es
Feedback
Let's Answer

Let's Answer

Ir al canal en Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Mostrar más

📈 Análisis del canal de Telegram Let's Answer

El canal Let's Answer (@letsanswerch) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 880 suscriptores, ocupando la posición 16 878 en la categoría Educación y el puesto 10 406 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 880 suscriptores.

Según los últimos datos del 25 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -1 033, y en las últimas 24 horas de -11, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.13%. Durante las primeras 24 horas tras publicar, el contenido suele obtener N/A% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 847 visualizaciones. En el primer día suele acumular 0 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 4.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 26 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.

11 880
Suscriptores
-1124 horas
-1337 días
-1 03330 días
Archivo de publicaciones
သံဖြူဒြပ်စင် (Tin) ၏ဒြပ်စင်သင်္ကေတကို ရွေးပါ။ #𝓜ɪɴ𝓙ᴏᴏɴ𝓗ʏᴜɴɢ
Anonymous voting

How many country in the world? #chlish #quiz
Anonymous voting

Who's the president of Myanmar? #chlish #quiz
Anonymous voting

What food do a lot of people in Myanmar eat for every meal? #chlish #quiz
Anonymous voting

What is the former name of Myanmar? #chlish #quiz
Anonymous voting

မင်" ပျောက်သွားလို့ တောင်းပန်ပါတယ် အဂျစ်တို့ #chlish

 ကဲကြာပန်းအကြောင်းကိုမင်မင်နဲ့အတူတူလေ့လာကြရအောင်။ ကြာပင် (Nymphaea) သည် 'နင်ဖီအေးစီး'မျိုးစဉ်တွင် ပါဝင်သည်။ ရေ၌ပေါလောပေါ်ပေါက်၍ အပွင့်ပွင့်သော အပင်မျိုး အားလုံးမှာ နင်ဖီအေးစီးမျိုးစဉ်ဝင်အပင်များ ဖြစ်သည်။ ကြာပင်သည် ရေကန်အင်းအိုင်များတွင်လည်းကောင်း၊ ချောင်းရိုး ကမ်းစပ်များတွင်လည်းကောင်း ပေါက်ရောက်သည်။ အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားသည်။ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲ ပေါ်လျက်ရှိသည်။ ကြာပွင့်များသည် ကြာရွက်ဝိုင်းများ အကြားမှ ငွါးငွါးစွင့်စွင့် ရေပြင်ပေါ်တွင် ပွင့်ကြသည်။ ပွင့်ညှာတစ်ခု အဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်သည်။ ပွင့်ညှာတွင် အရွက်များ လုံးဝမပေါက်ချေ။ ကြာပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြားစွာရှိသည်။ ဝတ်ဆံဖိုတံများမှလည်း အများအပြား တစ်စုတစ်ဝေးတည်း ပေါက်ကြသည်။ ဝတ်ဆံမ တံတားတစ်ခုတည်းပင် ရှိသည်။ ဝတ်ဆံမတံ၏ အဖျားတွင် ပြားနေသော ဝတ်ဆံမ ထိပ်တစ်ခုရှိသည်။ အိုဗာရီခေါ် မျိုးစေ့အိမ်ကြီးထဲ တွင် မျိုးမှုန်အမကလေးများစွာ ပါရှိသည်။ ကြာပွင့်ကြာရွက် တို့နှင့် ဆက်သောကြာရိုးတို့မှာ လေလျှောက်နိုင်သော ခေါင်းပွများ ဖြစ်ကြသည်။ လေနှင့် အလင်းရောင်ကို ရေပေါ်တွင်ရှိသော အရွက်များက သိုမှီး၍ သတ္တုဓာတ်နှင့် ရေတို့ကိုကား အမြစ်များက စုတ်ယူကြသည်။ ကြာပွင့်များမှာ မျိုးကိုလိုက်၍ အရောင်အမျိုးမျိုးရှိသည်။ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုးရှိလေသည်။ အများအားဖြင့် ကြာဖူးများသည် နံနက်အရုဏ် တက်ချိန်တွင် ပွင့်ကြ၍ ညနေ နေဝင်ခါနီးတွင် ပြန်၍ငုံသွားကြ သည်။ အချို့ ကြာမျိုးသည် ညနေတွင် ပွင့်ကြသည်။ ကြာပွင့် သည် ၃ ရက်လောက်သာ ခံသည်။ ၃ ရက်မှ လွန်လျှင် ညှိုးနွမ်းသွားလေ့ရှိသည်။ ကုမုဒြာကြာသည် ညအခါ လရောင်ခံ၍ ပွင့်သည်ဟု ဆိုကြသည်။ ကြာပွင့်၏ အလယ်တွင် ကြာခွက်ကလေးများ ရှိသည်။ ကြာပွင့် မကြီးရင့်မီ ကြာခွက်မှာ မြင်နိုင်ရုံလောက်သာ ရှိ၏။ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေကျပြီးနောက် တွင် ကြာခွက်သည် တဖြည်းဖြည်း ကြီးရင့်လာသည်။ ကြာခွက်ထဲမှ ကြာစေ့များကို ကလေးသူငယ်များသည် သရေစာအဖြစ် စားတတ်ကြသည်။ ကြာပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြားစွာရှိသည်။ ဝတ်ဆံဖိုတံများမှလည်း အများအပြား တစ်စုတစ်ဝေးတည်း ပေါက်ကြသည်။ ဝတ်ဆံမ တံတားတစ်ခုတည်းပင် ရှိသည်။ ဝတ်ဆံမတံ၏ အဖျားတွင် ပြားနေသော ဝတ်ဆံမ ထိပ်တစ်ခုရှိသည်။ အိုဗာရီခေါ် မျိုးစေ့အိမ်ကြီးထဲ တွင် မျိုးမှုန်အမကလေးများစွာ ပါရှိသည်။ ကြာပွင့်ကြာရွက် တို့နှင့် ဆက်သောကြာရိုးတို့မှာ လေလျှောက်နိုင်သော ခေါင်းပွများ ဖြစ်ကြသည်။ လေနှင့် အလင်းရောင်ကို ရေပေါ်တွင်ရှိသော အရွက်များက သိုမှီး၍ သတ္တုဓာတ်နှင့် ရေတို့ကိုကား အမြစ်များက စုတ်ယူကြသည်။

" လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "
၁။မလိမ်ပါနဲ့ 🔑 လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊ မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။ ၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့ 🔑 အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။ ၃။မမုန်းပါနဲ့ 🔑 ခဏတာရှင်သန်ရတဲ့ ဘဝေလးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။ ၄။စိတ်မပူပါနဲ့ 🔑 ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။ အကောင်းမြင်တတ်အောင် ကြိုးစားပါ။ လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။ ၆။အမြင့်ဆုံးမှန်းပါ 🔑 ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။ အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။ ၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ 🔑ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။ ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။ အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။ ၈။ရိုးစင်းစွာ ရှင်သန်ပါ 🔑 တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။ ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။ ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။ ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။ ၉။များများပေးကမ်းပါ 🔑 ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။ ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။ ၁၀။အမြဲတမ်းပြုံးပါ 🔑 ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။ ၁၁။လက်မလျှော့နဲ့ 🔑 ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။ စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။ ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။ ၁၂။လက်လွှတ်တတ်ပါ။ 🔑 ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။ ၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ 🔑 လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။ ၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ 🔑 တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။ သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အများကို ထောက်ပြတတ်တယ်။ ၁၅။အချိန်ကို နေရာပေးပါ၊၊ မစောင့်ပါနဲ့ 🔑 အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။ တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ် #Credit_to_Writer #Knowledge #Ruby

