တပ်သားလေး ဖိုးထောင် 🇲🇲🪖
Ir al canal en Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Mostrar más8 213
Suscriptores
-424 horas
-287 días
-15930 días
Archivo de publicaciones
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု နှင့် ကာကွယ်ရေးဝန်ကြီးတို့အား စစ်ရာဇဝတ်မှုများအတွက် ဖမ်း၀ရမ်းထုတ်သည်ဟု ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ထောက်ပို့အရေးကြီးပါတယ်။ ထမင်းဝအောင် မကျွေးနိုင်ရင် စိတ်ဓာတ်ပြည့်စစ်ဆင်ရေး လုပ်ဖို့မလွယ်ပါ။ မြန်မာစစ်သား ထမင်းမစားပဲ စစ်တိုက်နိုင်တယ်ဆိုတဲ့ အောက်ခြေကို မငဲ့တဲ့ အတွေးအခေါ်တွေ ခေတ်နောက်ကျနေပါပြီ အဘတို့။
+1
ယနေ့ ရှေ့တန်းရောက်အကြမ်းဖက်အဖွဲ့များကိုမောင်းထုတ်တဲ့သရက်ကုန်းရဲဘော်တွေရဲ့ တောင်းဆိုမှုအရ ဆိတ် ၆ပိသာ နဲ့ ပဲ ၂ပိသာ ဝယ်ပြီးဆိတ်ပဲဟင်းစားကောင်းကြပါစေ ခွန်အားဖြစ်ကြပါစေ။
မြတ်သူဟိန်း🇲🇲
အသက်ရှင်သူ တစ်ဦးမှ မကျန်တဲ့ အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ် အပျက်အစီးအားတွေ့ရှိကြောင်း သိရပါတယ်။
သရက်ကုန်းရွာကို ပြန်လည်း သိမ်းပိုက်နိုင်မှူ ရွာအတွင်း မြင်ကွင်း
Video by Ko Chit Ko
သတင်းဦးဦးဖျားဖျားတွေ တင်ပေးတဲ့ ကိုစစ်နွယ်ဦး ချန်နယ်လေး ဝင်ထားကြပါဗျ။
https://t.me/SittNweOo
ရခိုင်ပြည်နယ်ကျရူံးနေရခြင်း
မေ၁၈၊၂၀၂၄။
AAလည်းနယ်မြေတွေဘယ်လိုကြာရှည်အခြေကုတ်ယူထားလို့ရမှာလဲ၊တပ်ဘက်ကကိုယ့်လူမရှိတော့ရင်အချိန်မရွေးဖျက်အားပြင်းတွေနဲ့ချေမှုန်းလို့ရနေတာပဲကို
ဒါပေမယ့်တပ်ဘက်ကအမြင်နဲ့ဆန့်ကျင့်ဘက်အမြင်တစ်ခုချပြရရင်AAကစနစ်တကျစစ်ကစားနေတာကိုမြင်ရတယ်
အမိန့်နာခံမှုအားလည်းကောင်းလွန်းနေတယ်၊မြို့ကြီးတွေနဲ့ရွာတွေမှန်သမျှရွာသားလို့မြင်နေရပေမယ့်အမာခံစစ်သားတွေချည်းအသွင်ယူရှိနေကြတာပါ၊အဓိကသတင်းပေးကွန်ရက်ကောင်းနေတယ်၊ထွန်းမြတ်နိုင်တို့ခေါင်းပေါင်းပိုင်းတွေဗရမ်းဗတာတိုက်နေတာမျိုးမဟုတ်ဘူး။နယ်မြေတွေကိုအပိုင်းလိုက်ခွဲပြီးစနစ်တကျစစ်ကူလမ်းကြောင်းအတွက်ရွာတွေမှာတပ်ဖျောက်မြုပ်ထားပြီးတပ်ဘက်ကိုပိတ်ဆို့၊ဖိအားပေး၊ရိက္ခာဖြတ်တောက်၊စစ်ပမ်းပြီးဆုတ်ခွာမှစနစ်တကျအေးအေးဆေးဆေးရှင်းပစ်နေတာပိုမြင်နေရတယ်၊တပ်ကလက်နက်ကြီးပစ်လို့ထိတာတို့လေယာဥ်ပစ်ထိတာတို့လည်းထိရောက်ပေမယ့်အဓိကရန်သူရဲ့လက်နက်၊ရိက္ခာ၊စစ်ကူလမ်းကြောင်းတွေကဥဒဟိုကြီးပွင့်နေဆဲပါ
