cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Movie World Main

Mostrar más
Publicaciones publicitarias
6 532
Suscriptores
+924 horas
+377 días
+14630 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Sapta Sagaradaache Ello (2023)
Mostrar todo...
Sam Bahadur (2023) ======🔷🔻🔷======
Mostrar todo...
Kahi De Ne Prem Chhe (2023) =======🔷🔻🔷=======
Mostrar todo...
Photo unavailableShow in Telegram
Nowhere(2023) ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်း အငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။
Mostrar todo...
Under Paris (2024) (ဇာတ်ကားသစ်) ၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris ရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thrillerအမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်ရောက်နေတာကို သိရှိလိုက်ရပါတယ်။အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးကသားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက်ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင်ကြိုးစားကြရပါတော့တယ်….
Mostrar todo...
Photo unavailableShow in Telegram
IF (2024) စိတ်ကူးတိုင်းဖြစ်မလာတတ်ပေမဲ့ ဖြစ်ချင်တာရှိတိုင်းစိတ်ကူးမိတဲ့ လူသားတိုင်းမှာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကရှိစမြဲပဲ၊ လောကဓံဒဏ်ခတ်မှုတွေကြောင့်သာရယ် အိပ်မက်တွေကိုကန့်သတ်မိခဲ့တာ၊ ကာလာမဲ့ဖြူစင်တဲ့ငယ်ဘဝမှာဆို စိတ်ကူးဉာဏ်တွေက အတိုင်းအဆမဲ့….. စိတ်ကူးယဉ်ကိုယ်ပိုင်ကမ္ဘာကိုဖန်တီးပျိုးထောင်ရင်း အရွယ်တစ်ခုရောက်လာချိန်ကျ လက်တွေ့ကမ္ဘာထဲဘောင်ဝင်အောင်ကြိုးစားရင်း ကိုယ်ပိုင်ကမ္ဘာကိုမေ့သွားတတ်ကြပါတယ်။ ဒီဇာတ်ကားမှာဆို လူသားတို့ငယ်စဉ်အခါက ဖန်တီးခဲ့တဲ့ စိတ်ကူးယဉ်ကမ္ဘာက မေ့လျော့ခံဇာတ်ကောင်တွေရဲ့ဇာတ်ကြောင်းတွေကို မီးမောင်းထိုးပြထားပါတယ်။ အဲဒီဇာတ်ကောင်လေးတွေကို IF လို့ခေါ်ပြီး ၊ IF တို့ကိုဖန်တီးခဲ့တဲ့ ပိုင်ရှင်ကလေးတွေက IF ကိုမေ့သွားတော့ ပိုင်ရှင်သစ်ရှာဖို့ လုပ်ငန်းစကြပါတယ်။ IF တို့ရဲ့လုပ်ငန်းမှာ ပါဝင်အားဖြည့်သူ“ ဘီ” ဆိုတဲ့ လူသားကလေးမလေးနဲ့အတူ ကယ်လ် (Ryan Reynolds ) တို့အတွဲညီညီဆောင်ရွက်ရင်း ပိုင်ရှင်သစ်ကိုဘယ်လိုရှာကြမလဲ ပိုင်ရှင်သစ်ကရော လက်ခံပါ့မလား။ IF တို့ရဲ့မူရင်းပိုင်ရှင်တွေကရော ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ အတူတူခံစားကြည့်ရင်း ကိုယ့်ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲလည်း တစ်ဖန်ပြန်ဝင်ကြည့်အမှတ်ရစေမယ့်ဇာတ်ကားဖြစ်တာမို့ တစ်ခါလောက်တော့ကြည့်ကြည့်ဖို့အကြံပေးပါတယ်။
Mostrar todo...
Photo unavailableShow in Telegram
Hi@t Ma@n (2024) ဇာတ်ကားသစ်✅ IMDb 7.2 Tomato 97% ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာ ကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့ လန်းလန်းတွေ ပါတာပေါ့။ ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမား တစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစား လူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှ သေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့ မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့ လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့ လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကို ခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီး သူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှ ရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ် လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေ နောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေ အဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။ အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့ သေချာပေါက် ကြည့်လိုက်ကြပါဦး။
Mostrar todo...
Photo unavailableShow in Telegram
Avatar The Way Of The Water ( 2022 )
Mostrar todo...
Photo unavailableShow in Telegram
Avatar ( 2009 )
Mostrar todo...
Photo unavailableShow in Telegram
The Bad Guys: Reign of Chaos [2019] မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသားပေါ်လွင်နေတယ်.. ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြမ်းကြမ်းနဲ့ ဘဲရီးပေါ့ ရိုးသားတဲ့ သူ့အပေါ် အကျင့်ယုတ်တဲ့သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ ဟန်ပန်ကို ကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ် ကိုယ့်ကိုကိုယ် အားမရမိတဲ့ ကျွန်တော်တို့ ဝိညာဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ် ဒါ့ကြောင့်ပဲ သူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်.. ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့် ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ် အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုပ်အထွေးတွေကို လိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာပါ ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို ဖိုက်တင်ခန်းတွေမှာလဲ အားပါ မာန်ပါလှတဲ့ ထိုးချက်တွေ၊ အက်ရှင်ခန်းတွေက တကယ်ကို ကြည့်ရူ့သူတွေကိုပါ အားမာန်တင်းစေပါတယ် #Credit
Mostrar todo...
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.