့်ပေးကြပါဦးနော်။ (တက်ခဲ့တဲ့သူတွေအနေနဲ့ Zoom Recording ပြန်ရအောင်လို့ ဒီ Form လေး ဖြည့်ထားမှ ပိုအဆင်ပြေပါမယ်နော်။) https://t.me/MYEOSarahBot?start=speak_up_stand_out

Q&As section လေးလုပ်ပေးနေပါတယ်၊ အားရင် Webinar ထဲ၀င်ခဲ့လို့ရပါတယ်၊

presentation webinar ကမပြီးသေးဘူးနော်...

ဒီနေ့ Presentation နဲ့ Public speaking Workshop လေးကို Join ပေးကြလို့ ကျေးဇူးတင်ပါတယ်🤍 Presentation နဲ့ Public speaking ပိုင်းကိုဆက်ပြီး သွားချင်တဲ့ သူတွေ အတွက်၊ Present To Impact workshop ကိုဘယ်လို Join ရမလဲ၊ Workshop join ပုံ အဆင့် (၁) ၊ အဆင့်(၂) အဆင့်(၁). ‌ေ‌အာက်ပါ Facebook Post ကိုနှိပ်ပြီး Register link မှာ ပြထားတဲ့ Link ကိုနှိပ်ပါ👇🏽 https://www.facebook.com/share/p/1GpGbs4yQ1/ အဆင့်(၂). Register link ကိုနှိပ်ပြီးရင် -နာမည် -ဖုန်း -အီးမေလ်း - Join မှာသေချာတယ် - Payment လွဲထားတဲ့ Screenshot လေးပို့ထားလိုက်ပါ ဒီ ၅ ဆင့်ပြီးပြီဆို ရပါပြီနော်၊ ကျန်တာကို ဒီဖက် Payment approved လုပ်ပေးပါမယ်၊ ဒီ Group ထဲက သူတွေကို Messenger မှာ 55,000 ပြနေလည်း 49,000 နဲ့ပဲ Join လို့ရပါတယ်နော်၊ ရပါတယ်။ Training ကို (၃၁) ရက်စမှာဆိုတော့ (၂၈)ရက်နေ့ထိနောက်ဆုံးထားပြီး သွင်းပေးဖို့ အကြံပြုပါတယ်နော်၊🤗 personal မေးနေကြတဲ့သူတွေလည်း ‌အပေါ်က ပုံစံလေးတိုင်း လုပ်ပေးပါနော် ပြန်ဆုံကြပါမယ်ဗျ။

အားလုံးပဲ Zoom လေး Join လို့ ရပါပြီနော်။

Topic: "Speak Up, Stand Out: Building Confidence in Public Speaking & Networking" Talk Show Time: Jul 26, 2026 07:00 PM Rangoon Join Zoom Meeting https://us02web.zoom.us/j/81467129987?pwd=pXuHR4LVRGrwrH548Q3tA3LW2SEu9f.1 Meeting ID: 814 6712 9987 Passcode: 616757

