cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇ

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇 @sithuaung2006

Mostrar más
Publicaciones publicitarias
626 553
Suscriptores
+46324 horas
+1 8717 días
+34 52730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
Epic (2013) ➪➪➪➪➪➪➪➪➪➪➪➪➪➪ 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/moezetmovie/63 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
👍 23🥰 3💘 3 2😁 2 1🏆 1
Photo unavailableShow in Telegram
A Dog Named Palma (2021) IMDB (7/10) ➪➪➪➪➪➪➪➪➪➪➪➪➪➪ ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Palma က ဆိုဗီယက်မှာ တကယ်ရှိခဲ့တဲ့ ခွေးမလေး Palma အ‌ကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားခြင်းဖြစ်ပါတယ် သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ် ခွေးလေးလိုပဲ ဘဝတူ မိခင်ဆုံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီး သူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကို ဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ် ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်း ဆိုဗီယက်ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါးလေး ခြယ်မှုန်းပြထားပါတယ် တိရိစ္ဆာန်ချစ်သူတွေကော Family ကားလေး‌တွေ သဘောကျတဲ့သူတွေပါ ပေါ့‌ပေါ့ပါးပါး ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/movieforallmmsub/30 🌐 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
2😁 2👍 1🥰 1
ကစားရင် ကစားသလောက် Cash Back တွေ ပြန်ပေးတဲ့ဆိုဒ်မှ ကစားချင်တဲ့ မိတ်ဆွေတို့အတွက် jdbYG ကနွေးထွေးစွာ ကြိုဆိုနေပါတယ်နော် ဂိမ်းအကောင့်ဖွင့်ရန် ➡️ https://bit.ly/3Hsm16i နေ့စဉ်ဘောလုံးပွဲခန့်မှန်းပြီး Free 5,000 ကျပ်အကန့်အသတ်မရှိရယူရန်👇👇 ➡️ https://t.me/jdbygofficial တိုက်ရိုက်ဆက်သွယ်ရန် ☎️Phone - 09777999894 / 09899988776 Viber Link - http://ygjdb.net/YGjdb198 Telegram -  t.me/jdbygbot Facebook Page - https://www.facebook.com/jdbygv1
Mostrar todo...
Photo unavailableShow in Telegram
ကြင်နာသူကိုစောင့်မျှော်နေတဲ့တောစောင့်နတ်သမီးလေး😍😍 Mavka The Forest Song (2023) ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင်တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက်နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင်ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီးလေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ်ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ်ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင်လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ 😍ကြည့်ရန်နှိပ်ပါ👇 t.me/cartoon_mmsub1/4996 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
👍 46 22🆒 7🤔 6🍓 6💘 3🎉 2 1🤩 1🏆 1🦄 1
Photo unavailableShow in Telegram
Kultus Iblis (2023) ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက သွေးတွေနဲ့ပေပွပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာဗလီဆရာက အောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းဟာ ပျောက်သွားပါတယ်။သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ရာကနေအရင်က သူတို့အဖေရဲ့ နောက်ဆုံးအမှာစကားကိုတွေ့သွားပြီးသူ့ငယ်ဘဝကို ဘာလို့ဖုံးကွယ်ထားတာလဲ။အောက်လမ်းပညာကို ဘာလို့လေ့လာရတာလဲ ဆိုတာသိရဖို့အတွက်သူတို့အဖေရဲ့ ဇာတိရွာကို သွားကြည့်ခဲ့တဲ့အခါမှာ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/movieforhorror/830 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
👍 5 3😁 2 1🥰 1
Photo unavailableShow in Telegram
တစ်ရက်တာလုံးရဲ့သွင်းငွေတွေကိုပြန်ပေးမဲ့ Daily Cash back5% ( စည်းကမ်းချက် လုံးဝ မရှိ )💯 Viber - 09 889 33 66 44 Telegram No - https://t.me/Goldenland0088 Website Link - zaap.bio/goldenland
Mostrar todo...
