es
Feedback
Collider's review

Collider's review

Ir al canal en Telegram

ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc) ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏

Mostrar más

📈 Análisis del canal de Telegram Collider's review

El canal Collider's review (@rev_iew) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 25 969 suscriptores, ocupando la posición 11 457 en la categoría Películas y el puesto 5 476 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 25 969 suscriptores.

Según los últimos datos del 30 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -740, y en las últimas 24 horas de -15, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.11%. Durante las primeras 24 horas tras publicar, el contenido suele obtener N/A% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 0 visualizaciones. En el primer día suele acumular 0 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 0.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc) ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 01 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Películas.

25 969
Suscriptores
-1524 horas
-1637 días
-74030 días
Archivo de publicaciones
Kerala Story 2 Goes Beyond (2026) မြန်မာစာတန်းထိုး IMDb 5.3 ဖြစ်ရပ်မှန်တွေကိုစုစည်းပြီး ပုံဖော်ရိုက်ကူးထားတဲ့ ဟိန္ဒူမိန်းကလေးတွေရဲ့ ဘဝငရဲခရီးလမ်းကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားတဲ့ ပညာပေးဇာတ်လမ်းလေးတစ်ကား တင်ဆက်ပေးထားပါတယ် ငယ်ရွယ်လှပပြီး အင်စတာမှာ follower များတဲ့ influencer ဒီဗီယာ။ ကကွက်လှလှလေးတွေနဲ့ ဆွဲဆောင်တတ်လို့ မိဘတွေက ဆာရီဝတ်ပြီး ကခွင့်ပေးထားခဲ့တယ် ဒါပေမဲ့ ရည်းစားဖြစ်သူ ဘာသာခြားတစ်ယောက်ရဲ့ အားပေးမှုနဲ့ ခေတ်ဆန်ဆန်ဝတ်ပြီး follower ပိုရှာလာခဲ့တယ် ။ သူမ‌နာမည်က နေဟာ နိုင်ငံ့ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်လွန်းလို့ မိဘတွေရဲ့ အားပေးမှုနဲ့ ကြိုးစားနေတဲ့သူတစ်ယောက်။ သူ့ကောင်လေးကလည်း သူ့ဆို အရမ်းအလိုလိုက် အရမ်းဆွဲဆောင်တတ်တော့ ကောင်လေးရဲ့လှည့်စားမှုထဲ နားယောင်ပြီး မိဘတွေမသိအောင် တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့မိတယ် နောက်တစ်ယောက်က စနေဟာ သူကတော့ မယားကြီးရှိမှန်းသိသိကြီးကို ဆာလင်းဆိုတဲ့ ဘာသာခြားအမျိုးသားနဲ့ ပတ်သက်မိခဲ့တယ် ဒီ၃ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်စပ်နေမလဲ ဘာသာမတူလို့ မိဘတွေ သဘောမတူ မရမကတားမြစ်တဲ့ကြားကနေ ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုဆိုပြီး ရှေ့ဆက်တိုးခဲ့ကြတဲ့ သူတို့ရဲ့ဘဝတွေက ‌ဇာတ်သိမ်းရော ကောင်းပါ့မလား မျက်နှာဖုံးတွေကွာကျချိန်မှာ ဘယ်လောက်တောင် ကြောက်လန့်တုန်လှုပ်စရာတွေနဲ့ ကြုံတွေရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။

The Kerala Story (2023) " ဇာတ်လမ်းတစ်ပုဒ်" == ချန်နယ်မြန်မာပရိသတ်တွေအတွက် ထွက်ရှိစဉ်က ငြင်းခုန်စရာတွေ တော်တော်လေးဖြစ်ခဲ့တဲ့ ໖: 3 The Kerala Story a တဲ့ IMDb 7.1 ရထားတဲ့ မှုခင်းဒရာမာရုပ်ရှင်လေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အကြမ်းဖက်မှုနဲ့ အာဖဂန်က ထောင်တစ်ခုမှာ ဖမ်းခံထားရတဲ့ ဖာတီမာဘာ ဖာတီမာဘာဆိုတဲ့ အိုင်းဆစ်အဖွဲ့ ဝင်အမျိုးသမီးဟာ စစ်ကြောရေးလုပ်နေသူတွေကို သူ့ရဲ့ဘဝဇာတ် ကြောင်းကို ပြန်ပြောပြနေပါတယ်။ သူဟာ ဖာတီမာဆိုတဲ့ အိုင်းစစ်အဖွဲ့ဝင် အစ္စလာမ် အစွန်းရောက်တစ်ယောက် ဖြစ်မလာခင်က ရှာလင်းနီဆိုတဲ့ ကီရယ်လာသူ ဟိန္ဒူအမျိုးသမီး ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အဲဒီလို ပညာတတ်တစ်ယောက်ကနေ ဘယ်လို လွဲမှားပြီး အမှားတွေကို ကိုယ်တိုင်ဝင် လုပ်တဲ့အထိအိုင်းဆစ်အဖွဲ့ဝင် ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပါ။ ဒီ ၂၀၂၃ ခုနှစ်ထွက် The Kerala Story ဆိုတဲ့ ရုပ်ရှင်ဟာ အမှန်တရားတွေအပေါ် အခြေခံပြီး စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာ ဆူဒီပ်တို ဆန်ရဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။ စနစ်တကျဖန်တီးထားတဲ့ ဝါဒမှိုင်းတွေက လူ့ အတွေးအခေါ်တွေကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်လဲဆို တာကို ဒီရုပ်ရှင်ထဲမှာ အနည်းအကျဉ်းမြင်ရမှာ