ခုည talk show အတွက် zoom link လေးပါရှင့်

🎤 လူရှေ့မှာ ပြောဖို့ အလှည့်ရောက်တိုင်း "ငါ မပြောတော့ဘူး..." ဆိုပြီး နောက်ဆုတ်လိုက်ဖူးလား? Workshop တက်ရင်လည်း... Q&A အချိန်မ
🎤 လူရှေ့မှာ ပြောဖို့ အလှည့်ရောက်တိုင်း "ငါ မပြောတော့ဘူး..." ဆိုပြီး နောက်ဆုတ်လိုက်ဖူးလား? Workshop တက်ရင်လည်း... Q&A အချိန်မှာ မေးချင်တာရှိပေမယ့် လက်မထောင်ရဲဘူး။ Networking Event ရောက်ရင်လည်း... ကိုယ်ကပဲ စကားစမပြောရဲဘူး။ Presentation လုပ်ရမယ်ဆိုရင်... ညအိပ်မပျော်တဲ့အထိ စိတ်ဖိစီးနေတတ်တယ်။ ဒီလိုခံစားချက်တွေက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမဲ့ Confidence ဆိုတာ မွေးရာပါ Talent မဟုတ်ပါဘူး။ လေ့ကျင့်လို့ ရတဲ့ Skill တစ်ခုပါ။ 🎯 အဲ့ဒီအတွက် MYEO က အခမဲ့ Webinar တစ်ခု ပြုလုပ်ပေးထားပါတယ်။ Speak Up, Stand Out: Building Confidence in Public Speaking & Networking 🗓 Date: 26 July 2026 🕖 Time: 7:00 PM to 8:30 PM (Myanmar Time) Speaker 🎙 Ko Saw Saw EC Ko Saw Saw EC ဟာ ကရင်လူမျိုး ပရော်ဖက်ရှင်နယ် အခမ်းအနားမှူး (MC) နဲ့ တင်ဆက်သူတစ်ဦးဖြစ်သလို အများပြည်သူရှေ့ စကားပြောဆိုခြင်းဆိုင်ရာ (Public Speaking) နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်ကတည်းက ဒီအလုပ်အကိုင်နယ်ပယ်ထဲမှာ တက်ကြွစွာ ရပ်တည်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုးနှစ်တာကာလအတွင်းမှာ သူဟာ မတူကွဲပြားတဲ့ အခမ်းအနားပေါင်းစုံကို ဦးဆောင်တင်ဆက်ခွင့် ရခဲ့ပြီး နောက်ခံသမိုင်းကြောင်းမတူတဲ့ ပရိသတ်တွေ၊ လူမှုအသိုင်းအဝိုင်းတွေ၊ အလုပ်အပ်နှံသူ (Client) တွေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်း အတတ်ပညာဟာ လူတွေရဲ့ဘဝကို ကောင်းမွန်စွာ ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်ဆိုတဲ့အချက်ကို သူ ပိုပြီး ခိုင်ခိုင်မာမာ ယုံကြည်လာခဲ့တာ ဖြစ်ပါတယ်။ ဒီ Webinar မှာ... ✅ လူရှေ့မှာ ပြောရမှာ ကြောက်စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ။ ✅ ကိုယ့်ကိုယ်ကို Confidence ရှိရှိ မိတ်ဆက်နိုင်အောင် ဘယ်လိုလေ့ကျင့်မလဲ။ ✅ Workshop နဲ့ Seminar တွေမှာ မေးခွန်းတွေကို ယုံကြည်မှုရှိရှိ ဘယ်လိုမေးမလဲ။ ✅ Networking လုပ်တဲ့အခါ လူသစ်တွေနဲ့ သဘာဝကျကျ ဘယ်လိုစကားပြောမလဲ။ ဆိုတာတွေကို Practical Tips တွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ မျှဝေပေးသွားမှာပါ။ 🎁 Special Gift! တစ်ခုသေချာပြောချင်တာက Webinar ကို တက်ရောက်တဲ့သူတွေအတွက် အထူးလက်ဆောင်တစ်ခုလည်း ပြင်ဆင်ထားပါတယ်။ ဒါကြောင့် Skills ရော၊ လက်ဆောင်ရော Free ရဖို့ Webinar ကို Join လိုက်တော့နော်။ "နောက်တစ်ခါ လူရှေ့ထွက်ပြောရတဲ့အချိန်ကျမှ Confidence ရှာမနေပါနဲ့။" ဒီနေ့ကစပြီး စတင်တည်ဆောက်လိုက်ပါ။ 📩Webinar မှာ ပါဝင်ဖို့ Zoom Link ကို အခု Telegram မှာ share ပေးပါမယ်နော်။ သူငယ်ချင်းတွေကိုလည်း ပြန် share ပေးဦးနော် https://t.me/myeochannel

