cookie

Utilizamos cookies para mejorar tu experiencia de navegaciĂłn. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

𝗝𝗮𝘇𝘇𝘆 𝗠𝗼𝘃𝗶𝗲𝘀 𝗠𝗺𝘀𝘂𝗯 𝗹𝗶𝗻𝗸

ᴏᴡɴᴇʀ ᴀᴄᴄᴏᴜɴᴛ : @Jack_888jack

Mostrar mĂĄs
Publicaciones publicitarias
15 207
Suscriptores
+2824 horas
+1937 dĂ­as
+89630 dĂ­as

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
The Child Who Would Not Come (2021) IMDB (6.2/10) Horror ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကိုရီးယား Horror ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ် (IMDB 6.2) ရရှိထားပြီးတော့ ဒါရိုက်တာ ယူယောင်းဆွန်းရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်..ဒီဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Yoon-seok Jeong , So-hye Kim , Kyu Hyun Lee တို့ဖြစ်ကြပါတယ် လူမှုဆက်ဆံရေးတွေ အများအားဖြင့် ကျောင်းတွေမှာ ကြောက်စရာအကောင်းဆုံးအကြီးအမားဆုံးအရာကတော့ အမေ့ခံရတာပါပဲ ကြောက်စရာကောင်းတဲ့အရာတွေဟာ လုပ်ငန်းသင်ဆရာမလေးဂျောင်ဆူအာက ကျောင်းကို မလာတဲ့ကျောင်းသားလေး ဘူယောင်းဆော့နဲ့ တွေ့ရာကနေ စတင်ခဲ့ပါတယ် အတန်းတွင်းလူခေါ်တဲ့နာမည်စာရင်းထဲမှာရှိပေမယ့် အခေါ်မခံရတဲ့ကျောင်းသားတစ်ယောက်အကြောင်းပိုပြီး သိချင်လာလေလေ၊ ကြောက်စရာကောင်းတဲ့အဖြစ်တွေ ပိုမိုပြီး ဖြစ်ပျက်လာလေလေဆိုတော့ ဘယ်လိုမျိုး မြုပ်ကွက်တွေနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင် တင်ဆက်ထားလဲဆိုတာကိုတော့ #Credit https://t.me/English_series_mmsub/836
Mostrar todo...
Photo unavailableShow in Telegram
The Body (2012) ------------------------ IMDB (7.5/10) ဇာတ်လမ်းကိုမကြည့်ခင်မှာ ဒီကားရဲ့ Rating ကိုမြင်ရုံနဲ့ ဇာတ်ကားကောင်းတစ် ကားဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး ဒီဇာတ်လမ်းလေးကတော့ ကျွန်တော်တို့ နေထိုင်နေတဲ့ လောကကြီးထဲမှာ နေ့စဉ်ဖြစ် လေ့ဖြစ်ထရှိတဲ့ ကားတိုက်မှု့ မတော်တဆမှူတွေ ရမ်းကားမှုတွေ တာဝန်မဲ့တဲ့ လူတွေကို ပညာပေးထားတဲ့ကားပါ ဇာတ် လမ်းအစမှာ လုံး၀ဇာတ်ကို ကောင်းကောင်းကြီးဖုံးအုပ်ထားပြီး ပြီးခါနီးလေးမှသာ လှလှပပကြီးဖွင့်ချသွားတာပါ ဇာတ်လမ်းပြီးခါနီးလေ ကောင်းလေပဲ၊ ဇာတ်လမ်းအစလာတာနဲ့ လူသေရုံမှာည စောင့်အလုပ်သမားဟာ ထိတ်လန့် ခြင်းများစွာနဲ့ လူသေရုံထဲကနေ ပြေးထွက်လာခဲ့ပါတယ် သူဘာလို့လန့်ပြီး ပြေးထွက်လာတာလဲ၊ ဒီကားလေးကလည်းဘရိုးစင်းတယ်ထင်ရပေမယ့်.ရှုပ်ထွေးမှုနဲ့ လျှိုဝှက်ချက်တွေပြည့်နှက်နေပါတယ် #Crd https://t.me/Horror_movies_mmsub/4998
Mostrar todo...
Photo unavailableShow in Telegram
