cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Myanmar Nation Voice

Publicaciones publicitarias
3 287
Suscriptores
+624 horas
+417 días
+20830 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ဝ၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ +++++++++++++++++++++++++++++++++++++++++++++++++++ နေပြည်တော် ဇူလိုင်လ ၁၆ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့မဟာဗိမာန်တော်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေ ချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။ ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက် ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Mostrar todo...
Photo unavailableShow in Telegram
ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် တာကျိုးပေါက်မှုမှ ပျောက်ဆုံးနေသည့် အလုပ်သမား (၇)ဦး ယနေ့အထိပြန်ရှာမတွေ့သေး မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာရှိ ကာရံထားသော တုတ်မှ ရေများ ဝင်ရောက်လာပြီး လုပ်ငန်းခွင်မှ အလုပ်သမား အမျိုးသား (၁၀)ဦးအနက် (၇)ဦး ရေန-စ်ပျောက်ဆုံးမှုဖြစ်ပွားရာ လက်ရှိအချိန်ထိ ပြန်ရှာမတွေ့သေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ယမန်နေ့ ဇူလိုင် (၁၄)ရက်၊ နံနက် (၈)နာရီ (၁၅)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးဆောင်၍ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပျောက်ဆုံးနေသူ အလုပ်သမား (၇)ဦးအား ဆက်လက်ရှာဖွေနေပြီး အဆိုပါ လုပ်ငန်းခွင် သီးသန့် တာကျိုး ပေါက်မှုကြောင့် အခြားသော လူနေရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှု မရှိကြောင်းလည်း သိရသည်။ ဓာတ်ပုံ - Than Htay
Mostrar todo...
Photo unavailableShow in Telegram
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို မှတ်ပုံတင်ခွင့်ပြု ++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ ၁၅ ရက်
Mostrar todo...
လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆို +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ နေပြည်တော်-ဇူလိုင်လ ၁၅ ရက်
Mostrar todo...
ဇူလိုင် ၁၃ ရက် မနက် ၉နာရီခွဲက ထန်းတပင်မြို့နယ် ဆက်ကလေးကျေးရွာ အုပ်စု အိမ်လေးလုံးကျေးရွာ အဝင်လမ်း လမ်းဘေး ဝဲ ယာ တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။
Mostrar todo...
ထန်းတပင်မြို့နယ်၌(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ နှင့်ပြိုင်ပွဲများကျင်းပ ထန်းတပင်(ရန်ကုန်)၊ဇူလိုင်(၁၃)ရက် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ဇူလိုင်လ (၁၃)ရက် နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်) ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ ရှေးဦးစွာ ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြရာ ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများအားအသိပညာပေးဟောပြောသည်။
Mostrar todo...
ထန်းတပင်မြို့နယ်-ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဘောလည်ကျွန်းရှိ ပါတီဝင်လယ်သမားများ မြေသြဇာရရှိရေးဆောင်ရွက်ပေး- ထတပ-ဇူလိုင်( ၁၂) ရန်ကုန်တိုင်းဒေသကြီး-မှော်ဘီခရိုင်-ထန်းတပင်မြို့နယ်-စိုက်ပျိုးရေးမန်နေဂျာရုံးခန်းမတွင်မွန်းလွဲ( ၂း၃၀) အချိန်က မြို့နယ်ပါတီဥက္ကဋ္ဌ-ဦးသိန်းရီမှလမ်းညွှန်သြဝါဒစကားပြောကြားသည်-ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ လေဆာဝေါကုမ္ပဏီတာဝန်ခံတို့မှ စိုက်ပျိုးရေးနည်းပညာအကြောင်းများဆွေးနွေးပြောကြားခဲ့ပြီး - ထို့နောက်ဘောလည်ကျွန်းတက်သစ်ကျွန်းရှိပါတီဝလယ်သမားများနှင့်တွေ့ဆုံကာလမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်- ထို့နောက်တက်ရောက်လာသည့် တာဝန်ခံကိုယ်စားလှယ်များက ပါတီဝင်လယ်သမားများအားမြေသြဇာအိတ်( ၂၉၉+၁၉၇) အိတ်အားပေးအပ်ခဲ့သည် ပေးအပ်ပွဲသို့ မြို့ပါတီအတွင်းရေးမှုးနှင့်ကော်မတီဝင်များ စိုက်ပျိုးရေးရုံးတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ- မြေသြဇာအိတ်ပေးအပ်ပွဲကို မြို့နယ်ပါတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများအသီးသီးပေးအပ်ကြပြီး​မြေသြဇာပေးအပ်ပွဲကို ညနေ( ၃း၅၀)အချိန် အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
Mostrar todo...
11:46
Video unavailableShow in Telegram
သတင်းသမားပြောတဲ့သတင်းစကား(၁၂၀)
Mostrar todo...
56.60 MB
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.