နောက်ကွယ်ကလက်မဲကြီးကလိုသလို၊လိုသလောက်ပံ့ပိုးပေးနိုင်နေတာမို့ဆက်လက်ပြီးတပ်မတော်ဘက်ကဘီလူးစီးသလိုမတိုက်ပါပဲခံစစ်ပြင်တိုက်နေသရွေ့ထပ်မံဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်လာရဦးမှာပဲလို့မြင်မိပါတယ်၊မောင်တောကျပြီးရင်စစ်တွေကျောက်ဖြူကျသလိုသာမှတ်ယူရပြီး(ကျလည်းကျမှာပါ)
AAကလည်းမောင်းတောကျောက်ဖြူစစ်တွေဆက်ပြီးသိမ်းဖို့အားထုတ်လာဦးမှာအသေအချာပါပဲ။တပ်တည်၊ဗဟိုဦးစီးစနစ်၊တပ်မှူးအဆင့်ဆင့်အမိန့်နာခံစနစ် အရမ်းကောင်းပြီးစစ်ရေးအတွေး အခေါ်အရမ်းကောင်းတယ်ဆိုတာAAရဲ့စတင်ဖြစ်ပေါ်လာရာဖြစ်စဥ်ကနေယနေ့တိုက်နေတဲ့အနေအထားကိုလေ့လာရင်သိနိုင်ပါတယ်ချီးကျုးရမှာပါပဲ
ဒီအနောက်တံခါးကအရမ်းအန္တရာယ်များတဲ့နေရာပါ၊ဒီတိုက်ပွဲဟာတပ်မတော်နဲ့နယ်မြေခံသူပုန်ဥာဏ်ပြိုင်ရတဲ့ပွဲမျိုးပါ။မိမိကိုယ်မိမိအထင်ကြီးမာန်တက်နေရင်တော့ဆက်လက်ပြီးအထိနာစရာတွေမြင်နေမိပါသေးတယ်၊ဘီလူးသရဲသဘက်လိုစစ်ဆင်မလား၊ခံစစ်ပြင်၊လာတိုက်ရင်ဆုတ်ပေး၊ဗုံးပြန်ကျဲ၊နောက်ငြိမ်ခံ၊အကွက်ပဲဆက်သုံးနေဦးမလားကတော့ဆက်လက်စောင့်ကြည့်ရမှာပါပဲ၊မိမိကတော့မြန်မာတပ်မတော်အနိုင်ရဖို့ဘက်ကပါ(တိုက်စစ်မဆင်ဘဲနဲ့တော့ခံစစ်ထိုင်နေရင်းမနိုင်လာပါဘူး)
အဖိတ်အစဥ်အနည်းငယ်နဲ့အောင်ပွဲဆင်နိုင်စေဖို့မျှော်လင့်နေပါတယ်
KY🇲🇲
RCSSရဲ့စခန်းကို၀တပ်ဖွဲ့SSPPနဲ့တပ်မတော်တို့ပူးပေါင်းပြီးတကယ်တိုက်ခဲ့သလား
~
ရှမ်းတောင် မေ၁၈ရက်
ဒီကနေ့ TNLAမီဒီယာဖြစ်တဲ့ ရွှေဖီမြေမှာ ဖော်ပြထားတဲ့သတင်းက မနေ့က ရှမ်းတောင်ရပ်စောက်က RCSSရဲ့စခန်းတခုကို ရှမ်းတပ် SSPP ၀ပြည်သွေးစီးညီညွတ်ရေးပါတီ UWSA၀ နဲ့တပ်မတော်တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့