သဲလေးတို့ရေမင်မင်ဘာထပ်တင်ပေးရဦးမလည်းဗျ #Venn

ဇုစ်(အဂ်လိပ်: Zeus)သည် နတ်ဘုရားများထဲတွင် အဓိကအကျဆုံး နတ်မင်းကြီး ဖြစ်သည်။ ဂရိဒဏ္ဍာရီအရ အိုလံပတ်တောင်တော်ပေါ်မှ လူနတ်လောကကို အုပ်ချုပ်မင်းလုပ်ကာ စိုးစံတော်မူ၏။ ရောမဘာသာစကားဖြင့်မူ ယူပီတာ (Jupiter)ဟု အမည်တွင်လေသည်။ ၎င်းမှာ အိုလံပတ်စ်တောင်မှ နတ်ဘုရားများ၏ အကြီးအမှူး ဖြစ်သလို ကောင်းကင်ကို အစိုးရသောနတ်ဘုရားလည်းဖြစ်ပေသည်။ ဇူးစ်ကို အနုပညာလက်ရာပစ္စည်းများတွင် ဩဇာရှိသော အသက်အရွယ်ရသော မုတ်ဆိတ်ကျင်ဆွယ်နှင့် အမျိုးသားတစ်ဦးအဖြစ် ပုံဖော်ကြသည်။ လက်နက်မှာ လျှပ်စီးမိုးကြိုးသွားဖြစ်သည်။ သူ့ကို သိမ်းငှက်၊ နွားသိုး နှင့် ဝက်သစ်ချပင်အိုစသည့် သင်္ကေတများနှင့်လည်း ရံခါဖော်ပြကြသည်။ အိမ်ထောင်ရေး နတ်တို့သနင်း မင်းဖြစ်ပြီးနောက် အစ်မတော်စပ်သူ ဟီရာ(Hera)အားမိဖုရားကြီးမြှောက်ခဲ့သည်။ ဟီရာကို အိမ်ထောင်ရေးနတ်ဘုရားမ ဟုသိရှိရသည်။ ဇူးစ်မှာ အိမ်ထောင်ရေးအရှုပ်တော်ပုံ များကာ ဟီရာမှာလည်း ဇူးစ်ရဲ့ မိန်းမကိစ္စများတွင် အမြဲတစေပါဝင်ကာ မိမိပြိုင်ဘက်များကို နှိမ်နင်းခြင်းတွင်လည်း နာမည်ကြီးသူဖြစ်သည်။ ဇူးစ်နတ်မင်းသည်ကား နတ်သမီးများသာမက လူသားအမျိုးသမီးများနှင့်လည်း ရှုပ်⁠ရှုပ်ထွေးထွေး ဖြစ်ခဲ့သည်။ တချို့မူကွဲများတွင် ငယ်ရွယ်သော ယောက်ျားလေးများနဲ့ပါ ပတ်သတ်မှုများရှိခဲ့သည်။ လူနှင့်ရသော သားသမီးများ၊ နတ်နှင့်ရသော သားသမီးများရောမြောက်မြားစွာရှိ၏ ။ #Knowledge #Venn

ကိုပင်ဟေဂင်မြို့ရှိ ပိုဆိုက်ဒန်ရုပ်တု #Dαіsу
ကိုပင်ဟေဂင်မြို့ရှိ ပိုဆိုက်ဒန်ရုပ်တု #Dαіsу

ကိုပင်ဟေဂင်မြို့ရှိ ပိုဆိုက်ဒန်ရုပ်တု #Dαіsу
ကိုပင်ဟေဂင်မြို့ရှိ ပိုဆိုက်ဒန်ရုပ်တု #Dαіsу

ကိုပင်ဟေဂင်မြို့ရှိ ပိုဆိုက်ဒန်ရုပ်တု #Dαіsу
ကိုပင်ဟေဂင်မြို့ရှိ ပိုဆိုက်ဒန်ရုပ်တု #Dαіsу

