cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ᵖᵒᵉᵐˢ ᶠᵒʳ ᵗʰᵃᵗ ᵒⁿᵉ ᵖᵉʳˢᵒⁿ

Publicaciones publicitarias
9 636
Suscriptores
+2824 horas
+1867 días
+82730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Mostrar todo...
from "hi" to "bye thank you for everything"

ကိုကြီးတွေကြိုက်ရတဲ့အကြောင်းအရင်းကလေ ကိုကြီးတွေက စကားပြောရင် ရိုးရိုးတန်းတန်းမပြောဘူး သူတို့စကားပြောရင် "ကိုယ်ကလေ" "အကိုကလေ" "ကိုကြီးကလေ" ဆိုပြီး သုံးနှုန်းပြောတယ် မိန်းကလေးတွေကိုခေါ်ရင်လည်း ညီမလေး ဆိုပြီးပြီပေါ့ အဲ့လိုမဟုတ်ဘူး "ညီမ" "ကလေး" "သဲငယ်" "အငယ်" "ငယ်" "ကလေးမ" "ကောင်မလေး" "အမိ" "ပေါက်စ" "အသေးလေး" "ပိစိ" "အူကြူး" "ပူတူး" "ချာတိတ်" လို့ ခေါ်နေမှတော့ ရင်က ခုန်ပြီး ကြိုက်မိသွားတာပေါ့လို့ 😞🖐️ -crd

