Crazy Love MooMoo ( မူးမူး ရူးရူး ချစ်မိသူ )
📈 Análisis del canal de Telegram Crazy Love MooMoo ( မူးမူး ရူးရူး ချစ်မိသူ )
El canal Crazy Love MooMoo ( မူးမူး ရူးရူး ချစ်မိသူ ) (@series_no1) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 21 344 suscriptores, ocupando la posición 13 973 en la categoría Películas y el puesto 6 536 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 21 344 suscriptores.
Según los últimos datos del 29 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 367, y en las últimas 24 horas de 4, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 1.48%. Durante las primeras 24 horas tras publicar, el contenido suele obtener 0.54% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 315 visualizaciones. En el primer día suele acumular 116 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.
📝 Descripción y política de contenido
No se ha proporcionado la descripción del canal.
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 30 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Películas.
ခယ်ဒါရွန် အဖြစ် Tubtim Anyarin Terathananpat နစ်ချန် အဖြစ် New Wongsakorn Paramatthakorn ဇာတ်လမ်းအကျဉ်း ဂျင်လာ ဆိုတဲ့ သတင်းထောက်မလေးဟာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရဲ့ အမွေခံဖြစ်သူ ခယ်ဒါရွန် ဆိုတဲ့ အမျိုးသမီးကို အင်တာဗျူးဖို့ သွားခဲ့ရင်း သူ့ဘဝဟာ မမျှော်လင့်တဲ့အပြောင်းအလဲကြီးဖြစ်ခဲ့တယ် ပြင်ပလူတွေအမြင်မှာတော့ ခယ်ဒါရွန် ဟာ ဂုဏ်သရေရှိပြီး ပညာအရည်အချင်း အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်ရှိပြီး နစ်ချန် လို့ခေါ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပါရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ဒါပေမဲ့ စီမံကိန်းတစ်ခုကို သွားကြည့်ရင်း ရဟတ်ယာဉ်မတော်တဆမှု ဖြစ်သွားတဲ့အခါမှာတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားပါတော့တယ် ဂျင်လာ သတိရလာတဲ့အချိန်မှာ မထင်မှတ်ဘဲ ခယ်ဒါရွန် ရဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို သိလိုက်ရတယ် စိတ်ဝိညာဉ်ချင်းလဲတာမျိုး မဟုတ်ဘဲ ခယ်ဒါရွန် ရဲ့ယောက်ျားဖြစ်သူ နစ်ချန် ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်ပါတယ် ဂျင်လာ က ဒီလိုဟန်ဆောင်ဖို့ သဘောမတူချင်ပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ သူ့အဒေါ်ရဲ့ လုံခြုံရေးအတွက်ကြောင့် ခယ်ဒါရွန် ရဲ့ အဘိုးမကွယ်လွန်ခင်အထိ ခယ်ဒါရွန် အဖြစ် ဟန်ဆောင်နေပေးဖို့ သဘောတူလိုက်ရတယ် ဒီလိုနဲ့ ဟန်ဆောင်နေထိုင်ရင်းနဲ့မှ... အပြင်ပန်းမှာ သဘောကောင်းပါတယ်ဆိုတဲ့ ခယ်ဒါရွန် ရဲ့ နောက်ကွယ်က တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေကို ဂျင်လာ တစ်ယောက် စပြီး သိလာရပါတော့တယ် ဇာတ်လမ်းလေးက လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ကြည့်ရကျိုး နပ်မယ့်ကားလေးကားလေးဖြစ်တဲ့အတွက် အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်#TheHiddenShadow #thaiseries #2026series #mmsub #blackhole
ဆန့်အဖြစ် Ice Panuwat Premmaneenan ဖွန် အဖြစ် Oom Eisaya Hosuwan ယွမ် အဖြစ် Oom Eisaya Hosuwan ဖရန့် အဖြစ် Prima Bhunjaroeun ပွန် အဖြစ် Peterpan Tadsapon Wiwitawan ဘောနပ် အဖြစ် Cine Phatrakorn Bussarakwadee ဘဝဆိုတာ...