ဂရိပင်လယ်နတ်ဘုရားများ ဂရိဒဏ္ဍာရီတွင် ပင်လယ်ပြင်နှင့်သက်ဆိုင်သော၊ ပင်လယ်သမုဒ္ဒရာကို အစိုးရသော ပင်လယ်နတ်ဘုရား များစွာရှိသည်။ ဂရိနိုင်ငံ၏ မြို့များစွာသည် မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်တွင် တည်ရှိကြ၍ ပင်လယ်ပြင်သည် ဂရိလူမျိုးများအတွက် အရေးပါသကဲ့သို့ အန္တရာယ်များ၍ ကြောက်စရာလည်းကောင်းသည်။ ဂရိဒဏ္ဍာရီ၌ ရေ၊ ရေထုနှင့် ပတ်သက်သော နတ်ဘုရားများစွာရှိရာ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်၊ စိမ့်စမ်း၊ ရွှံ့နွံ့အိုင် စသည်တို့တွင် အသီးသီးသော နတ်များစွာရှိကြသည်။ ဤဒဏ္ဍာရီအရ ထင်ရှားကျော်ကြားသော ပင်လယ်နတ်ဘုရားအချို့ကို အောက်၌ဖော်ပြထားသည်။ ပွန်းတပ်စ် ပွန်းတပ်စ်သည် ရှေးဦးနတ်ဘုရားတစ်ပါးဖြစ်၍ ဟီးဆီးယဒ်၏ သီယိုဂန်နီကဗျာတွင် ပါရှိသည်။[၂] ယင်း၌ပြဆိုသည်မှာ ပွန်းတပ်စ်သည် သမုဒ္ဒရာရေပြင်ဖြစ်၏။ ဤသမုဒ္ဒရာပင်လယ်ရေပြင် ခေါ် ပွန်းတပ်စ်ကို ကမ္ဘာမြေနတ်ဘုရားမ (တိုက်တန်) ဂိုင်ယာက မေထုန်မှုမပြုဘဲ ဖွားမြင်ခဲ့၍ ပင်လယ်ပြင်နှင့် သက်ဆိုင်သမျှ ဘဝတို့၏ ဖခင်ဖြစ်သည်။ ထို့နောက် ဂိုင်ယာနှင့် ပေါင်းစပ်၍ နိယာရီးယပ်စ် (Nereus)၊ သောမတ်စ် (Thaumas)၊ ဖောစစ် (Phorcys)၊ ဆီးတို (Ceto )၊ ယော်ရစ်ဘီးယား (Eurybia) တို့ဖွားမြင်ခဲ့သည်။ နိယာရီးယပ်စ် နိယာရီးယပ်စ်ကို ပင်လယ်ပြင်၏ မူလအစ အဖိုးအိုဟူ၍ သိရှိကြကာ ငါးအမြောက်အမြားကို ထောက်ပံ့ပေးသည့် နတ်ဘုရားတစ်ပါးဖြစ်သည်။ လိုသလို ပုံအသွင်ပြောင်းနိုင်စွမ်းရှိသော်လည်း ဟဲရာခလီးဇ်၏ ဖမ်းဆီးခြင်းခံရ၍ ဟဲရာခလီးဇ် လိုအပ်သော သတင်းအချက်လက်များကို ပြောပြခဲ့ရသည်။ ဖောစစ် အိုဆီးယန်နပ်စ် (Oceanus) သည် တိုက်တန်နတ်ဘုရားတစ်ပါးဖြစ်၍ ယူရာနပ်စ် (သို့) ယူရေးနပ်စ် (ကောင်းကင်) နှင့် ဂိုင်ယာ (မြေကမ္ဘာ) တို့၏ သားတစ်ပါးဖြစ်၏။ တိတိကျကျဆိုရလျှင် ၎င်းသည် ပင်လယ်နတ်ဘုရားတစ်ပါး မဟုတ်ပေ။ သို့သော် ၎င်းကို ကမ္ဘာမြေကိုပတ်၍ စီးဆင်းနေသော မြစ်ကြီး၏ နတ်ဘုရားတစ်ပါးအဖြစ် ယူဆကြသည်။ တက်သစ် (Tethys) နှင့် အိမ်ထောင်ပြု၍ မြစ်စောင့်နတ်သမီးများစွာ (နင့်ဖ်များနှင့် အခြားမြစ် နတ်သမီးများ) ၏ ဖခင်ဖြစ်သည်။ ပိုဆိုက်ဒန် ဂရိနတ်ဘုရားအပေါင်း၌ ပင်လယ်ပြင်နှင့်ဆိုင်သော နတ်များစွာ၌ အထင်ရှားဆုံးမှာ ပိုဆိုက်ဒန် ဖြစ်၏။ အိုလံပတ်တောင်နတ်ဘုရား ၁၂ ပါးထဲတွင်လည်း ပါဝင်သော စွမ်းအားကြီးနတ်ဘုရားဖြစ်ကာ ဇုစ်နှင့် ညီအကို တော်စပ်သည်။ ဇုစ်နှင့် အပေါင်းပါတို့ အိုလံပတ်တောင်ကို သိမ်းယူပြီးနောက် ဇုစ်က ပိုဆိုက်ဒန်ကို ပင်လယ်ရေပြင်အား အပိုင်စားပေးခဲ့သည်။ ပိုဆိုက်ဒန်သည် မြင်း၊ ငလျင်နှင့်သက်ဆိုင်သော နတ်ဘုရားဖြစ်ကာ ဟိုးမား၏ အောဒဆီကဗျာရှည်တွင် ပါဝင်မှုရှိကာ များစွာသော ဒဏ္ဍာရီဇာတ်လမ်းများတွင်လည်း ရေးသားဖွဲ့ဆိုခြင်းခံရသူတစ်ဦးဖြစ်သည်။ #Dαіsу #К𝗇оѡІᥱძgᥱ #ძо_𝗇оt_cо⍴у

