cookie

Utilizamos cookies para mejorar tu experiencia de navegaciĂłn. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

𝐙𝗼𝗱𝗶𝗮𝗰 𝐖𝗼𝗿𝗹𝗱

Zodiac signsတွေကိုအဓိကတင်ပေးသွားမှာပါဗျ Don't share link !!! Start date.17.6.2024 #koe

Mostrar mĂĄs
Publicaciones publicitarias
506
Suscriptores
+424 horas
+67 dĂ­as
+5530 dĂ­as

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
Sagittarius ♐ ( November 22- December 21) November 22ရက်နေ့မှ December 21ရက်နေ့အတွင်းမွေးဖွားသူများကို Sagittarius ရာသီဖွားများဟုသတ်မှတ်ကြပါတယ်။ Sagittarius ရာသီဖွားများကိုမီးဓာတ်ကစိုးမိုးပါတယ်။ Sagittarius ရာသီခွင်ရဲ့ကိုယ်စားပြုပန်းဟာ Carnationပန်းဖြစ်ပါတယ်။ Carnation ပန်းရဲ့သိပ္ပံအမည်မှာ " Dianthus caryophyllus"ဖြစ်ပါတယ်။ Carnation ပန်းများဟာလူသားတွေရှေးအကျဆုံးစိုက်ပျိုးခဲ့တဲ့ ပန်းမျိုးစိတ်တွေထဲကတစ်ခုဖြစ်ပါတယ်။ ထိုပန်းတွေဟာ ရောမနှင့်ဂရိခေတ်များထဲကလူသိထင်ရှားခဲ့တဲ့ပန်းမျိုးစိတ်တွေဖြစ်ပါတယ်။ ဒဏ္ဌာရီအချို့အရ ဂရိရုက္ခဗေဒပညာရှင် Theophrastus ဟာ ထိုပန်းအမည် Dianthus ကို anthosဆိုသောစကားလုံးနှင့်နတ်ဘုရားပေါင်းစပ်ထားသော အမည်အဖြစ်မှည့်ခေါ်ခဲ့တယ်လို့ ဆိုကြပါတယ် #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤ 7
Photo unavailableShow in Telegram
Scorpio ♏️ (October23-November22) October 23ရက်နေ့မှ November 22နေ့အတွင်းမွေးဖွားသူများကို Scorpio ရာသီဖွားဟုသတ်မှတ်ကြပါတယ်။Scorpioရာသီဖွားများကိုရေဓာတ်ကစိုးမိုးပါတယ်။ Scorpio ရာသီခွင်၏ကိုယ်စားပြုပန်းဟာ Geranium ဟုခေါ်သောရေမွေးပန်းတစ်မျိုးဖြစ်ပါတယ်။ Geranium ပန်းများသည် တောင်အာဖရိကဇာတိမျိုးရင်းပန်းများဖြစ်ပြီး ၁၇ရာစုတွင် ဉရောပဘက်သိုပျံ့ပွားခဲ့ပါတယ်။ထိုခေတ်အခါတွင် Geranium ပန်းများဟာအလွန်လူကြိုက်များခဲ့တဲ့ ပန်းများဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း၂၅၀မှ၃၀၀ကြားရှိပြီး ယခုအခါတွင်တော့ မျိုးစ်ိတ်ပေါင်းသောင်းနဲ့ချီရှိနေပီဖြစ်ပါတယ်။ ထိုပန်းများကို များစွာသော အလှကုန်ပစ္စည်းများ ရေမွှေးများ ဇိမ်ခံအသုံးအဆောင်များတွင် ထည့်သွင်းအသုံးပြလျက်ရှိပါသည် #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤ 12
Photo unavailableShow in Telegram
Libra ♎ (September 23- October22) September 23ရက်နေ့မှ October 22ရက်နေ့အတွင်းမွေးဖွားသူများကို Libraရာသီဖွားဟုသတ်မှတ်ကြပါတယ်။ Libraရာသီဖွားများကိုလေဓာတ်ကစိုးမိုးပါတယ်။ Libraရာသီဖွားများရဲ့ကိုယ်စားပြုပန်းပါနှင်းဆီပန်းဖြစ်ပါတယ်။ရှေးခေတ်ဂရိလူမျိုးများဟာနှင်းဆီနီများကိုနတ်ဘုရားရုပ်များတွင်ကျယ်ပြန့်စွာသုံးစွဲကြပြီး အချစ် အလှအပနဲ့ကာမ နတ်ဒေဝီ Aphroditeပုံများပူဇော်မှုများတွင် ပိုမိုသုံးစွဲခဲ့ကြတယ်။ နှင်းဆီနီဟာ နတ်ဘုရားမ Aphroditeရဲ့ကိုယ်စားပြုပန်းအဖြစ်သတ်မှတ်ကြပါတယ်။ နောက်ပိုင်းတွင်တော့အစောပိုင်း ခရစ်ယာန်ခေတ်ရောက်လာသောအခါ နှင်းဆီနီကို အပျိုစင်မာရီ၏သီလအတွက် ကိုယ်စားပြုသုံးစွဲလာခဲ့ကြပါတယ် #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤‍🔥 9❤ 1