1
Photo unavailableShow in Telegram
တောထဲမှာကြီးပြင်းလာရတဲ့ တာဇံလေး လူဗားရှင်း 😍😍 The jungle book ➪➪➪➪➪➪➪➪➪➪➪➪➪➪ တောတွင်းတာဇံကားလေးကိုတော့ ငယ်ငယ်တုန်းက အားလုံးကြည့်ဖူးကြမယ် ထင်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ 3D နည်းပညာများနဲ့ ပြန်လည်ဖန်တီး ရိုက်ကူးထားတာဖြစ်ပြီး တောတွင်းမှာ အဖော်ဖြစ်သူ ဝက်ဝံ၊ ကျားသစ်နက်၊ ဝံပုလွေတို့နဲ့ အတူတူနေထိုင် ကြီးပြင်းလာတဲ့ လူသားလေး တစ်ယောက်ရဲ့ ဘဝကို စိတ်ဝင်စားဖွယ် ကောင်းအောင် တင်ဆက်ပြသထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/movienewforyou/177 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
👍 14 3🥰 1🍓 1🆒 1🦄 1
Photo unavailableShow in Telegram
အသံကြားတာနဲ့ လိုက်ပြီးကိုက်ဖြတ်တတ်တဲ့သတ္တဝါကြီးတွေက လွတ်အောင်ရုန်းရမယ့်ဇာတ်ကား😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ the silence သိပ္ပံပညာရှင်တွေ အရှာဖွေကောင်းမှုနဲ့ နှစ်ပေါင်းများစွာပိတ်မိနေတဲ့ အသားစားသတ္တဝါမျိုးစိတ်တစ်ခုကို လူ့လောကထဲဝင်ခွင့်ပေးမိသွားပါတယ်။ အစပိုင်းဘာမှန်းသေချာမသိသေးပေမဲ့ တမြို့ပြီးတစ်မြို့လူတွေပိုးစိုးပက်စက်သေဆုံးကာ မြို့ပျက်တွေဖြစ်လာတော့ ဒီသတ္တဝါတွေရဲ့အကြောင်း သဘာဝကိုသိလာကြပါတယ်။ ဒီကောင်တွေကအမြင်အာရုံမရှိဘဲ အကြားအာရုံနဲ့လှုပ်ရှားပြီး အသံလေးနည်းနည်းကြားလိုက်တာနဲ့ အာ့မှာရှိတဲ့ဘယ်လိုသတ္တဝါမဆို အရိုးပဲကျန်တဲ့အထိအမဲဖျက်ကြတော့တာပါပဲ။ ရိုက်ကူးချက်တွေကြည့်ကောင်းပြီး horror ကားပီသစွာခံစားရမှာပါ အဓိကဇာတ်ဆောင်မိသားစုဟာ ဒီလိုကပ်ဘေးဆိုးကြီးကနေအသက်ရှင်ကျန်နိုင်မလား။ အဖြေရှင်းစရာနည်းလမ်းရောရှိရဲ့လားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/movieforallmmsub/424 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
👍 5 3 1🥰 1🏆 1
ကစားရင် ကစားသလောက် Cash Back တွေ ပြန်ပေးတဲ့ဆိုဒ်မှ ကစားချင်တဲ့ မိတ်ဆွေတို့အတွက် jdbYG ကနွေးထွေးစွာ ကြိုဆိုနေပါတယ်နော် ဂိမ်းအကောင့်ဖွင့်ရန် ➡️ https://bit.ly/3Hsm16i နေ့စဉ်ဘောလုံးပွဲခန့်မှန်းပြီး Free 5,000 ကျပ်အကန့်အသတ်မရှိရယူရန်👇👇 ➡️ https://t.me/jdbygofficial တိုက်ရိုက်ဆက်သွယ်ရန် ☎️Phone - 09777999894 / 09899988776 Viber Link - http://ygjdb.net/YGjdb198 Telegram -  t.me/jdbygbot Facebook Page - https://www.facebook.com/jdbygv1
Mostrar todo...
👍 1😁 1
Photo unavailableShow in Telegram
မကြာခင် မီးရှို့သတ်ဖြတ်ခြင်းခံရမယ့် အခြေအနေမှာ မထင်မှတ်ထားတဲ့ကလေးလေးနှစ်ယောက်ရဲ့သူငယ်ချင်းမေတ္တာ 😢😢 ➪➪➪➪➪➪➪➪➪➪➪➪➪➪ The boys in the striped pyjamas ဒုတိယ ကမ္ဘာစစ်အတွင်းကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။Raft က ဟစ်တလာ စစ်တပ်ရဲ့ ဗိုလ်မှူးမှာ Bruno ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ ဗိုလ်မှူး Raft ရဲ့ တာ၀န်ကတော့ ဂျူးလူမျိုးတွေကို အလုပ်စခန်းတစ်ခုတည်ဆောက်ပြီး အလုပ်လုပ်ခိုင်းရမယ်။ပြီးတော့ သူတို့ကို မီးရှို့ပြီး သ/တ်ပစ်ရမှာဖြစ်ပါတယ်။အဲ့အချိန်တုန်းက ဂျူးလူမျိုးတွေဆိုတာ ဟစ်တလာရဲ့ ညင်းပန်း သ/တ်ဖြတ်ခြင်းကိုခံရတဲ့ လူမျိူးတွေဖြစ်ပါတယ်။Raft ရဲ့တာ၀န်တွေကို သူ့ဇနီးဖြစ်တဲ့ Gretel တောင်မသိပါဘူး။အသက် 8 နှစ်ပဲရှိတဲ့ Bruno လည်း သမိုင်းတွေဘာတွေ ဘာမှမသိသေးပါဘူး။ရောက်ပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းမရှိတဲ့ Bruno က အလုပ်သမားစခန်းက သူနဲ့ရွယ်တူ ကောင်လေး Shmue ဆိုတဲ့ ဂျူးလူမျိုးကောင်လေး နဲ့ခင်သွားပါတယ်။အဲ့နောက်မှာတော့ 8 နှစ်သားလေး Bruno နှင့် ဂျူးလူမျိုး Shumue တို့ သူတို့မိဘတွေတောင် ထင်မထားတဲ့ ကိစ္စတစ်ခုဖြစ်သွားပါတယ်။အဲ့တာကဘာဖြစ်မလဲ... 😍ကြည့်ရန်နှိပ်ပါ👇 t.me/movieforallmmsub/105 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
Mostrar todo...
21👍 20😢 16👏 1😁 1🤩 1🆒 1💘 1🦄 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.