Burmese Red Devils
Ir al canal en Telegram
မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴
Mostrar más6 057
Suscriptores
-924 horas
-347 días
-8530 días
Archivo de publicaciones
6 057
🔴 OFFICIAL!
ဩဂုတ်လအတွက် ယူနိုက်တက်၏ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ကစားသမားအသစ် Bryan Mbeumo က ရရှိခဲ့သည်။
#Silent
6 057
တူရကီ ကလပ် Trabzonspor အသင်းဟာ အန်ဒရေအိုနာနာကို အငှားနဲ့ ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်ထံ ချဥ်းကပ်မှုတွေ ပြုလုပ်လာကြောင်း သိရပါတယ်။
[Hasanntuncel]
6 057
ဆော်ဒီကလပ်နှစ်ခုရဲ့ ကမ်းလှမ်းမှု ရရှိထားတဲ့ မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ အသင်းကနေ ထွက်ခွာမလားဆိုတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ် ။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၂၃ ရက်နေ့အထိ အပြောင်းအရွှေ့ကာလ ဖွင့်လှစ်ထားတဲ့ ဆော်ဒီအသင်းတွေရဲ့ ကမ်းလှမ်းမှုကို မက်ဂွိုင်းယား စဉ်းစားနေပါတယ် ။
ဒါပေမဲ့ သူဟာ ၂၀၂၅-၂၆ ရာသီအကုန်မှာမှ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ် ။ မန်ယူအသင်းကတော့ မကြာသေးမီက ပရီးမီးယားလိဂ်နဲ့ အီတလီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ဖူးပါတယ် ။
မက်ဂွိုင်းယားရဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ပဲ ကျန်ရှိတော့တာကြောင့် အသင်းဘက်က စာချုပ်သက်တမ်းတိုးခွင့်ကို အသုံးမပြုရင်တော့ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် အခြေအနေလည်း ရှိနေပါတယ် ။
#HarryMaguire
#ManchesterUnited
6 057
မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် နောက်ဆုံး ၄၈ နာရီမှာ အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်လူ ဂယ်လာဟာကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ် ။
ဒါပေမယ့် အက်သလက်တီကိုကတော့ ဂယ်လာဟာကို အပြီးသတ်ရောင်းချဖို့သာ စိတ်ဝင်စားတာကြောင့် မန်ယူရဲ့ အငှားကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ် ။
#Gallagher
#AtleticoMadrid
6 057
ယူနိုက်တက် နောက်ခံလူ ဒါလော့ဟာ အသေးစား ကြွက်သားနာကျင်မှု ဒါဏ်ရာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပေါ်တူဂီ လေ့ကျင့်ရေးစခန်း ကနေ ထွက်ခွါလာခဲ့တယ်လို့ သိရပါတယ်။
#Dalot
6 057
ဟွိုက်လန်းဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ကို မစွန့်ခွာချင်ခဲ့ဘဲ အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူဟာ ဘန်ဂျမင်ဆက်စ်ထက် ပိုကောင်းပြီး ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ထားလို့ပါ ။
ဟွိုက်လန်းဟာ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ အရည်အချင်းကို အကောင်းဆုံးပြသပြီး နည်းပြ ရူဘင် အမော်ရင်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ် ။
ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေကတော့ သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ပြီးခဲ့တဲ့ရာသီမှာ ဟွိုက်လန်းရဲ့ စွမ်းဆောင်ရည်က ယူနိုက်တက်ကို စိတ်ပျက်စေခဲ့ပြီး သူဟာ ငွေကြေးအများကြီး အကုန်ခံခဲ့ရတဲ့ အမှားတစ်ခုလို့ အသင်းက သတ်မှတ်ခဲ့ပါတယ် ။
