𝖣𝗒𝗅𝖺𝗇 𝖶𝖺𝗇𝗀 𝖧𝖾𝖽𝗂 𝖬𝗒𝖺𝗇𝗆𝖺𝗋
Ir al canal en Telegram
2 281
Suscriptores
Sin datos24 horas
+387 días
+2130 días
Archivo de publicaciones
❝ တောင်းပန်တိုင်း အဆင်ပြေနေရင်
ရဲတွေ ဘာလို့ လိုဦးမလဲ . . . ✨ ❞
-Dao Ming Si (တောက်မင်းစစ်)
Happy 8th anniversary ပါ တောက်မင်းစစ်ရေ....🥳
'ဂန္တဝင်ဆန်တဲ့' တောက်မင်းစစ်က WangHedi ဖြစ်ခဲ့လို့ အများကြီး ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ် ....💜
အရှင်မင်ကြီးတို့အတွဲကို ဖူးမျှော်ချင်မိလို့နောက်နှစ်လဲအမြန်ရောက်ချင်နေပါပြီ🎎🙇♀️
#WangHedi ခမ်းနားတင့်တယ် ချောမောလှပတဲ့ ဧကရာဇ်အရှင် 🥺❤️🔥
< 🎬ရိုက်ကူးနေဆဲဇာတ်လမ်း >
#JiangMenDuHou #XieJingXing
နောက်လFan meetingဆိုတော့ ဟိုး..အရင်2019ခုနှစ်က Wang Hediရဲ့ပွဲဦးထွက် Meteor Gardenဇာတ်ကားနဲ့Interပေါက်ခဲ့တဲ့WHDက အာရှမှာဖန်မီတွေပတ်လုပ်ခဲ့သေးတယ်လေ ဒီvdလေးကဖိလစ်ပိုင်မှာလုပ်ခဲ့တဲ့ဖန်မီတင်vdလေးပါ ကြည့်ပါအုန်းအသဲပေါက်စလေး၁၉နှစ်သားလေး အူယားစရာလေးပါကွယ်🥰
ဒီနှစ်မထင်မှတ်ထားပဲ ၇နှစ်ကြာပြီးမှဖန်မီတင်ထပ်လုပ်မယ်ဆိုတော့ဖန်တွေပျော်တာအတိုင်းထက်အလွန်ပေါ့ ပြီးတော့ဒီဖန်မီတင်ကတက်ချင်တိုင်းတက်မရ သေချာစီစစ်ပြီးမှတက်လို့ရမဲ့ပွဲပါတဲ့ Privateပွဲဖြစ်ဖို့လဲများပါတယ်တဲ့ ပွဲတက်ရမဲ့ဖန်တွေတော့ကံကောင်းတာပေါ့💜
+4
#WangHedi တိတိလေးက ကွမ်ရှီးပြည်နယ်၊ ဟန်ကျိုးမြို့ မှာရေဘေးသင့်ဒဏ်ခံစားနေရတဲ့ မိဘပြည်သူများထံသို့ 携手明天 Together for Tomorrow ဖောင်ဒေးရှင်းမှတစ်ဆင့် မိသားစု ၄,၀၀၀ စာ အတွက် ပထမအသုတ်အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကိုအလှူရှင်အနုပညာညီကိုမောင်နှမ ၁၈ယောက်နဲ့အတူပါဝင်လှူဒါန်းခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူများလဲအမြန်အဆင်ပြေပြီး လှူဒါန်းကျသောအလှူရှင်များကိုလဲနတ်လူသာဓုခေါ်စေသော်....🤍🕊
ဒီစာက #WangHedi ကိုချစ်တဲ့သူတွေသူ့ကိုစတန်းရတာအဖက်ဖက်ကနေ ဂုဏ်ယူရတာလေးဆိုပြီးလက်မထောင်နိုင်ဖို့အတွက်ရည်ရွယ်ပါတယ် မအိပ်ခင်ဖတ်သွားကျအုန်းနော်☺️🥰