(၁) ရက်ပဲ လိုပါတော့တယ်။ သင့်ရဲ့ ကိုယ်တွင်းစွမ်းအား (Power Within) ကို နှိုးဆွဖို့ အဆင်သင့်ဖြစ်ပြီလား? ကိုယ့်ရဲ့ စိတ်ခံစားချက်
(၁) ရက်ပဲ လိုပါတော့တယ်။ သင့်ရဲ့ ကိုယ်တွင်းစွမ်းအား (Power Within) ကို နှိုးဆွဖို့ အဆင်သင့်ဖြစ်ပြီလား? ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေက အရမ်းရှုပ်ထွေးနေတဲ့အခါ ကိုယ်တိုင်တောင် ဘာဖြစ်ချင်မှန်းမသိ၊ ဘာဆက်လုပ်ရမှန်းမသိ (Self-awareness ပျောက်ဆုံး) ဖြစ်တတ်ပါတယ်။ ခေါင်းထဲက Control Panel ကြီးမှာ ခံစားချက်တွေ ရုန်းရင်းဆန်ခတ် ဖြစ်နေပြီဆိုရင်တော့... ဒီ Workshop လေးက သင့်အတွက်ပါပဲ။ မနက်ဖြန်မှာ စတင်မယ့် "Power Within Workshop" ဟာ သင့်ရဲ့ Control Panel ကြီးကို ဟန်ချက်ညီအောင် ပြန်လည်ထိန်းညှိပေးမယ့် နေရာလေးတစ်ခုပါ။ ဒီ Workshop ကနေတစ်ဆင့်... မိမိကိုယ်ကို ပိုမိုသိရှိနားလည်လာမယ် (Self-Awareness)။ မိမိရဲ့ အားသာချက်နဲ့ တန်ဖိုးတွေကို အပြည့်အဝ အသုံးချတတ်လာမယ်။ ခံစားချက်တွေကို အပြစ်မတင်ဘဲ နားလည်ပေးတတ်တဲ့ (Self-Compassion) အလေ့အကျင့်တွေ ရရှိလာပါမယ်။ Final Call ရက်စွဲ - 25.7.2026 (ဒီတစ်ပတ် စနေနေ့) အချိန် - 7:00 PM - 9:00 PM ဝင်ကြေး - လုံးဝ အခမဲ့ (Free) အချိန် (၁) ရက်သာ လိုတော့တာဖြစ်လို့ နေရာမပြည့်ခင် အခုချက်ချင်းပဲ အောက်က Link မှာ စာရင်းပေးသွင်းထားဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။ Register Here: https://www.facebook.com/share/p/196UxFRKwG/

ဂျပန်နိုင်ငံကို သွားရောက်ပြီး ASEAN နိုင်ငံများမှ လူငယ်တွေနဲ့ အတူ SDGs နဲ့ Sports အကြောင်း လေ့လာချင်တဲ့ မြန်မာအထက်တန်းကျောင်းသား၊ ကျောင်းသူတွေအတွက် JENESYS 2026 ASEAN-Japan Sports (Rugby) x SDGs Exchange for Youths Programme ကို လျှောက်ထားနိုင်ပါပြီ။ ဒီ Programme မှာ Rugby နှင့် SDGs ကို ချိတ်ဆက်လေ့လာရင်း ဂျပန်ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်သလို ASEAN လူငယ်များနဲ့ အတွေ့အကြုံဖလှယ်ပြီး နိုင်ငံတကာမိတ်ဆွေများ တည်ဆောက်နိုင်မယ့် အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။ https://mymyeo.com/?p=9399

Climate Change, AI, Global Health, Peacebuilding နဲ့ Global Governance စတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို စိတ်ဝင်စားပြီး လူငယ်ခေါင်းဆောင်တစ်ယောက်အဖြစ် အပြောင်းအလဲဖန်တီးလိုသူတွေအတွက် One Young World Academy မှ ဖွင့်လှစ်တဲ့ Global & Planetary Security – Prevent and Reduce Risks from Existential Threats Free Online Course ကို လျှောက်ထားနိုင်ပါပြီ။ ဒီ Course မှာ Climate Change၊ AI Governance၊ Pandemic Preparedness၊ Peacebuilding နဲ့ Planetary Leadership အကြောင်းကို ကမ္ဘာ့ကျွမ်းကျင်ပညာရှင်များထံမှ သင်ယူနိုင်ပြီး မိမိရဲ့ Community နဲ့ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မယ့် အတွေးအမြင်နဲ့ နည်းလမ်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ https://mymyeo.com/?p=9396

