Burmese Red Devils
Ir al canal en Telegram
မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴
Mostrar más6 062
Suscriptores
+124 horas
-187 días
-7330 días
Archivo de publicaciones
6 060
ဘာစီလိုနာ အသင်းဟာ မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကို ယူရို ၁၈ သန်း နဲ့ ကစားသမား တစ်ယောက် အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ် ။
[Sporf]
တကယ့် ဂုန်းဆင်းချင်တဲ့ ကောင်တွေ ၊ နာမည်နဲ့လဲ လိုက်တယ် 🙃
မင်းတို့ အသင်းကကောင်တွေက ဘယ်လောက်များ တန်ကြေးရှိလို့ ၁၈ သန်းပဲ အလိုက်ပေးချင်တာတုန်း ။
ငါးယောက် တစ်ယောက်တောင် မလဲနိုင်ဘူးကွာ…
6 060
ယူနိုက်တက်သည် Erik ten Hag အား ၂၀၂၇ ခုနှစ်ထိ စာချုပ်သစ်ချုပ်ဆိုရန်အတွက် ၉၀% ဖြစ်နိုင်ချေရှိပြီး အဆိုပါ ၂ နှစ်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါရှိမည်ဖြစ်သည်။
စာချုပ်သစ်အတွက် ဆွေးနွေးမှုများမှာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
[Fabrizio Romano]
6 060
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲလာပြီ ဖြစ်တဲ့ ပြင်သစ် ဝါရင့်နောက်ခံလူ ရာဖေးလ်ဗာရန်းဟာ အင်တာမိုင်ယာမီ အသင်းသို့ ပြောင်းရွေ့ ကစားရန် ဆွေးနွေးမှုများ ပြုလုပ်နေပါပြီ 🇫🇷🇺🇸
[Transfer]
6 060
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ အတွက် တိုက်စစ်ပစ်မှတ်များ ရွေးချယ် ပြီးပြီ ဖြစ်ပါတယ် ။
အဆိုပါ စာရင်းထဲမှာ ဆိုရင် ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန်တိုနေး ၊ လိုင်လီ တိုက်စစ် ကစားသမား ဂျိုနသန် ဒေးဗစ် ၊ ဘိုလော့နာက ဂျိုရှူဟာ ဇာ့ခ်ဇီးတို့ ပါဝင် နေပါတယ် ။
[ESPN]
6 060
တန်ဟတ် ဆက်နေပြီး တန်ဟတ် မရှိမှ ပြန်လာမယ်ဆိုတဲ့ ဆန်ချိုကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်က စပြီး ယူနိုက်တက်မှာ ကြီးကြီးမားမား ရှိနေခဲ့တဲ့ အကျင့်ဆိုးကြီးကို ဖြေရှင်းလိုက်တာပါပဲ ။
ကစားသမားက ကန့်လန့်တိုက်တိုင်း နည်းပြကို ထုတ်ပြီး ဖြေရှင်းရတဲ့ ကိစ္စမျိုး ယူနိုက်တက်မှာ နောက်ထပ် ရှိလာတော့မှာ မဟုတ်ပါဘူး ။
နည်းပြနဲ့ ထိုက်သင့်တဲ့ ပါဝါ ၊ အာဏာ ဆိုတာ ရှိကို ရှိရမယ့် ပေးကို ပေးထားရမယ့် အရာပါ ။ ဆန်ချိုလို ခြေစွမ်းမပြနိုင်တဲ့ကောင်က ကန့်လန့်တိုက်လို့သာ နည်းပြထွက်ရရင် ဘယ်နည်းပြမှ အသင်းကို ထပ်လာချင်မှာ မဟုတ်ပါဘူး ။
INEOS မှန်ကန်ပါတယ် ။ ဆန်ချိုကတော့ သေချာပေါက် လမ်းခွဲပါပြီ ။ ဒါမျိုးကို မြင်ချင်နေခဲ့တာပါ ။
6 060