နိုင်ငံတကာမှာ ဩဇာအရှိဆုံး မီဒီယာတစ်ခုဖြစ်တဲ့ The New York Times က ရုပ်ရှင် ၅ ကားကို ညွှန်းဆိုခဲ့ရာမှာ ပထမဆုံးကားကတော့ #WangHedi အဓိကမင်းသားအဖြစ် ပါဝင်ထားတဲ့ "Per Aspera Ad Astra"ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါဟာ အဆိုပါ ရုပ်ရှင် ၅ ကားထဲမှာ တစ်ကားတည်းသော တရုတ်ရုပ်ရှင်ကားတစ်ကားပါတဲ့🫣
အဲ့တာအပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ထိပ်တန်းမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ THR (The Hollywood Reporter) ကနေပြီးတော့လဲဒီရုပ်ရှင်ဟာ တရုတ်ပြည်တွင်းဖြစ် Sci-Fi ရုပ်ရှင်လောက တိုးတက်လာမှုရဲ့ စံပြနမူနာတစ်ခုအနေနဲ့ အလေးပေးဖော်ပြချင်းခံခဲ့ရပါသေးတယ်။
WHDရဲ့ ဇာတ်လမ်းတွဲများ ပြည်ပသို့ ထိုးဖောက်နိုင်စွမ်း အကြောင်းဂုဏ်ယူစွာနဲ့ပြောရရင် သူရဲ့ Iconicလက်ရာ ၁၃ ခုအနက် ၈ ခုကို Netflix က ဝယ်ယူခဲ့ပြီး Netflix ပေါ်မှာ ဇာတ်လမ်းတွဲ အများဆုံးပြသခွင့်ရတဲ့ တရုတ်ပြည်မကြီး မင်းသားတစ်ယောက်ပါပဲ! လတ်တလောမှာမှ ဇာတ်ကားတိုင်းလိုလိုကို Copyrightsရောင်းချရမှု ပိုမိုများပြားလာနေတာကိုလဲတွေ့ရှိရပါတယ်။ (ပေ့ချ်ပေါ်မတင်ပေးဖြစ်တာပဲရှိတယ် )
ရောင်းချထားတဲ့ဇာတ်ကားတွေထဲကမှအရမ်းဂုဏ်ယူရတာက စျေးကွက်ဖို့ဖောက်ဖို့လွယ်တဲ့ လူတကာကြိုက်အချစ်ဇာတ်လမ်းတွဲတွေမဟုတ်တဲ့ Hero Male -centric ကားတွေနဲ့ Suspenseဇာတ်လမ်းတွဲတွေက ပြည်ပဈေးကွက်ကိုထိုးဖောက်ဖို့ ခက်ခဲတတ်ပေမယ့်WHDရဲ့ 'Guardians of the Dafeng' နဲ့ 'Light To The Night' ကတော့ ကော်ပီရိုက်ရောင်းချထားနိုင်မှု့အများဆုံးစံချိန်တွေတင်နေတုန်းပါပဲ
အဲ့ထဲကမှ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲLTTNဆိုရင် တရုတ် Suspense လောကရဲ့ ပြည်ပမူပိုင်ခွင့် အရောင်းရဆုံးအဖြစ် သမိုင်းသစ်စံချိန်တင်ထားခံရတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။
သူရဲ့ရုပ်ရှင် 'Per Aspera Ad Astra'ကတော့ ရုံမတင်ရသေးခင်ကတည်းက Netflix ကနေ ကမ္ဘာလုံးဆိုင်ရာ ပြသခွင့်မူပိုင်ခွင့်ကို အပြတ်ဝယ်ယူခြင်းခံခဲ့ရတဲ့ တစ်ကားတည်းသော တရုတ်si-ficရုပ်ရှင်ကား ဖြစ်ပါတယ်။