လူတိုင်း မက်မောကြတဲ့ အိပ်မက်တွေနဲ့ စတင်ပေမယ့်... တကယ့်လက်တွေ့ဘဝမှာတော့ အချစ်၊ ငွေကြေးနဲ့ တာဝန်ဝတ္တရားတွေကြား နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ခရီးတစ်ခုပါ။ Running of Love and Money ကတော့ အရွယ်ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုရဲ့ အချစ်၊ မိတ်ဆွေသံယောဇဉ်၊ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရတဲ့ အဖြစ်အပျက်တွေကို ရင်ထဲထိအောင် ပုံဖော်ထားတဲ့ စိတ်ခံစားမှုအပြည့်ရှိတဲ့ ထိုင်းဒရာမာဇာတ်လမ်းတွဲတစ်ခုပဲက ဖြစ်ပါတယ်။ သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အိပ်မက်တွေရှိတယ်။ အောင်မြင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ဒါပေမယ့်... အောင်မြင်မှုဆီ သွားတဲ့လမ်းက ထင်ထားသလောက် မလွယ်ကူခဲ့ပါဘူး။ တချို့က အချစ်ကို ရွေးချယ်ရတယ်။ တချို့က အနာဂတ်ကို ရွေးချယ်ရတယ်။ တချို့ကတော့...မိသားစုတာဝန်တွေအတွက် ကိုယ့်ရဲ့အိပ်မက်တွေကိုတောင် စွန့်လွှတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတယ်။ တစ်ခါတစ်ရံ... ငွေကြေးဆိုတာ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်သလို... တစ်ခါတစ်ရံမှာတော့ အချစ်နဲ့ မိတ်ဆွေသံယောဇဉ်တွေကိုတောင် ကွဲကွာသွားစေနိုင်ပါတယ်။ အောင်မြင်မှုရဖို့ သူတို့ ဘယ်လောက်ထိ ပေးဆပ်ရမလဲ... အချစ်ကို ကာကွယ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲ... သူငယ်ချင်းသံယောဇဉ်တွေက အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား... ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်ထိုင်းလူငယ်တွေရဲ့ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုတာဝန်နဲ့ အနာဂတ်အတွက် ရုန်းကန်ကြိုးစားနေတဲ့ ဘဝအစစ်အမှန်တွေကို စိတ်ခံစားမှုအပြည့်နဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ရယ်မောစရာ အခိုက်အတန့်တွေရှိသလို... မျက်ရည်ကျစေမယ့် အချိန်တွေလည်း ရှိမယ်။ နှလုံးသားကို နွေးထွေးစေမယ့် မိတ်ဆွေသံယောဇဉ်တွေလည်း ပါဝင်နေပါတယ်။ အချစ်နဲ့ အိပ်မက်ကြား...ငွေကြေးနဲ့ ဘဝရပ်တည်မှုကြား...သူတို့ရဲ့ ရွေးချယ်မှုက သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲသွားစေမလဲ... ဆိုတာကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။#TheRunningofLoveandMoney #thaiseries #2026series #mmsub #blackhole
လန်လာလင်း အဖြစ် Jan Ployshompoo Supasap ဝိုင် ဝေထာကာ အဖြစ် Jingjing Prariyapit Yu ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းဟာ ကုမ္ပဏီတစ်ခုအတွင်းက ပြိုင်ဘက်နှစ်ယောက်ဖြစ်တဲ့ အရောင်းဌာနအကြီးအကဲ လန် နဲ့ စာရင်းကိုင်ဌာနအကြီးအကဲ ဝိုင် တို့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် လန် ဟာ ဝိုင် ကို အနိုင်ယူဖို့ အမြဲကြိုးစားနေသူဖြစ်ပြီး ဝိုင် ကတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်သလို အလုပ်ကိစ္စမှာလည်း အလွန်တင်းကျပ်ပြတ်သားသူအဖြစ် လူသိများပါတယ် တစ်ညမှာတော့ မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ကြား Friends with Benefits ပတ်သက်မှုတစ်ခု စတင်ခဲ့ပါတော့တယ် လုပ်ငန်းခွင်ထဲမှာ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူမှ မသိစေဖို့အတွက် အပြင်မှာ ပတ်သက်နေပေမဲ့ ရုံးထဲမှာတော့ အရင်အတိုင်း ရန်သူတွေလို ဟန်ဆောင်နေကြရပါတယ် ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ နီးစပ်မှုဟာ မသိမသာနဲ့ အချစ်ဆီကို ဦးတည်လာတဲ့အခါမှာတော့... ရုံးတွင်း ပြိုင်ဘက်တွေကနေ လျှို့ဝှက်ချစ်သူတွေဖြစ်လာမယ့် Enemies to Lovers ဇာတ်လမ်းပုံစံကိုမှ အချစ်ဟာသဇာတ်လမ်းအမျိုးအစားလေးဖြစ်လို့ GL Series ကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးသစ်လေးဖြစ်ပါတယ် ဒီလိုမျိုးဇာတ်ကားကောင်းလေးကို အားပေးနေတဲ့ ပရိတ်သတ်ကြီးတို့ လက်မလွတ်စေဖို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ရှုစားအားပေးကြပါဦးရှင်#EnemiesWithBenefits #thaiseries #2026series #mmsub #GL