ကျွန်တော်ပြောခဲ့ပါတယ် ။ မီဒီယာတွေက သတင်းမှန်ကို ချမပြပဲ ဖုန်းကွယ်ထားတာပါဆို ။ သူတို့လုပ်ကွက်တွေ ဝအောင်လုပ်ပြီးမှ သတင်းမှန် ပြတာ …
မနေ့ကပဲ တူချယ်နဲ့ ဆွေးနွေးတယ် ၊ ဒီနေ့ တန်ဟတ်ကို သက်တမ်းတိုးတော့မယ်ဆိုတာ ဖြစ်နိုင်ရဲ့လား …တကယ်က တန်ဟတ်ကို ဆက်ထားမယ်ဆိုတာ အစောကြီးကတည်းက သေချာပြီးသား…။ သူတို့လဲ သိပြီးသား.. လုပ်ကွက်ရှိအောင် လျှောက်လုပ်နေတာ …
အခုတော့ တန်ဟတ်က ဆက်ရှိနေရုံတင် မဟုတ်ပဲ စာချုပ်သက်တမ်း တိုးဖို့ပါ ဆွေးနွေးလျက်ရှိပြီး လက်ရှိ မန်နေဂျာရာထူးကနေ နည်းပြချုပ် ရာထူးကို ပြောင်းလဲ သွားတော့မှာ ဖြစ်ပါတယ် ။
သေချာပါပြီ ငါ့ဆရာတို့ …🔴💪
6 060
" ဘရူနိုက ကွင်းထဲမှာဆိုရင် ကျွန် တော့်ရဲ့အသင်း ဖော်ပါ။ ကွင်းပြင်ပမှာဆိုရင် ကျွန် တော့်ရဲ့ သူငယ်ချင်း ပေါ့။
“ ကျွန် တော် ဒီကို စ ရောက်တဲ့ နေ့ တွေကစပြီး ကျွန် တော့ကို ကူညီ ပေးခဲ့သူ တွေထဲက တ ယောက်ပါ။ ကျွန် တော် သူ့ကို သိပ် ကျေးဇူးတင်တယ်။ကျွန် တော်တို့ သမီး တွေက တ ကျောင်းထဲ အတူတူ တက်ကြတာ လေ။ တကယ် ကြည်နူးစရာပါပဲ “
“ ပြီး တော့ ဘရူနိုက ကျွန် တော့ကစားသမားဘဝတ လျှောက် တွဲကစားခဲ့ဖူးတဲ့ အထူးချွန်ဆုံး ကစားသမား တွေထဲက တ ယောက်ပါ"
🎙️ကက်စ်မဲရိုး 🔴
6 060
🇷🇸 𝐍𝐞𝐦𝐚𝐧𝐣𝐚 𝐕𝐢𝐝𝐢𝐜: " မင်းနှာခေါင်းရိုး ကျိုးတာက ပြင်လို့ရတယ် ။ ဒါပေမယ့် မင်းကိုကျော်ပြီး ဂိုးသွင်းခံရပြီဆိုရင် မင်းရဲ့ ကျသွားတဲ့ သိက္ခာက အဖတ်ဆယ်လို့ မရဘူး “🔥
၂၀၂၀ တုန်းက ယူနိုက်တက် ခံစစ်မှူးကြီး နီမန်ဂျာဗီဒစ်ဟာ Sky Sports ရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူအဖြစ် မဲပေး သတ်မှတ်ခြင်း ခံခဲ့ရပါတယ် ။
ဗီဒစ်ဟာ မဲအရေအတွက်ပေါင်း ၂ သိန်းကျော် အထိ ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးခံစစ်မှူး ဂျွန်တယ်ရီ ၊ လီဗာပူးရဲ့ ဗန်ဒိုက်နဲ့ သူ့ရဲ့ ယူနိုက်တက် အသင်းဖော် ဖာဒီနန်တို့ကိုကျော်ပြီး ရရှိခဲ့တာပါ 👏🥇
ကျွန်တော်တို့ မျိုးဆက်ရဲ့ အကောင်းဆုံး ခံစစ်မှူးပါပဲ ❤️
6 060
+1
လွယ်ကူရိုးရှင်းတဲ့မြန်မာကြေးနဲ့မှ
မောင်း၊ဘော်ဒီကစားချင်တဲ့ချစ်ကိုတို့အတွက် 555Mix အကောင့်ဖွင့်ချင်သူများကိုကြိုဆိုပါတယ်ရှင့် ❤️🔥
◾️အကောင့်သစ် ၁၀% ဘောနပ်စ်
◾️ယူနစ်ဖြည့် ၅% ဘောနပ်စ်
✅ 555 တစ်ယူနစ် = တစ်ကျပ်
၅၀၀ကျပ် မှ ( ၁သိန်း ) ထိမောင်းတွဲလို့ရပြီး / ဘော်ဒီတစ်ပွဲ ( ၃သိန်း ) ထိကစားလို့ရပါပြီရှင့် ။
💬 အကောင့်ဖွင့်ကစားရန် 💬
Viber _ 09 967 356 567 ☎️
Telegram _ t.me/eithet178
6 060
𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎!