Laggam Time (2026) မြန်မာစာတန်းထိုး IMDb 9.7/10 တေလေဂူးစကားပြော အချစ်ဟာသရုပ်ရှကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ပူနေးမြို့မှာ အလုပ်လုပ်နေတဲ့ လူငယ်လေး ဆူရ်ယာဟာ အာနန်ယာဆိုတဲ့ကောင်မလေးနဲ့ ထူးထူးခြားခြား ဆုံတွေ့ပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ အလုပ်တဟ်ခုတည်းမှာ အတူတူ ပြန်ဆုံခဲ့ကြပေမဲ့ သူတို့ရဲ့ သံယောဇဉ်တွေ ပိုတိုးလာချိန်မှာပဲ အာနန်ယာဟာ အကြောင်းပြချက်မရှိဘဲ ဆူရ်ယာ့ကို အဆက်အသွယ် ဖြတ်တောက်သွားခဲ့ပါတယ်။ အာနန်ယာဟာ တခြားတစ်ယောက် လက်ထပ်ဖို့လုပ်သွားခဲ့ပြီး လက်ထပ်ရမယ့် မင်္ဂလာဆောင်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားလာပါတယ်။ ဆူရ်ယာတစ်ယောက် မင်္ဂလာအချိန် မတိုင်ခင်မှာ သူချစ်ရတဲ့ အာနန်ယာကို ပြန်လည်ရရှိအောင် အချိန်နဲ့အမျှ အပြေးအလွှား ကြိုးစားရပုံကို ရယ်မောပျော်ရွှင်ဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။cccccccccccccccccccccccccccccccccc[hjol70g

Laggam Time (2026) မြန်မာစာတန်းထိုး IMDb 9.7/10 တေလေဂူးစကားပြော အချစ်ဟာသရုပ်ရှကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ပူနေးမြို့မှာ အလုပ်လုပ်နေတဲ့ လူငယ်လေး ဆူရ်ယာဟာ အာနန်ယာဆိုတဲ့ကောင်မလေးနဲ့ ထူးထူးခြားခြား ဆုံတွေ့ပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ အလုပ်တဟ်ခုတည်းမှာ အတူတူ ပြန်ဆုံခဲ့ကြပေမဲ့ သူတို့ရဲ့ သံယောဇဉ်တွေ ပိုတိုးလာချိန်မှာပဲ အာနန်ယာဟာ အကြောင်းပြချက်မရှိဘဲ ဆူရ်ယာ့ကို အဆက်အသွယ် ဖြတ်တောက်သွားခဲ့ပါတယ်။ အာနန်ယာဟာ တခြားတစ်ယောက် လက်ထပ်ဖို့လုပ်သွားခဲ့ပြီး လက်ထပ်ရမယ့် မင်္ဂလာဆောင်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားလာပါတယ်။ ဆူရ်ယာတစ်ယောက် မင်္ဂလာအချိန် မတိုင်ခင်မှာ သူချစ်ရတဲ့ အာနန်ယာကို ပြန်လည်ရရှိအောင် အချိန်နဲ့အမျှ အပြေးအလွှား ကြိုးစားရပုံကို ရယ်မောပျော်ရွှင်ဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။

Lechindi Mahila Lokam (2026) မြန်မစာတန်းထိုး IMDb 4.7/10 အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလို ပြဿနာအသေးအဖွဲလေးကနေ မပြီးနိုင်မစီးနိုင်ဖြစ်တတ်တဲ့ အိမ်ထောင်ရေးပဋိပက္ခတွေကို ဟာသနှောလို့ ရိုက်ကူးထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံး မင်္ဂလာနှစ်ပတ်လည်နေ့ကို သတိမထားမိဘဲ အလုပ်ဆီထွက်သွားတဲ့ အာရ်ဗင်။ အိမ်မှာ တနုံ့နုံ့ကျန်ခဲ့တဲ့ ဇနီးဖြစ်သူ နီရ်မာတစ်ယောက် အလည်ရောက်လာတဲ့ သူငယ်ချင်းအရင်းကြီးကစလို့၊ အိမ်အကူအလယ် ဘေးအိမ်ကအဒေါ်ကြီးအဆုံး သူတို့လင်မယားပြဿနာထဲကို အဆင်းမှာ ဘီးဝိုင်းတပ်ပေးကြတဲ့အခါမှာတော့...။

.