ဒေါက်နွေ အဖြစ် Best Vittawin နိုင် အဖြစ် Chahub ထီ အဖြစ် M Sarawut ဇာတ်လမ်းအကျဥ်း... ရည်းစားနဲ့ လောလောလတ်လတ် လမ်းခွဲထားလို့ စိတ်ပြေလက်ပျောက် ခရီးထွက်လာတဲ့ ဒေါက်နွေနဲ့ စိတ်အပန်းဖြေဖို့ ခရီးထွက်လာတဲ့ နိုင်တို့ ဟာ အပန်းဖြေစခန်းတစ်ခုမှာ ဆုံမိသွားကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တည်းတဲ့အခန်းချင်း ကပ်ရပ်ဖြစ်လို့ ရင်းနှီးသွားရာကနေ ခံစားချက်တွေ ဖြစ်တည်သွားခဲ့ပါတယ်။ ပြန်ခါနီးမှာတော့ နိုင် ဒေါက်နွေရဲ့ဖုန်းနံပါတ်ကို တောင်းသွားပေမဲ့ အဆက်အသွယ်မလုပ်တဲ့အပြင် ဖုန်းလဲမဆက်ခဲ့ပါဘူး။ ဒေါက်နွေ ပို့တဲ့မက်ဆေ့တွေကိုလဲ စာမပြန်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ဒေါက်နွေရဲ့ရည်းစားဟောင်းဖြစ်တဲ့ ထီက သူ့ကိုနောက်တစ်ခေါက် အခွင့်ရေးထပ်ပေးဖို့ ဒေါက်နွေကို တောင်းဆိုလာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ပြန်တွဲခါနီးအချိန်မှာတော့ သုံးလလုံး စာမလာ သတင်းမကြားဘဲ ပျောက်နေတဲ့ နိုင်က ထီရဲ့ကျောင်းနေဘက်သူငယ်ချင်းအဖြစ် ဒေါက်နွေရှေ့မှာ ပြန်ပေါ်လာခဲ့ပါတယ်။ ကိုယ့်ရဲ့ right person သာမှန်ရင် ဘယ်လောက်ပဲ အလှမ်းဝေးပါစေ ကိုယ့်ဆီကို ပြန်ရောက်လာတယ်ဆိုတာကို ဒီရုပ်ရှင်လေးက သက်သေပြသွားသလိုပါပဲ။ စစချင်းမှာတော့ သုံးပွင့်ဆိုင်လိုဖြစ်နေပေမဲ့ ဒရာမာတွေမပါတဲ့ ရိုရိုချိုချို အချစ်ဇာတ်လမ်းလေးဖြစ်လို့ ရိုမန်တစ်ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမဲ့ ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။#CheckOutTheMovie #thaimovies #mmsub #blackhole
ဘတ်ဂျွိုင် အဖြစ် Atikun Adulphokathon ဘတ်အိတ်စ် အဖြစ် Wisarut Himarat ဇာတ်လမ်းအကျဥ်း... လောကကြီးမှာအလုံးစုံပြည့်စုံတာဆိုလို့ ဘယ်အရာမှမရှိပါဘူး။ အမြဲတမ်းစာမေးပွဲတိုင်းမှာ နံပတ်၁ရတဲ့လူ "ဘတ်ဂျွိုင်"ကတော့ တစ်နေကုန်တစ်နေခမ်းစာတွေနဲ့လုံးပန်းကြိုးစားနေခဲ့ပါတယ်။ ရည်မှန်းချက်လည်း ချူလာအင်ဂျင်နီယာတက္ကသိုလ်ကို တက်နိုင်ဖို့ပါပဲ။ တစ်နေ့မှာတော့ သူတက်ချင်တဲ့ကျောင်းကြီးကိုရောက်သွားတဲ့ သူ့စီနီယာရဲ့အဖြစ်ကိုသိသွားတဲ့အချိန်မှာတော့ တစ်နေကုန်စာတွေပဲလုပ်ရာကနေ အပေါင်းအသင်း ချစ်သူရည်းစားရှာဖို့ဖြစ်လာခဲ့ပါတယ်။ "ဘတ်အိတ်စ်"အတန်းထဲမှာ ခန့်ချောကြီးဖြစ်ပြီး စာဆိုလည်းအောင်ရုံလောက်ပဲဖြေနိုင်တဲ့သူ၊ သိုပေမယ့် အားကစားလိုက်စားတဲ့သူမို့ ကောင်မလေးတွေကြိုက်တဲ့ပုံစံလို့ပြောရင်လည်းမမှားပါဘူး။ အဖွဲ့တွေနဲ့ "ဘတ်ဂျွိုင်"ကိုအနိုင်ကျင့်တဲ့လူလည်းဖြစ်တယ်။ "ဘတ်ဂျွိုင်"က စာဂျပိုးလိုပုံစံ ဆရာတိုင်တတ်တဲ့ပုံစံကြောင့်မို့လို့လည်း ဘတ်အိတ်စ်တစ်ယောက် သိပ်သဘောမကျပါဘူး။ သို့ပေမယ့် "ဘတ်ဂျွိုင်"ကြိုက်နေတဲ့ မိန်းကလေးက "ဘတ်အိတ်စ်"ပုံစံကိုကြိုက်တာကြောင့် မတတ်နိုင်တဲ့အဆုံး "ဘတ်ဂျွိုင်"က "ဘတ်အိတ်စ်"ကိုအကူအညီတောင်းဖို့ဖြစ်လာခဲ့တယ်။ နှစ်ယောက်လုံးရဲ့ ဘဝနေထိုင်မှုကြီးက မတူတာကြောင့် "ဘတ်ဂျွိုင်"တစ်ယောက် ဘဝသင်ခန်းစာ၊ စာတွေ့မှာမရနိုင်တဲ့ခံစားချက်၊ တကယ့်လောကကြီးလောကဓံကို သူဘယ်လိုကျော်ဖြတ်မလဲ၊ သူတို့နှစ်ယောက်ကရော မတည့်ရာကနေ သူငယ်ချင်းဖြစ်သွားနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှုပေးဖို့ပြောချင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာကြုံတွေ့နေရတဲ့ ဘဝနေထိုင်မှုနှင့်အတွေးအခေါ်ကိုရိုက်ထားတဲ့ပုံစံဖြစ်တာကြောင့် ရသမျိုးစုံခံစားရမှာပဲဖြစ်ပါတယ်။#LaLaBoy #thaimovies #mmsub #blackhole
ကင်ကဲ့ဝို အဖြစ် Sine Inthira Charoen ဟမ် အဖြစ် Gun Napat Injaieua မီအဖြစ် Saiparn Apinya ထိုင်းသရဲကား အကြမ်းစားတွေ၊ မတရားခံရပြီး သေဆုံးသွားတဲ့ ကလဲ့စားချေ ဝိညာဉ်ဇာတ်လမ်းတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက် ကျောချမ်းစရာ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ကင်ကဲ့ဝိုဆိုတာ စိတ်ကျန်းမာရေး သိပ်မကောင်းရှာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကံဆိုးချင်တော့ သူဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ ကလေးသူငယ် ပြန်ပေးဆွဲပြီး လူသတ်တဲ့ အမှုကြီးတစ်ခုမှာ တရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။ ခိုင်လုံလှပါတယ်ဆိုတဲ့ သက်သေအထောက်အထားတွေက သူ့ကိုပဲ ဦးတည်နေပေမဲ့ ကင်ကဲ့ဝိုကတော့ သူ အပြစ်မကျူးလွန်ခဲ့ပါဘူးဆိုပြီး အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားဥပဒေက သူ့ကို သေဒဏ်ချမှတ်လိုက်တဲ့အခါ... ကင်ကဲ့ဝို တစ်ယောက် မတရားခံရမှုတွေ၊ ဒေါသတွေ၊ ဝမ်းနည်းနာကြည်းမှုတွေ အပြည့်နဲ့ သေပွဲဝင်ခဲ့ရပါတော့တယ်။ တကယ့် အိပ်မက်ဆိုးက သူသေဆုံးပြီးမှ စတင်တာပါပဲ။ "ငါ အပြစ်မလုပ်ခဲ့ဘူး" ဆိုတဲ့ အက်ကွဲကွဲ ညည်းတွားသံကြီး ထောင်တစ်ခုလုံးမှာ ပဲ့တင်ထပ်လာပြီးတဲ့နောက်... ကလဲ့စားချေဖို့ သွေးဆာနေတဲ့ ဝိညာဉ်ကြီး ပြန်လည်ရောက်ရှိလာပါတယ်။ သူ့အမှုနဲ့ ပတ်သက်ခဲ့တဲ့သူတွေ၊ ထောင်သားတွေနဲ့ အလိုတူအလိုပါတွေ အားလုံး တစ်ယောက်ပြီးတစ်ယောက် ရူးသွပ်လာကြသလို ကြောက်မက်ဖွယ်ရာ သေဆုံးလာကြပါတော့တယ်။ ဒီကလဲ့စားချေမှုရဲ့ လှိုင်းဂယက်ထဲကို ကင်ကဲဝိုရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ဟမ်နဲ့ သူ့ရဲ့ ဇနီးသစ် မီတို့ပါ ဆွဲသွင်းခံလိုက်ရတဲ့အခါ...။ ကင်ကဲ့ဝိုကို တကယ်ပဲ ဘယ်သူက ထောင်ချောက်ဆင်ခဲ့တာလဲ... အတိတ်က မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက် အမှောင်တွေက ဘာတွေလဲ... ဟမ်းနဲ့ မီ တို့ရော ဒီအငြိုးကြီးလှတဲ့ ကျိန်စာထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖို ရှုစားရအောင်ပါခင်ဗျာ။#KingKaew #thaimovies #mmsub #blackhole
ဖူတွန် အဖြစ် Boss Chaikamon Sermsongwittaya မူမူး အဖြစ် Noeul Nuttarat Tangwai ပုံမှန်ဘဝလေးတစ်ခုကိုသာ တိတ်တဆိတ်ဖြတ်သန်းချင်တဲ့ MooMoo ရဲ့ဘဝထဲကို စကားပြောချိုချို၊ ဆွဲဆောင်မှုအပြည့်နဲ့ သူဌေးဖူ တစ်ယောက် ဝင်ရောက်လာတဲ့အချိန်မှာတော့ အရာအားလုံးက ရုတ်တရက် ရှုပ်ထွေးသွားပါတော့တယ်။ မိုမို ကို အနီးကပ်နေချင်လွန်းတဲ့ သူဌေးဖူ ဟာ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့အပြုအမူတွေ၊ ရယ်စရာကောင်းတဲ့ အကြံပေါင်းစုံနဲ့ မိုမို ရဲ့နှလုံးသားကို အနိုင်ယူဖို့ ကြိုးစားနေခဲ့တာပေါ့။ ဒါပေမယ့် မိုမိုကတော့အေးအေးဆေးဆေးဘဝကိုသာ လိုချင်သူဖြစ်ပြီး သူဌေးဖူ ရဲ့ လိုက်လံနှောင့်ယှက်သလိုဖြစ်နေတဲ့ ချစ်စရာလုပ်ရပ်တွေကြောင့် စိတ်ရှုပ်ရမလား… သဘောကျသွားမလား..... အချစ်ကြောင့် အမြဲတမ်းလှုပ်ရှားနေတဲ့ သူဌေးဖူ က မိုမို ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ ဘယ်လိုအလွဲလေးတွေနဲ့ ကြိုးစားသွားမလဲဆိုတာ ရယ်မောဖွယ်၊ ချစ်စရာ moments တွေနဲ့အတူ စောင့်ကြည့်ရမယ့် romance comedy series လေးကို အပတ်စဉ် စနေ နေ့တိုင်း တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။#CrazyLoveMooMoo #thaiseries #2026series #mmsub #BL
ထိုင်းနိုင်ငံရဲ့ ဆီလုံမြို့ရဲ့ တိတ်ဆိတ်တဲ့ညတွေမှာ ဖုံးကွယ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်လာပါတော့မယ်။ မိသားစုရဲ့ မျှော်လင့်ချက်တွေကြားမှာ ရုန်းကန်နေရတဲ့ ရဲအရာရှိ ခရစ် (Krit) ဟာ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ လိင်စိတ်ခံယူချက်နဲ့ အတိတ်က အချစ်ဒဏ်ရာတွေကို ရင်ဆိုင်နေရသူပါ။ တစ်ဖက်မှာတော့ မိသားစုရဲ့ ပစ်ပယ်ခြင်းကို ခံထားရပြီး ညီမဖြစ်သူရဲ့ ကလေးကို ပြုစုစောင့်ရှောက်နေရတဲ့ ဝါယု (Wayu) ဆိုတဲ့ လူငယ်လေးတစ်ဦး။ ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားတွေ၊ မိသားစုရဲ့ ကန့်သတ်မှုတွေနဲ့ အတားအဆီးများစွာကို ကျော်ဖြတ်ပြီး သူတို့ရဲ့ တားမြစ်ထားတဲ့ အချစ်ကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းသိမ်းသွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။#LoveofSilom #thaiseries #2026series #mmsub #BL