ဘယ်လောက်ပဲ ထက်မြက်နေပါစေဦး နားထောင်ပေးတဲ့ နားတစ်စုံ ရှိနေမှ ဘဝက သက်တောင့်သက်သာ ပိုရှိလာတယ်။ သိလား ဒီနေ့ ဒီမှာမိုးတွေ ရွာနေတယ် ညနေ 7 နာရီမှ ဒီမှာ နေဝင်တယ် ဘာတွေ ဖြစ်နေလဲ သိလား စသဖြင့် နေ့တိုင်း ပြောစရာကို မကုန်နိုင်ဘူး။ ရီစရာ ဟာသတွေကိုလည်း သူနဲ့ပြန်ပြောပြီး ရီနိုင်တယ်။ အဆင်မပြေတဲ့အကြောင်းအရာတွေကိုလည်း သေးသေးလေးကအစ ဘယ်သူက မျက်လုံးနဲ့ ဘယ်လိုဝေ့လိုက်လဲ ဆိုတာအဆုံး မျက်လုံးထဲ မြင်အောင် သေချာပြောပြတယ်။ သူကလည်း ကိုယ်ပြောတာတွေကို သေချာ အာရုံစိုက်ပြီး နားထောင်ပေးတယ်၊ အကြံဉာဏ်ပေးတယ်။ ဘဝမှာ နားထောင်ပေးတတ်တဲ့ နားတစ်စုံရှိနေတာ ကံကောင်းခြင်းပါပဲ ။ 🤎 -crd
Mostrar todo...
48❤‍🔥 3 1👍 1🐳 1
သေးသေးလေးက အစ ဘာပဲဖြစ်ဖြစ် အကုန် ပြောပြချင်တယ်။ အားနည်းချက်တွေရော၊ ဝမ်းသာစရာတွေရော ငိုစရာတွေရော၊ ရယ်စရာတွေရော အားလုံး မင်းကို ပြောပြချင်တယ်။ ဘာပဲ လုပ်လုပ် တိုင်ပင်ချင်တယ်။ ဘယ်ကိုပဲ သွားသွား အတူတူခေါ်သွားချင်တယ်။ ဝမ်းနည်းနေတဲ့အခါ မင်းကို နှစ်သိမ့်စေချင်တယ်။ ပျော်စရာတွေ ရှိတဲ့အခါ အတူတူမျှဝေချင်တယ်။ အတူတူရယ်ချင်တယ်၊ အတူတူငိုချင်တယ် အရာအားလုံး မင်းနဲ့ အတူတူ လေ။ ငါ့မှာက မင်းတစ်ယောက်တည်းပဲရှိတော့ တစ်ခုခုဆို မင်းကို အရင်ဆုံးသတိရတယ်။ 🤎 -အောင်သူမိုး
Mostrar todo...
32🎄 4❤‍🔥 2 1👾 1
ချစ်လျက်နဲ့ဝေးသွားခဲ့ကြတယ်လို့ဆိုတဲ့စကား ကြားတော့ပြုံးမိတယ် တကယ်တော့... ချစ်လျက်နဲ့ ဝေးတယ်ဆိုတာမျိုးမရှိပါဘူး စိတ်ရင်းမှန်နဲ့သာ နီးချင်ကြရိုးဆို ထောင်သောင်း မကသော နည်းလမ်းတွေနဲ့ နီးစပ်အောင်ကြိုးစားလို့ရတာပဲ တစ်ယောက်" (သို့) တစ်ဖက်"က လက်လျှော့လိုက်လို့သာ တစ်နည်းအားဖြင့် အဲ့တစ်ယောက်" (သို့) တစ်ဖက်"က လူကသာ မချစ်တော့လို့ပဲဖြစ်ပါလိမ့်မယ်။ -crd
Mostrar todo...
🍓 47💔 17 14 3❤‍🔥 2👍 1🥰 1😭 1
တစ်ယောက်ထဲနေရတဲ့ အရသာကို တဖြည်းဖြည်းနဲ့ တကယ်သဘောကျလာတာနော် အထီးမကျန်ဘူးလားလို့ မေးစရာရှိမှာပေါ့ အလုပ်မရှိ၊ ဝါသနာမရှိဘဲ အချစ်တစ်ဘာသာပဲကိုးကွယ်သူ မဟုတ်တော့ ကျွန်တော့်အတွက်တော့အဆင်ပြေပါတယ် မျက်လုံးဖွင့်တာနဲ့ သူများအကြောင်းထက် ဒီနေ့ဘာစားမယ်၊ ဘယ်အလုပ်ဖြတ်မယ်၊ ‌အချိန်လေးပိုရင် ကြည့်ချင်တဲ့ဇာတ်ကားလေးကြည့်မယ်၊ မိသားစု၊သူငယ်ချင်းတွေနဲ့ dateရင်dateမယ် သေချာတွေးရင်ပိုတဲ့အချိန်တောင်မရှိဘူး ငွေရှာနိုင်တဲ့လူဆို ပိုလို့တောင်နေပျော်သေး ကိုယ်ရှာသမျှနဲ့ ကိုယ့်အတွက်ပျော်ရွှင်စေမယ့်အရာတွေ ပြန်ဖန်တီးခွင့်ရှိတယ် ဘယ်သူ့အတွက်မှတွေးပေး ပူပန်ပေးစရာမလိုတဲ့ဘဝ ဘာအနေမတတ်စရာရှိလဲ အဓိကကတော့ ဘာမှ အာရုံမနောက်ခြင်းပဲ ကိုယ့်စိတ်ကူးစိတ်သန်း ဖြစ်လိုတဲ့ဆန္ဒတွေ၊ ဝါသနာတွေ၊ အိပ်မက်တွေ နောက်ပြီးရပ်တည်ချက်တွေအပေါ်မှာ ပိတ်ပင်တားဆီးမဲ့သူရှိမနေဘူးမလား အမှီခိုကင်းပြီး ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အစွမ်းအစရှိကြည့် အချစ်ဟာဘဝမဟုတ်ဘဲ ဘဝရဲ့အစိတ်အပိုင်းတစ်ခုဆိုတာမြင်လာလိမ့်မယ် နောက်ပြီးတစ်ယောက်ထဲလည်း အဆင်ပြေလာလိမ့်မယ်။ -crd
Mostrar todo...
20 2
00:05
Video unavailableShow in Telegram
ဂိမ်းကစားရင် ဘောနပ်စ်တွေ ရမှာဆို‌တော့ Telebet MM မှာအခုပဲ အကောင့်သစ်ဖွင့်လိုက်ရအောင်နော် 😍🎉📲 TELEBET MM စိတ်ချမှန်ကန်တဲ့ ဝဘ်ဆိုဒ် ခေတ်မှီဆန်းသစ်တဲ့ ဂိမ်းများ တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှု အကောင့်သစ်ဘောနပ် ၅၀% လစဉ် ရှုးကြေးပြန်ပေး ၅% Viber Ph - +959 944456666 Link:   https://msng.link/o?+959944456666=vi Telegram - @telebetmmofficial Line - https://msng.link/o?telebetmm=ln Page - Telebet MM Link - https://www.facebook.com/profile.php?id=100079743347204
Mostrar todo...
02 (1).mp45.37 MB
Mostrar todo...
from "hi" to "bye thank you for everything"

လူတွေဟာ တန်ဖိုးထားဆက်ဆံခံရတာကြိုက်တယ်။ ဘယ်လောက်ပဲ သံယောဇဥ်ရှိပါတယ်ပြောပြော တန်ဖိုးမထားရင် သူ့ကို တန်ဖိုးထားမယ့်အရပ်က်ို တဖြေးဖြေး လွင့်စင် သွားမှာ ဒါကိုယုံ။ အခုနောက်အကြံပြုဖြစ်တာက တန်ဖိုးထားဖို့ပဲ ကျွန်တော်ပြောဖူးပါတယ် တစ်ချို့အရာတွေ ဆုံးရှုံးလိုက်ရတယ်ဆိုတာ ကိုယ်တိုင်ကြောင့်ပဲ ဘယ်သူ့ပယောဂမှ မပါတဲ့ အကြောင်း။ - Lionel Sn -