📣 Media Partnership Announcement 📣 Show Your Kindness (SYK) Organization ရဲ့ YEDTS program မှ ဦးဆောင်ကျင်းပမည့် “Essential
📣 Media Partnership Announcement 📣 Show Your Kindness (SYK) Organization ရဲ့ YEDTS program မှ ဦးဆောင်ကျင်းပမည့် “Essential Soft Skills for Youth and Project Management” ESSY Training ကို MYEO မှ Media Partner အနေနဲ့ပါဝင်ထားကြောင်းကိုလေးစားစွာ အသိပေးကြေညာလိုက်ပါတယ်။ ယနေ့ခေတ် လူငယ်များအတွက် မရှိမဖြစ်လိုအပ်သော Soft Skills များဖြစ်တဲ့ - Communication Skills - Leadership Skills - Teamwork Skills - Problem Solving Skills - Project Management စတာတွေကို မြှင့်တင်ပေးရန် ရည်ရွယ်ပြီး Essy Training ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ 📚 ESSY Batch - 4 မှာ ဘာတွေ လေ့လာရမလဲ? (Training Schedule) 1.8.2026 ကနေ 12.9.2026 အထိ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ည 8:00PM to 9:30PM အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။ မိမိကိုယ်ကို continuous improvement လုပ်ချင်တဲ့ လူငယ်တွေအတွက်သတင်းကောင်းကြီးတစ်ခုဖြစ်ပါတယ်နော်။ သင်ကြားပေးသွားမယ့် ခေါင်းစဉ်ကြီးတွေကတော့ - • Introduction to Non-Profit Organization • Exploring Personal Identity & Purpose • Speak & Connect: The Art of Communication • The Art of Powerful Public Speaking • Learn to Grow: Active Learning in Action • Turning Conflict into Collaboration • Impactful Presentation Skills • Community Development Awareness • From Idea to Action: How to Plan a Project • Final Presentation or Final Report စတဲ့ ခေါင်းစဉ်တွေကို အတူတကွ ဆွေးနွေးလေ့လာသွားမှာဖြစ်ပြီး ရက်စွဲတွေကိုတော့ ပုံအတွင်းမှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။ Assignment လည်းပုံမှန်ထပ်ရမှာဖြစ်ပြီး Training ကာလပြီးဆုံးအောင်တက်မယ်ဆိုရင်တော့ Certificate ပါရရှိမှာဖြစ်ပါတယ်။ MYEO အနေနဲ့ အဆိုပါ Training ကို လူငယ်များအထိ ကျယ်ပြန့်စွာ ရောက်ရှိစေရန်သတင်းမီဒီယာပံ့ပိုးမှု၊ Content မျှဝေခြင်းနှင့် မီဒီယာဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူငယ်များ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အစီအစဉ်တစ်ရပ်တွင် SYK နှင့်အတူ ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းကို MYEO အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ Training အသေးစိတ်ကိုလည်း SYK Facebook Page ရဲ့ Main Post မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ Main Content Link:https://www.facebook.com/share/p/1En6VoYVTx/?mibextid=wwXIfr Telegram Content Link :https://t.me/sykgroup/1990 Training တက်ရောက်ရန်အတွက်အောက်က link ထဲမှာစာရင်းသွင်းလိုက်တော့နော် Register link 👇🏻 https://docs.google.com/forms/d/e/1FAIpQLScrL6M1U2POAnw4Fk4zdQtuWi7WSZFWmZCgpsNmpJKXM8Jdbw/viewform #Training #ESSY #softskills #foryouths #yedts #syk #mediapartner