တိုက်ဂါး အဖြစ် Ice Panuwat Premmaneenan ရင် အဖြစ် Yam Matira Tantiprasut ဇာတ်လမ်းအကျဉ်း နာမည်ကျော် ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ တိုက်ဂါး ဟာ သူ့ရဲ့ပထွေးဖြစ်သူ မသင်္ကာဖွယ် လုပ်ကြံခံရမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ် အဲဒီမှာ သူဟာ 3C Corporation ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်စွာ လှုပ်ရှားနေတဲ့ မီးလျှံဇာမဏီ ဆိုတဲ့ အန္တရာယ်ကြီးမားလှတဲ့ မြေအောက်ကွန်ရက်ကြီးအကြောင်းကို စုံစမ်းမိသွားပါတယ် အမှန်တရားကို ဖော်ထုတ်ဖို့အတွက် တိုက်ဂါး တစ်ယောက် ရုပ်ဖျက်ပြီး လျှို့ဝှက်စုံစမ်းမှုတွေ လုပ်နေရင်းနဲ့ ရင် ဆိုတဲ့ အမျိုးသမီးသက်တော်စောင့်တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ် ရင် ဟာလည်း သူမရဲ့ဖခင်ဖြစ်သူ စွပ်စွဲခံထားရတဲ့ လူသတ်မှုကနေ အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့အတွက် ကိုယ်ပိုင်လျှို့ဝှက်ချက်တွေနဲ့ ဒီအဖွဲ့အစည်းကို စုံစမ်းနေသူဖြစ်ပါတယ် သူတို့နှစ်ဦးရဲ့ စုံစမ်းစစ်ဆေးမှုတွေ ထပ်တူကျလာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု တည်ဆောက်ရင်းနဲ့ အချစ်စိတ်တွေပါ နိုးထလာခဲ့ပါတယ် ဒါပေမဲ့ ခြေလှမ်းတိုင်းမှာ အန္တရာယ်တွေ ဝိုင်းနေတဲ့အပြင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လက်မည်းကြီးကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူတို့နှစ်ဦးလုံးရဲ့ အသက်အန္တရာယ်နဲ့ အမှန်တရား ဘယ်အရာက ပိုအရေးကြီးမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာဖြစ်ပါတယ် နာမည်ကျော် ဒီဇိုင်နာ တိုက်ဂါး နဲ့ သက်တော်စောင့်မလေး ရင် တို့ကြားက လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ Action, Drama ရသစုံကို ခံစားရမယ့်အပြင် ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖန်တီးထားလို့ Drama series ကြိုက်သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးသစ်လေးဖြစ်တဲ့အတွက် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ကြည့်ရှူအားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်#WickedTemptation #thaiseries #2026series #mmsub
မှော်ဆန်ဆန် လျှို့ဝှက်ချက်တွေ ဖုံးလွှမ်းနေတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အရိပ်မှောင်ထဲမှာ... လူတွေလိုချင်တဲ့ အလိုရမ္မတ်မှန်သမျှကို ကြီးမားတဲ့ ပေးဆပ်မှုတစ်ခုခုနဲ့ လဲလှယ်ပြီး ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းရှိသူ၊ ဆွဲဆောင်မှုပြင်းပြီး နားလည်ရခက်တဲ့ လူငယ်လေး ဂျိန်း ပတ်ထရစ် (Jane Patrick) ရှိနေပါတယ်။ လူတိုင်းက သူ့ကို အန္တရာယ်ကောင်လို ကြောက်ရွံ့ပြီး ဝေးဝေးကရှောင်ကြပေမဲ့၊ မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ ချဉ်းကပ်လာခဲ့သူကတော့ ချောမောထက်မြက်တဲ့ ဘောလုံးသမားလေး ဂျင်နာလီ (Jennalee) ပဲ ဖြစ်ပါတယ်။ အများအမြင်မှာ အေးစက်လှတဲ့ ဂျိန်း ပတ်ထရစ် ရဲ့ ရင်ထဲက နူးညံ့မှုကို တစ်ဦးတည်းသောသူအဖြစ် မြင်တွေ့ခွင့်ရလာတဲ့ ဂျင်နာလီ တစ်ယောက် သူတို့နှစ်ဦးကြားက သံယောဇဉ် နက်ရှိုင်းလာတာနဲ့အမျှ... အသက်ရှူမှားလောက်မယ့် စုန်းပြာပုဏ္ဏားဆန်တဲ့ အချစ်၊ အမုန်း၊ အန္တရာယ်တွေကြားထဲ တားဆီးမရဘဲ တိုးဝင်မိရင်း ကြီးမားတဲ့ သဘာဝလွန် လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်သွားကြမယ့် အချစ်မိုးမှောင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။#DontBeTooEmotional #thaiseries #2026series #mmsub #BL #blackhole
"တစ်ညတာ အမှားတစ်ခုက ... တစ်သက်တာ နှောင်ကြိုးဖြစ်သွားခဲ့ရင်ကော.." ဆုန် အဖြစ် Nile Chanidapa Sommitthanakul ဖီယန် အဖြစ် Namwan Natchaya Vongbut ဇာတ်လမ်းအကျဉ်း အေးစက်စက်နဲ့ စာဂျပိုးဆန်တဲ့ အစားအသောက်သုတေသနပညာရှင် "ဆုန်"တစ်ယောက်.. တစ်ညမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဘာခံစားချက်မှမပါတဲ့ "တစ်ညတာ အချစ်ဇာတ်လမ်း" တစ်ခုကို စမ်းသပ်ခဲ့ပါတယ်.. ဒါပေမဲ့ နောက်တစ်နေ့ မနက်ခင်းမှာတော့ သူမရဲ့ဘဝကြီးက လုံးဝ ပြောင်းပြန်တွေဖြစ်သွားခဲ့ပါတော့တယ် ဘာလို့လဲဆိုတော့... သူနဲ့ အတူရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက တခြားသူမဟုတ်ဘဲ ကုမ္ပဏီဥက္ကဋ္ဌကြီးရဲ့ သမီး.. 'ဖီယန်' ဖြစ်နေလို့ပါ.. 'ဆုန်'က ရင်ခုန်သံတွေကို ဖုံးကွယ်ပြီး ဝေးဝေးပြေးဖို့ ကြိုးစားပေမယ့်..'ဖီယန်'ကတော့ အလျှော့ပေးမယ့်ပုံမရှိပါဘူး.. ပိုင်စိုးပိုင်နင်းနိုင်လွန်းတဲ့ 'ဖီယန်'က 'ဆုန်'ရဲ့ နောက်ကွယ်ကနေ တကောက်ကောက်လိုက်ပြီး နှလုံးသားကို အနိုင်ရယူဖို့ ကြိုးစားပါတော့တယ်.. ဒီလို သည်းသည်းလှုပ်ချစ်တဲ့ "ဖီယန်"ကို "ဆုန်"တစ်ယောက် ဘယ်အချိန်ထိ တောင့်ခံနိုင်မလဲဆိုတာကိုတော့ အတူစောင့်မျော်ကြည့်ရှုလို့ရပြီနော်။#ChasingLove #thaiseries #2026series #mmsub #GL #blackhole
