Info@beexprss
Ir al canal en Telegram
2 186
Suscriptores
+224 horas
+137 días
+2930 días
Archivo de publicaciones
2 186
Dear All Branches & Agents,
လှိုင်းဘွဲ့ မြို့နယ်သို့ပါဆယ်အပို့များအား (5-5-2024 မှ 11-5-2024 အထိ) ခေတ္တရပ်နားထားကြောင်း အသိပေးကြေငြာအပ်ပါသည်။
Remark - လှိုင်းဘွဲ့ Agent မှာ Personal ကိစ္စဖြင့် ခွင့်ယူထားပါသဖြင့်။
2 186
Dear All Branch and Agent 💢
ယနေ့မှ စ၍ ဖောင်ကြီး (ရန်ကုန်)
၎င်းမြိုနယ်သိုပိုမည့်ပါဆယ်အကောက်များရပ်နားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။
2 186
Dear All Branches and Agents
📌📌📌တန့်ယန်း မြို့တွင် 1.5.2024 ရက်နေ့ မွန်းလွဲပိုင်းတွင် လေပြင်းများတိုက်ခတ်ပြီး လျှပ်စစ်မီးနှင့် Mytel ဖုန်းလိုင်းများ ပြတ်တောက်နေပါသဖြင့် ပါဆယ်များ ဆက်သွယ်ပို့ဆောင်ရာတွင် ကြန့်ကြာမှုများ ရှိနိုင်သောကြောင့် customer complainများရှိလာပါက ကူညီဖြေရှင်းပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်ရှင့် ..🙏🙏🙏
2 186
⚠️⚠️⚠️
Dear All Branch & Agent
🚨🚨🚨မြိတ်-ကော့သောင်းကြား
ဘုတ်ပြင်းလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်နေသောကြောင့် Mawlamyine Gateway မှ ကော့သောင်းသို့
👉(27.4.2024)👈 ရက်နေ့တွင်ပို့ထားပေးသောပါဆယ်များလမ်းတွင် ပိတ်မိနေပါတယ်ရှင်။
လက်ရှိလမ်းခရီးအခြေနေကြောင့် Mawlamyine Gateway တွင်ရှိနေသော လက်ကျန်ပါဆယ်များသည်လည်း ကားဂိတ်များမှ လက်မခံသောကြောင့် ဂိတ်တင်၍မရသေးပါဘူးရှင် ပါဆယ်များကို ကားဂိတ်များပြန်လည်လက်ခံမှတင်ပေးမည်ဖြစ်ကြောင်း နှင့် Complain တစုံတရာတက်လာပါက Origin Depot များအနေဖြင့်လဲ ဖြေရှင်းပေးနိုင်ရန် အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။
2 186
🐝Dear All Branches and Agents🐝
🚨Shwe Nyaungမြို့တွင် ယနေ့ 2.5.2024 မှ 4.5.2024ရက်နေ့ထိ ၃ရက်ခန့် လျှပ်စစ်မီးပြတ်တောက်မှုရှိမည်ဖြစ်ပြီး Laptop,phone,power bankများအားမရှိခြင်းများရှိနေသောကြောင့်
- အေးသာယာ၊
- စက်မှုဇုန်၊
- နည်းပညာတက္ကသိုလ်၊
- ရွှေညောင်၊
- ဟဲဟိုးသို့ ပို့ဆောင်သောပါဆယ်များ operationအခက်ခဲကြောင့် အနည်းငယ်ကြန့်ကြာမှုများရှိနိုင်ကြောင်းနှင့် customer complainများရှိလာပါက ကူညီဖြေရှင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။🚨
Best Regards,
Regional 6 Operation Team(Shwe Nyaung Branch)
2 186
Dear All Branch and agent ,
ရွှေညောင်မြိုတွင် (2.5.2024 to 4.5.2024) အထိ လျှပ်စီးမီး (3) ရက်ဆက်တိုက်ပျက်မည်ဖြစ်သောကြောင့် operation ပိုင်းတွင် အခက်အခဲရှိနေပါသောကြောင့် Sender / Receiver မှ complain ရှိပါက ကူညီဆောင်ရွက်ပေးကြရန်ေတာင်းဆိုအပ်ပါသည်ရှင့် 🙏🙏🙏
2 186
💥💥💥Dear All Branch & Agents 💥💥💥
ဘုရားသုံးဆူ / ကြာအင်းဆိပ်ကြီး ဂိတ်ချပါဆယ်များ COD နဲ့ Delivery Charges များအားလုံး ရှင်းပြီးမှ ဂိတ်ချပေးပါမယ် COD & Delivery Charges Clear မဖြစ်သော ပါဆယ်များ လုံးဝ ဂိတ်ချပေးမည် မဟုတ်တော့ပါ ခင်ဗျာ
2 186
Dear All Branch & Agent
🔆🔆🔆🔆🔆🔆🔆🔆🔆
မြဝတီမြို့တွင်
အမှတ်-1/2/5
အမှတ် (3)- မြို့တွင်း 669 ထိ