ဒါကြောင့် ဟွိုက်လန်းဟာ အသင်းကို မထွက်ချင်တဲ့ ဆန္ဒရှိပေမဲ့ နောက်ဆုံးမှာတော့ ဝမ်းနည်းစွာနဲ့ အသင်းပြောင်းရွှေ့ခဲ့ရပါတယ် ။
[ The Athletic ]
6 057
ယူနိုက်တက် ခံစစ်မှူး ဒီလစ် နဲ့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမြင့်ဘော အနိုင်ရမှု အမြင့်ဆုံး ကစားသမား နှစ်ဦးဖြစ်ပြီး တစ်ဦးလျှင် (၁၇) ကြိမ်စီနဲ့ ရပ်တည်နေပါတယ် 🔴
[TNT Sports]
6 057
🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆: ကူညာ ဒဏ်ရာမပြင်းထန်ပါ။
ကနဦးအဆင့်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့အပြီးမှာ မန်ယူနိုက်တက် တိုက်စစ်ကစားသမား ကွန်ညာ ရဲ့ ဒဏ်ရာက ထင်ထားသလောက်မပြင်းထန်ခဲ့ဘူးလို့ သိရပါတယ် ။
ကစားသမားဟာ ဒီနေ့ ကာရင်တန်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။ ဒဏ်ရာအတိမ်အနက်၊ အနားယူရမယ့်ကာလအတိအကျကိုတော့ မသိရသေးပါဘူး။
#MatheusCunha
#ManchesterUnited
6 057
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲဖြစ်နေတဲ့ ရှက်ဖီးလ်ဝက်နက်စ်ဒေးအသင်းကို ကူညီသောအားဖြင့် သူတို့ဆီ အငှားကစားနေတဲ့ ဟယ်ရီအာမက်စ်အတွက် လစာ ၊ နေထိုင်စရိတ် ၊ ဘောနပ်စ်အားလုံးကို အသင်းဘက်က ကျခံပေးသွားမှာဖြစ်ပါတယ် 🔴🤝
[JoeCrann]
6 057
+2
📸 | အိုးထရက်ဖိုဒ့်ကွင်းကြီးအတွင်းမှာ မြင်တွေ့ခဲ့ရတဲ့ ကစားသမားသစ် ဆန်နီလာမန်းစ် နဲ့ သူ့ရဲ့အေးဂျင့် 🔴❤️
#Manchesterunited
6 057
နာပိုလီမှာ ပြန်လည်ဆုံတွေ့နေကြတဲ့ သရဲနီနှစ်ယောက် 🔴
🏴 တော်မီနေး X ဟွိုက်လန်း 🇩🇰
လူအင်အားကို ကောင်းကောင်းဖြည့်တင်းထားနိုင်တဲ့ နာပိုလီအသင်းဟာ ဒီရာသီမှာလဲ စီးရီးအေ ချန်ပီယံဆုကို ထပ်မံ သိမ်းပိုက်သွားနိုင်မယ့် အခြေအနေ ရှိပါတယ် ။
[TNT Sports]
6 057
စပါးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပီအက်စ်ဂျီအသင်းက ပြင်သစ်တိုက်စစ်မှူး ကိုလိုမူအမ်နီကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
လိုက်ပ်ဇစ် တောင်ပံကစားသမား ဇာဗီဆီမွန်စ်ကို ခေါ်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ တိုက်စစ်မှူး မူအမ်နီကို ခေါ်ယူခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးကို ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ခဲ့တာကြောင့် အဆင်မပြေ ဖြစ်ခဲ့တာပါ။
နည်းပြ သောမက်စ်ဖရန့်ခ်က ဘယ်လိုကစားပုံလိုချင်လဲဆိုတာ သိရှိပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားသွားမှာဖြစ်ကြောင်း ကစားသမားသစ် မူအမ်နီက ပြောသွားပါတယ်။
စပါးအသင်းဟာ ကူဒက်စ်၊ ပေါ်လင်ညာနဲ့ ဆီမွန်စ်တို့ကို ခေါ်ယူပြီးနောက် မူအမ်နီက ၄ ယောက်မြောက် အဓိက ကစားသမားခေါ်ယူမှု ဖြစ်ပါတယ်။
စပါးအသင်း
ပီအက်စ်ဂျီ
မူအမ်နီ
6 057
"မန်ချက်စတာယူနိုက်တက်ကိုပြောင်းနိုင်ခဲ့လို့ ဂုဏ်ယူရပါတယ်။အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်အကောင်းဆုံးကြိုးပမ်းခဲ့တာတွေက တကယ့် အထိုက်တန်ဆုံးပန်းတိုင်ကိုပို့ဆောင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးတွေရဲ့ အစ ဖြစ်ဖို့မျှော်လင့်မိပါတယ်" 🔴
🎙️ဆန်နီလန်းမန်းစ်
#SenneLammens
#ManchesterUnited
6 057
Here We Go!
