cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

⚔️ ⚔️

တရားမျှတမှု ကို ချစ်မြတ်နိုးသူများ🪰🪰🪰

Mostrar más
Publicaciones publicitarias
415
Suscriptores
Sin datos24 horas
-37 días
-330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

3👍 1😁 1
ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ် စစ်စခန်း အပါအဝင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးကျော်သေဆုံး၊ သစ်ချဆိပ်စခန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် ရန်ကုန်၊ စက်တင်ဘာ ၂ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်း အပါအဝင် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးကျော်သေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ သြဂုတ်လ ၂၉ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ညနေ ၆ နာရီ ၃၀နာရီခန့်အချိန်ထိ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊မုန်းဒေသ၊အုတ်ဖြတ်၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင် ဧရိယာတွင် KNLAနှင့် PDF တပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၉၈ ၊ပျူစောထီး ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့အကြား တစ်နေကုန်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးနှင့်ဒဏ်ရာရ ၅၀ ဦးအထက် ရှိခဲ့ပြီး KNLA/PDF ပူးပေါင်းအဖွဲ့များမှ ၃ ဦးဒဏ်ရာရ(မစိုးရိမ်) ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၀၇ နာရီ ၄၅ မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ ထိတွေ့မှုဖြစ်ပြီး နံနက် ၈ နာရီ အချိန်တွင် PDFကွန်မန်ဒိုတပ်ရင်း မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ထံမှ ခွင်းဗုံးသီးများ၊၄၀မမသီးများ၊ MAကျည် များ၊စက်လက်ကျည်များနှင့်လက်ပစ်ဗုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၄ နာရီ ၁၀ မိနစ်အချိန်မှ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ထိ KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက မြို့စိုးတံတားရှိ စစ်တပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးလက်နက်ကြီးမှန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၀၀ နာရီ ၀၅ မိနစ် အချိန် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ထိုစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ သစ်ချဆိပ်စခန်းအတွင်း ခလရ−၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နှင့် ခမရ−၃၅၁ တို့တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်တွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးခဲ့ကာ ကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လတ် ၁ လက် နှင့် လက်နက်ငယ် စုစုပေါင်း ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုစခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်အတွင်း ပူပေါင်းတပ်ဖွဲ့များဘက်မှ Spring Warrior's Column ၏ရဲဘော် ၂ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်တပ်က သရက်ကျ၊ သမန်းကျင်းရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို ကား ၊ဆိုင်ကယ်များဖြင့် ခိုးယူ သယ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Mostrar todo...
👍 6👏 1😁 1
😁 1
ရွှေကူနယ် ကျောက်ကြီးရွာရှိ တပ်နှင့်ရဲစခန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ငါးဦးသေဟု မြို့လှK-PDF အသိပေး ▪️သေနတ်တစ်လက်နှင့် ကျည်ခဲယမ်းများစွာရရှိ စက်တင်ဘာလ ၁ ရက် ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာတွင် အထိုင်တပ်စွဲးထားသည့် တပ်မ(၈၈) လက်အောက်ခံတပ် ခလရ (၇၇)အထိုင်တပ်နှင့် ရဲစခန်းအား အလစ်အငိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦး သေဆုံပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း မြို့လှ ကချင်ဒေသ - ပြည်သူ့ကာကွယ်ရေးတပ်(K-PDF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။ ယနေ့ (စက်တင်ဘာ ၁ရက်) နံနက် ၃နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၃နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ကူကြောင့် စခန်းမသိမ်းဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ခလရ(၇၇)တပ်ဖွဲ့သည် ၎င်းတို့ တပ်စွဲထားသည့် နေရာများကိုစွန့်ခွာပြီး ခံတပ်ကောင်းသည့် ရဲစခန်းအတွင်းသို့ ထွက်ပြေးသွားကြောင်း၊ မြေပြင်သတင်းများအရ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ “တိုက်ပွဲ ကြာချိန်က (၃)နာရီ ဝန်းကျင်ကြာမြင့်ခဲ့တာမို့ မြစ်ကြီးနားမှ ဆင်းလာသည့် jet fighter SU.30 အမျိုးအစား ဆင်းလာသည်ဟု သတင်းကြိုတင်ရရှိခဲ့တာကြောင့် မိမိတို့ မြို့လှK-PDF တပ်ရင်းအနေဖြင့် သိမ်းရန် အသင့်ဖြစ်နေသည့် ရဲစခန်းကိုတော့ မဝင်ခဲ့တော့ပဲ အထိခိုက်မရှိ အောင်ပွဲရခဲ့သည့် လက်နက်ပစ္စည်များအား သယ်ယူပြီး အောင်မြင်စွာဆုတ်ခွာခဲ့ပါတယ်” ဟု မြို့လှ K-PDFက ထုတ်ပြန်သည်။ "ပိတ်တိုက်တာ။ စခန်းက ဧရာဝတီမြစ်ကမ်းဘေးမှာ။ အရှင်တစ်ယောက်ရတယ်။ သေနတ်တွေလည်း ရတယ်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်က ပြောသည်။ ထို့အပြင် MA1 တစ်လက်နှင့်အတူ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ကြောင်း ဓာတ်ပုံမှတ်တမ်းများကိုပါ ဖော်ပြထားသည်။ စစ်ကောင်စီတပ်ကလည်း နံနက် ၇နာရီကျော်မှစ၍ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်း တိုက်ပွဲဖြစ်ပွားရာ ကျောက်ကြီးရွာအနီးတစ်ဝိုက်သို့ ၃ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၊ မြို့လှ K-PDFတပ်ရင်းမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။ (သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြို့လှK-PDF)