ရွှေဖီမြေသတင်းဌာနက ဖော်ပြခဲ့ပါတယ် အဆိုပါ၃ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ခြေကုပ်ယူထားတဲ့rcssတပ်တွေ ဆုတ်ခွါခဲ့တယ်လို့ rcssကထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်
အဆိုပါသတင်းနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့လည်းအတည်ပြုနိုင်ခြင်းမရှိသေးသလို နယ်မြေခံတပ်တွေထံလည်း ဆက်သွယ်အတည်ပြု နိုင်ခြင်းမရှိသေးပါဘူး rcssဟာအစိုးရတပ်မတော်နဲ့ အပစ်ခတ်ရပ်ဆဲထားတဲ့ အဖွဲ့တခုဖြစ်သလို တပ်မတော်နဲ့လည်း ရန်ညှိုးမရှိတဲ့အဖွဲ့တခုဖြစ်ပါတယ်
ဒါ့အပြင် မကြာသေမှီက TNLAသတင်းဌာနနဲ့ရှမ်းတပ် SSPPတို့ကြား အခြင်းပွါးမှုဖြစ်ပွါးခဲ့ပါသေးတယ်
#SittNweOo #Media
ရက္ခိုင်ပြည်သို့ ဗဒုံမင်းစစ်ဆင်ရေး မကြာမီလာမည်ဟုသိရ
- ၁၇၈၄ ခုနှစ်က ရခိုင်နိုင်ငံကို
စစ်မကြေငြာဘဲ တိုက်ခဲ့သူ
အေအေဟာ စစ်သင်တန်းတောင်မပေးရသေး gun တောင် မကိုင်တတ်သေးတဲ့ သံတွဲနယ်ခံ လူသစ်ကလေးငယ်တွေကို ဘာလို့ စစ်ပွဲဖြစ်နိုင်တဲ့နေရာတွေမှာ ထားနေတာပါလဲ ? မနေ့က ဖြစ်စဉ်မှာ လူသစ်စုခံရတဲ့ သံတွဲနယ်ခံ ကလေးတွေ တော်တော်များများ ထိခိုက်သေဆုံးသွားပါတယ်။ သံတွဲနယ်ခံမိဘ အုပ်ထိန်းသူတွေကို ဒီနေရာက ကျွန်တော် ပြောချင်တာက ကိုယ့်သားသမီးကို သေချာလေး ထိန်းကျပါ ဆက်သွယ်ကြပါ ရွာကထွက်သွားတဲ့အချိန်တုန်းက ရခိုင်လွတ်လပ်ရေးအတွက် ခေါင်းစဉ်တပ်ပြီး ထောက်ပံ့ငွေယူ လွှတ်ပေးလိုက်တာ တစ်ကယ်တော့ မြောက်ပိုင်းအေအေတွေဆီမှာ ကိုယ့်ကလေးတွေက ခိုင်းဖတ် ခွေးတစ်ကောင်လောက်ပဲဖြစ်နေရတာတွေ စစ်ပွဲဖြစ်နေရာတွေမှာ ရှေ့ကသွားဆိုပြီး တိုက်ခိုင်းနေတာတွေ မြောက်ပိုင်းအေအေတွေက သွေးခွဲပြီး လုပ်ခိုင်းနေတာတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ကိုယ့်မိသားစု ကိုယ့်သားသမီး ဘဝတွေ မဆုံးပါးရလေအောင် ကြိုတင်ရှောင်ရှား နိုင်ကြပါစေဗျာ ။ သံတွဲမြို့လေး အေအေဘေးမှ ကင်းလွတ်ကြပါစေ။
တိုင်း တပ်မ လက်အောက်ခံ
တိုက်ခိုက်ရေးတပ်တွေအပါ မြန်မာပြည်
တနံတလျှားက အကူလက်ရုံးတပ်တွေ
အားလုံး မိမိတပ်အခြေချတဲ့မြို့ သို့မဟုတ်
ကိုယ့်တပ်လုံခြုံရေးအရ စစ်ဆင်ရေး
ထမ်းဆောင်နေတဲ့ ဒေသတွေမှာ
အရေးကြီး အခြေခံအဆောက်အဦး
ရထားလမ်း ကားလမ်း သံလမ်းတံတား