Photo unavailableShow in Telegram
Virgo ♍ (August 23-September22) August 23ရက်နေ့မှSeptember22ရက်နေ့အတွင်းမွေးဖွားသူများကို Virgo ရာသီဖွားဟုသတ်မှတ်ပါတယ်။Virgoရာသီဖွားများကို မြေဓာတ်ကစိုးမိုးပါတယ် Virgo ရာသီခွင်ရဲ့ကိုယ်စားပြုပန်းဟာ Chrysanthemumဟုခေါ်သောဂန္ဓမာပန်းဖြစ်ပါတယ်။ဂျပန်လူမျိုးတို့ကဂန္ဓမာပန်းသည် နေမင်းကိုကိုယ်စားပြုပန်းလို့ ယုံကြည်လက်ခံထားကြပြီး ရာကူဇာ ဂိုဏ်းသားများဟာ သူတို့၏ဆေးမင်ကြောင်များတွင် ဂန္ဓမာပန်းပုံများ ထည့်သွင်းရေးဆွဲကြတဲ့ဓလေ့ရှိပါတယ်။ တရုတ်လူမျိုးတွေဟာ ဂန္ဓမာပန်းတွင် အသက်စွမ်းအင်ကိန်းအောင်းနေတယ်လို့လက်ခံယုံကြည်ကြပါတယ်။ #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤ 10
ဘယ် sign တွေကို မဒိတ်သင့်ဘူးလဲ ?? Aries : သူတို့အတွက် မင်းက သူတို့ဘဝရဲ့ ဝင်ပြိုင်ရမယ့် ပြိုင်ပွဲ  တခုလိုပဲ သဘောထားပါတယ် .. Taurus : နွားသိုး ကြိုးပြတ် ခေါင်းမာသူတွေပါ .. Gemini : သူ့ဖက်က ချစ်နေမချစ်နေ သင်ဘယ်တော့မှ သေသေချာချာ မသိနိုင်ပါဘူး .. တကယ့်တကယ်တော့လည်း သူတို့က သင့်ကို ချစ်မနေပါဘူး .. Cancer : လှောင်အိမ်ထဲပိတ်ထားပြီး အစာကျွေး ရေတိုက် စောင့်ရှောက်ထားတဲ့ Pet လး ဖြစ်ချင်ရင်တော့ သူတို့ကို ရွေးပါ .. သူတို့ကို သင်က ရန်ပြုမယ့် အရိပ်အယောင် ပြမိရင်တော့ လှောင်အိမ်ထဲက ဆွဲထုတ် လမ်းဘေးပစ်လိုက်မှာပါ .. Leo : Perfect ဖြစ်ပြီးသား သူတွေမို့ အဆိုး ပြောစရာမရှိပါဘူး .. Virgo : သူတို့လိုချင်တဲ့ အချက်တွေ တန်းစီ ချရေးပေးပါလိမ့်မယ် .. Libra : ဧည့်ခန်းထဲစီထားတဲ့ ဂုဏ်ယူစရာ ဆုတံဆိပ်တွေ တွေ့ဖူးကြတယ်မလား ?? အဲဒါ သင့်ဘဝ လို့တွေးကြည့်ပါ .. Scorpio : စာပုဒ်ရှည်မှာစိုးလို့ ကျော်လိုက်ပါရစေ .. အကျဉ်းချုပ်ကတော့ " ငါ့အချစ်ကို လက်ခံမလား ကမ္ဘာပေါ်က ပျောက်ကွယ်သွားမလား တောသားများ ? " ဆိုတာပါပဲ .. Sagittarius : Relation အကြောင်းပြောမယ့်အစား မြောက်ဝန်ရိုးစွန်း ဖြစ်ဖြစ် ဧဝရက်တောင်ဖြစ်ဖြစ် သွားကြမယ့်သူတွေပါ .. Capricorn : စာချုပ်ချုပ်ပြီး သေချာပြီဆိုမှ သင့်ကို ယုံပေးမှာပါ .  Aquarius : မြောက်ကိုရီးယားထက် စည်းကမ်းတင်းကြပ်တာ လူအများနဲ့ မဆက်ဆံပဲ တျောက်တည်း နေရတာ ကြိုက်ရင်တော့ သဘောပေါ့ .. Pieces : ငါး ၂ ကောင် လမ်းပျောက်ပြီး တိုင်ပါတ်နေတဲ့ထဲ ဝင်ပါချင်တယ်ပေါ့လေ #koe #Credit #zodiac_sign #forward_only မောနင်းဗျ
Mostrar todo...