ဒီဇာတ်လမ်းလေးမှာတော့ လလင်း နဲ့ ထနပ်ဆိုတဲ့လင်မယား ၂ယောက်ရှိပါတယ် သူတို့က အပြင်ကကြည့်ရင် အားကျစရာကောင်းတဲ့ အိမ်ထောင်သည် စုံတွဲတစ်တွဲပါ။ ထနပ် က ဇနီးကို အရမ်းချစ်ပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ လလင်း ရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်း လစ်ဟာနေတဲ့ ခံစားချက်တစ်ခု ရှိနေတယ်။ သူမ လိုချင်တာက ပစ္စည်းဥစ္စာတွေ မဟုတ်ဘဲ စိမတ်ပိုင်းဆိုင်ရာ နီးစပ်မှုနဲ့ စိတ်လှုပ်ရှားမှုအသစ်တွေ ဖြစ်နေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ လလင်း ဟာ သူမရဲ့ မပြည့်စုံတဲ့ ခံစားချက်တွေကို အခြားအမျိုးသားတွေဆီမှာ သွားရှာဖို့ စတင်ခဲ့တယ်။ ထနပ် က ဒီအခြေအနေကို သိသွားတဲ့အခါ အရမ်းထိခိုက်နာကျင်ရပေမယ့် ဇနီးကို မဆုံးရှုံးချင်တဲ့အတွက် လလင်း ကို အခြားယောက်ျားတွေနဲ့ တွေ့ခွင့်ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ Open Relationship အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အစပိုင်းမှာတော့ အရာအားလုံး အဆင်ပြေသလို ထင်ရတယ်။ လလင်း လည်း သူလိုချင်တဲ့ လွတ်လပ်မှုကို ရခဲ့တယ်။ ထနပ် လည်း ဒီနည်းနဲ့ အိမ်ထောင်ရေးကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ လလင်း ဟာ တခြားသူတွေနဲ့ ပိုမိုနီးစပ်လာသလို ထနပ် အပေါ် ခံစားချက်တွေလည်း ပြောင်းလဲလာတယ်။ တစ်ဖက်မှာလည်း ထနပ် က ဇနီးကို ခွင့်ပြုပေးခဲ့ပေမယ့် မနာလိုမှု၊ ဝမ်းနည်းမှုနဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားရတယ်။ တဖြည်းဖြည်းနဲ့ သူတို့ကြားမှာ လျှို့ဝှက်ချက်တွေ ပိုများလာတယ်။ ပြောမထွက်တဲ့ စကားတွေ၊ မျက်နှာချင်းဆိုင် မကြည့်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ သူတို့ ၂ယောက်ပြန်အဆင်ပြေသွားကြမလား ဒါမှမဟုတ်ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်.....#ClubFridayLoveStatusOpenRelationship #thaiseries #2026series #mmsub #blackhole
ရန်း အဖြစ် Ling Ling နင်း အဖြစ် Orm Kornaphat CH3ရဲ့ power GL Cpဖြစ်တဲ့ Ling_Ormကတော့ တတိယမြောက်ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာပါပြီ ဒီတစ်ခါမှာတော့ အရိုအချိုတွေလည်းပါသလို အလောင်အမြိုက်လေးတွေလည်းပါတာဆိုတော့ မတူညီတဲ့ပုံစံနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဆွဲဆောင်မှုရှိပြီး ထက်မြက်တဲ့ ရှေ့နေမလေးနဲ့ Gen-Z သူဌေးသမီးလေးတိုဟာ အကြောင်းအမျိုးမျိုးနဲ့ မိသားစုတွေရဲ့ ဖိအားပေးမှုတွေကြောင့် သူတိုရဲ့ အိမ်ထောင်ရေးကို လမ်းခွဲပြီး အဆုံးသတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သူတိုနှစ်ယောက်ကို ဒီအတိုင်း အလွတ်မပေးခဲ့ပါဘူး။ စီးပွားရေးအရ အရေးကြီးတဲ့ သဘောတူညီမှုတစ်ခုကြောင့် သူတိုနှစ်ယောက်ဟာ မဖြစ်မနေ ပြန်လည်ပေါင်းဖက်ရပြီး "ပျော်ရွှင်နေတဲ့ ဇနီးမောင်နှံ" အဖြစ် ပတ်ဝန်းကျင်ကို ဟန်ဆောင်ကြရတဲ့အခါ...။ ဟန်ဆောင်ပေါင်းသင်းနေရတဲ့ အတုအယောင် ဆက်ဆံရေးကြားထဲကနေ အရင်က တိမ်မြုပ်နေတဲ့ ခံစားချက်ဟောင်းတွေ ပြန်လည်နိုးထလာပါတော့တယ်။ တစ်ဖက်မှာ အချစ်မီးတောက်လေးတွေ ပြန်လည်တောက်လောင်လာသလို၊ တခြားတစ်ဖက်မှာလည်း အရင်က ဖုံးကွယ်ထားခဲ့တဲ့ နာကျင်စရာ ဒဏ်ရာဟောင်းတွေက ပြန်လည်ပေါ်ထွက်လာတဲ့အခါ...။ သူတိုနှစ်ယောက်ရဲ့ ပျက်စီးသွားတဲ့ အိမ်ထောင်ရေးက ဒုတိယအခွင့်အရေးတစ်ခု ထပ်ရနိုင်မလား... ဒါမှမဟုတ် တချိုအမာရွတ်တွေက ဘယ်တော့မှ ပျောက်ကင်းသွားမှာ မဟုတ်တော့ဘူးလား ဆိုတာကိုတော့.,,, ဒီသောကြာနေ့ကစပြီး လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ (၁၂) ပိုင်းပါ စီးရီးသစ်လေးဖြစ်လို GL ဖန်တွေအတွက်တော့ အပတ်စဉ် စောင့်ကြည့်ရမယ့် ကားကောင်းလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။#InLoveForever #thaiseries #2026series #mmsub #GL #blackhole
