es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Let's Answer

Let's Answer

Ir al canal en Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Mostrar más

📈 Análisis del canal de Telegram Let's Answer

El canal Let's Answer (@letsanswerch) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 10 983 suscriptores, ocupando la posición 18 375 en la categoría Educación y el puesto 10 575 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 983 suscriptores.

Según los últimos datos del 14 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -226, y en las últimas 24 horas de -7, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 8.29%. Durante las primeras 24 horas tras publicar, el contenido suele obtener 2.67% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 911 visualizaciones. En el primer día suele acumular 293 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 22.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 15 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.

10 983
Suscriptores
-724 horas
-477 días
-22630 días
Archivo de publicaciones
Morning ဘေဘီတို့သာယာတဲ့နေ့လေးုဖစ်ပါစေဗျာ #Alex

တွင်းနက်( Black Hole) ဆိုသည်မှာ အာကာသအတွင်း အဆန်းကြယ်ဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးရာတွေထဲက တစ်ခုဖြစ်သည်။ သူတို့သည် သိပ်သည်းဆ အလွန်များပြားသောအရာများ ဖြစ်သည်။ အိုင်းစတိုင်း၏ နှိုင်းရသီအိုရီ (Relativity Theory) အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေ ဖြစ်သည်။ ဒြပ်ဆွဲငင်အားအလွန်ကြီးမားသောကြောင့် စကြာ၀ဠာထဲတွင် အမြန်ဆုံးဟုဆိုသော အလင်းတောင် ပြန်မထွက်နိုင်ပေ။ တွင်းနက်က ထွက်လာသည့် အလင်းမရှိသောကြောင့် တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပေ။ သို့သော် အနီးအနားမှာရှိသော ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ဝိသေသလက္ခဏာတွေကတဆင့် တွင်းနက်ရဲ့ တည်ရှိမှုကို သိရှိနိုင်သည်။ဘဲဥပုံစံ ဂလက်ဆီ Messier 87၏ အလယ်ရှိ နေထုထည်ပေါင်း ၇ ဘီလီယံနီးပါးခန့်ရှိသော အင်မတန်ကြီးမားသည့် တွင်းနက်ကြီးကို Event Horizon Telescope မှ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရိုက်ကူးထားပုံဖြစ်သည်။ တွင်းနက်များ၏ တည်ရှိမှုကို ၁၉၁၆ ခုနှစ်ကတည်းက အဲလ်ဘတ် အိုင်းစတ်ိုင်း သူ၏ ဂန္ထဝင် ယေဘုရနှိုင်းရသီအိုရီတွင် ခန့်မှန်းပြီးသားဖြစ်သည်။ တွင်းနက် (Black Hole) ဆိုသည့် အခေါ်အဝေါ်ကိုမူ ၁၉၆၇ ခုနှစ်တွင် အမေရိကန်နက္ခတာရာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သော ဂျွန်၀ီလာ(John Wheeler)က မှည့်ခေါ်ခဲ့ပြီး တွင်းနက်ကို ၁၉၇၁ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့သည်။ တွင်းနက်အကြောင်းကို ပြောမယ်ဆိုပါက ကြယ်များအကြောင်းကို အရင်သိဖို့လိုသည်။ ကြယ်များသေဆုံးသွားပြီဆိုလျင် နောက်ဖြစ်နိုင်ခြေ သုံးမျိုးရှိသည်။ ပထမတစ်ခုမှာ ကြယ်ဖြူပု ခေါ် White Dwaf ဖြစ်ပြီး နေ၏ ထုထည်ထက် ၁.၂ ဆ အောက်မှာရှိသော ကြယ်များသေဆုံးလျင် ဖြစ်ပေါ်လာသည်။ အက်တမ်တွေကို မယိုယွင်းစေတဲ့ ကွမ်တန်အားတွေနဲ့ ဆွဲငင်အားပြိုပျက်မှုရန်ကနေ ကာကွယ်ပြီးသား ဖြစ်နေသော ကြယ်လေးတွေကို ခေါ်ခြင်းဖြစ်သည်။ အဲဒီ ၁.၂ဆ ဆိုတဲ့ ကန့်သတ်ချက်ကို ချန်ဒရေ့စ် ကန့်သတ်ချက် (Chandrasekhar Limit) ဟုခေါ်ပါသည်။ #Knowledge #Venn