6 1🐳 1
Photo unavailableShow in Telegram
အခက်ခဲဆုံး အချိန်က အိပ်ရာနိုးချိန် -ThawTar
Mostrar todo...
😢 75 10💔 2😭 2
"Let them lose you" သူတို့မင်းကို ဆုံးရှုံးပါစေ... တန်ဖိုးဆိုတာ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ တန်ဖိုးမသိတဲ့ လူရဲ့ လက်ထဲမှာ ဘယ်လောက် အဖိုးတန်တဲ့ အရာဖြစ်နေပါစေ အရောင်မှိန်နေတတ်တယ်။ တန်ဖိုးသိတဲ့ လူရဲ့ လက်ထဲရောက်မှ တောက်ပတာပါ။ ဘဝမှာလေ လူအမျိုးမျိုးနဲ့ ကြုံရလိမ့်မယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မှေးမှိန်စေတဲ့ လူတွေနဲ့ရော တောက်ပစေတဲ့လူတွေနဲ့ရော ကြုံရလိမ့်မယ်။ တန်ဖိုးမထားတတ်တဲ့လူတွေရဲ့ လက်ထဲမှာ ကိုယ့်ရဲ့self-worthကို အကျမခံပါနဲ့။ ကိုယ်ဘယ်လောက် ကောင်းမွန်ပေးပေး တန်ဖိုးမထားတဲ့လူတွေကြောင့်နဲ့ စိတ်သောက မရောက်ပါနဲ့ မတန်ပါဘူး။ အဲဒီလိုဆက်ဆံရေးတွေကိုလည်း အတင်းကာရော ဆွဲမထားပါနဲ့။ မနေချင်ရင် ထွက်သွားခွင့်ပေးလိုက်ပါ။ Let them lose you. ဘဝမှာ တကယ်တော့ အရှုံးနဲ့အနိုင်အပေါ် ခြားထားတဲ့စည်းက နောင်တကင်းခြင်း၊ မကင်းခြင်းပဲ။ တစ်ချို့လူတွေကို ဆုံးရှုံးပြီးတော့မှ သူတို့ရဲ့ တန်ဖိုးကို သိကြတယ်။ ဆုံးရှုံးပြီးမှ နောင်တရကြတယ်။ နောင်တရ/မရကလည်း သူ့ brain levelနဲ့သူပဲ။ ကိုယ့်အလုပ်မဟုတ်ဘူး။ ကြားဖူးတယ်မလား။ ကြယ်တွေကို ရေတွက်နေရင်းနဲ့ လမင်းကြီးနဲ့ ဝေးသွားတဲ့အဖြစ်မျိုးလေ... Whatever happens in life, just let it. Let them go and lose you; you deserve better than that sh*t. #စူးရှမေ
Mostrar todo...
32❤‍🔥 10👍 2 1🔥 1💘 1
မဆက်သွယ်ဖြစ်တော့ရုံပါ လွမ်းတာတော့ လွမ်းပါတယ် ။ ဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့ရတာပဲလေ... ဘယ်လိုလုပ်လွယ်လွယ်လေး မေ့ပစ်နိုင်မှာလဲ ။ အချိန်တိုင်းမဟုတ်ရင်တောင် တမ်းတမ်းတတကို လွမ်းပါတယ် ။ ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ရုံပါနော် ။ မာနတွေထားခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ... သူနဲ့ပတ်သက်ရင် ကိုယ့်မှာ မာနဆိုတာလဲ မဲ့ခဲ့သလို ထားဖို့လဲ သတိမရခဲ့တာ ခုမှတော့လဲ တကူးတကကြီးထားမနေတော့ပါဘူး... ဆက်သွယ်ချင်နေမိတဲ့စိတ်ကို မင်းမှ မပြောချင်ပဲလေဆိုတဲ့ စိတ်နဲ့ ဖြေလိုက်တာပါ ။ အလွှတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို မဖျက်ပဲထားခဲ့တာ သူနဲ့ဝေးခဲ့တဲ့ ရက်တွေကတည်းကနေ တစ်ခါတစ်လေမှ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့ သူ့အသံလေးကြားချင်ရုံတစ်ခုတည်းနဲ့ ရူးမိုက်ချင်မိတဲ့စိတ်တွေ ဖြစ်မိတယ် ပြီးရင် ကိုယ်ပဲ စဆက်ပြီး ကိုယ်ပဲ ဆက်ငိုနေရမှာလေ ။ ဒီတိုင်းလေးလွမ်းနေတာပဲကောင်းပါတယ် ။ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သူ အသက်ရှင်နေတာပဲဆိုတဲ့ စိတ်လေးနဲ့ နေနိုင်အောင် နေကြည့်ဖို့ပဲ တွေးပါတယ် ။ ကိုယ်က လွမ်းနေပေမယ့်လဲ သူက မေ့နေပြီးသားအရာတစ်ခုကို အစပြန်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် ထပ်မသတ်ချင်တော့တာလဲ ပါတာပေါ့ ။ ဆက်သွယ်မိနေပြန်ရင်လဲ အလေးမထားတဲ့ အပြောမျိူးတွေ ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေအောက်မှာ ကိုယ်ပဲ ပြိုလဲနေရမှာ သိတယ် ။ မင်းကို သိပ်ကိုလွမ်းတာပေါ့... ဒါပေမယ့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မဆက်သွယ်မိအောင် အတတ်နိုင်ဆုံးထိန်းပါတယ် ။ #ကျေးကို
Mostrar todo...
21💔 8 2🍓 2💘 2❤‍🔥 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.