Humint (2026) မြန်မာစာတန်းထိုး IMDb Rating (6.5) အက်ရှင်အလန်းစား ကားတွေကို စောင့်မျှော်နေကြသူများအတွက် Zo In-Sung, Park Jeong-Min, Shin Sae-Kyeong, Park Hae-Jun တို့လို ထိတ်ထိတ်ကြဲ မင်းသား၊ မင်းသမီးတွေ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် စပိုင်အက်ရှင်ကားသစ်ကြီးကတော့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ HUMINT ဆိုတာကတော့ "Human Intelligence" ရဲ့ အတိုကောက် စကားလုံးဖြစ်ပြီး သတင်းပေး၊ ထောက်လှမ်းရေးသမားစတဲ့ လူသားအရင်းအမြစ်တွေကို အသုံးချပြီး သတင်းအချက်အလက် စုဆောင်းရယူတဲ့ ထောက်လှမ်းရေးလောက အသုံးအနှုန်းတစ်ခုပါ။ - ဇာတ်လမ်းအကျဉ်း - တောင်ကိုးရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဌာနမှူးဂျို (Zo In-Sung) ကတော့ အရှေ့တောင်အာရှမှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ခြေရာခံလိုက်နေသူပါ။ သူဟာ HUMINT စစ်ဆင်ရေးတစ်ခုအတွင်းမှာ အသက်ပေးလိုက်ရတဲ့ သတင်းပေး ချန်ထားခဲ့တဲ့ သဲလွန်စနောက်ကို လိုက်ပြီး ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ဆီ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမြို့မှာ ဌာနမှူးဂျိုဟာ မြောက်ကိုးရီးယားစားသောက်ဆိုင် ဝန်ထမ်းမလေး ချယ်ဆွန်းဟွာ (Shin Sae-Kyeong)နဲ့ ဆုံတွေ့မိပြီး ဆွန်းဟွာကို သူ့ရဲ့ HUMINT စစ်ဆင်ရေးအသစ်အတွက် သတင်းပေးအဖြစ် ရွေးချယ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ လူပျောက်မှုတွေကို စုံစမ်းဖို့အတွက် ဗလာဒီဗော့စတော့မြို့ဆီ စေလွှတ်ခြင်းခံရတဲ့ မြောက်ကိုးရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ခေါင်းဆောင် ဘတ်ဂွန်း (Park Jeong-Min) ဆိုသူက ဒီအမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုးရီးယား ကောင်စစ်ဝန်ချုပ် ဟွမ်ချီဆောင်း (Park Hae-Jun) ရှိနေမှန်း သိလိုက်ရပါတော့တယ်။ မတူညီတဲ့ ပန်းတိုင်ကိုယ်စီနဲ့ ဗလာဒီဗော့စတော့မြို့မှာ ထိပ်တိုက်ဆုံတွေ့မိကြတဲ့ မြောက်နဲ့‌ တောင်ကိုးရီးယား အေးဂျင့်တွေရဲ့ အားပြိုင်ပုံကို ဒီဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။

Velleppam (2026) မြန်မာစာတန်းထိုး IMDb 2.7/10 မိသားစုအတွက်နဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို စတေးခဲ့ရတဲ့ ဆာရာနဲ့ ဘာအလုပ်အကိုင်မှမရှိဘဲ လွင့်ချင်တိုင်းလွင့်နေတဲ့ မောင်ဖြစ်သူ ဂျိုစီမွန်တို့ရဲ့ ဘဝဇာတ်ကြောင်းကို အလွဲလေးတွေနဲ့ ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ် တစ်နေ့မှာတော့ ဘုရားကျောင်းမှာ ပန်းချီလာဆွဲတဲ့ ကာလီနာဆိုတဲ့ မိန်းကလေးရောက်လာပြီး ဂျိုစီမွန်ရဲ့ ပျင်းရိစရာကောင်းတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ စိန်ခေါ်လိုက်တဲ့အခါမှာတော့ မောင်နှမနှစ်ယောက်စလုံးရဲ့ ဘဝထဲကို မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဝင်ရောက်လာပါတော့တယ် ဒါ့အပြင် နိုင်ငံရေးသမားတစ်ယောက်ရဲ့ နောက်ကွယ်က စောင့်ကြည့်မှုကိုပါ ခံနေရတဲ့ သူတို့မောင်နှမတစ်သိုက် အခက်အခဲတွေကြားကနေ သူတို့ရဲ့ ပန်းတိုင်ကို ဘယ်လိုလှမ်းကိုင်မလဲ မုန့်လုပ်ငန်းလေးတစ်ခုကို အခြေခံပြီး လူငယ်တို့ရဲ့ ရုန်းကန်မှုနဲ့ သံယောဇဉ်အကြောင်းကို ဟာသလေးနှောပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်

Vijeyta (2025) မြန်မာစာတန်းထိုး IMDb - 5.6/10 ငယ်စဉ်ကတည်းက မိဘတွေလုပ်ငန်းကို ဝိုင်းကူညီရင်းနဲ့ ဝယ်လိုအား ရောင်းလိုအားရဲ့သဘောတရားကို သိကျွမ်းနားလည်နေပြီး လုပ်ငန်းအသစ်တွေ တစ်ခုပြီးတစ်ခုစွန့်စားလုပ်တတ်တဲ့ ပါပူး။အရွယ်ရောက်လာတော့လည်း မိဘချင်းသဘောတူတဲ့ မိန်းကလေးကို လက်ထပ်ရင်းမိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး သူဝါသနာပါရာ လုပ်ငန်းတွေကိုဆက်လုပ်ကိုင်နေခဲ့တာပေါ့။ဒါပေမဲ့လည်း မထင်မှတ်ထားတဲ့ ကံဆိုးမှုတွေ ပါပူးဘ၀ထဲကို ဆက်တိုက်ဝင်လာတဲ့အခါမှာတော့ပါပူးတစ်ယောက် ဘယ်လိုများ ကြံ့ကြံ့ခံရင်ဆိုင်မလဲဆိုတာ...။