▫️အသက် ၂၀ အရွယ်ရှိ ယူနိုက်တက် လူငယ်ကစားသမား Omari Forson သည် စီးရီးအေကလပ် မွန်ဇာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။
▫️ Omari Forson သည် မွန်ဇာအသင်းနှင့် ၄နှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။
Best of luck in Italy, Omari! 💪
[ Fabrizio Romano ]
6 060
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နိုက်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေတဲ့ ကွင်းလယ်လူ သူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။
သူရမ်ရဲ့ တန်ကြေးဟာ ယူရို ၁၇သန်းနဲ့ ၂၀သန်းကြား ရှိပြီး အသင်းပိုင်ရှင် တူနေတဲ့ အချက်ကြောင့် ယူနိုက်တက်ဟာ သူရမ်နဲ့သာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားရင် သူရမ်ကို အလွယ်တကူ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ် ။
အသက် ၂၃နှစ် အရွယ် သာ ရှိသေးတဲ့ သူရမ်ဟာ သူက မာမာထန်ထန် ကစားလေ့ ရှိသလို လုပ်အားနှုန်းလည်း ကောင်းမွန်ကာ နိုက်စ်အတွက် ၅ နှစ် အတွင်း ပြိုင်ပွဲစုံ ၁၆၇ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ ဂိုး သွင်းယူ ထားသူပါ ။
[L’ Equipe]
6 060
မန်ယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ တောင်ပံတိုက်စစ်ကစားသမား ဂျေဒွန်ဆန်ချိုကို နည်းပြက ဘယ်သူပဲ ဖြစ်ဖြစ် 100% ရောင်းချသွားရန် ပြင်ဆင်ထားပါတယ် ။
မန်ယူနိုက်တက်အသင်းဟာ ဆန်ချို အတွက် ပေါင်သန်း ၄၀ ရရှိရန် ပစ်မှတ်ထားနေပြီး ၎င်းကို ဒေါ့မွန်အပြင် အခြား ကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ် ။
[Fabrizio Romano]
6 060
ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ဂျူအန်မာတာကတော့ ကမ္ဘာကျော် ဟားဗက်ဒ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဘွဲ့လက်မှတ်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ် 🎓
စပိန် ကွင်းလယ်လူဟောင်းဟာ ဟားဗက်ဒ် တက္ကသိုလ်မှာ ဖျော်ဖြေရေး ၊ မီဒီယာ နဲ့ အားကစား မေဂျာတွေကို လေ့လာ သင်ယူခဲ့တာပါ ။