🚀 Scholarship လျှောက်မယ့်သူတွေအတွက် Digital "Proof of Work" (Portfolio) ဘယ်လိုတည်ဆောက်မလဲ? သာမန် CV တစ်စောင်က ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကို "ပြောပြ" ရုံပဲ ရှိပါတယ်။ တကယ့် နိုင်ငံတကာ Scholarship တွေမှာ ကိုယ့်ကို ရွေးချယ်ချင်လာအောင် "သက်သေပြ" ဖို့လိုပါတယ်။ ဒါကို Proof of Work (PoW) လို့ခေါ်ပါတယ်။ Admission Officer တွေ (၂) မိနစ်အတွင်း လွယ်လွယ်ကူကူ ဖတ်လို့ရမယ့် Portfolio မျိုးကို အခမဲ့ Tools တွေသုံးပြီး ဖန်တီးကြည့်ရအောင်။ 👇 💡 Project တစ်ခုပြတိုင်း မဖြစ်မနေ ပါဝင်ရမယ့် ၄ ချက် (The Core Structure) ကိုယ်လုပ်ခဲ့ဖူးသမျှ အကုန်မထည့်ပါနဲ့။ Scholarship နဲ့ အကိုက်ညီဆုံး Project (၃) ခုလောက်ကိုပဲ ရွေးပြီး ဒီ Formula အတိုင်းချရေးပါ။ 📌 ၁။ Context (အခြေအနေ) ဘာပြဿနာကို ဖြေရှင်းခဲ့တာလဲ? (ဥပမာ - ကျောင်းသားတွေ English စကားပြောလေ့ကျင့်ဖို့ အခက်အခဲဖြစ်နေခြင်း) 📌 ၂။ Action (လုပ်ဆောင်ချက်) ကိုယ်တိုင် ဘာတွေဦးဆောင်လုပ်ခဲ့လဲ? (ဥပမာ - Discord သုံးပြီး အခမဲ့ Speaking Club တစ်ခု တည်ထောင်ခဲ့ခြင်း) 📌 ၃။ Impact (ရလဒ်) ဘယ်လောက်ထိ အကျိုးပြုခဲ့လဲ? (Data နဲ့ပြပါ) (ဥပမာ - ၃ လအတွင်း Member ၁၅၀ ရခဲ့ပြီး၊ ၁၀ ယောက် IELTS အောင်မြင်ခဲ့ခြင်း) 📌 ၄။ Evidence (သက်သေ) ခိုင်လုံသော သက်သေပြပါ။ (ဥပမာ - Discord Server ၏ Screenshot များ၊ Member များ၏ Feedback များ) အဲ့ဒီအတွက် မြင်သာပြီး Visual လှတဲ့ Portfolio တည်ဆောက်ဖို့ဆို ရွေးချယ်လို့ရတဲ့ Platform (၂)ခု ရှိပါတယ်။ 💻 ၁။ Notion ကိုအသုံးပြုခြင်း (စာရေးသားမှု / သုတေသန အားသန်သူများအတွက်) Notion ဟာ ကိုယ်ပိုင် Website တစ်ခုလို သပ်သပ်ရပ်ရပ်နဲ့ Professional ဆန်ချင်သူတွေအတွက် အကောင်းဆုံးပါပဲ။ 🔹 Google မှာ "Notion Personal Portfolio Template" လို့ရှာပြီး အခမဲ့ Template ကို Duplicate ကူးယူပါ။ 🔹 Project တွေကို "Gallery View" ပုံစံလေးတွေနဲ့ စီပါ။ 🔹 Project Card တစ်ခုချင်းစီမှာ The Challenge, My Role, The Result ဆိုပြီး အသေးစိတ်ရေးပါ။ 🔹 Certificate တွေ၊ PDF တွေ၊ YouTube Link တွေကို တိုက်ရိုက် Embed လုပ် (ထည့်သွင်း) ပါ။ 🔹 ပြီးရင် "Publish to web" ကိုဖွင့်ပြီး ရလာတဲ့ Link ကို CV (သို့) SOP မှာ ထည့်သုံးလို့ ရပါပြီ။ 🎨 ၂။ Canva ကိုအသုံးပြုခြင်း (Visual / Design အားသန်သူများအတွက်) လုပ်ရှားမှုတွေ၊ Event တွေ ဦးဆောင်ရတာကို မျက်စိပသာဒဖြစ်ဖြစ် ချပြချင်ရင် Canva က အသင့်တော်ဆုံးပါ။ 🔸 Canva မှာ "Portfolio Presentation" လို့ရှာပြီး သပ်ရပ်တဲ့ Template ကို ရွေးပါ။ (အရောင်တွေ အရမ်းမရှုပ်ပါစေနဲ့) 🔸 ပထမဆုံး Slide မှာ ကိုယ့်ဓာတ်ပုံ၊ နာမည်နဲ့ ရည်မှန်းချက် (ဥပမာ - နည်းပညာဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုလိုသူ) ကို ထင်ထင်ရှားရှား ရေးပါ။ 🔸 တစ်မျက်နှာကို Project တစ်ခုနှုန်းပဲထားပြီး စာထက် ဓာတ်ပုံ၊ Screenshot တွေကို ဦးစားပေးပါ။ 🔸 Google Drive, LinkedIn လိုမျိုး External လင့်ခ်တွေကို Hyperlink (Click နှိပ်လို့ရအောင်) ထည့်ပေးပါ။ 🔸 ပြီးရင် "PDF Standard" နဲ့ Save တာမျိုး (သို့) "Publish as Website" ကိုသုံးပြီး Shareable Link အနေနဲ့ ယူလို့ရပါတယ်။ Notion ရဲ့ စနစ်ကျတဲ့ ပုံစံကို သဘောကျလား? Canva ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို သဘောကျလား? ကိုယ်နဲ့အကိုက်ညီဆုံး Platform ကိုရွေးပြီး ဒီနေ့ပဲ ကိုယ်ပိုင် Digital Portfolio လေး စတင်ဖန်တီးလိုက်ပါ။ ✨ Notion ကို သေချာသုံးတတ်ပြီး အမျိုးစုံ အသုံးချတတ်ချင်သူတွေအတွက်တော့ Workshop လေး ရှိတာမို့လို့ Join လို့ ရပါတယ်နော်။ https://www.facebook.com/share/p/1BaYLG7prh/