လတ်တလောပေ့ချ်လေး ခြောက်ကပ်နေတယ်ကွယ်အက်မင်တွေမအားကျလို့ ဟိုဟိုဒီဒီ တီတီတာတာလေးတွေမတင်ဖြစ်သေးပါဘူး နားလည်ပေးကျပါအုန်းလို့ တိတိနဲ့ပတ်သတ်တဲ့သတင်းတွေကတော့တတ်နိုင်သမျှ updateဖြစ်အောင်တင်ပေးနေမှာပါ ✌️💜
+1
သာ့ကျား #WangHedi တို့ Surprise တွေတိုက်နေပါပြီ။အလုပ်နဲ့လက်မပြတ်တဲ့ကိုကိုက ဘယ်အချိန်တည်းကစီ
စဥ်ထားလဲမသိတဲ့
D-Land (WangHedi'sWeekendParty ) လို့နာမည်ပေးထားတဲ့ ပွဲကိုနောက်လ Aug-2 နေ့ ,ပေကျင်း မှာရှိတဲ့ Weibo IN Diamond Centerမှာကျင်းပသွားမယ်ဆိုတဲ့အကြောင်း ဒီနေ့Studioက announcedလုပ်ထားပါတယ်..Yayy!!🥳
💌 Password မှာ: It's a date 💗 ဖြစ်ပြီး
Date listမှာ 1️⃣River walk 2️⃣Café chat 3️⃣Surprise box 4️⃣Hi-bye နဲ့ အောက်က နှစ်ကြောင်း xxxxxx ဆိုတာကတော့ ဖုံးကွယ်ထားပြီး မရေးရသေးတဲ့ လျှို့ဝှက် ချိန်းတွေ့မှု အစီအစဉ်တွေပါ ပါသေးတယ်။အခုStudio ကြော်ငြာတာကအဲ့နေ့မှာပွဲရှိကြောင်းနဲ့ ပွဲအတွက်လက်မှတ်ရောင်းဖို့အစီစဥ်မရှိတာကြောင့် Scalpersတွေဆီကပိုက်ဆံအလိ//မ်မခံရစေဖို့သတိပေးထားတာဖြစ်ပါတယ်။ ပွဲနဲ့ပတ်သတ်တဲ့နောက်ထပ်အစီစဥ်များကိုလဲထပ်မံကြော်ငြာသွားပါအုန်းမယ်တဲ့ရှင် ...✌️🥰
ဒါဟာFan meetingသာဆိုရင်တော့ လွန်ခဲ့တဲ့ 2019 သူ့ရဲ့ပွဲဦးထွက်ကားပြီးတော့ပထမဦးဆုံးအကြိမ်ဖန်meetingလုပ်ခဲ့ပြီးနောက်အခု ၇နှစ်ကြာမှာပြုလုပ်မဲ့ဒုတိယကြိမ်မြောက်ဖန်meetingပါ။ အရမ်းSurpriseဖြစ်ရသလို တရုတ်ကဖန်တွေကိုအရမ်းကိုမှအားကျရပါတယ်😭💜
Wu Dajing ကောကောတင်ပေးထားတဲ့ သူ့ညီရဲ့ #JiangMenDuHou ရိုက်ကွင်းကိုလာပြီး စပရိုက်လာတိုက်တုန်းကvdလေး - ကျွင်းကောကတိတိကို မင်းမမြင်ဘူးလားတဲ့ WDJလာနေတာကိုပြနေတာ ဟိုစပ်စလူးစိန်လေးကသူ့အကို ကိုနောက်မှတွေ့လို့ အပျော်လွန်ပြီးခုန်ပေါက်ပြေးဖက်😅 ဒီညီကို၃ယောက်ဆုံတိုင်း အရင်လိုပဲချစ်ဖို့ကောင်းနေကျတုန်း 🫂🥰
Wu Dajing ကိုမသိတဲ့သူတွေအတွက်မိတ်ဆက်ပေးရရင် Short Track Speed Skating တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ရဲ့ပထမဆုံးရွှေတံဆိပ်ရှင် အိုလံပစ်အားကစားသမားတစ်ယောက်ပါ။ WHDရှိတဲ့ရိုက်ကွင်းကိုအနောက်နိုင်ငံက ကမ္ဘာကျော်အားကစားသမားပါမက နိုင်ငံရဲ့ ရွှေတံဆိပ်ဆုရှင်အိုလံပစ်ချန်ပီယံအထိပါအရောက်လာပြီးအားပေးကျတာ ဒါဟာသူရဲ့Social Power Statusပဲပေါ့ ✨🔥