နိုင်ငံခြားက ကစားသမားတွေကတော့ ဘဝ တစ်လျှောက်လုံး ဝါသနာပါတဲ့ ဘောလုံးကို ကစားပြီး ငွေကြေး အများအပြား ရှာဖွေခဲ့ကြတယ် ။
ဘဝတစ်လျှောက်လုံး အတွက် ဖူလုံတဲ့ ငွေကြေး ရှာဖွေပြီးရင် ပညာရေးမှာလဲ မလစ်ဟင်းပဲ ဟားဗက်ဒ်လို နေရာမျိုးကတောင် ဘွဲ့ယူနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ကြတယ် ။
သူတို့သိပ်ကို ကံကောင်းလွန်းပါတယ်ဗျာ…❤️
6 060
မန်ယူနိုက်တက်ဟာ သူတို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ကွင်းလယ် ကစားသမားလေး နေးဗက်စ်ကို လက်ဦးမှု ရဖို့ အရှိန်မြင့် ကြိုးပမ်းသွားဖို့ ရှိနေပြီး အငြင်းခံခဲ့ရတဲ့ ယူရို သန်း ၆၀ အစား ယူရို ၇၅ သန်းအထိ တိုးမြှင့် ကမ်းလှမ်းသွားမယ့် အစီအစဉ်တွေ ရှိနေပါတယ် ။
ဘင်ဖီကာကတော့ နေးဗက်စ် အတွက် စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ အထိသာ အလိုရှိနေပြီး တကယ်လို့ အဲ့ဒီတန်ကြေးအတိုင်း မဟုတ်ရင်တောင် ယူရို သန်း ၁၀၀ နီးပါး အထိ လိုချင် နေပါတယ်။
ဒါပေမယ့် မန်ယူနိုက်တက်ကတော့ နေးဗက်စ်အတွက် ပြောင်းရွှေ့ကြေး + အပိုဆုကြေး ယူရို ၈၅ သန်းခန့်နဲ့သာ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ဒီကမ်းလှမ်းမှုကို ပယ်ချခံရမယ်ဆိုရင် တခြားပစ်မှတ်တွေကိုပဲ ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
[TEAMtalk]
6 060
“ တန်ဟတ်ကို အခုထက် အချိန်ပို ပေးသင့်တာပေါ့ဗျာ။ ဒါပေမယ့် ကျနော်လည်း အချိန် ပိုမိုလိုအပ်ခဲ့တာပဲလေ”
“ ကျနော်လည်း အက်ဖ်အေဖလားကို ယူပေးခဲ့တာ။ ကျနော် မတိုင်ခင် နှစ်ပေါင်း (၂၀) လောက်မှာ ယူနိုက်တက်မှာ အက်ဖ်အေဖလားရခဲ့တဲ့သူမှ မရှိတာ။ အခု တန်ဟတ်က အက်ဖ်အေဖလားရတယ်၊ ပထမရာသီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။ ဒီတော့ သူ့ကို ထုတ်သင့်တယ် မထင်ပါဘူး “
“ သူ့အတွက် အချိန် လိုအပ်ပါတယ်။ သူ ကောင်းကောင်း မစွမ်းဆောင်ပြနိုင်တာလည်း မှန်ပါတယ်။ ဝေဖန်မှုတွေ အများကြီး ခံထားရပေမယ့် သူက နည်းပြကောင်းဆိုတာလည်း သက်သေပြထားပါတယ် “
🎙️ဗန်ဟားလ်
နည်းပြဟောင်းကြီးရဲ့ အမြင်ကို သဘောတူကြလား ?