Mostrar todo...
👍 2😁 1
မင်းကင်းမြို့နယ်၊ ကံကျေးပျူစောထီး စစ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ဩဂုတ် ၂၈ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးပျူစောထီးကျေးရွာ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေ ဆုံး နိုင် ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျောင်းသား တော် လှန်ရေး တပ်ဖွဲ့- SRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း အဆိုပါပျူကျေးရွာစခန်းကို ကျောင်း သား တော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ တိမ်လွှာဒေါင်းမင်း ပကဖအဖွဲ့နှင့် Local PDF များပါဝင်သော တပ်ပေါင်းစုမှ ဝင်ရောက် တိုက် ခိုက် ချေမှုန်းခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးမှ ၁၀ဦး အကြား သေဆုံးကာ ၅ ဦးအ ထက် ဒဏ်ရာရရှိခဲ့ကြောင်း၊ S.R.F တပ်ဖွဲ့မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြု သော Carbine M2 ၂ လက်၊ ပြောင်းချော ၂ လက်၊ 0.30 ကျည် ၁၉၃ တောင့်၊ ပြောင်းချောကျည် ၇၂ တောင့်၊ Carbine ကျည် ဘောက် ၅ ခု၊ ဖုန်း ၂၈ လုံးနှင့် ဆိုင်ကယ် ၇ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ''မင်းကင်းမြို့နယ်အတွင်းမှာ ဒေသခံတော်လှန်ရေး ရဲဘော်တွေ စုပေါင်းထားတဲ့ ကျွန်ုပ်တို့ တပ်ပေါင်းစု အနေနဲ့ တိုက်ခိုက်ရေးကို အရင်ကထက်ပိုမိုအရှိန် မြှင့် တင် နေပြီဖြစ်ပါတယ်၊ မင်းကင်းမြို့နယ်ရှိ စကစနဲ့ ၄င်းတို့ထောက်တိုင် ပျူစော ထီး ရပ်ရွာများမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ ၄င်းတို့နဲ့ ဝေးရာ နေရာများမှာ နေထိုင်ပေးကြပါလို့ အသိပေးလိုပါတယ်” ဟု S.R.F တပ်မှူး ဆရာစံ ပြောဆိုသည်။
Mostrar todo...
👍 4
Photo unavailableShow in Telegram
👍 3
ကော့ကရိတ်တွင် အရပ်ဝတ်ဖြင့် သွားလာနေသော ခမရ ၃၅၀ မှ တပ်ထောက် ဗိုလ်ကြီးရဲမင်းထွန်းကို ဖမ်းဆီးရမိ၊ ရေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံး ဩဂုတ် ၂၈ ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အရပ်ဝတ်ဖြင့် သွားလာနေသော တပ်ထောက်ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဗိုလ်ကြီးရဲမင်းထွန်းကို ဖမ်းဆီးရမိကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့  ကော့ကရိတ်မြို့နယ်၊ ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးရဲမင်းထွန်းကို အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာစဉ် မသင်္ကာ၍စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းထံမှ ဗိုလ်ကြီးရဲမင်းထွန်းဖြစ်ကြောင်း သက်သေခံသည့် ကိုယ်ရေးအကျဉ်း၊ ဗိုလ်ကြီးဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကိုပါ တစ်ပါတည်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသော ဗိုလ်ကြီးရဲမင်းထွန်းသည် အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၅၃ တက်ရောက်ခဲ့ကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခမရ ၃၅၀ တပ်ရင်းမှဖြစ်ပြီး ကွန်ပျူတာ(နည်းပညာ)ဘွဲ့ရရှိခဲ့ကြောင်း၊ မိတ္တီလာမြို့ ဇာတိဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံကဒိုက်ကျေးရွာအနီးတွင် အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ကျားဖြူစစ်ကြောင်းအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ  ၉ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း၊ ကျားဖြူစစ်ကြောင်းဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
Mostrar todo...
👍 3
ကန့်ဘလူရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး၊ ရေဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံ ကျဆုံး သြဂုတ် ၂၈ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့ထံမှ သိရသည်။ သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နတ်ပေး၊ ယော၊ လယ်လှ၊ ငါတို့ရွာနှင့် ဝက်တိုး(မြောက်)ရွာတို့ကို ဒေသ တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors အဖွဲ့၊ MPF U-18 နှင့် မြေပြင် Local အဖွဲ့များ ပူးပေါင်း၍ နတ်ပေးပျူစောထီးရွာကို ၈၁ မမ ၁၀ လုံး၊ ယောပျူစောထီးရွာကို ၈၁ မမ ၄ လုံး ၊ လယ်လှပျူစောထီးရွာကို ၆၀ မမ ၄ လုံး နှင့် ငါတို့ပျူစောထီးရွာကို ၆၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ယင်းနေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ဝက်တိုး(မြောက်)ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်ကင်းအတွင်းထိ ဒေသတော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံကျဆုံးခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်း စစ်​ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများနှင့် တောတောင်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုနေမျိုးအောင် ကျဆုံးခဲ့ကြောင်း သိရသည်။ Photo - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
Mostrar todo...
😭 2👍 1👏 1
Photo unavailableShow in Telegram
😭 2
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.