အမှတ်- (4)ရွှေဘုန်းပွင့် ၁၀လမ်းထိအောက်မြေရွှေဘုံ -12လမ်းထိပ်ထိ/တောကြက်ဝိုင်း/ ရွှေမြဝတီစျေးထိပ်
အမှတ် (၅) ရေပူ တို့တွင် ဝန်ဆောင်မှု ပေးနိုင်သည့် အခြေအနေရှိပါသည်
သို့ဖြစ်ပါ၍ နိုင်ငံရေးအခြေအနေကြောင့်သတ်မှတ်ထားသော နေရာထက် ကျော်လွန်သည့် ပါဆယ်များသည် ရုံးတွင်လာယူရမည်ဖြစ်ပြီး (၅)ရက်ထက်ကျော်လွန်သော လာယူရက်ကြာ ဆက်မရပါဆယ်များကို (RT)ပြန်တင်ပေးမည်ဖြစ်ပါသည်
LineHaul နှင့်မဟုတ်ဘဲ အပြင်ကားဖြင့် တင်ရခြင်းဖြစ်သဖြင့် ပုံမှန်ထက် မြဝတီသို့ ပစ္စည်းရောက်ချိန် ကြာနိုင်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာ Deport မှ ပစ္စည်းလက်ခံချိန်တွင် ထိုအချက်များကို ရှင်းပြပြီး ပစ္စည်းလက်ခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်
2 186
⚠️⚠️⚠️⚠️⚠️
Dear all Branch & Agent
📢📢📢ကချင်ပြည်နယ်တွင် တိုက်ပွဲအခြေအနေများကြောင့် ဖုန်းလိုင်းများဖြတ်တောက်ခံထားရပါသဖြင့် ယခုလက်ရှိတွင် Atom (telenor) Sim တစ်ခုသာ ဖုန်းဆက်သွယ်ပြောကြားလိုရနေပါသည် ။ ထိုကြောင့် အခြား Operator ဖုန်းနံပါတ်များဖြင့်ကောက်ယူထားသောပါဆယ်များမှာ ဆက်သွယ်ပိုဆောင်မရဖြစ်နေပါသည်။ ထိုပါဆယ်များအတွက် Branch / Agent ရှိရာ ရုံးများသို လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ဆက်သွယ်လိုရရှိနိုင်မည့် ဖုန်းနံပါတ်များကိုလည်း သက်ဆိုင်ရာ org depot ရုံး/Agent များမှ ကူညီပြီး တောင်းဆို ရှင်းပြပေးကြနိုင်ပါရန် အသိပေးအပ်ပါသည်ခင်ဗျာ ။
2 186
Dear All Branches & Agents,
✅သရက်ချောင်း (တနင်္သာရီ) သို့ ပါဆယ်များပြန်လည်ပို့ဆောင်နိုင်ပါပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်ရှင့်။
⚠️လတ်တလော အခြေနေကြောင့်မြို့တွင်းပါဆယ်များကိုသာပို့ဆောင်ပေးပြီး ရွာဖက်ပါဆယ်များကိုတော့ ပို့ဆောင်ပေးခြင်းမရှိပါရှင့်။⚠️
2 186
❌❌❌
Dear All Branch & Agent
➡️ ညောင်ခြေထောက် (ပဲခူး )
သို့ ပါဆယ်ကောက်ယူချင်း ဝန်ဆောင်မှုများကို ယနေ့မှစ၍ ရပ်နားထားပေးကြပါရန် အသိပေးအပ်ပါသည်ခင်ဗျာ။
⚠️ ⚠️ နိုင်ငံရေးအခြေအနေများကြောင့်ယာယီရပ်နားခြင်းဖြစ်ပါသည်။
2 186
⚠️⚠️⚠️
Dear All Branch & Agent
❌❌❌ ရေး၊ လမိုင်း နှင့် တနင်္သာရီတိုင်းရှိမြို့များသို့ပို့သောပါဆယ်များလက်ခံရာတွင် ဌာနဆိုင်ရာနှင့်ဆက်နွှယ်သောစာရွက်စာတမ်းများနှင့် အခြားသောဆက်စပ်ပစ္စည်းများ လုံးဝ လုံးဝ လက်ခံ၍မရကြောင်း အသိပေးအပ်ပါသည်ရှင်။
🚨🚨လမ်းခရီး၌အစစ်ဆေးများပြီးတွေ့ရှိပါက မီးရှို့ဖျက်စီးမည်ဖြစ်ကြောင်း ကားဂိတ်များမှတဆင့်အကြောင်းကြားလာသောကြောင့် Origin Depot များဘက်မှထိုမြို့များသို့ပို့သော ပါဆယ်များဖောက်စစ်ပြီးမှလက်ခံပေးရန် အကြောင်းကြားအပ်ပါသည်ရှင်။
2 186
⚠️⚠️⚠️
Dear All Branch & Agent
❌❌❌ကော့သောင်း သို့ Laptop / Phone စသော ပစ္စည်းများကို လတ်တစ်လော ကောက်ယူ/ပို့ဆောင်ခြင်းများ (လုံးဝ) မပြုလုပ်ကြပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျာ ။ အသိမ်းအဆည်းများရှိနေသောကြောင့်ဖြစ်ပါသည် ။ အကယ်၍ သတိမထားဘဲ ကောက်ယူပို့ဆောင်ခဲ့ပါက ထိုပါဆယ်အတွက် ကောက်ယူခဲ့သော ရုံး/ Agent မှ အပြည့်အဝ တာဝန်ယူ ဖြေရှင်းပေးရပါမည်။
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