ကားလမ်းတံတား တွေ ရှိကောင်းရှိမှာပါ
အရေးကြီး ရထားလမ်းတံတား
ကားလမ်းတံတား တွေရှိတဲ့နေရာက လုံခြုံရေး
တာဝန်ကျ တပ်ရင်း တပ်ဖွဲ့တွေကို
အကြံပေးပရစေ
ကျနော်ခွဲမှူးဗိုလ်မှူးဘဝတုန်းက
ကျနော်စစ်ဆင်ရေးတာဝန်လွှဲပြောင်းမယူခင် ကျနော်တာဝန်ကျမည့် နေရာက ရထားလမ်း
ကားလမ်းတွေက တကယ့်အရေးပါ
အရာရောက်သလောက် မြစ် ချောင်း အင်းအိုင်
တွေကပေါတော့ တံတားအားလုံးက
ဆက်သွယ်ရေးရဲ့အသက်သွေးကြောလို
ဖြစ်နေတယ် စစ်ဆင်ရေးမဝင်ခင်
ရှေ့တန်းတပ်မမှာ တပ်မမှူးသြဝါဒ ခံ
ူယူတော့လည်း တံတားလုံခြုံရေးကိုအထူး
ဂရုစိုက်ဖို့နှင့် တံတား တစင်းစင်း
ရန်သူမိုင်းအခွဲခံရရင် တာဝန်ရှိတဲ့
စုမှူး ခွဲမှူး စစ်ကြောင်းမှူး ကို ပြင်းပြင်းထန်ထန်
အရေးယူမယ်ဆိုတာပါ တပါတည်း
မှာလိုက်တယ်
ကျနော်စစ်ကြောင်း တောင်ပေါ်မှာသာကျပါစေ
ဆုတောင်းပေမည့် မပြည့်ဝခဲ့ဘူး
လမ်းကြောင်းထိမ်း လမ်းကြောင်းလုံခြုံရေးပေါ့
ရထားလမ်းတံတား ကားလမ်းတံတားတွေက
ပေါချက် ကျနော့်စစ်ကြောင်း
အင်အားနှင့်တောင်မမျှဘူး
ဒီတော့ ဥာဏ်နီဥာဏ်နက် ထုတ်သုံးရပြီ
စစ်သားဘဲ စစ်သားအတွေးနှင့် အလုပ်လုပ်မှာပေါ့
ပထမတံတားနှင့်ကပ်ရက် ရွာတွေကိုစာရင်း
ပြုစုလိုက်တယ် အဲဒီရွာက အမာခံ သောင်းကျန်းသူ
နှင့်ဆက်နွယ်နေသူတွေကို မရမက
ငွေအကုန်ခံလူအပင်ပန်းခံပြီး စုံစမ်းဖော်ထုတ်
လိုက်တယ် ဆိုတော့ ရွာနှင့်ဝေးတဲ့
တံတား အနည်းငယ်ဘဲကျန်တယ် အဲဒီတံတားတွေ
အပါအဝင် အရမ်းအချက်အချာ ကျတဲ့
တံတားကို တပ်စု တပ်စိတ် စခန်း
အထိုင်လေးတွေချပြီး
တံတားနှင့်ကပ်ရက် ရွာက သူကြီး
ရွာသူရွာသားတွေနှင့် အမာခံတွေကို
တံတားတွေရန်သူအဖျက်အဆီးခံရရင်
ဘာမှဆင်ခြေလာမပေးနှင့် တရွာလုံးပြေးသာပြေး
လို့မှာတဲ့အပြင် ကိုယ်စုံစမ်းဖော်ထုတ်ထားတဲ့
ရန်သူ့အမာခံ ရန်သူ့မိဘဆွေမျိုးတွေကိုတော့
လွတ်အောက်ပြေး မပြေးနှိုင်ရင် အသေ
ဆိုပြီးမှာထားလိုက်တယ်
မှာလည်းမှာပြီးရော ကျနော်အပါ စစ်ကြောင်း
တကြောင်းလုံးကို ရွာတွေနှင့်ခပ်ကင်းကင်းနေပြီး
အဲဒီဒေသက ရွာသူရွာသား တွေ သူကြီးတွေကို
မာမာထန်ထန်လေး ဆက်ဆံဖို့ပြောထားလိုက်တယ်