Venn ဘာတင်ပေးရမလည်းဗျ #Venn

အင်္ဂလိပ်စကား မြန်မြန်ပြောတတ်အောင် ဘယ်လိုလုပ်မလဲ
တစ်ဖက်သား အင်္ဂလိပ်လို ပြောတာ ကိုယ်နားလည်ပေမယ့် ကိုယ်ပြန်မပြောတတ်ဘူး။ မပြောရဲဘူး။ တချို့ကလည်း ဘာပြန်ပြောရမလဲ မသိဘူး ဆိုပြီး မြန်မာကျောင်းသား အများစု ဖြစ်တတ်ကြပါတယ်။ ဒီလိုခေတ်မှာ English Speaking သွက်လာအောင် လေ့ကျင့်ဖို့ နည်းလမ်းတွေ အများကြီး ရှိလာပါပြီ။ အင်္ဂလိပ်လို ပြောဆိုသုံးတဲ့ နေရာတွေ၊ အင်္ဂလိပ်စကားပြောဝိုင်းတွေ၊ စကားပြောအသင်းတွေကို သွားရင်တော့ အကောင်းဆုံးပါပဲ။ စကားပြောကို အခြေခံကစပြီး ဘယ်လိုလေ့လာမလဲ။
(၁) စကားပြောရဲအောင်
စကားပြောမထွက်တာ မပြောလို့ပါ။ ဒါကြောင့် ကိုယ်က စပြောပါ။ ကိုယ်ကပြောရဲတဲ့သတ္တိကို ကိုယ်ပဲမွေးရမှာပါ။ ဒါကြောင့် မှားမှားမှန်မှန် ပြောထွက်ဖို့ အရေးကြီးပါတယ်။
(၂) မှားမှာမကြောက်ပါနဲ့
မြန်မာကျောင်းသား အများစုက အခြေခံပညာမှာ English speaking ကို အစစ်ဆေးမခံခဲ့ရတော့ တခြား writing နဲ့ grammar exams တွေလို မှားမှာ ကြောက်ကြပါတယ်။ ဒါကြောင့် မှားမှာ မကြောက်ပါနဲ့။ မှားမှာကို ကြောက်ပြီး မပြောတော့ရင် ရှိတဲ့အကြောင်းအရာကို ပြောထွက်အောင် ပြောဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မှားမှာ မကြောက်ပါနဲ့။
(၃) Grammar တွေအရမ်းမကျက်ပါနဲ့ Grammar တွေအရမ်းကျက်ထားတာလဲ တကယ်ပြောရာမှာ အဆင်မပြေလှပါဘူး။ သိတော့သိထားရပါမယ်။ ပြောရင်လည်း ထည့်သုံးရပါမယ်။ ဒါပေမယ့်လည်း ကျက်ထားတဲ့ အတိုင်း ပုံစံဝင်အောင်လိုက်ပြောနေရင် အင်္ဂလိပ်စကားပြောထွက်ဖို့ နှောင့်နှေးနိုင်ပါတယ်။ (၄) စိတ်တူကိုယ်တူ သူငယ်ချင်းစုပါ ကိုယ့်လိုပြောမယ့်သူအချင်းချင်း စုစည်းပြီး ခေါင်းစဉ်တစ်ခုခုကို အင်္ဂလိပ်လို ဆွေးနွေးတာမျိုး၊ အင်္ဂလိပ်လိုမပြောရင် ဖိုင်းကောက်ပြီး စာအုပ်စာတမ်း ဝယ်တာမျိုးလေးတွေ အချိန်ပေးလုပ်ကြည့်သင့်ပါတယ်။ ပြီးရင် အင်္ဂလိပ်လိုမျိုး အသုံးပြုတဲ့ workshop, presentation, activities တွေမှာ ပါဝင်ဆောင်ရွက်တာမျိုး၊ တက်ရောက်တာမျိုး လုပ်သင့်ပါတယ်။ (၅) များများနားထောင်ပါ ဘယ်လိုပြောတယ်ဆိုတာကိုသိဖို့ များများနားထောင်ရပါတယ်။ ဒါကြောင့် listening လုပ်နေရင်း အပြောအတွက်ပါ တစ်ခါတည်း မှတ်သားလေ့ကျင့်နိုင်ပါတယ်။ ရုပ်ရှင်တွေကနေလည်း သင်ယူနိုင်ပါတယ်။ (၆) စာဖတ်ပါ စာဖတ်မှ အသုံးအနှုန်းသိရမှာ ဖြစ်တာမို့ စာကို ပုံမှန်ဖတ်သင့်ပါတယ်။ အသံထွက်မသိရင်လည်း အဘိဓာန်ဖွင့်ကြည့်တာမျိုး ပြုလုပ်သင့်ပါတယ်။ (၇) Debate လုပ်ကြည့်ပါ English လို debate လုပ်ခြင်းဖြင့် အင်္ဂလိပ်လို ပိုပြောထွက်စေပါတယ်။ Debate လုပ်နေရင်း ကိုယ့်စိတ်က မြန်လာပြီး၊ ကိုယ်ခံယူတဲ့ အကြောင်းအရာအပေါ် အင်္ဂလိပ်လို ပိုပြောထွက်စေပါတယ်။ သူငယ်ချင်းတွေနဲ့ လုပ်ကြည့်ပါ။ (၈) အသံထွက်ဖတ်ပါ
စာဖတ်ခြင်းဟာ ဦးနှောက်ကို စကားလုံးအသစ်တွေ ရောက်စေမှာမို့ အသံထွက်ဖတ်ခြင်းအားဖြင့် အသံထွက်နဲ့ အဓိပ္ပါယ်ကို တွဲသုံးတက်စေပါလိမ့်မယ်။ အသံထွက်အတွက် ဖုန်းထဲထည့်လို့ရတဲ့ pronunciation dictionary, Oxford learners’ dictionary တို့ကို ထည့်သွင်းပြီး အသံထွက်အမှန်ကို နားထောင်နိုင်ပါတယ်။ ဒါ့အပြင် အသံထွက်မှန်အောင်လည်း ဖုန်းမှာရှိတဲ့ siri တို့ cortana တို့ကို ခိုင်းကြည့်ပါ။ ကိုယ်ပြောတဲ့ စကားတိုင်းကို သူတို့ နားလည်လာရင်တော့ အရမ်းပျော်ဖို့ ကောင်းပါတယ်။ #𝖽ɑıѕყ #𝕶ᥒ᥆ᥕᥣᥱძgᥱ #𝖽ဓ_იဓ𝚝_ငဓрყ