❤ 11💔 3
Photo unavailableShow in Telegram
Leo ♌ ( July23-August22) July23ရက်နေ့မှAugust22ရက်နေ့အတွင်းမွေးဖွားသူများကိုleoရာသီဖွားဟုသတ်မှတ်ပါတယ်။leoရာသီဖွားတွေကိုမီးဓာတ်ကစိုးမိုးပါတယ်။ Leoရာသီဖွားတွေရဲ့ကိုယ်စားပြုပန်းဟာ Sunflower ဟုခေါ်သော နေကြာပန်းဖြစ်ပါတယ်။ နေကြာပန်းနဲ့ပတ်သက်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါသေးတယ်။ Greek mythology ထဲကနတ်သမီးငယ်တစ်ပါးဟာ မူလနေနတ်ဘုရားHeliosကိုချစ်မိကာ စွဲလန်းလွန်းသဖြင့်Heliosနေရထားမောင်းနှင်နေခြင်းကိုနေ့စဉ်တောင်ကုန်းတစ်ခုပေါ်မှာ စောင့်ကြည့်နေခဲ့ပါတယ်။Heliosကိုတနေ့တာပတ်လုံးစောင့်ကြည့်နေတဲ့ ထိုနတ်သမီးငယ်ဟာ အချိန်ကြာသောအခါ နေကြာပန်းအဖြစ်ပြောင်းလဲသွားတယ်လို့ဆိုကြပါတယ်။ အချို့ရာဇဝင်များတွင်တော့ နေနတ်ဘုရားHeliosဟာ တစ်နေ့မှာ သူနေရထားမောင်းရာတောက်လျှောက်လှည့်ပတ်ကြည့်နေတဲ့ ထိုနေကြာပန်းပင်လေးကို မြင်ကာစုံစမ်းကြည့်မှ နတ်သမီးငယ်ရဲ့အဖြစ်ကိုကြားခဲ့ရပြီး သနားစိတ်ဝင်ကာထိုနတ်မိမယ်ကို နတ်အသွင်ပြန်ပြောင်းပေးကာ လက်ထက်ခဲ့တယ်လို့ဆိုကြပါတယ် (ရာဇဝင်လေးကိုသဘောကျမိ) #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤ 10
Photo unavailableShow in Telegram
Cancer ♋  (June21-July22) June21ရက်နေ့July22ရက်နေ့တွင်မွေးဖွားသူများကို cancer ရာသီဖွားများဟုသတ်မှတ်ပါတယ်။Cancerရာသီဖွားများကိုရေဓာတ်ကစိုးမိုးပါတယ်။ Cancer ရာသီခွင်ရဲ့ကိုယ်စားပြုပန်းဟာအဖြူရောင်နှင်းဆီဖြစ်ပါတယ်။သမိုင်းကြောင်းအရအဖြူရောင်နှင်းဆီဟာ အပြစ်ကင်းစင်မှုနှင့်သန့်ရှင်းမှုတို့ကို ကိုယ်စားပြုပါတယ်။၁၄ရာစု အင်္ဂလန်တွင်အဖြူရောင်နှင်းဆီသည် နှင်းဆီနီLancaster Family နှင့်ရင်ဆိုင်ခဲ့ရသည့် မြို့စား၏ရိုးရာသင်္ကေတပုံဖြစ်ပြီး နှင်းဆီစစ်ပွဲဟုကျော်ကြားပါသည်။ယနေ့ခေတ်တွင် နှင်းဆီဖြူသည် မင်္ဂလာပွဲများ သတို့သမီးပန်းစည်းများ အခြားသော ရည်ရွယ်ချက်များစွာဖြင့်အသိမှတ်ပြုသုံးစွဲလျက်ရှိပါသည် #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤ 11
Photo unavailableShow in Telegram