Masquerade (2012) မြန်မာစာတန်းထိုး IMDb Rating (7.8) / Rotten Tomatoes (100%) ဒီတစ်ခေါက်မှာတော့ ထွက်ရှိခဲ့တာ ၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ပေမဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းတစ်လျှောက် ရုံဝင်သူအများဆုံး နံပါတ် 13 မှာ ရပ်တည်နေတဲ့ ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Lee Byung-Hun, Ryu Seung-Ryong, Han Hyo-Joo တို့လို ထိပ်တန်းမင်းသား၊ မင်းသမီးတွေနဲ့ အရန်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - နန်းတွင်းပုန်ကန်မှု အန္တရာယ်ကို စိုးရိမ်နေရတဲ့ ဂွမ်ဟယ်ဘုရင် (Lee Byung-Hun) ဟာ သူ့နေရာမှာ အစားထိုးနေခိုင်းဖို့အတွက် သူနဲ့ ရုပ်ချင်းဆင်တူသူ တစ်ဦးကို ရှာပေးဖို့ အတွင်းဝန်ချုပ် ဟောဂယွန်း (Ryu Seung-Ryong) ကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဟောဂယွန်း တွေ့ရှိသွားတာကတော့ ဘုရင်နဲ့ ရုပ်ချင်း တစ်ထေရာတည်း တူရုံတင်မက မွေးရာပါ ပါရမီကြောင့် ဘုရင့်အသံ၊ အမူအရာအတိုင်း တုပပြောဆိုနိုင်တဲ့ လူပြက်လေး ဟာဆွန်း (Lee Byung-Hun) ပါပဲ။ အစပိုင်းမှာတော့ ဘုရင် နန်းပြင်ထွက်သွားတဲ့ တစ်ညတာအတွင်း ဟာဆွန်းကို အစားထိုးနေခိုင်းရုံသာဆိုပေမဲ့ ဘုရင်က အဆိပ်မိပြီး သတိလစ်မေ့မြောသွားတာကြောင့် ဟာဆွန်းတစ်ယောက် ဘုရင်အတုအဖြစ် ရေရှည် ဟန်ဆောင်နေဖို့ ဖြစ်လာတဲ့အခါမှာတော့... မျက်စိဒေါက်ထောက်ကြည့်နေတဲ့ အမတ်ကြီးတွေကြားမှာ သာမန်လူပြက်လေး ဟာဆွန်းတစ်ယောက် ဘုရင်အတုအဖြစ် ဘယ်လို ရှင်သန်မလဲဆိုတာကို Lee Byung-Hun ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ချက်တွေနဲ့အတူ ပြန်လည်ရှုစားလိုက်ကြပါဦး။

Pretty Lethal (2026) မြန်မာစာတန်းထိုး IMDb Rating (6.9) / Rotten Tomatoes (63%) ဒီတစ်ခါတော့ Amazon Prime ကနေ အသစ်ထွက်ရှိထားတဲ့ Pretty Lethal ဆိုတဲ့ Action Thriller ကားလေး တင်ပေးထားပါတယ်။ ၂၀၂၆ မတ်လ ၂၅ ရက်နေ့မှာပဲ ပူပူနွေးနွေး ထွက်ထားတာပါ။ အချိန်ကလည်း ၁ နာရီခွဲလောက်ပဲဆိုတော့ ဇာတ်လမ်းက အီမနေဘဲ မြန်မြန်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းတဲ့ ကားမျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ++++++++++ ဘဲလေးအကမယ် ၅ ယောက်ဟာ သူတို့ရဲ့ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုအတွက် ဘတ်စ်ကားနဲ့ ခရီးထွက်လာကြတယ်။ လမ်းခုလတ် တောကြိုအုံကြား ရောက်တော့ ကားကပျက်သွားရော။ အဲဒီမှာ သူတို့လည်း ရွေးစရာမရှိတာနဲ့ အနီးနားက Devora Kasimer ဆိုတဲ့ ဘဲလေးအကမယ်ဟောင်း တစ်ယောက် ဖွင့်ထားတဲ့ တည်းခိုခန်းလေးတစ်ခုမှာ ဝင်နားကြရတယ်။တကယ်တော့ အဲဒီတည်းခိုခန်းက ရိုးရိုးတည်းခိုခန်း မဟုတ်ဘဲ ဟန်ဂေရီ ဂိုဏ်းသားတွေ ခိုအောင်းနေတဲ့ နေရာဖြစ်နေတယ်။ သူတို့ရဲ့ ဆရာမဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာတော့ ဒီကောင်မလေး ၅ ယောက်ဟာ ဒီလူသတ်သမားတွေ လက်ထဲကနေ လွတ်အောင် ရုန်းကန်ကြရတော့တယ်။ သူတို့သင်ယူထားတဲ့ ဘဲလေးအကရဲ့ ကျွမ်းကျင်မှုတွေ၊ စည်းကမ်းတွေ၊ နောက်ဆုံး သူတို့စီးတဲ့ ဘဲလေးဖိနပ် (Pointe shoes) လေးတွေကိုပါ လက်နက်အဖြစ်ပြောင်းလဲပြီး ဘယ်လို တိုက်ခိုက်မလဲဆိုတာကို ရင်ခုန်စရာ ကြည့်ရမယ့် ကားလေးပါ။ သရုပ်ဆောင်တွေက Maddie Ziegler, Lana Condor, Avantika, Millicent Simmonds နဲ့ Iris Apatow တို့က အကမယ်တွေအဖြစ် ပါဝင်ထားပြီး၊ ဗီလိန်နေရာမှာတော့ နာမည်ကြီး မင်းသမီးကြီး Uma Thurman က သရုပ်ဆောင်ထားပါတယ်။ John Wick လို အက်ရှင်ကားတွေကို ရိုက်ကူးတဲ့ 87North Productions အဖွဲ့က စတန့်တွေ လုပ်ပေးထားတာဆိုတော့ အက်ရှင်ခန်းတွေက တော်တော်လေး မိုက်တယ်။ ဘဲလေးအကကွက်တွေနဲ့ တိုက်ခိုက်ရေး အက်ရှင်ခန်းတွေကို ပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တစ်မျိုးလေး ဆန်းသစ်နေမှာပါ။