6 060
🚨 BREAKING:
မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်မှူး ဂျွန်နီအီဗန်ကို စာချုပ်သစ် ကမ်းလှမ်း လိုက်ပါပြီ ။
(Manchester Evening News)
6 060
(၅) လအတွင်းမှာ ကိုဘီမိုင်နူးက -
ယူနိုက်တက်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ကစားတယ်၊
ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးဂိုးသွင်းတယ်၊
အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားပေးတယ်၊
အက်ဖ်အေဖိုင်နယ်မှာ ဂိုးသွင်းတယ်၊
အက်ဖ်အေဖလားရဲ့ အကောင်းဆုံးကစားသမားဆုရတယ်၊
ဥရောပဂိုးလ်ဒင်းဘွိုင်းဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါတယ်၊
ယူရိုပြိုင်ပွဲကြီးရဲ့ အပြီးသတ်လူစာရင်းမှာ အရွေးခံရတယ်။
အသက် (၁၉) နှစ်ပဲရှိသေးတဲ့ မိုင်နူးအတွက်ကတော့ ဒီ (၅) လက အကြီးမားဆုံး အပြောင်းအလဲတွေဖြစ်ခဲ့တဲ့ကာလပါပဲ။
အင်္ဂလန်နဲ့အတူ ယူရိုပြိုင်ပွဲကြီးကိုလည်း သွားခွင့်ရတော့မှာဆိုတော့ ဘယ်လိုမှတ်တမ်းတွေ ထပ်ရဦးမလဲ ကြည့်ရပါမယ်။
6 060
🚨 ဘရူနိုဖာနန်ဒက်စ် အတွက် စိတ်ဝင်စား နေ သောအသင်းများမှ အနည်းဆုံး ယူရိုသန်း ၇၀ ကမ်းလှမ်းမှုများဖြင့် စတင်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော် ဘရူနိုအား INEOSမှ အသင်းရဲ့ အ ကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထား သော ကြောင့် ယခု နွေတွင် လက်လွှတ်ရန် ဖြစ်နိုင် ချေနည်း ကြောင်း သိရသည်။
[Jamie Jackson]
တကယ်လို့ ဘရူနိုကို ရောင်းမယ်ဆိုရင် ပြောင်းရွေ့ကြေး ဘယ်လောက်လိုချင်လဲ ?
6 060
▪️ပရိတ်သတ် အဖြစ် အားပေးသွားပါမယ်
“ ဒီနွေရာသီ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ကစားပေးဖို့ ရွေးချယ်ခံရခြင်း မရှိတာကို စိတ်မကောင်းဖြစ်မိပါတယ်။ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း ခြေသလုံးကြွက်သားဒဏ်ရာကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကြိုးစားပမ်းစားနဲ့ကို အရမ်း တွန်းပို့ခဲ့ပေမယ့်လည်း အခုလို အခြေအနေ ဖြစ်လာတာကို လုံးဝ မပျော်မိဘူး။”
“ ကျွန်တော့်အတွက်ကတော့ အင်္ဂလန်ကို ကိုယ်စားပြုရခြင်းဟာ ဂုဏ်ယူစရာပါ။ ဒါက ကျွန်တော့်အတွက် အရာရာပါပဲ။ ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော့်အသင်း အတွက် ကူညီခွင့် မရဘူး ဆိုရင်တော့ တစ်နိုင်ငံလုံးနဲ့ အတူ ပရိသတ်တစ်ဦး အဖြစ် အင်္ဂလန်ကို အားပေးသွားပါမယ် “
🎙️ဟယ်ရီမက်ဂွိုင်းယား 🔴🏴
6 060
မန်ချက်စတာ ယူနိက်တက် တစ်နှစ်တာ သုံးသပ်ချက်ပြီးပြီ ။
မန်ချက်စတာ ယူနိုက်က်တက် ရဲ့ တစ်နှစ်တာ အခြေနေကို သုံးသပ်တာ မနေ့က ပြီးပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လညိး တန်ဟတ်ရဲ့ အနာဂတ်လည်း များမကြာမှီမှာ အဖြေတစ်ခု သိရတော့မှာ ဖြစ်ပါတယ်။
တန်ဟတ်ကို ထုတ်မလား မထုတ်မလား မသိသေပေမယ့် လက်ရှိမှာတော့ သူ့နေရာ အစားထိုးဖို့ နည်းပြသုံးယောက် ရေပန်းစားနေပါတယ်။
ဆောက်ဂိတ်, ပိုချက်တီနိ နဲ့ ဒီဇာဘီ သုံးယောက်ကတော့ တန်ဟတ်ရဲ့ အနာဂတ်ကို အစားထိုးဖို့ စဉ်းစားနေတာပဲဖြစ်ပါတယ်။
[Ammutd]
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