ကျားသည် တောက်ပြောင်လှပသော အသွေးအမွေး၊ အချိုးအစားကျနပြေပြစ်သော ကိုယ်လုံးကိုယ်ထည်၊ ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန်တို့ကြောင့်၊ ကြောင်မျိုးဝင် တိရစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံးဖြစ်သည်။ အာရှတိုက်တစ်ခွင်လုံးတွင် ကျားအမျိုးမျိုး ရှိသည့်အနက် ဘင်္ဂလားကျားမျိုးမှာ လူသိအများဆုံးဖြစ်သည်။ အခြားအတော်အသင့် လူသိများသော ကျားမျိုးတို့မှာ မန်ချူးရီးယားကျား၊ ကော်ကေးရှားကျားနှင့် ပသျှူးကျားမျိုးတို့ ဖြစ်သည်။ လူသိအများဆုံး ဘင်္ဂလားကျား၏အသွေးအမွေးမှာ အခြားကျားများနှင့် မတူ၊ နီဝါဝါအရောင် ရှိပြီးလျှင် တစ်ကိုယ်လုံးတွင် အနက်ရောင် အစင်းကြီးများဖြင့် လှပစွာရှိသည်။ ကျားကို သဘာဝက ဤကဲ့သို့ မြေကြီးနှင့် ခွဲမရအောင် ရောင်စုံခြယ်၍ ပေးထားသောကြောင့် တောချုံ ပိတ်ပေါင်းများအကြား သို့မဟုတ် မြက်ရှည်တောကြီးများ၏ အလယ်တွင် ရှိနေလျှင်၊ ကျားမှန်း ရုတ်တရက် ခွဲခြားသိရှိနိုင်ရန် ခဲယဉ်းသည်။ ​ကြောင်မျိုးတွင် ပါဝင်သော တိရစ္ဆာန်များမှာ ရေနှင့် များစွာမနီးစပ်ကြချေ။ သို့သော် ကျားမှာ ဤသို့မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ထူး နေသည်ကို တွေ့ရသည်။ ကျားသည် ရေကူး ကျင်လည်၏။ ထိုမျှသာမက အလွန့်အလွန်အခက်အခဲ အကျဉ်းအကျပ်နှင့်တွေ့သည့်အခါများတွင် သစ်ပင်ကိုပင် တက်နိုင်သေးသည်။ ကြောင်ကဲ့သို့ ညည့်အချိန်တွင် ပို၍ မျက်စိစူးသဖြင့် နေ့အချိန်တွင် သားကောင်လိုက်လေ့ မရှိဘဲ ညအခါမှသာ လှည့်လည်ကျက်စားလေ့ရှိသည်။ အစာရှာထွက်သည့်အခါတွင် အမဲကောင်ကို မှောင်ခိုပုန်းလျိုး၍ အုပ်ဖမ်းသတ်ဖြတ်စားသောက်တတ်သည်။ သားကောင်လိုက်ရာတွင် အလွန်ပင် ရဲစွမ်းသတ္တိရှိ၍ မည်သည့် သတ္တဝါမျိုးကိုမဆို အယဉ် အရိုင်းမရွေး တွေ့မရှောင် ကိုက်သတ်လေ့ရှိသည်။ #Knowledge #Venn

