တပ်သားလေး ဖိုးထောင် 🇲🇲🪖
Ir al canal en Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Mostrar más8 269
Suscriptores
-724 horas
-337 días
-16530 días
Archivo de publicaciones
+2
ဗျူဟာမှူးမကျပါ။ ရဟတ်ယာဉ် အဖွဲ့သားများသာ ကျဆုံးပါတယ်။
ဗီဒီယိုကြည့်ရင် ရဟတ်ယာဉ် ၃ စီးလာပါတယ်။ Helicopter 1 က လွတ်ပါတယ်။
Helicopter 2 က လူအတင်အချ လုပ်နေတုန်း Helicopter 3 ရောက်လာပါတယ်။ 3 က မြေပေါ်မဆင်းခင် ပစ္စည်းများ ပစ်ချနေချိန် တိုက်ခိုက်ခံလိုက်ရပါတယ်။ ဒလက်မှာ ပေါက်ကွဲမှုတွေ့ရပါတယ်။
3 က မရပ်ပဲ ချက်ချင်းပြန်တက်သွားတဲ့ အတွက် လူမပါသွားပါဘူး။ 2 က အထိအခိုက်မရှိ ပြန်တက်သွားနိုင်ပါတယ်။ 3 က အကွာအဝေးတစ်ခုမှာ ပျက်ကျခဲ့ပါတယ်။
အဲ့ဒါကြောင့် ရန်သူထုတ်ပြန်တဲ့ ဓာတ်ပုံများအတိုင်း လေယာဉ်အဖွဲ့သားများသာ ကျဆုံးခဲ့ပါတယ်။ ဗျူဟာမှူး ကျဆုံးခြင်းမရှိပါ။
တပ်သားလေးဖိုးထောင်
Repost from တိုက်ပွဲသတင်းစုံ
မင်းခေါင်စစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်သွားမည်
ဗန်းမော်၊ မေ ၂၀ ရက်
ဗန်းမော်မြို့တွင်း ကျန်ရှိနေသော အကြမ်းဖက်သောင်းကျန်းသူများကို အပြီးသတ်ရှင်းလင်းသွားရန် လေကြောင်းမှ အင်အားထပ်မံ ဖြည့်တင်းထားတဲ့ မင်းခေါင်စစ်ကြောင်းမှ စစ်ဆင်ရေးအရှိန်မြှင့်မှာ ဖြစ်လို့ KIA/AA/PDF လူငယ်များ မြေပြင်အခြေအနေမှန်ကို နားလည်ပြီး လက်နက်ချရန် လက်ကမ်းစာစောင်များ လေယာဉ်ပေါ်မှ ကျဲချဖြန့်ဝေထားကြောင်း သိရှိရသည်။
-
တိုက်ပွဲသတင်းစုံ
တစ်စီးပျက်ရင် ဆယ်စီးဝယ်မယ်။ သူပုန်ဌာနချုပ်ကို အခါ တစ်ရာ ဗုံးကြဲမယ်။
နှစ်စီးပျက်ရင် အစီး နှစ်ဆယ်ဝယ်မယ်။ အခါ သူပုန်ဌာနချုပ်ကို နှစ်ရာ ဗုံးကြဲမယ်။
အဲ့ဒီလို လုပ်နိုင်တဲ့ ခေါင်းဆောင်ပဲလိုပါတယ်။
တပ်သားလေးဖိုးထောင်
( ခ ) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်း ပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း။
( ဂ ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ ဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။
( င ) ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်း။
တပ်သားလေးဖိုးထောင်
ပြည်သူ့စစ်မှုထမ်းတာဝန်မှ
#ကင်းလွတ်ခွင့်။
===============================
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) သာသနာ့ဝန်ထမ်းများ။
( ခ ) အိမ်ထောင်သည်အမျိုးသမီးများ ( အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။
( ဂ ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အ ဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့် လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။
( င ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ
(က) ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။
( ခ ) ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။
( ဂ ) နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။
(ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။
မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒအလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန် ခွင့်ပြုနိုင်သည်။
( င ) အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။