GOAT (2026) မြန်မာစာတန်းထိုး IMDb Rating (6.9) / Rotten Tomatoes (84%) GOAT (2026) ကတော့ Spider-Verse ကားတွေကို ဖန်တီးခဲ့တဲ့ Sony Pictures Animation ကနေ အသစ်ထွက်ထားတဲ့ animation ကားသစ်လေးပါ။ ဒီကားလေးက ဝေးလ် (Will) လို့ခေါ်တဲ့ ဆိတ်ကလေးတစ်ကောင်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဆိတ်လေးက 'Roarball' လို့ခေါ်တဲ့ အကြမ်းပတမ်းဆော့ရတဲ့ ဘတ်စကတ်ဘောနဲ့ ရပ်ဘီ ပေါင်းထားသလို ကစားနည်းမျိုးမှာ ပရိုကစားသမားတစ်ယောက်ဖြစ်ချင်နေတာပေါ့။ ပြဿနာက Roarball ဆိုတာ ကြံ့တွေ၊ ဂေါ်ရီလာတွေ၊ ကျားသစ်တွေလို အကောင်ကြီးတွေပဲ ဆော့နိုင်တဲ့ အကြမ်းစားအားကစားဖြစ်နေတာပဲ။ ဇာတ်လမ်းကတော့ အကောင်သေးသေးလေးကနေ မဖြစ်နိုင်တာကို ဖြစ်အောင် ကြိုးစားပြသွားမယ့် Underdog ဇာတ်လမ်းမျိုးပါပဲ။ ဝေးလ်က သူ့ရဲ့အိုင်ဒေါဖြစ်တဲ့ ကျားသစ်မကြီး ဂျက် (Jett) ရှိတဲ့ Thorns အသင်းမှာ ဝင်ကစားခွင့်ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ၊ အသင်းကလူတွေကရော ဆိတ်ဆိုပြီး နှိမ်ထားတဲ့ကြားက သူဘယ်လိုသက်သေပြမလဲဆိုတာကို ရယ်စရာမောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီကားကို NBA က နာမည်ကြီးကစားသမား စတီဖန် ကယ်ရီ (Stephen Curry) ကိုယ်တိုင် ပရိုဂျူဆာလုပ်ပေးထားပြီး သူ့အသံလည်း ပါသေးတယ်။ အဓိကဇာတ်ကောင် ဝေးလ် နေရာမှာ Stranger Things ထဲက Caleb McLaughlin က အသံထည့်ပေးထားပြီး၊ ဂျက် နေရာမှာတော့ Gabrielle Union က ပါဝင်ထားပါတယ်။ Animation အပိုင်းကတော့ Spider-Verse တွေလိုပဲ street art graffiti ပုံစံလေးတွေနဲ့ တော်တော်မိုက်ပါတယ်။ မိသားစုလိုက် ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားမို့လို့ ဘတ်စကတ်ဘောဝါသနာပါတဲ့သူတွေရော၊ Animation ကားကြိုက်တဲ့သူတွေပါ သဘောကျမှာ သေချာပါတယ်။