တခါတခါ သူကြီးတွေခေါ်လိုက်လို့ နောက်ကျ
နေတာမျိုးတွေဆို လိုအပ်တာထက်ပိုပြီး
ဟိန်းပြ ဟောက်ပြပေါ့ စိတ်ထဲကမပါလည်း
သဏ္ဍာန်လုပ်သရုပ်တူအောင်လုပ်ပြရတာဘဲ
ဒီလိုနည်းနှင့်ဘဲ အရင်က မိုင်းခဏခဏခွဲ
ခြုံခိုခဏခဏ အတိုက်ခံရတဲ့ နယ်မြေကို
လေးလကျော် လုံးလုံး အဝေးကလှမ်းပြစ်တဲ့
နှစ်ကြိမ်ကလွဲလို့ ဘာမှမဖြစ်အောင်ထိမ်း
ခဲ့တယ်
ရန်သူဆိုတာသူလည်းအသက်နှင့်ဘဲ
သူတို့မှာမိဘ ဆွေမျိုးသားချင်းတွေလည်းရှိမှာပေါ့
တခါတခါ ရန်သူထက်မိုက်ပြ ဂြိုလ်ကြွပြကြ
စမ်းပါ ရန်သူနှင့်ဆက်နွယ်သူတွေ မရမက
စုံစမ်းဖော်ထုတ်ပြီး အညှာကိုင်လိုက်စမ်းပါ
တရွာလုံးရန်သူ့ အမာခံရွာဆို ပိုတောင်ကောင်းသေး
တရွာလုံးကို အဲဒီတံတား လုံခြုံရေး
တာဝန်ပေးလိုက် တခုခုဖြစ်တာနှင့်လုံးဝမညှာနှင့်
စစ်သားတိုတာ တခါတခါကိုယ့်လူကြီးတွေအတွက်
ဝိနည်းလွတ် မိုက်ပြရတာလေးတွေရှိတတ်တယ်
အကင်းပါးပါးနှင့် စစ်သားပီပီ
စစ်သားအတွေး တွေးကြစမ်းပါ
မြန်မာ့တပ်မတော်နှင့် ARSA အဖွဲ့ ယာယီသဘောတူညီချက်ရရှိ
မြန်မာ့တပ်မတော်မှ အရာရှိများဦးဆောင်သော ဘင်္ဂလီစစ်မှုထမ်းများနှင့် ARSA ပူးပေါင်းအဖွဲ့မှ AAသောင်းကျန်းသူများအား ပူးပေါင်း သုတ်သင်။ အေအေအဖွဲ့ ထိခိုက်ကျဆုံးမှုရှိကြောင်း ARSA အဖွဲ့မှ သတင်းရုပ်သံထုတ်ပြန်ထားပါတယ်။
ကဲ မပြောချင်ဘဲပြောရတော့မယ်
မြဝတီမှာဖြစ်နေတဲ့ အောင်ဇေယျစစ်ကြောင်းဖြစ်စဉ်အားလုံးသိနေတာဘဲ
ထိုင်းဘက်ကနေ သယ်ယူပို့ဆောင်ရေးလေယာဉ် တစီး လေထီးနဲ့ ပစည်းတွေချပေးသွားတယ်လို့ ကျားဖြူစစ်ကြောင်း ရုပ်သံမှာတွေ့ရတယ်
ဘယ်လိုချပေးခဲ့တယ်
ဘယ်တုံးကချပေးခဲ့တယ်
ဘယ်နေရာချပေးခဲ့တယ်
ဘာတွေချပေးခဲ့တယ်
ထိုင်းဘက်ကလဲ ထုတ်ပြန်တာမရှိသလို အမေရိကန်ဘက်ကလဲ ထုတ်မပြန်ပါဘူး
မှုံဝါးနေတဲ့ပုံဖြစ်နေလို့ လေယာဉ်အမျိုးအစား အတည်ပြုဖို့ခက်နေပါတယ်
မြန်မာတပ်မတော်မှာသုံးနေတဲ့ Y 8 Y 12 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေက အဲ့လိုအကောင်မကြီးသလို တောင်ပံလဲ အဲ့လောက််မရှည်ပါဘူး မြန်မာလေတပ်ရဲ့ စတေကာ အမျှောင်းအလှဖော်ထားတာပါပါတယ်
အမေရိကန်ရဲ့ ဘာမားအက် စာချုပ်က အသက်ဝင်လာပြီလား?