ကျားသည် တောက်ပြောင်လှပသော အသွေးအမွေး၊ အချိုးအစားကျနပြေပြစ်သော ကိုယ်လုံးကိုယ်ထည်၊ ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန်တို့ကြောင့်၊ ကြောင်မျိုးဝင် တိရစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံးဖြစ်သည်။ အာရှတိုက်တစ်ခွင်လုံးတွင် ကျားအမျိုးမျိုး ရှိသည့်အနက် ဘင်္ဂလားကျားမျိုးမှာ လူသိအများဆုံးဖြစ်သည်။ အခြားအတော်အသင့် လူသိများသော ကျားမျိုးတို့မှာ မန်ချူးရီးယားကျား၊ ကော်ကေးရှားကျားနှင့် ပသျှူးကျားမျိုးတို့ ဖြစ်သည်။ လူသိအများဆုံး ဘင်္ဂလားကျား၏အသွေးအမွေးမှာ အခြားကျားများနှင့် မတူ၊ နီဝါဝါအရောင် ရှိပြီးလျှင် တစ်ကိုယ်လုံးတွင် အနက်ရောင် အစင်းကြီးများဖြင့် လှပစွာရှိသည်။ ကျားကို သဘာဝက ဤကဲ့သို့ မြေကြီးနှင့် ခွဲမရအောင် ရောင်စုံခြယ်၍ ပေးထားသောကြောင့် တောချုံ ပိတ်ပေါင်းများအကြား သို့မဟုတ် မြက်ရှည်တောကြီးများ၏ အလယ်တွင် ရှိနေလျှင်၊ ကျားမှန်း ရုတ်တရက် ခွဲခြားသိရှိနိုင်ရန် ခဲယဉ်းသည်။ ​ကြောင်မျိုးတွင် ပါဝင်သော တိရစ္ဆာန်များမှာ ရေနှင့် များစွာမနီးစပ်ကြချေ။ သို့သော် ကျားမှာ ဤသို့မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ထူး နေသည်ကို တွေ့ရသည်။ ကျားသည် ရေကူး ကျင်လည်၏။ ထိုမျှသာမက အလွန့်အလွန်အခက်အခဲ အကျဉ်းအကျပ်နှင့်တွေ့သည့်အခါများတွင် သစ်ပင်ကိုပင် တက်နိုင်သေးသည်။ ကြောင်ကဲ့သို့ ညည့်အချိန်တွင် ပို၍ မျက်စိစူးသဖြင့် နေ့အချိန်တွင် သားကောင်လိုက်လေ့ မရှိဘဲ ညအခါမှသာ လှည့်လည်ကျက်စားလေ့ရှိသည်။ အစာရှာထွက်သည့်အခါတွင် အမဲကောင်ကို မှောင်ခိုပုန်းလျိုး၍ အုပ်ဖမ်းသတ်ဖြတ်စားသောက်တတ်သည်။ သားကောင်လိုက်ရာတွင် အလွန်ပင် ရဲစွမ်းသတ္တိရှိ၍ မည်သည့် သတ္တဝါမျိုးကိုမဆို အယဉ် အရိုင်းမရွေး တွေ့မရှောင် ကိုက်သတ်လေ့ရှိသည်။ #Knowledge #Venn