ဘယ်လ်ဂျီယံ ဂိုးသမား ဆန်နီးစ်လာမန်းစ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရို ၂၁ သန်း + အပိုဆုကြေးတွေနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ ။
လာမန်းစ်ဟာ ယခု မန်ချက်စတာကို ရောက်ရှိနေပြီ ဖြစ်ပြီး မကြာမီ ဆေးစစ်မှု ခံယူကာ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
[Fabrizio Romano]
6 057
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရီးရဲလ်ဘက်တစ် အသင်းတို့ဟာ တောင်ပံကစားသမား အန်တိုနီအတွက် အပြီးသတ် အပြောင်းအရွေ့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ် ✍️
ပြောင်းရွေ့ကြေး ပေါင် ၂၁.၅ သန်း ဖြစ်ပြီး ၅၀ ရာနှုန်း Sell On Clause ပါဝင်ပါတယ် ။
[TNT Sports]
6 057
မန်ယူနိုက်တက် နဲ့ အက်စ်တွန်ဗီလာ တို့ဟာ Deadline Day အမီ ဂျေဒန်ဆန်ချိုရဲ့ အပြောင်းရွှေ့အတွက် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ် ။
အဆိုပါ အပြောင်းရွှေ့ဆွေးနွေးမှုဟာ ဂိုးသမား မာတီနက်ဇ် ရဲ့ အပြောင်းရွှေ့နဲ့ သီးခြားစီ ဖြစ်ပေမဲ့ အပြောင်းရွှေ့ ၂ ခုလုံးအတွက် နှစ်သင်းကြား ဆွေးနွေးမှုတွေ တပါတည်း လုပ်ဆောင်နေပါတယ် ။
ဆန်ချိုဟာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တခု ချရတော့မှ ဖြစ်ပြီး Deadline Day ကျော်သွားပါက ဥရောပပြင်ပ ကလပ်တွေကိုသာ ရွေးချယ်ခွင့်ရှိတော့မှာလည်း ဖြစ်ပါတယ်။
[Fabrizio Romano]
6 057
🚨🔴 | မာသီးယပ်စ်ကွန်ညာ နဲ့ မေဆန်မောင့် တို့ ဒဏ်ရာရခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်က ကိုဘီမိုင်နူး ကို အငှားနဲ့ ထွက်ခွင့်ပြုဖို့က်ို ပိုပြီးတားဆီးပိတ်ပင်လာပါတယ်။
မိုင်နူးက ပုံမှန်ကစားခွင့်ရဖို့အတွက် အသင်းကနေ အငှားထွက်ချင်ပါတယ် ။ သို့ပေမယ့် ယူနိုက်တက်ကတော့ အငှားချဖို့ လုံးဝဆန္ဒမရှိပါဘူး ။
[ Fabrizio Romano ]
6 057
🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 🔴
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာဂိုးသမား မာတီနက်ဇ် နဲ့ ပုဂ္ဂိုလ်ရေးရာသဘောတူညီမှုရရှိသွားပါပြီ ။ ဗီလာကလည်း မာတီနက်ဇ်နေရာအတွက် အန်ဒါဝဒ်ဂိုးသမား လီမန်ကို ပြန်လည်ဆက်သွယ်နေပါတယ် ✅
[Fabrizio]
6 057
ယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ နက်ဖြန် ပရီးမီးယားလိဂ် ဈေးကွက်ပိတ်မယ့် Deadline Day အတွင်းမှာကို အသင်းကထွက်ချင်နေဆဲဖြစ်ပါတယ် 👀
ကစားသမားဟာ ဘရူနိုရဲ့ အရံ အဖြစ်မနေချင်ဘဲ ကမ္ဘာ့ဖလားအတွက် ကစားချိန်ရဖို့အလိုရှိနေပါတယ် 🔴
[ChrisWheeler_DM]
6 057
🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 : ယူနိုက်တက်ဟာ ယနေ့မှာ ဆန်းနီစ်လာမန်းစ် ထံ ကမ်းလှမ်းမှုအသစ်တစ်ခုထပ်မံပြုလုပ်ခဲ့ပါတယ် ။ ကစားသမားနဲ့ သဘောတူညီမှုရခဲ့ရင် ဒီနေ့မှာပဲ ဆေးစစ်မှုပြုလုပ်သွားမှာဖြစ်ပါတယ် ။
[ Telegraph ]
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