#WangHedi ရဲ့ ELLE မဂ္ဂဇင်းကSold outဖြစ်သွားလဲ မဂ္ဂဇင်းဘက်ကShanghai NanjingမှာLED Big Screen ပေါ်တင်ပြီးဆက်ကြော်ငြာပေးနေတုန်းပဲ✨️💜
𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐨𝐟 𝐓𝐡𝐞 𝐄𝐦𝐩𝐞𝐫𝐨𝐫 & 𝐇𝐢𝐬 𝐄𝐦𝐩𝐫𝐞𝐬𝐬
ရှဲ့ကျင်ရှင်းနဲ့ ရှန်မြောင်တို့ မဂ်လာဆောင်ပါပြီ။ Aura တွေလျှံထွက်နေတဲ့အခမ်းနားဆုံးနဲ့အလန်းဆုံးWedding Sceneကြီးပါပဲ👑❤️
+6
Staff'acc RN update- သူ့ကို အပေါ်ယံကြည့်လိုက်ရင် အရမ်းချောတယ်လို့ ထင်ရပေမဲ့၊ တကယ့်လက်တွေ့မှာလည်း ထင်ထားတာထက်မလျော့ဘဲ တကယ်ကြီးကို ချောမောခန့်ညားနေတာပါပဲ🤓
သူတို့Bossကိုကြူးလဲကြူးချင်စရာလေးနော် အချောဆုံးနဲ့အလန်းစားBoss☺️ #WangHeDi နဲ့ အနီးကပ်အလုပ်အတူတူလုပ်နေရသူမှန်သမျှကိုတကယ်ကြီးအားကျပါတယ်...
အလုပ်တွေမနားတမ်းလုပ်နေတာ ကားရိုက်တယ်အားရင်သီချင်းလုပ်တယ် အခုလဲ Collabသီချင်းတွေအတွက်ပြင်ဆင်နေတာပဲနေမယ် ပွဲနေ့မြန်မြန်ရောက်ချင်နေပါပြီနော်🥰💜
အနုပညာလောကထဲခြေလှမ်းစထဲကစင်ပေါ်မှာနှုတ် ဆက်ခဲ့တဲ့🙇♂️90-degree bow signကိုအခုချိန်ထိဖန်တွေနဲ့တွေ့တိုင်း respectအပြည့်နဲ့bowingလုပ်နေတုန်းပဲ ဖန်တွေအပေါ်ထားတဲ့သူ့ရဲ့လေးစားမှု့လေးကမပြောင်းလဲခဲ့ဘူး~~🥹💜
impeccable mannersအပြည့်နဲ့ဒီကောင်လေးကXDH တို့ရဲ့အသည်းအသက်idolလေးပါကွယ်☺️🥰
+7
ဒီပုံတွေကမနေ့ကStaff' Accနဲ့ Studio က Baiduမှာလဲရန်ဖန်းရွှီပုံတွေ၅၉ပုံပြန်တင်ပေးခဲ့ပါတယ်။
မနေ့ကအန်ကယ်ရန်ဖန်ရွှီးရဲ့၅၄နှစ်ပြည့်မွေးနေ့လေးပါ လွမ်းတယ် Ran Sirရယ်🥹💜
Happy birthday, Xiao GuoGuo...Liitle Ran, Captain Ran, Uncle Ran 🎂🎈
+2
Studioကမနေ့ထဲကတင်ပေးထားတဲ့Wang Hediရဲ့July Schedule လေးလာပါပြီ အခုရိုက်နေတဲ့ကားလဲဒီလထဲမှာ ရိုက်ကူးရေးပြီးပါပြီနော် Drama wrap-upရှိပါမယ်
-ကြော်ငြာရိုက်ကူးရေး
-Brand Events
-July 18 - "Future Era · NEW ERA"Concert ရဲ့ အထူးဧည့်သည်တော်✌️
-Jiang Men Du Hou ဇာတ်လမ်းတွဲ Wrap-up နဲ့Drama
ပရိုမိုးရှင်းအတွက် ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးရေး
ဒါကတော့Julyအတွက် Dylanရဲ့အလုပ် Scheduleပါအပြောင်းအလဲတွေရှိလို့ထပ်ကြော်ငြာရင်ထပ်တင်ပေးပါ့မယ်🫶
+4
စွပ်ကျယ်အဖြူနဲ့ ကြည့်ကောင်းနေတဲ့ချစ်သူလေး ✨🐚🤍
Dylan's Studio Update Part-2
ရမ်းမိုက်တာမို့ အိမ်မှာခေါ်ထားချင်လို့ ချုပ်ထားလိုက်ပါပြီ ဟီးဟီး..😌❤️🔥
Dylan ရဲ့ studio ကမျှဝေထားတဲ့ new conceptual photoshoot ပုံတွေကအမိုက်စားနော် 🫶🏻
"ရိုက်ကူးရေးအဖွဲ့ထဲမဝင်ခင်က #WangHeDi တစ် ယောက်မြင်းမစီးဖြစ်တာ တော်"ကြာနေပါပြီ။မြင်းစီးတာက ကားမောင်းတာနဲ့ နည်းနည်းဆင်တယ်၊ ကြာကြာမလုပ်ဘဲနေရင် လက်ယဉ်မှု မရှိတော့ဘူး။
အကောင်းဆုံးဖြစ်မဲ့တစ်ခုတည်းသော နည်းလမ်းကတော့ ပင်"ပန်း" လေ့ကျင့်ဖို့ပါပဲ။ နေ့စဉ် ရိုက်ကူးရေး စောစောသိမ်းတဲ့အခါတိုင်း Wang Hedi ဟာ ရိုက်ကူးရေးအဖွဲ့ရဲ့ မြင်းကွင်းကိုသွားပြီး လေ့ကျင့်လေ့ရှိပါတယ်။ မြင်းဆိုတာက တိရစ္ဆာန်ဖြစ်ပြီး စက်ရုပ်မဟုတ်တာမို့ တကယ့်လက်တွေ့ရိုက်ကူးတဲ့အခါ ထင်သလိုဖြစ်မလာတာတွေလဲ ရှိတတ်ပါတယ်။တစ်ခါကဆိုရင် တစ်နေကုန် ရိုက်ကူးရလို့ Wang Hedi ကတော့ တောင့်ခံနိုင်သေးပေမဲ့ မြင်းကတော့ အိပ်ငိုက်လွန်းလို့ ရိုက်ကူးရေးကွင်းထဲမှာတင် တန်းအိပ်ပျော်သွားခဲ့ဖူးပါတယ်။Xie Jingxing ရဲ့ ဇာတ်ကောင်ကို လက်ခံပြီးကတည်းက ဒါဟာ လွယ်ကူတဲ့ ဇာတ်ကောင်တစ်ခု မဟုတ်မှန်း သူသိတာမို့ ရိုက်ကူးရေးမစတင်ခင်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေအများကြီး ပြုလုပ်ခဲ့ပါတယ်။
WHD-"မိမိကိုယ်ကို အားပေးတယ်၊ ပြီးတော့ ၁၂၀% ရာနှုန်းအပြည့်အလေးအနက်ထားတဲ့စိတ်နေ
သဘောထားနဲ့ ထုတ်ပြကြိုးစားခဲ့ပါတယ်။"
ဒီစာလေးတွေကတော့ဒီနေ့ထွက်လာတဲ့ELLE မဂ္ဂဇင်းဆောင်းပါးထဲမှာပါလာတဲ့တိတိအခုရိုက်ကူးနေတဲ့က #JiangMenDuHou ရိုက်ကူးရေးနဲ့ပတ်သတ်တာ #XieJingxing ဇာတ်ကောင်နဲ့ပတ်သတ်တာ သူအများကြီးဖြေထားတဲ့အထဲကမှ နည်း"အကျည်းချုပ်ပြီးတင်ပေးလိုက်ပါတယ်နော်။🫶💜
တိတိအနေနဲ့XieJingxingအဖြစ် သရုပ်ဆောင်ရတာကို ၁၂၀ ရာခိုင်နှုန်းအပြည့်အဝ အလေးအနက်ထားသရုပ် ဆောင်ထားပါတယ်တဲ့ ... နောက်နှစ်အတွက်စစ်နတ်ဘုရားရှဲ့ကျင်ရှင်းကိုအခုထဲကမျှော်နေမိပြီ🥰