Aaradhana (2025) မြန်မာစာတန်းထိုး ဝိညာဉ်ကလဲ့စား မာယာက ကြင်နာတတ်ပြီး အရည်အချင်းရှိတဲ့ ဆရာဝန်မလေးတစ်‌ယောက်ပါ။သူဟာ နောက်ထပ်ထွက်ရှိမယ့် စာအုပ်ကို အေးအေးဆေးဆေး အပြီးသတ်နိုင်ဖို့အတွက် အပန်းဖြေအနားယူလိုတဲ့ ဝတ္ထုရေးဆရာ ခင်ပွန်းဖြစ်သူ ပရာဒိ နဲ့အတူ တိတ်ဆိတ်ငြိမ်သက်တဲ့ ကျေးလက်ရွာလေးတစ်ရွာကို ပြောင်းရွှေ့လာခဲ့ပါတယ်။ မာယာမှာ ကိုယ်ဝန်ရှိနေပြီး သူတို့ဇနီးမောင်နှံဟာ ဘဝရဲ့ အခန်းကဏ္ဍသစ်ကို မစတင်မီ ဒီပတ်ဝန်းကျင်အသစ်မှာ ငြိမ်းချမ်းမှုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။အဲဒီ ရွာမှာလူအရိုးစုတစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိမိရာကနေ သူတို့ရဲ့ အေးချမ်းတဲ့ဘဝလေးဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့ရပါတော့တယ်။မာယာရဲ့ ခင်ပွန်း ပရာဒိဟာ မမြင်ရတဲ့ နာမ်ဝိညာဉ်တစ်ခုရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး အတိတ်က နာကျည်းချက်တွေအတွက် ကလဲ့စားချေဖို့ ကြိုးစားလာပါတယ်။ ဒီကြားထဲမှာ ကိုယ်ဝန်နဲ့ ဖြစ်နေတဲ့ မာယာတစ်ယောက် ဘယ်လိုအန္တရာယ်တွေ ကြုံရမလဲ ဒီဝိညာဉ်က ဘာကြောင့် သူတို့ကို ဒုက္ခပေးနေတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Vijeyta (2025) မြန်မာစာတန်းထိုး IMDb - 5.6/10 ငယ်စဉ်ကတည်းက မိဘတွေလုပ်ငန်းကို ဝိုင်းကူညီရင်းနဲ့ ဝယ်လိုအား ရောင်းလိုအားရဲ့သဘောတရားကို သိကျွမ်းနားလည်နေပြီး လုပ်ငန်းအသစ်တွေ တစ်ခုပြီးတစ်ခုစွန့်စားလုပ်တတ်တဲ့ ပါပူး။အရွယ်ရောက်လာတော့လည်း မိဘချင်းသဘောတူတဲ့ မိန်းကလေးကို လက်ထပ်ရင်းမိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး သူဝါသနာပါရာ လုပ်ငန်းတွေကိုဆက်လုပ်ကိုင်နေခဲ့တာပေါ့။ဒါပေမဲ့လည်း မထင်မှတ်ထားတဲ့ ကံဆိုးမှုတွေ ပါပူးဘ၀ထဲကို ဆက်တိုက်ဝင်လာတဲ့အခါမှာတော့ပါပူးတစ်ယောက် ဘယ်လိုများ ကြံ့ကြံ့ခံရင်ဆိုင်မလဲဆိုတာ...။

The Cure (2026) မြန်မာစာတန်းထိုး IMDb 6/10 အယ်လီဘရောင်းဟာ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်၊ ပညာရှင် လင်မယားရဲ့ အသက် ၁၆ နှစ်အရွယ် မွေးစားသမီးလေးဖြစ်ပြီး ရှားပါးရောဂါတစ်မျိုးကိုခံစားနေရတာပါ။ အဲ့ဒီရောဂါကြောင့် မွေးစားမိဘနှစ်ပါးက သူ့ကိုပိုးမွေးသလိုယုယပြီး အရိပ်တကြည့်ကြည့်စောင့်ရှောက်ထားတဲ့အတွက် ရွယ်တူအပေါင်းအသင်းလည်းမရှိပါဘူး။ တစ်နေ့တော့ မိဘတွေအလစ် ကမ်းခြေဘက်လမ်းလျှောက်ရင်း ရလာတဲ့ သူငယ်ချင်းအသစ်လေး ဘရွတ်ခ်ကိုတော့ သူတွယ်တာမိတဲ့အတွက် သူ့မိဘတွေက အချင်းချင်းတိုင်ပင်ပြီး သူ့ကိုအဖော်ပြုပေးဖို့ ငွေပေးအလုပ်ခန့်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဘရွတ်ခ်က သူ့အပေါ် သူငယ်ချင်းသံယောဇဉ်ထက်ပိုစပြုလာပြီး သူ့မွေးစားမိဘတွေနဲ့ပတ်သက်ပြီး မူမမှန်တာတွေကိုလည်း သတိထားမိလာပါတယ်။ အဲ့ဒီအကြောင်းတွေ အယ်လီကိုပြောပြပေမယ့် သူ့မိဘတွေကို မျက်စိမှိတ်ယုံကြည်ဆဲဖြစ်နေတဲ့ အယ်လီကို ဒီအကြံဆိုးနဲ့ မွေးစားမိဘတွေဆီကနေ ဘရွတ်ခ်တစ်ယောက်ဖြစ်တဲ့ နည်းနဲ့ခေါ်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ သူ့မွေးစား မိဘတွေဟာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ အယ်လီကိုမွေးစားခဲ့တာလား? အပေါ်ယံချိုသာမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုကြောက်စရာလှည့်ကွက်တွေရှိနေမလဲ? ဒီဘဝကနေ သူ တကယ်လွတ်မြောက်နိုင်ဦးမှာလား? ဆက်လက်ရှုစားကြပါ။