[ 𝐌𝐘𝐄𝐎 ​𝐱 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 ] 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 💛 ​ကျောင်းပ
[ 𝐌𝐘𝐄𝐎 ​𝐱 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 ] 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 💛 ​ကျောင်းပြီးခါနီးအချိန် ဒါမှမဟုတ် ဘွဲ့ရပြီးစ 𝐓𝐫𝐚𝐧𝐬𝐢𝐭𝐢𝐨𝐧 𝐏𝐞𝐫𝐢𝐨𝐝 မှာ ကိုယ်ပိုင် 𝐂𝐚𝐫𝐞𝐞𝐫 လမ်းကြောင်းကို ဘယ်လိုစတင်ရမလဲဆိုတာ စဉ်းစားရခက်နေတာမျိုးကြုံနေရလား ⁉️ ​ဒါဆိုရင်တော့ 𝐂𝐚𝐦𝐩𝐮𝐬 𝐋𝐢𝐟𝐞 ကနေ လုပ်ငန်းခွင်အစစ်ထဲကို ယုံကြည်မှုရှိရှိ ခြေလှမ်းလှမ်းနိုင်ဖို့ လက်တွေ့ကျကျ အထောက်အကူပြုမယ့် 𝐓𝐡𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐒𝐨𝐜𝐢𝐞𝐭𝐲 က စီစဥ်ပေးထားတဲ့ “𝐓𝐡𝐞 𝐆𝐥𝐨𝐛𝐚𝐥 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐁𝐥𝐮𝐞𝐩𝐫𝐢𝐧𝐭: 𝐅𝐫𝐨𝐦 𝐂𝐚𝐦𝐩𝐮𝐬 𝐭𝐨 𝐂𝐚𝐫𝐞𝐞𝐫” 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🤩 ဒီအစီအစဉ်မှာ ကျွန်မတို့ 𝐌𝐘𝐄𝐎 မှ 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫 အနေနဲ့ ပါဝင်အားဖြည့်ခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ် 🤝💙 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာ ဆွေးနွေးသွားမယ့် အဓိကခေါင်းစဉ်တွေကိုလည်း အောက်မှာဖော်ပြထားပါတယ် 📍 ​💙 𝐂𝐚𝐫𝐞𝐞𝐫 & 𝐂𝐕 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 ကိုယ့်ရဲ့ အားသာချက်ကို ဖော်ထုတ်ပြီး အလုပ်လျှောက်ဖို့အတွက် သင့်တော်တဲ့ 𝐂𝐕 နဲ့ 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨 ပြုလုပ်နည်း။ 📝 💙 𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧 𝐎𝐩𝐭𝐢𝐦𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 တစ်ခုဖြစ်တဲ့ 𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧 ကို အသုံးချပြီး 𝐆𝐥𝐨𝐛𝐚𝐥 𝐑𝐞𝐦𝐨𝐭𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 တွေ ရှာဖွေနည်း။ 💼 💙 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 & 𝐒𝐚𝐟𝐞𝐭𝐲 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ 𝐁𝐨𝐝𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 အပြင် 𝐖𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐑𝐞𝐝 𝐅𝐥𝐚𝐠𝐬 နဲ့ 𝐉𝐨𝐛 𝐒𝐜𝐚𝐦𝐬 တွေကို ကြိုတင်ရှောင်ရှားနည်း 🛡️ အစရှိတာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော် 👩‍💻 ​📌 [𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧] ​📅 𝐃𝐚𝐭𝐞: 𝟏𝟖𝐭𝐡 & 𝟏𝟗𝐭𝐡 𝐉𝐮𝐥𝐲 (𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲) 🕛 𝐓𝐢𝐦𝐞: 𝟎𝟔:𝟑𝟎 𝐏𝐌 𝐭𝐨 𝟎𝟖:𝟎𝟎 𝐏𝐌 (𝐌𝐌𝐓) 💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 𝐒𝐞𝐬𝐬𝐢𝐨𝐧 🎓 𝐓𝐚𝐫𝐠𝐞𝐭: 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐅𝐢𝐧𝐚𝐥 𝐘𝐞𝐚𝐫 & 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞𝐝 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးကိုစိတ်ဝင်စားရင်တော့ အောက်မှာပေးထားတဲ့ 𝐋𝐢𝐧𝐤 ကနေတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင် ​🔗 𝐋𝐢𝐧𝐤: https://forms.gle/Nd23YFtRFCwzZStR7 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐬: https://www.facebook.com/share/p/1DB5ev2KNr/?mibextid=wwXIfr