( စ ) နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ။
(ဆ) တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော်စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ။
( ဇ ) ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။
#လျှော့ပေါ့ခွင့်
=============
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လျှောက်ထားသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်။
( ခ ) လျှောက်ထားသူ၏ မိဘနှစ်ပါးအနက်တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်။
( ဂ ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းများရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား လျှော့ပေါ့ပေးနိုင်သည်။
#ရွှေ့ဆိုင်းခွင့်
==========
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅ (က) တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါအချက်များနှင့် အကျုံးဝင်သော ပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) ယာယီအားဖြင့်စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။
( ခ ) နိုင်ငံ့ဝန်ထမ်းများ။
( ဂ ) ပညာသင်ကြားနေသူများ။
(ဃ) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ။
( င ) မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ။
( စ ) ထောင်ဒဏ်ကျခံနေသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်း ခွင့်ပြု သူများ
(က) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်း ကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက် သေဆုံးသွားခြင်း။
ဂိတ်ပေါင်းစုံ အဖွဲ့ပေါင်းစုံ
ဒီငွေတွေပေးရတာ ကားသမားမဟုတ်ပါဘူး။ ဒီကားပေါ် သယ်လာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူမဲ့ ပြည်သူတွေပါ။
တိုင်းပြည်အေးချမ်း၊ အဖွဲ့ပေါင်းစုံ ကုန်မှ ကုန်ဈေးနှုန်းလဲ ကျတော့မဲ့ သဘောရှိပါတယ်။
တပ်သားလေးဖိုးထောင်
အမ်း(နပခ)စစ်ဌာနချုပ်နဲ့အမ်းမြိုသိမ်းတိုက်ပွဲတွေမှာစစ်ကိုင်းတိုင်းပကဖ ၁၅ ဦးသေဆုံးခဲ့
မေ ၁၀၊ ၂၀၂၅
ရက္ခီး AA နဲ့အတူ အမ်းမြို့သိမ်းတိုက်ပွဲမှာ သေဆုံးများကို ဒီနေ့မေ ၉ မှသာထုတ်ပြန်ထားကြပါတယ်ခမျာ။
အမ်းတိုက်ပွဲများအတွင်း ယင်းမာပင်ခရိုင်ပကဖ ၃၂ ဦးပါဝင်တိုက်ခိုက်ခဲ့ပြီးအသေ ၂ ဦးပေးခဲ့ရကာ တစ်ဦးခြေတစ်ဖက်တိုပြတ်ဆုံးရှုံးခဲ့ရပါတယ်။စစ်ကိုင်းတိုင်းပကဖ တပ်ရင်း(၁)ရင်းပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၅ ဦးသေဆုံး ၇၀ ကျော်ထိခိုက် တိုပြတ်ဖွါလန်စုတ်ချာဒဏ်ရာများ ရရှိခဲ့ကြကြောင်းလည်းနောက်ကျ ထုတ်ပြန်လိုက်ပါတယ်။
Truth Media
တပ်သားလေးဖိုးထောင်
+1
သူများနိုင်ငံတွေ စစ်တိုက်ပုံ
တစ်ခါထဲ ဂေါင်ကို ရှင်းပစ်လိုက်တယ်။ နယ်နိမိတ်ကျော်လဲ ကျော်ပစေ။ ကိုယ့်ဖက်က လေယာဉ်ဆုံးရှုံးရင်လဲ ဆုံးရှုံးပစေ။ အကြမ်းဖက်ရဲ့ အရင်းမြစ်ကို ချေမှုန်းပစ်လိုက်တယ်။
ရှေ့တန်းစခန်းလေးတွေ ဗုံးကြဲရုံနဲ့ အကြမ်းဖက်မှု ရပ်မသွားဘူးဆိုတာ သိနေတာ။
တပ်သားလေးဖိုးထောင်
Repost from Vijaya
သေချာကြည့်ကြည့်
တမင် သေချာမြင်ရအောင်
အနှေးကွက် ပြထားပေးတယ်
အခမ်းအနားမှာ ဘိုးတော် နဲ့ ရှီ
လက်ဆွဲ မနုတ်ဆက်ဘူး
ဘိုးတော်က လက်မကမ်းဘူး
ကျန်တဲ့သူ အကုန်လုံးနဲ့
နုတ်ဆက်တယ်
ဒဲ့ဘဲနော် လက်ကို
သိမ်းထားတာ
နိုင်ငံတကာ က
ခေါင်းဆောင်တွေ
တပုံကြီး ရှေ့မှာ