Odd Fish (2024) မြန်မာစာတန်းထိုး IMDb Rating (6.4) ၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အိုက်စလန် (Icelandic) ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး၊ သံယောဇဉ်နဲ့ ကိုယ့်ဖြစ်တည်မှု Identity အကြောင်းကို ရသစုံအောင် ရိုက်ပြထားတဲ့ Comedy-Drama အမျိုးအစားပါ။ ဇာတ်လမ်းကတော့ အိုက်စလန်နိုင်ငံရဲ့ ငါးဖမ်းမြို့လေးတစ်မြို့မှာ ငါးဟင်းလျာ စားသောက်ဆိုင်လေးတစ်ခုကို အတူတူတွဲဖွင့်ထားကြတဲ့ ငယ်သူငယ်ချင်း နှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်ဟာတစ်နှစ်ပတ်လုံး ဆိုင်ဖွင့်ခွင့်ရမယ့် မထင်မှတ်ထားတဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေကောင်းတွေ ရောက်လာချိန်မှာပဲ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Arna (Arna Magnea Danks) ဟာ တကယ်တော့ လိင်ပြောင်းအမျိုးသမီးတစ်ယောက် (Trans woman) ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအချက်က သူတို့ရဲ့ နှစ်ပေါင်းများစွာ ခိုင်မြဲလာခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်ကို စမ်းသပ်မှုတွေ ဖြစ်လာစေသလို၊ ရိုးရာအစဉ်အလာကြီးတဲ့ မြို့ကလေးထဲမှာ သူတို့ရဲ့ဘဝတွေကို ပြန်လည်သုံးသပ်ဖို့ အကြောင်းဖန်လာပါတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိ ကြည့်ရမယ့်ကားလေးပါ။

Made in Korea (2026) မြန်မာစာတန်းထိုး IMDb - 6/10 ကျောင်းကပွဲမှာ ကိုရီးယားမြေကို သွားခဲ့တဲ့ မိဖုရားရှန်ဘာဗလမ်နေရာကနေသရုပ်ဆောင်ပြီးချိန်မှာ ကိုရီးယားကို စွဲလန်းရူးသွပ်သွားခဲ့တဲ့ တမီးလ်မိန်းမငယ်လေး ရှန်ဘာ။တမီးလ်ပြည်နယ်ထဲကလူတွေတောင်မှ သူနေထိုင်တဲ့ရွာငယ်လေးရှိမှန်း မသိကြပေမဲ့ သူ့အိပ်မက်ကတော့ကိုရီးယားမြေဆီ သေချာပေါက်သွားရဖို့ဆိုတာပဲ။ ရှန်ဘာအရွယ်ရောက်လာချိန်မှာ ဖခင်ဖြစ်သူက သူ့စားသောက်ဆိုင်လေးကို ရှန်ဘာ့ကိုဦးစီးခိုင်းပြီးလင်ကောင်းသားကောင်းယူ ရှင်သန်စေချင်ပေမယ့် ရှန်ဘာကတော့ဖခင်ဖြစ်သူကို ခြေစုံကုန်ပြီး ကိုရီးယားအိပ်မက်ကို အကောင်အထည်ဖို့ကြိုးစားတဲ့အခါမှာတော့...။

Fourth Floor (2026) မြန်မာစာတန်းထိုး တမီလ်စကားပြော စိတ်ကူးယဉ်သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။သီရန်ဟာ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သူ့ရဲ့ရည်းစားဟောင်း အာနူ့ဆီက အကူအညီတောင်းတဲ့ ဖုန်းတစ်ချက်ကြောင့် ချန်နိုင်းမြို့ကို ရောက်လာခဲ့ပါတယ်။ သူဟာ ချန်နိုင်းက လူသူကင်းဝေးတဲ့ တိုက်ခန်းဝင်းတစ်ခုရဲ့ ၄ လွှာ မှာရှိတဲ့ အခန်းတစ်ခုမှာ တည်းခိုဖို့ ဖြစ်လာပါတယ်။ဒါပေမဲ့ သူရောက်ပြီးနောက်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရပြီး သူ့ရည်းစားဟောင်း အာနူဟာလည်း အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးသွားပါတယ်။သီရန်ဟာ ၄ လွှာမှာ ဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တွေကို လိုက်စုံစမ်းရင်းနဲ့ ဒီတိုက်ခန်းဟာ သာမန်တိုက်ခန်းတစ်ခု မဟုတ်တာကို သိသွားတဲ့အခါမှာတော့။

Vishnu Vinyasam (2026) မြန်မာစတန်းထိုး အချစ်ဗေဒင် IMDb (6.6/10) လူတိုင်းမှာ ကိုယ်စီယုံကြည်ချက်တွေ ရှိကြတာပါပဲ။ ဒါပေမဲ့ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တိုင်း အချစ်ရေးကအစ အရာရာကို ဗေဒင်နဲ့ ဂဏန်းဗေဒင် အပေါ်မှာပဲ ပုံအပ်ထားတဲ့သူဆိုရင်ရော...။ဗစ်ရှ်နူး က ကောလိပ်ဆရာတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အလွန်အမင်း ယုံကြည်သူပါ။ သူဟာမိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ဖို့ ကြိုးစားတဲ့အခါမှာလည်း ဇာတာချင်းတိုက်ဆိုင်မှုရှိမရှိကိုသာ အဓိကထားလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူဟာ ထူးခြားတဲ့ မိန်းကလေးမနီရှာ နဲ့ ဆုံတွေ့ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ ယုံကြည်ချက်တွေနဲ့ ဘဝအမြင်တွေကို စိန်ခေါ်လာမယ့် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာပါတော့တယ်။ဟာသနှောထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဖြစ်သလို ပြောင်မြောက်လှတဲ့ ဟာသသရုပ်ဆောင်ချက်တွေကို တစ်ဝကြီး ကြည့်ရှုရမှာပါ။ အချစ်၊ အလွဲနဲ့ မိသားစုဒရာမာတွေကို ပေါ့ပေါ့ပါးပါး ခံစားချင်သူများအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်