Gemini ♊ (May21-june20) May21ရက်နေ့မှ june20ရက်နေ့အတွင်း မွေးဖွားသူများကိုGeminiရာသီဖွားများဟုသတ်မှတ်ပါတယ်။Geminiရာသီဖွားကိုလေဓာတ်ကစိုးမိုးပါတယ်။ Gemini ရာသီခွင်ရဲ့ကိုယ်စားပြုပန်းဟာLavendarဖြစ်ပါတယ်။ My lavender လို့တစ်စုံတစ်ဦးကိုခေါ်တာဟာ ထိုသူဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူနဲ့မဆုံခင်အထိ ကိုယ်မမြင်ဖူးခဲ့တဲ့ လှပတဲ့ အရာတွေကို ဖြစ်ပေါ်စေသူ ပြသနိုင်သူလို့ အဓိပ္ပာယ်ရပါတယ် #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤ 14
Hello,my lovely Subscribers  🤍 Adm လိုရင်မွန်းကိုလာခေါ်လို့ရပါတယ်နော် Post တင်ရင်သပ်သပ်ရပ်ရပ်နဲ့ @ တစ်ခုထဲပဲသုံးပါမယ်ရှင့် Bot နဲ့ Click here လဲမသုံးပါဘူးနော် Quotes နဲ့ Knowledge အဓိကတင်ပါမယ် ကိုယ့်ch ကစာရှည်ရီးတေဖတ်ရတာမပျင်းဘူးဆိုရင် သမိုင်းကြောင်းတေပါတင်ပေးပါတယ်နော် လူကတော့မခေါ်တတ်လို့ ch မှာတပတ်တခါ add post တင်ပေးပါမယ်ရှင့် ခေါ်ချင်ရင် Dm လာပေးပါ @shinehtet2525 #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝
Mostrar todo...
❤ 7
Photo unavailableShow in Telegram
Taurus ♉ (April 20-May20) April 20ရက်နေ့မှMay20အတွင်းမွေးဖွားသူများကို Taurus ရာသီဖွားလို့သတ်မှတ်ပါတယ်။ Taurus ရာသီဖွားများကို မြေဓာတ်ကဆိုးမိုးပါတယ်။ Taurus ရာသီခွင်ရဲ့ကိုယ်စားပြုပန်းဟာ Poppyဟုခေါ်သောဘိန်းပင်ဖြစ်ပါတယ်။ ဘိန်းပင်ရဲ့Botanical nameဟာ"papaverrhoeas"ဖြစ်ပ့တယ်။ အနီရောင်ဘိန်းပင်များဟာ နှစ်သိမ့်ခြင်း အောက်မေ့ခြင်း သေဆုံးခြင်းတို့ကို ကိုယ်စားပြုပါတယ်။ အလားတူပင် ဘိန်းသည်လည်းငြိမ်သင်ခြင်းမှသေခြင်းအထိကိုယ်စားပြုသော အရာဖြစ်ပါတယ်။ဘိန်းသည်သာမန်အိပ်စက်ခြင်းကို ကိုယ်စားပြုသောဘုံသင်္ကေတဖြစ်ပါတယ်။ ရှေးခေတ်အခါက လူတွေဟာအုတ်ဂူတွေပေါ်မှာ ဘိန်းသီးတွေထားရှိတဲ့ ဓလေ့တွေ့ရှိခဲ့ပြီး ထိုအရာဟာထာဝရအိပ်စက်ခြင်းကို ကိုယ်စားပြုပါတယ် #koe #Credit #zodiac_sign #forward_only
Mostrar todo...
❤‍🔥 13❤ 1🔥 1
Elige un Plan Diferente

Tu plan actual sĂłlo permite el anĂĄlisis de 5 canales. Para obtener mĂĄs, elige otro plan.