သေချာတော့ စောင့်ကြည့်ရအုံးမယ်။
တပ်မတော်ကို ဒဲ့စိန်ခေါ်နေတဲ့ကောင်တွေ။
တပ်မတော် ဘာမှန်းသိအောင် မညှာတာပဲ ပညာပြလိုက်ပါ။
❝ဒေါ်လာဈေး ၄၀၀၀ ထောင်ကျော်လာသလို ရွှေဈေး ၄၉ သိန်းကျော်လာတဲ့ မေ ၁၆ ရက်၊ နံနက်ပိုင်း ရွှေဈေးနှုန်နဲ့ နိုင်ငံတကာငွေကြေးဈေးနှုန်းများ❞
ဒီကနေ့ (မေလ ၁၆ ရက်) နံနက်ပိုင်းမှာ ဈေးကွက်သတင်းတွေက ဖော်ပြလာတဲ့ သတင်းတွေအရ
အမေရိကန် ၁ ဒေါ်လာကို
ရောင်းဈေး - ၄၀၁၀ ကျပ်နဲ့
ဝယ်ဈေး - ၃၉၅၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
စတာလင်ပေါင်ကတော့
ရောင်းဈေး - ၄၉၉၅ ကျပ်နဲ့
ဝယ်ဈေး - ၄၈၈၇.၇၃ ကျပ်
ယူရိုငွေက
ရောင်းဈေး - ၄၃၉၅.၆၀ ကျပ်နဲ့ ဝယ်ဈေး - ၄၃၀၁.၂၀ ကျပ်
ဂျပန်ယန်းငွေက
ရောင်းဈေး - ၂၅.၆၈ ကျပ်နဲ့
ဝယ်ဈေး - ၂၅.၁၂ ကျပ် ဖြစ်ပါတယ်။
ကိုရီးယားဝမ်ငွေရဲ့
ရောင်းဈေးက - ၂.၉၅ ကျပ်နဲ့
ဝယ်ဈေး - ၂.၈၉ ကျပ်
ထိုင်းဘတ်ငွေ
ရောင်းဈေး - ၁၁၁.၁၁ ကျပ်
ဝယ်ဈေး - ၁၀၈.၇၀ ကျပ်
တရုတ်ယွမ်ငွေက
ရောင်းဈေး - ၅၅၄ ကျပ်
ဝယ်ဈေး -၅၄၄ ကျပ်
စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၉၄၀ ကျပ်
ဝယ်ဈေး - ၂၈၉၀ ကျပ် ဖြစ်ပါတယ်။
မလေးရှားရင်းဂစ်ကတော့
ရောင်းဈေး - ၈၄၃ ကျပ်
ဝယ်ဈေး - ၈၃၃ ကျပ်
ဒူဘိုင်းငွေ
ရောင်းဈေး - ၁၀၉၈.၉၀ ကျပ်
ဝယ်ဈေး - ၁၀၇၅.၃၀ ကျပ်
ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၀.၂၄ ကျပ်
ဝယ်ဈေး - ၂၆၂၂.၆၈ ကျပ် ဖြစ်ပါတယ်။
ရွှေဈေးနှုန်းတွေကတော့ ပြင်ပပေါက်ဈေး အခေါက်ရွှေတစ်ကျပ်သားကို-
ရောင်းဈေး ၄,၉၅၅,၀၀၀ ကျပ်
ဝယ်ဈေး ၄,၉၁၅,၀၀၀ ကျပ်
၁၅ ပဲရည်က
ရောင်းဈေး ၄,၆၆၅,၀၀၀ ကျပ်
ရွှေအသင်းရဲ့ ရည်ညွှန်းဈေးက
၁၆ ပဲရည်တစ်ကျပ်သားကို ၃,၉၉၉,၆၀၀ ကျပ်
ကမ္ဘာ့ရွှေဈေး
တစ်အောင်စကို ၂၃၇၃.၅၈ ဒေါလာဖြစ်တယ်လို့ သိရပါတယ်။