Research နဲ့ Social Policy ကို စိတ်ဝင်စားတဲ့ မသန်စွမ်းသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရှိရင် ဒီအခွင့်အရေးကို မျှဝေပေးလိုက်ပါ။Research Skills တွေကို မြှင့်တင်နိုင်သလို International Mentorship၊ Monthly Stipend နဲ့ Global Research Network တို့ကို ရရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ တကယ်စိတ်ဝင်စားပြီး အရည်အချင်းနဲ့ ကိုက်ညီသူတစ်ယောက်အတွက် ဒီ Post လေးက အခွင့်အရေးအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ https://mymyeo.com/?p=9393

🎉 World Youth Skills Day လူငယ်စွမ်းရည်တွေကက အနာဂတ်ကို တည်ဆောက်ပေးနိုင်ပါတယ်။ ယနေ့ World Youth Skills Day တွင် MYEO အနေဖြင့်
🎉 World Youth Skills Day လူငယ်စွမ်းရည်တွေကက အနာဂတ်ကို တည်ဆောက်ပေးနိုင်ပါတယ်။ ယနေ့ World Youth Skills Day တွင် MYEO အနေဖြင့် လူငယ်များအားလုံးကို မိမိတို့၏ စွမ်းရည်များကို အမြဲတမ်း လေ့လာဖွံ့ဖြိုးစေပြီး အနာဂတ်အခွင့်အလမ်းများကို ရဲရဲဝံ့ဝံ့ ဖန်တီးနိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ယနေ့ခေတ်မှာ ဘွဲ့တစ်ခုတည်းထက် Skills တွေက ပိုမိုအရေးပါလာပါတယ်။ 💡 အနာဂတ်အတွက် အသုံးဝင်တဲ့ Skill တွေကတော့ – Digital Skills AI Skills Communication Skills Critical Thinking Problem Solving Leadership Teamwork English Language Skills MYEO မှာလည်း မြန်မာလူငယ်များအတွက် အခမဲ့ အခွင့်အလမ်းများ၊ Scholarship များ၊ Fellowship များ၊ Career Resources များ၊ Skills Development Program များ ကို အစဉ်မပြတ် မျှဝေပေးလျက်ရှိပါတယ်။ ယနေ့ World Youth Skills Day ကို ဂုဏ်ပြုရင်း… 📚 နေ့တိုင်း နည်းနည်းစီ သင်ယူပါ။ 🌱 Skill တစ်ခုစီက သင့်အနာဂတ်ကို ပြောင်းလဲနိုင်ပါတယ်။ MYEO နှင့်အတူ လူငယ်များအတွက် အခွင့်အလမ်းများကို ဆက်လက်လေ့လာပြီး မျှဝေလိုက်ကြရအောင်။

Climate Change အတွက် အပြောင်းအလဲတစ်ခု ဖန်တီးချင်တဲ့ မြန်မာအမျိုးသမီးလူငယ်တွေအတွက် Women Rising for Climate Resilience Programme ကို အခမဲ့ လျှောက်ထားနိုင်ပါပြီ။ ဒီ Programme ဟာ South Asia နဲ့ Southeast Asia မှ အမျိုးသမီးခေါင်းဆောင်တွေကို စုစည်းပြီး Climate Leadership, Community Action နဲ့ Project Design Skills တွေကို မြှင့်တင်ပေးမယ့် 8 ပတ်ကြာ Free Online Leadership Programme တစ်ခု ဖြစ်ပါတယ်။ သင်ယူမှုအပြင် တခြားနိုင်ငံများမှ Women Leaders တွေနဲ့ အတွေ့အကြုံဖလှယ်နိုင်ပြီး ကိုယ့် Community အတွက် Climate Initiative တစ်ခုကို ကိုယ်တိုင်ရေးဆွဲ အကောင်အထည်ဖော်နိုင်အောင်လည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ https://mymyeo.com/?p=9388