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath <ဇာတ်လမ်းအကျဉ်း> ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။ ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။#StrongWill #thaiseries #2026series #mmsub #blackhole
ဖိုင်လင်အဖြစ် Esther Supreeleela အွမ်စာအဖြစ် Alek Teeradetch Metawarayut နာမည်ရပြီသာ Korea ဇာတ်လမ်းတွဲကို ထိုင်း remake အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသမီးဖိုင်လင် ဟာ လက်ရွှေးစင် ကြက်တောင်ရိုက် ကစားသမားတစ်ဦးဖြစ်ပေ့မယ်လဲ အခုဟာ ကြက်ကြော်ပိုင်ရှင်ဘဝ အဖြစ် ဘဝကို ရုန်းကန်နေရှာသည်။ သူမက single mom အညီ သမီးတစ်ယောက်နဲ့ နာတာရှည်ရောဂါဖြစ်နေတဲ့ မောင်လေးကို စောင့်ရှောက်နေရတဲ့သူလည်းဖြစ်တယ်။ သမီး ခေါ့ဟွမ် င်္သချာမှာ အမှတ်ကောင်းအောင် ကျူရှင်တက်ခိုင်းသော်လဲ ပြသာနာအရှုပ်အယှက်ကြောင့် ထွက်ခဲ့ရသည်။ သူမလည်း အရူံးမပေးပဲ နာမည်ကြီး င်္သချာဂျူတာ အွမ်စာ မှာတက်ရဖို့ကြိုးစားခဲ့သည်။ ဒီလိုနဲ့ ကျောင်းသားမိဘနဲ့ ဂျူတာဆရာတို့ရဲ့ ချစ်ဇာတ်လမ်းစတင်ခဲဲ့သည်။ ဆယ်ကျော်အသက်တို့ရဲ့ဘဝအခက်အခဲ, ချစ်ဇာတ်လမ်း မိဘမေတ္တာတို့ထင်ဟပ်အောင်ဖော်ပြထားသည့် ဒီ comedy-drama ဇာတ်လမ်းတွဲကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုလို့ရပါပြီ။💁🏼♂️#CrashCourseInRomance #thaiseries #2026series #mmsub
အားလုံးနဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ GMMTVရဲ့legendaryအတွဲဖေတေတို့ရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ တိုတိုအဖြစ် Tay Tawan Vihokratana ခါနစ်အဖြစ် New Thitipoom Techa-apaikhunတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ <ဇာတ်လမ်းအကျဉ်း> ဒီဇာတ်လမ်းလေးကတော့ လေယာဉ်မောင်လေးရယ် ကယ်ဆယ်ရေး(EMT)အဖွဲ့ရယ် မတော်တဆဆုံမိရာကနေစတာပါပဲ လေယာဉ်မောင်လေးခါနစ်တစ်ယောက် အလွဲသုံးပါးEMTအဖွဲ့နဲ့ အိတ်ချင်းမှားသွားရာကနေ အဲ့ဒီအဖွဲ့ထဲက တိုတိုဆိုတဲ့ကောင်လေးက ခါနစ်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုယူသုံးမိရာကနေ အကုန်အခိုးခံလိုက်ရရော။ ပစ္စည်းဖိုးမလျော်နိုင်ရင် လူအားနဲ့အကြွေးဆပ်ဆိုပြီး ခါနစ်က တိုတိုကို အလုပ်တစ်ခုခိုင်းစားပါတော့တယ် အဲ့ဒါကတော့—သူ့ရဲ့ချစ်သူလေယာဉ်မှူးဖောက်ပြန်နေတာကို သက်သေရှာခိုင်းတာဖြစ်နေပါသတဲ့။ ဒါပေမဲ့ ကံကြမ္မာကမျက်နှာသာမပေးတော့ ခါနစ်ရဲ့ချစ်သူလေယာဥ်မှူးက တိုတိုကိုလာဘ်ထိုး/နှုတ်ပိတ်ပြီး အမှန်တရားကိုဖုံးကွယ်ခိုင်းလိုက်တဲ့အခါ...တိုတိုတစ်ယောက် လိမ်ညာမှုတွေကြားထဲပိတ်မိနေရင်း ခါနစ်နဲ့အတူတူရှိတဲ့အချိန်တွေများလာတဲ့အခါမှာတော့...အဲ့ဒီအလိမ်အညာတွေအတွက် သူကိုယ်တိုင်နောင်တရလာမယ့်အပြင် နှလုံးသားချင်းပါ ငြိတွယ်လာပါတော့တယ်။ အစပိုင်းမှာတော့ ရယ်မောရမယ့်အလွဲတွေနဲ့သွားပြီး နောက်ပိုင်းမှာတော့ လိမ်ညာမှုတွေကြားကသံယောဇဉ်ကြောင့် ရင်ခုန်စိတ်မကောင်းဖြစ်ရမယ့်Romance Dramaမျိုးလေးမလို့ အပတ်စဉ်သောကြာနေ့ညတိုင်းကြည့်ရှုအားပေးနိုင်ပါပြီ။#ADogAndAPlane #thaiseries #2026series #mmsub #BL #blackhole
Apple ဆိုတဲ့ဇာတ်ကားလေးအပြီးမှာ ဒုတိယမြောက်ဇာတ်လမ်းတွဲလေးနဲ့ ပွဲထွက်လာတဲ့ Orm-folk ရဲ့ ဇာတ်လမ်းတွဲသစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ "ရုပ်ဖျက်ထားလို့ အမှန်တရားကို ဖုံးကွယ်ထားနိုင်ပေမဲ့ နှလုံးသားထဲက ဖြစ်တည်လာတဲ့ ခံစားချက်တွေကိုတော့ ဘယ်တော့မှ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး..." သာယာလှပတဲ့ ထိုင်းရှေးခေတ်နောက်ခံ ဇာတ်ဝတ်တန်ဆာတွေနဲ့အတူ ကြည်နူးရင်ခုန်စရာကောင်းလှတဲ့ "My Lady's Bodyguard (2026)" ဆိုတဲ့ Thai Web Series အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ အရမ်းကို အရာရာ စပ်စုချင်တဲ့ သခင်မလေးတစ်ယောက်ကို အနီးကပ် ကာကွယ်စောင့်ရှောက်ပေးရမယ့် သက်တော်စောင့်မလေး တစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ တာဝန်အရ စောင့်ရှောက်ပေးရရင်းကနေ သခင်မလေးက သူ့ဘဝရဲ့ အလင်းရောင်လေး ဖြစ်လာတဲ့အခါ... သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေ ဘယ်လိုတွေ သန္ဓေတည်လာမလဲ၊ အခက်အခဲတွေကြားကနေ ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ Historical, Romance အမျိုးအစားဖြစ်တဲ့အတွက် ရှေးခေတ်အဝတ်အစား အပြင်အဆင်တွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး နှစ်ယောက်ရဲ့ Chemistry ကို မျက်စိအေးအေးလေး ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သခင်မလေးရဲ့ အချွဲတွေကြားမှာ ခပ်တည်တည် သက်တော်စောင့်မလေး ဘယ်လိုတွေ အရည်ပျော်မလဲဆိုတာကတော့ ပရိသတ်ကြီးကို အပြုံးမပျက်စေရဘူးလို့ အာမခံပါတယ်နော်။#MyLadysBodyguard #thaiseries #2026series #mmsub #GL #blackhole
နာမည်ကြီးKinnPorscheဇာတ်ကားထဲမှာ ဘော်ဒီဂတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့Basရဲ့main leadအနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားအသစ်လေးမှာတော့... ယွဲ့အဖြစ် Bas Asavapatr Ponpiboonနဲ့ ရာဝင်/ဆန်အဖြစ် Lhongchang Atip Korsinkaတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ <ဇာတ်လမ်းအကျဉ်း> ၁၉၇၆ခုနှစ်ရဲ့မုန်တိုင်းထန်လှတဲ့နိုင်ငံရေးကာလအတွင်းမှာ ဆုံးဖြတ်ချက်တစ်ခုနဲ့တောအုပ်ကြီးထဲကိုခြေချဝင်ရောက်လာတဲ့ကျောင်းသားလူငယ်တွေဟာ ဘန်ဆန်ဒေါင်(Ban Saeng Dao)ကရဲဘော်ရဲဘက်တွေဆုံတွေ့ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲတူညီတဲ့ဝါဒသဘောတရားလမ်းစဥ်တွေပေါ်မှာလျှောက်လှမ်းကြမယ့်လူတွေအနေနဲ့ ရဲဘော်ယွဲ့ကလည်း ဆန်ကိုနေ့တိုင်းသင်ကြားပေးရင်း သူတို့ကြားမှာရဲဘော်ရဲဘက်စိတ်ထက်ပိုတဲ့သံယောဇဉ်နှောင်ကြိုးတစ်ခုစတင်အမြစ်တွယ်လာပြီး ဒီနှောင်ကြိုးဟာ သူတို့ယုံကြည်ချက်အတွက်ရှေ့ဆက်မယ့်လမ်းမှာကြီးမားတဲ့ခွန်အားဖြစ်လာစေပါတယ်။ ဒီစီးရီးမှာ မင်းသားချောတွေဖြစ်ကြတဲ့ Basနဲ့Lhongchangတို့က ခက်ခဲတဲ့နိုင်ငံရေးလှိုင်းတံပိုးတွေကြားကအချစ်နဲ့ယုံကြည်ချက်ကို ရင်နင့်စရာပုံဖော်ထားတဲ့အတွက် အပတ်စဥ်ကြာသပတေးနေ့တိုင်း ကြည့်ရှုအားပေးလို့ရပါပြီ။#WhenLightFades #thaiseries #2026series #mmsub #BL #blackhole
ဒီဇာတ်လမ်းလေးမှာတော့ အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တစ်ဦးနဲ့ တွဲနေတဲ့သူပါ။ ဒါပေမယ့် အေးဝါးချစ်သူရဲ့ မိသားစုက အေးဝါး ကို အပြည့်အဝ လက်မခံရုံတင်မက အေးဝါးကိုပါ ဂရုမစိုက်သလိုလုပ်ပြပြီး အင်္ဂလိပ်လိုသာ ပြောဆိုဆက်ဆံကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပါတယ်။ မိသားစုရဲ့ လက်ခံမှုကို ရဖို့နဲ့ အလုပ်အတွက်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ဖို့အေးဝါး က အင်္ဂလိပ်စာ ဂျူတာ တစ်ယောက် ရှာဖွေရာကနေ ပန် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစပိုင်းမှာတော့ပန်နဲ့အေးဝါးက ဂျူတာ နဲ့ ကျောင်းသူ ဆက်ဆံရေးသာ ဖြစ်ပေမယ့် သင်ခန်းစာတွေကြားက နီးစပ်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကြောင့် သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။ ပန် က အေးဝါး ကို အခက်အခဲတွေကြားကနေ အမြဲကာကွယ်ပေးပြီး အားပေးကူညီပေးနေသလို အေးဝါး ကလည်း ပန် ဆီမှာ စစ်မှန်တဲ့ နွေးထွေးမှုကို ရှာတွေ့လာပါတယ်။ ဒါပေမယ့် အေးဝါး မှာ ရှိပြီးသား ချစ်သူရယ် လူမှုအဆင့်အတန်းကွာခြားမှုနဲ့ မိသားစုဖိအားတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ လွယ်ကူမနေပါဘူး။ အချစ်၊ အိပ်မက်နဲ့ ဘဝရွေးချယ်မှုများကြားမှာ အေးဝါး ဟာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်.....#MyTutorMyLove #thaiseries #2026series #mmsub #blackhole
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