နပိုလီယန်ကို ၁၇၆၉ ခုနှစ် သြဂုတ်လ ၁၅ရက်နေ့တွင်မွေးဖွားပြီး ၁၈၂၁ မေလ၅ရက်နေ့တွင်သေဆုံးခဲ့သည်။ပြင်သစ်တော်လှန်ရေးတွင်ပထမဆုံးဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့ပြီး ပထမပြင်သစ်အင်ပါယာရဲ့ဧကရာဇ်တစ်ဦးဖြစ်ခဲ့သည်။ ကော်စီကာကျွန်းတွင် မိခင်မုဆိုးမမှမွေးဖွားခဲ့ပြီး မမွေးဖွားမှီ ၁၅လ အလိုတွင်မှ ကော်စီကာကို ပြင်သစ်တို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်က အခြားသော ကော်စီကာ မျိုးချစ်များနည်းတူ ပြင်သစ်တို့ကို တော်လှန်ရန် ဆန္ဒရှိခဲ့ဖူးသည်ဟုဆိုသည်။ သို့သော် အသက် ၁၆ နှစ် အရွယ်တွင် ပြင်သစ်ဗိုလ်သင်တန်းတက်ရောက် ပြီးနောက်တွင် ပြင်သစ် အမြောက်တပ်တွင် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ပြင်သစ်မြေကို အင်္ဂလိပ်တို့လက်မှ ပြန်လည်တိုက်ယူသည့် နာမည်ကျော် ၁၇၈၃ တိုးလုံတိုက်ပွဲတွင် ၎င်း၏အမြောက်တပ်ကို ဦးဆောင်ပြီး အသက်ငယ်ငယ်နှင့် ကောင်းစွာအစွမ်းပြနိုင်၍ ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခန့်ထားခံရပြီးနောက် နာမည်ရလာခဲ့သည်။ #Knowledge #Venn

ကဲအသဲလေးတို့ရေခဏနေနပိုလီယန်အကြောင်းတင်ပေးမယ်နော် #Knowledge #Venn

ကမ္ဘာပေါ်တွင် ငလျင်ဒဏ် ကို အများဆုံးခံရသော နိုင်ငံကိုဖြေပါ။ #Zack #lastQuiz
Anonymous voting

ဒုတိယကမ္ဘာစစ်အတွင်း အများဆုံး ချမ်းသာကြွယ်ဝလာခဲ့သော နိုင်ငံကိုဖြေပါ။ #Zack
Anonymous voting

ကမ္ဘောဒီးယား နိုင်ငံ၏ မြို့တော်ကို ဖြေပါ။ #Zack
Anonymous voting

"ငွေတာရီ" ၏ ခင်ပွန်းကို ဖြေပါ။ #Zack
Anonymous voting