ကဲခဏနေကျားအကြောင်းလာတင်ပေးမယ်ဗျ #Venn

Morning ဘေဘီတို့ ညကသရဲမကြီးခြေထောက်လာဆွဲလား မဆွဲရင်ဒီညဆွဲခံရမာ😝 #Alex

Goodmorningပါဗျဘေဘီတို့ရောညကသရဲထီးသရဲမတို့နဲ့တွေ့ကြသေးလားဗျ👀 #Venn

LGBT =🏳️‍🌈 B = ? #Zack #Last Quiz
Anonymous voting

ထမနဲ ထိုးရာတွင် မည်သည် မထည့်ရသနည်း။ #Zack
Anonymous voting

ကောက်ညှင်းကျည်တောက် ကို မည်သည်ထဲ ထည့်သွင်း ပြုလုပ်သနည်း။ #Zack
Anonymous voting

ထိုင်းနိုင်ငံ ဘန်ကောက် (Bangkok) မြို့၏ နာမည်ရင်းကိုဖြေပါ။ #Zack
Anonymous voting

Grammy ဆုပေးပွဲတွင် 2024 ခုနှစ်အတွက် "The Best Album of The Year" ဆုကို မည်သူ ရရှိသွားခဲ့ပါသနည်း။ #Zack
Anonymous voting

2022 ခုနှစ်အတွက် ကမ္ဘာ့အညစ်ပတ်ဆုံးဆု ကို မည်သည့် နိုင်ငံမှ ဆွတ်ခူးရရှိသွားခဲ့ပါသနည်း။ #Zack
Anonymous voting

"နတ်သမီးလေးဖော်" ဇာတ်လမ်းတွဲတွင် ပီရေနာ သည် မည်သည့်ကျောက်တုံး ပိုင်ရှင်ဖြစ်သနည်း။ #Zack
Anonymous voting

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အကြာဆုံးနှင့် အများဆုံးဖြစ်သော နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်း။ #Zack
Anonymous voting

လှိုင်မြို့ သည် ရန်ကုန်တိုင်း၏ မည်သည့်အရပ်တွင် တည်ရှိသနည်း။ #Zack
Anonymous voting

မီးသွေးကို မည်သည်ဖြင့် ပြုလုပ်သနည်း။ #Zack
Anonymous voting

တစ်ခြား အက်ဒမင် တွေ ဂွေးနှိုက် ဂုတ်နှိုက် ဂိတ်နှိုက် နေပေမဲ့ ဇက်ခ် ကတော့ Quiz မေးအုံးမှာပါဗျို့ အိပ်ကြနဲ့အုံး👽❤️‍🔥 ဇက်ခ် လဲ ခုမှ အိပ်ရာကနိုးတာ #Zack