တစ်ခါတစ်လေ အခွင့်အရေးကောင်းတွေက လျှောက်ထားချိန်တိုတိုပဲ ပေးတတ်ပါတယ်။ ဒါကြောင့် MYEO Channel ကို ပုံမှန်ဝင်ကြည့်ပြီး မျှဝေပေးထားတဲ့ Scholarship, Fellowship, Workshops နဲ့ Learning Opportunities တွေကို အချိန်မီ ဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင်လည်း လေ့လာပါ၊ အသုံးဝင်မယ့် Post တွေကို သူငယ်ချင်းတွေနဲ့လည်း မျှဝေပေးပါ။ အခွင့်အရေးတွေကို အတူတူ လက်မလွတ်ကြရအောင်။ 🚀

"သင်တန်းပြီးသွားပေမယ့် Dynamic ဖြစ်တဲ့ Web Dev လောကမှာ ရှေ့ဆက်ဖို့ လမ်းပျောက်နေသလို ခံစားနေရလား? 🧐 Digital Skill Institute ရ
"သင်တန်းပြီးသွားပေမယ့် Dynamic ဖြစ်တဲ့ Web Dev လောကမှာ ရှေ့ဆက်ဖို့ လမ်းပျောက်နေသလို ခံစားနေရလား? 🧐 Digital Skill Institute ရဲ့ မိသားစုဝင် Web Dev ကျောင်းသား/သူဟောင်းတို့ရေ... သင်ယူမှုတွေက သင်တန်းခန်းမထဲတင် ပြီးမသွားပါဘူး! အပြင်လောကက တကယ့် Project တွေမှာ ဘာတွေပြင်ဆင်ရမလဲဆိုတာ လမ်းပြပေးဖို့ Free Webinar လေးတစ်ခု စီစဉ်ထားပါတယ်။ ဒါ့အပြင်... သင်တန်းပြီးပေမယ့် ဆက်လက်လေ့လာချင်တဲ့ Level up သင်တန်းတွေအတွက် 29,900 Kyats Discount Coupon ကိုလည်း လက်ဆောင်ပေးသွားဦးမှာပါ! 🎁 📅 Webinar အသေးစိတ်အချက်အလက်များ 🗓 Date: July 12, 2026 (Sunday) ⏰ Time: 7:30 PM to 8:30 PM (Myanmar Time) 📍 Platform: Zoom (Live Session) 🎟 Entry: Free 💡 ဒီ Webinar မှာ ဘာတွေရမလဲ? ▫️ သင်တန်းပြီးနောက် Junior Web Developer တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ရမယ့် Roadmap ▫️ အလုပ်ခေါ်စာတွေမှာ တောင်းဆိုလေ့ရှိတဲ့ လက်ရှိ Market Trend အကြောင်း ▫️ Next Level သင်တန်းတွေအတွက် ၂၉,၉၀၀ ကျပ် တန်ဖိုးရှိ Coupon လက်ဆောင် 🔗 တက်ရောက်ရန် စာရင်းသွင်းရန် Link https://m.me/MYEODigitalSkillsOnlineCourse...

Canada မှာ Undergraduate Degree ကို Fully Funded Scholarship နဲ့ တက်ရောက်လိုတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် University of Toronto ရဲ့ Lester B. Pearson International Scholarship 2027 ကို ပြင်ဆင်လျှောက်ထားနိုင်ပါပြီ။ ဒီ Scholarship ဟာ ထူးချွန်ပြီး Leadership Potential ရှိတဲ့ International Students များကို ပံ့ပိုးပေးတဲ့ အလွန်တန်ဖိုးရှိတဲ့ Scholarship Opportunity တစ်ခုဖြစ်ပြီး University of Toronto မှာ ပညာသင်ယူခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။ https://mymyeo.com/?p=9385