ကူမင်းမှာ မဟာမိတ် ၃ ဖွဲ့နဲ့ တပ်မတော်က စတုတ္ထအကြိမ် ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ တက်လာတယ်။ အဓိက စိတ်ဝင်စားတာက ဒီဆွေးနွေးချက်ကနေ AA က ဘာတောင်းမလဲ ဆိုတဲ့ အချက်ပဲ။ သေချာတာကတော့ ရှမ်းမြောက်ဘက်က နယ်မြေတွေကို ၂၀၀၈ အရ တပ်ကနောက်ဆုံးအချိန်အထိ တင်းခံထားရင်တောင် တဖက်ကလည်း လွယ်လွယ်လက်လွှတ်မယ်မထင်ဘူး။ ခက်တာက ယာယီအပစ်အခတ်ရပ်စဲရေးမှာ တရုတ်က ဘယ်လို ခွချက်ကိုင်ထားသလဲဆိုတဲ့ မေးခွန်းပဲ။ ရန်သူဘက်ကို ဖြစ်နိုင်တာကတော့ ထောက်ပံ့ရေးမပေးဘူးဆိုတာမျိုးနဲ့ ချိန်းခြောက်ထားနိုင်သလိုပေါ့။ အစိုးရဘက်ကိုရော ဘာတွေ ဖြစ်နိုင်သလဲ ???
EPC လူကြီးမင်းများ ကြည့်ဖို့ပါ။
လေလှိုင်းအစိုးရက အလုပ်တော့လုပ်ပြနေပြီ။ ဟုတ်တာမဟုတ်တာနောက်ထား။
တရားဝင်အစိုးရ နစက က အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်အပိုင်းမှာ နောက်ကောက်ကျခံမလား? ကြိုးစားမလား?
-
ကဲ .. ဘာလုပ်မှာလဲ လျှပ်စစ်ဌာန ..
.
☯️
US $ 1 = 4010 MMK
တဒေါ်လာ 4000 ကျပ်ကို
ဒီနေ့စကျော်သွားပါပြီ၊
ဆက်နွယ်အကျိုးဆက်တွေက ဆီဈေးတက်မယ်
ပို့ဆောင်စရိတ်မြင့်လို့ ကုန်ဈေးနှုံးကိုမြင့်စေမယ်၊ Imported items တွေအားလုံး ဈေးတက်လာပါမယ်၊
အမေရိကန် Fed ဥက္ကဌက ဒီမနက်မှာ
Rate cut မလုပ်ပဲ Rate hike လုပ်ဖို့ လေသံပစ်သွားတယ်၊ ဆိုလိုချင်တာက US တန်ဘိုးမြှင့်မယ်ဆိုတဲ့သဘောပါ၊
သူဌေးဆိုသူတွေအားလုံးက
"မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ" ပါ၊
သူဌေးတွေ ပိုချမ်းသာကြတဲ့အချိန်ပါ
ဘမောင်တို့ ပိုမချမ်းသာချင်လို့ ရေးနေတာပါ
အစိုးရနဲ့ အခြေခံပြည်သူတွေအတွက်
ပြောနေတယ်လို့ မှတ်ပါ၊
BgMg ☯️
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