ပုပေမယ့် စွာသား 🤣
မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတွင်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
မြန်မာ့တပ်မတော်စစ်ရေးပြစစ်ကြောင်းမှ အလေးပြုနေခြင်းဖြစ်ပါတယ်။
တပ်သားလေးဖိုးထောင်
ကိုဇော်ဘုန်းဟိန်းက သတင်းသမားသက်သက် မကဘူး။ ရှေ့တန်းရောက် အောက်ခြေတပ်မတော်သားတွေကို ထိထိရောက်ရောက် ထောက်ပို့နေတဲ့သူ။ ဖိုးထောင် လေးစားတဲ့သူ။
မယုံရင် သူ့ဗီဒီယိုတွေကြည့်ပါ။ ကိုယ်တိုင် အိတ်စိုက်လုပ်နေတာ။
အခုတပ်မတော်ဖက် သတင်းသမားတွေထဲမှာ ဘယ်သူ သူ့လိုရှေ့တန်းနီးနီးကပ်ကပ်သွားပြီး ထောက်ပို့ရဲသလဲ။ သတင်းယူရဲသလဲ။ လုံခြုံတဲ့နေရာကနေ သတင်းရေးနေတဲ့သူ အများစုပါ။ ဖိုးထောင်လဲပါပါတယ်။
အရင်က ဒါမျိုး ကိုရဲမိုး လုပ်ခဲ့တယ်။ သူဆုံးပြီးနောက်ပိုင်း ကိုဇော်ဘုန်းဟိန်းပဲ မြင်မိတယ်။
လောလောဆယ် တရားရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ရှုံးတာနိုင်တာ နောက်ထား။ သူထောက်ပို့နေတဲ့ ကိစ္စတွေ အကုန်ရပ်သွားပါလိမ့်မယ်။ ရှေ့တန်းရောက် တပ်မတော်သားများ ရရှိမဲ့ ပစ္စည်းအချို့ လျော့နည်းသွားပါလိမ့်မယ်။
ဒီလိုဖြစ်အောင် အချို့ ပေါင်းကြံကြတယ်။ အချို့ အောင်ပွဲခံပျော်နေကြတယ်။
ခင်ဗျားတို့ တကယ်တပ်မတော်ချစ်ရဲ့လား သံသယဝင်မိပါတယ်။ တော်ယုံဒါမျိုး မရေးချင်ပေမဲ့ တပ်မတော်အတွက် တကယ်အားကိုးရတဲ့သူတစ်ယောက် ဒုက္ခရောက်တော့မှာ ပျော်နေကြတဲ့ စိတ်ဓာတ်ကို ရွံရှာမိလို့ ရေးပါတယ်။
ကိုဇော်ဘုန်းဟိန်းလောက် မလုပ်နိုင်ရင်တောင် ကိုဇော်ဘုန်းဟိန်း လုပ်နေတဲ့ အလုပ်တွေကို မနှောက်ယှက်သင့်ပါဘူး။
တပ်သားလေးဖိုးထောင်
မေ ၉ အောင်ပွဲနေ့ တက်ရောက်ရန် ရောက်ရှိလာသော မြန်မာ၊ဗီယက်နမ်၊ တရုတ်၊ ဆားဘီးယား၊ ဗင်နီဇွဲလား၊ ဘရာဇီးလ်၊အာမေးနီးယား၊ မွန်ဂိုလီးယား ၊ အီဂျစ်နှင့် ဘူကီနာဖာဆို အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ တောင်အမေရိကမှ ကမ္ဘာ့ခေါင်းဆောင်များကို သမ္မတပူတင်က ကရင်မလင်နန်းတော်၌ ညစာစားပွဲဖြင့် ကြိုဆို တည်ခင်းဧည့်ခံ။
ဒီခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ တပ်ချုပ်ကြီး အခွင့်အရေးကြီး ရရှိသွားပါပြီ။
တပ်သားလေးဖိုးထောင်
ပုပ်ရဟန်းမင်း အသစ်အဖြစ် အမေရိကန် နိုင်ငံသား ကာဒီနယ် Robert Prevost ကို ရွေးချယ်လိုက်ပါတယ်။
သမိုင်းမှာ ပထမဆုံး အမေရိကန်ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။
ထရမ့်တော့ ပျော်တော့မှာပဲ။
တပ်သားလေးဖိုးထောင်
ယနေ့ည ပျော်နေကြတဲ့ သူများစာရင်း။
ပျော်နေကြကြောင်း တင်ထားကြလို့ လူအများသိအောင် ပြန်တင်ပေးတာနော်။ သူတို့က အနီတွေထက် ပိုပျော်နေကြတော့ ခက်သား။
ကျန်တာတော့ စိတ်ကုန်လို့ ဖိုးထောင် မပြောချင်တော့ပါ။
ကိုအောင်မင်း
https://t.me/aung09min/2191
ကိုသက်
https://t.me/kothetjournalist9000/81609
တပ်သားလေးဖိုးထောင်
Repost from ဇော်ဘုန်းဟိန်း
ကျွန်တော့်အတွက် ဘာမှစိတ်မပူကြပါနဲ့ ကျွန်တော်အားလုံးကိုရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိပါတယ်
ကိုဇော်ဘုန်းဟိန်း ၆၆ဃ ဖြင့် အမှုဖွင့်ခံရ။
ဘေးကင်းပါစေ အကို
တပ်သားလေးဖိုးထောင်
+1
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ဝောာင်ခမ်းဒေသစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော စစ်သည်တော်များအတွက် အသင့်စားငါးသေတ္တာဗူးများ ချီးမြှင့်ပံ့ပိုးပေး...