Papa Zola: The Movie (2025) မြန်မာစာတန်းထိုး IMDb Rating (8.2) လူကြိုက်များလှတဲ့ မလေးရှားအန်နီမေးရှင်းစီးရီး BoBoiBoy ထဲက အမြဲ ဟာသလုပ်တတ်တဲ့ ဆရာကြီး Papa Zola ကို အဓိကထား ရိုက်ကူးထားတဲ့ Spin-off ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီကားဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (အဒ်ပွဲတော်ကာလ) မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး မိသားစုနဲ့ကြည့်လို့ရတဲ့ အကောင်းဆုံး အန်နီမေးရှင်းကားတစ်ကားပါ။ Papa Zola ရဲ့ ထုံးစံအတိုင်း ရယ်စရာကောင်းတဲ့ စကားပြောဟန်တွေ၊ အမူအရာတွေက ကလေးတွေတင်မက လူကြီးတွေကိုပါ ရယ်မောစေမှာပါ။ ဒီရုပ်ရှင်မှာတော့ Papa Zola ဟာ BoBoiBoy တို့နဲ့အတူ ဂလက်ဆီထဲမှာ စွန့်စားခန်းဖွင့်နေတာမျိုးမဟုတ်ဘဲ သူ့ရဲ့ သမီးလေး Pipi Zola နဲ့အတူ ကမ္ဘာမြေပေါ်က သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်ကတော့ Papa Zola ဟာ သူ့ကိုယ်သူ "တရားမျှတမှုရဲ့ သူရဲကောင်း" (Hero of Justice) လို့ အမြဲကြွေးကြော်လေ့ရှိပေမဲ့ တကယ်တမ်းမှာတော့ သမီးဖြစ်သူ ရှေ့မှာ မျက်နှာပန်းလှဖို့နဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ရုန်းကန်ရပုံတွေကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဗီလိန်အသစ်တစ်ယောက် ပေါ်လာတဲ့အခါမှာတော့ Papa Zola တစ်ယောက် သူ့ရဲ့ "တရားမျှတမှု" စွမ်းအားတွေကို တကယ်ထုတ်သုံးပြီး ကမ္ဘာကြီးနဲ့ သူ့မိသားစုကို ဘယ်လိုကာကွယ်မလဲဆိုတာကို ကြည့်ရှုရမယ့် စူပါဟီးရိုးကာတွန်းရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။

Jumbo (2025) မြန်မာစာတန်းထိုး IMDb Rating (7.9) "ခက်ခဲတဲ့စွန့်စားခန်းတွေဆိုတာ သူငယ်ချင်းကောင်းတွေနဲ့ဆိုရင် ပျော်စရာကြီးပါ..." ပိတ်ရက်မှာ မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ချင်သူတွေအတွက် Animation Fantasy/Adventure ကားကောင်းလေး "Jumbo" နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက Rotten Tomatoes မှာ 10/10 ထိပေးချင်စရာကောင်းလောက်အောင် Drama, Comedy နဲ့ Adventure ကို အချိုးကျကျ ပေါင်းစပ်ထားတယ်လို့ Review တွေ ရထားသလို၊ IMDb မှာလည်း 7.9/10 အထိ ရရှိထားတဲ့ Rating အလွင့် ကားကောင်းလေးပါ။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက်ရဲ့ အလွဲလွဲအချော်ချော် စွန့်စားခန်းတွေကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာပါ။ ဂျမ်ဘိုဆိုတဲ့ကောင်လေးဟာ ဖက်တီးလေးမို့ အရာရာနှေးကွေးနေတဲ့အတွက် ရွယ်တူတွေကြားမှာ အပယ်ခံဖြစ်နေတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဂျမ်ဘိုတစ်ယောက် သူ့ကိုယ်သူသက်သေပြဖို့ စွမ်းရည်ပြိုင်ပွဲ ဝင်ပြိုင်ဖို့လုပ်ရင်း မယ်ရီဆိုတဲ့ သရဲမလေးနဲ့ဆုံတဲ့အခါ..... သာမန်ကလေးတွေရဲ့ ကစားခုန်စားဘဝကနေ မထင်မှတ်ထားတဲ့ မှော်ဆန်ဆန် အဖြစ်အပျက်တွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေနဲ့ ကြုံတွေ့လာရတဲ့အခါ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုတွေ ဆက်လက်ရင်ဆိုင်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖြူစင်တဲ့ သူငယ်ချင်းသံယောဇဉ်၊ ရယ်မောစရာ အလွဲအချော်လေးတွေနဲ့အတူ မျက်စိပသာဒဖြစ်စရာ Animation အလန်းစားတွေကို 1 နာရီ 42 မိနစ်စာ အပြည့်အဝ ခံစားရမှာပါ။ Animation ကားကြိုက်သူတွေ၊ အထူးသဖြင့် Feel-good Vibe လေးနဲ့ စွန့်စားခန်းကားလေးတွေကို သဘောကျသူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။