Husband Killers (2017) ခင်​ပွန်​းဖြစ်​သူရဲ့ကတိကိုယုံကြည်​တဲ့ ​ကြေးစားလူသတ်​သမ​လေးတစ်​ဦး….ချစ်​သူရဲ့သစ္စာကိုယုံကြည်​ပြီးဆယ်​နှစ်​​ကျော်​ အတူ​နေ​နေခဲ့တဲ့ ​ကောင်​မ​လေးတစ်​​ယောက်​….နဲ့ မိန်​းမအပြင်​ ​နောက်​ထပ်​ချစ်​သူတစ်​​ယောက်​ရှိ​နေမှန်​းသိရက်​နဲ့ အဲ့လူကိုဆုံးရှုံးရမှာ​ကြောက်​လို့တွယ်​ကပ်​​နေတဲ့ ရဲ​မေတစ်​ဦး…..သူတို့သုံး​ယောက်​လုံးရ့ချစ်​သူက တစ်​​ယောက်​ထဲဆိုတဲ့အဖြစ်​မှန်​ကိုသိသွားတဲ့​နောက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ အ​သေသတ်​ဖို့ကြိုးစားကြ​ပေမယ်​့သူတို့သုံး​ယောက်​လုံးရဲ့အချစ်​ကိုပိုင်​ဆိုင်​ထားတဲ့ ထို​ယောကျ်​ားက ​လေး​ယောက်​​မြောက်​ချစ်​ရသူ​နဲ့ ​ပေါင်​းဖက်​ရဖို့ ဒီမိန်​းမသုံး​ယောက်​ကိုလှည်​့ကွက်​သုံးပြီး ​အစ​ဖျောက်​ခိုင်​းတဲ့အခါ….ဖိုက်​တာမသုံး​ယောက်​ ဒီလှည်​့ကွက်​ကို ဘယ်​လိုအန်​တုရင်​ဆိုင်​ကြမလဲ……? https://t.me/Horror_movies_mmsub/4996
Mostrar todo...
Photo unavailableShow in Telegram
The Thundermans Return (2024) Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့ Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊ အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက် လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီး ဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုး အဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်း Thundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆ ထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် ... https://t.me/Movies_mmsub_j/7054
Mostrar todo...
Photo unavailableShow in Telegram
My Name Is Loh Kiwan (2024) ———————————— ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ် မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့ မာရီလိုခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖိုဖြစ်လာပါတော့တယ်ဒုက္ခပေါင်းများစွာနဲ့ သူတိုနှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ သူတိုတွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာ https://t.me/Movies_mmsub_j/7052
Mostrar todo...
It's a Wonderful Life (1947)
It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး ကြည့်ရှုရန်
Mostrar todo...
❤ 3
Photo unavailableShow in Telegram
The Seeding (2023) CM ပရိတ်သတ်ကြီးအတွက်ခုတစ်ခါ တင်ဆက် ပေးလိုက်တာကတော့ ၂၀၂၄ ထွက် The seeding ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းလေးကတော့ ဓာတ်ပုံဆရာတစ်ယောက်ဟာ ကန္တာရထဲမှာ နေကြတ်တာကို ဓာတ်ပုံသွားရိုက်နေရင်း လမ်းပျောက်နေတဲ့ ကလေး တစ်ယောက်နဲ့တွေ့ခဲ့ပါတယ် ကလေးကိုကူညီရင်းနဲ့ တစ်ယောက်တည်းလမ်းပျောက်နေရင်း လူသူမရှိတဲ့ ကန္တာရထဲမှာ ထူးထူးခြားခြားအိမ်ကလေးတစ်လုံးကို တွေ့လိုက်ရပါတယ် အဲဒီအိမ်မှာအနားယူရင်းမနက် မိုးလင်းတဲ့အခါ သူကန္တာရထဲက ကျင်းတစ်ခုထဲမှာ အိမ်ပိုင်ရှင်အမျိုးသမီးနဲ့အတူပိတ်မိနေတာကိုသိလိုက်ရတဲ့အခါ …… လျှို့ဝှက်ချက်တွေအပြည့်နဲ့ဇာတ်လမ်းတစ်ပုဒ်ကို ရင်ထိတ်သည်းဖို ကြည့်ရှုရဦးမှာပါ... https://t.me/Horror_movies_mmsub/4993
Mostrar todo...
Elige un Plan Diferente

Tu plan actual sĂłlo permite el anĂĄlisis de 5 canales. Para obtener mĂĄs, elige otro plan.