"ရိက္ခာအတွက်လည်းမပူရ အသားငါးအစိုနဲ့ ဟင်းသီးဟင်းရွက်တွေလည်းရ အခုလို အသားဗူးငါးဗူးတွေ မပြတ်ရတော့ ပျော်တာပေါ့"
"အခုလိုမျိုးချီးမြှင့်တော့ ကျွန်တော်တို့စစ်တိုက်ရတာ ပိုပျော်တာပေါ့ဗျာ" စတဲ့ စစ်သည်တော်တွေရဲ့ ဝမ်းသာပျော်ရွှင်စွာပြောတဲ့ ရင်တွင်းစကားအသံတွေဟာ ကြားရသူအဖို့ ကြည်နူးပီတိဖြစ်ရတယ်...
အထက်လူကြီးတွေရဲ့ စီမံခန့်ခွဲချီးမြှင့်ပံ့ပိုးမှုကောင်းတွေနဲ့ စစ်သည်တော်တွေရဲ့တိုက်လိုခိုက်လိုစိတ် မြှင့်မားထက်သန်မှုတွေကြောင့် အကြမ်းဖက်အဖွဲ့တွေ တစတစနဲ့ မှေးမှိန်ပျောက်ကွယ်သွားမှာ မလွှဲဧကန်ပဲဗျာ...
တပ်သားလေးဖိုးထောင်
ဇလုပ်ကြီး မ ၅၉၈
ပစ်ကူပေးတဲ့ တပ်တွေနဲ့ ဟန်ချက်ညီ ခုခံနိုင်မှုကြောင့် သူပုန်တွေ နေ့လည် ၁း၃၀ ခန့်က ဆုတ်ခွာသွားပါပြီ။
လတ်တလော ငြိမ်သက်နေပါပြီ။
တပ်သားလေးဖိုးထောင်
ဇလုပ်ကြီး ခမရ ၅၉၈
ရန်သူအကြိမ်ကြိမ်လာတိုက်တဲ့ စခန်း။ ဒီတစ်ခေါက်လဲ သတင်းကြိုရတယ်။ ချန်နယ်ပေါင်းစုံကလဲ သတိပေးတင်ပေးနေတာ တစ်ပတ်ဆယ်ရက်မကတော့ဘူး။
ဒါတောင် ဒီနေ့မနက် ၄ နာရီထဲက သူပုန်တွေ အလုံးအရင်းနဲ့ လာတိုက်နေတာ အခုထိ စစ်ကူမရောက်သေးပါဘူး။
လုပ်ကြကိုင်ကြပါဦးဗျာ။
တပ်သားလေးဖိုးထောင်
အမေရိကန်ရေတပ်၏ FA 18 တိုက်လေယာဥ် နောက်ထပ်တစ်စင်း USS Harry Truman လေယာဉ်တင်သဘ်ောကြီးပေါ်မှ ပြုတ်ကျ ပျောက်ဆုံး။ ဘယ်ရောက်သွားမှန်းမသိ။
* ဟူသီတွေ ပစ်ချခံရတာ လုံးဝမဟုတ်ဟု အလန့်တကြားငြင်းဆန်။
တပ်သားလေးဖိုးထောင်
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
