cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

USDP news ပြည်ခိုင်ဖြိုးပါတီသတင်းများ

Forever USDP member

Mostrar más
Publicaciones publicitarias
684
Suscriptores
+424 horas
+167 días
+5330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Repost from USDP News
စာသင်ကျောင်းလမ်းပျက်စီးနေမှုအား ပြုပြင်ခြင်းဆောင်ရွက် ======================== ဘိုကလေး ဇွန် ၁၉ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ဝဲကြီးကျေးရွာအုပ်စု၊ဝဲကြီးကျေးရွာအလကကျောင်းအရှေ့ကျောင်းသား၊ကျောင်းသူများအဝင်အထွက်လမ်းသည်ပျက်စီးနေသဖြင့်အုပ်ချုပ်ရေးမှူးဦးလှသောင်း၊ပါတီဥက္ကဌဦးဇော်မင်းအောင်၊အတွင်းရေးမှူးဦးသန့်ဇော်ထွန်းတို့မှဦးဆောင်ပြီးကျေးရွာပြည်သူတချို့အားအလှူခံကာရရှိငွေ(၃၅)သိန်းကျပ်ဖြင်(၁၉.၆.၂၀၂၄)ရက်၊မနက်(၀၉၀၀)နာရီမှစတင်ပြီးပြည်ခိုင်ဖြိုးပါတီဝင်(၃၅)ဦးမွ လမ်းပြုပြင်ခြင်း ဆောင်ရွက်လျှက်ရှိပါသည်။
Mostrar todo...
Repost from USDP News
"ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်" ++++++++++++++++++++++++++ ၁၉ ဇွန်လ ၂၀၂၄ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိိုင်းအစည်းအဝေး (၉/၂၀၂၄)ကို ယနေ့ နေ့လည် (၀၁:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးကို မြို့နယ်ပါတီရုံးအစည်းဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဌမှ ဦးစွာအဖွင့်အမှာစကားပြောကြားခဲ့သည် ထို့နောက် တိုင်းဒေသကြီးပါတီရုံး၌ပြုလုပ်ခဲ့သော တွေ့ဆုံပွဲမှ ဒုဥက္ကဌ(၃)၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဥက္ကဌ တို့၏လမ်းညွှန်မှာကြားချက်များ နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကော်မတီဝင်များမှ မိမိတို့ နယ်မြေနှင့်ရေးရာများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ နှင့် ရှေ့ဆက်ဆောင်ရွက်ရန်လျာထားမှုများကို တင်ပြခဲ့ရာ ဥက္ကဌမှပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး ညနေ (၀၃:၀၀)အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့သည်။
Mostrar todo...
Repost from USDP News
မြို့နယ်ပါတီကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ======================== လှိုင်သာယာ ဇွန် ၁၉ ယနေ့(19/6/2024)ရက်နေ့နေလည်(13:00)နာရီအချိန်တွင်လှိုင်သာယာ(အရှေပိုင်းနှင့်အနောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင်လှိုင်သာယာအနောက်ပိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီယာယီဥက္ကဌဦးသစ်လွင်ကမြို့နယ်ပါတီကော်မတီဝင်များနှင့်အရံကော်မတီဝင်များပါဝင်သည့်လုပ်ငန်းပုံမှန်ညှိနှိုင်းအစည်းအဝေးတွင်အထက်ပါတီ၏လမ်းညွှန်ချက်များအကောင်အထည်ဖော်ဆောင်ရွက်ရန်အပြန်အလှန်ဆွေးနွေးခဲ့ပြီးအစည်းအဝေးကိုညနေ(14:30)နာရီအချိန်တွင်ပြိးစိးခဲ့ပါသည်။
Mostrar todo...
Repost from USDP News
မြို့နယ်အထောက် အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံ ========================== ပြည်ကြီးတံခွန် ဇွန် ၁၉ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိူင်ဦး၊မြို့နယ်အထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းလှ၊ဦးသိန်းလွင်နှင့်မြို့မိမြို့ဖများ၊မဟာအောင်မြေခရိုင်ပါတီ ဘဏ္ဍာရေးမှုး ဦးစံရ၊ပြည်ကြီးတံခွန်မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် လက်ရှိနိူင်ငံရေး အခြေအနေများ၊ရွေးကောက်ပွဲ အောင်နိူင်ရေး၊ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်းဖွဲ့စည်းရေး လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြပါသည်။
Mostrar todo...
Repost from USDP News
မြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ======================== ပုသိမ်ကြီး ဇွန် ၁၉ မန္တလေးတိုင်းဒေသကြီး ပုသိမ်​ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ ပုသိမ်​ကြီးမြို့နယ်ပါတီဥက္ကဌ ဦးဆွေသန်း၊အတွင်းရေးမှူး ဦးကိုကိုလွင်နှင့်မြို့နယ်ကော်မတီဝင်များ၊အရန်မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။အစည်း အဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဦးဆွေသန်းက ပါတီဒုတိယဥက္ကဌ-၂ ဦးလှထွန်း၏ လမ်းညွှန်မှာကြားချက်များ၊တိုင်းဒေသကြီးပါတီရုံး၌ ၁၂-၆-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သော တိုင်းဒေသကြီး/ခရိုင်/မြို့ နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၆/၂၀၂၄)၏ လမ်းညွန်ချက် လုပ်ငန်းစဥ်များ၊ပါတီအောင်နိူင်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။၎င်းနောက် မြို့နယ်ကော်မတီဝင်များမှ ပါတီအောင်နိူင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား အကြံပြု တင်ပြဆွေးနွေးခဲ့ကြပါသည်။
Mostrar todo...
Repost from USDP News
ရပ်ကွက်ပါတီကော်မတီဝင်များအား နယ်မြေကွင်းဆင်း တွေ့ဆုံ ======================== အောင်မြေသာစံ ဇွန် ၁၈ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးညီညီမင်း၊အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလှိုင်ဝင်းထွန်း၊အတွင်းရေးမှုး ဦးသောင်းစိန်နှင့်ကော်မတီဝင်များမှ ညောင်ကွဲရပ်ကွက်ပါတီကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် လက်ရှိနိူင်ငံရေး အခြေအနေများ၊ပါတီအောင်နိူင်ရေး လုပ်ငန်းစဥ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
Mostrar todo...
Repost from USDP News
အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက် ======================= စဥ့်ကူး ဇွန် ၁၉ မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ထုံးကြီးကျေးရွာ၊အထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဆွေနှင့်ကော်မတီဝင်များ၊ရပ်ကျေးပါတီကော်မတီဝင်များနှင့်ပါတီဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
Mostrar todo...
Repost from USDP News
ပြည်နယ်ပါတီဥက္ကဌ ဒေါ်နန်းနီနီအေးဘားအံမြို့နယ်ရပ်/ကျေး ပါတီဥက္ကဌများနှင့်သွားရောက်တွေ့ဆုံ ======================== ဘားအံ ဇွန် ၁၉ ကရင်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့​ဖြိုးရေးပါတီ ကရင်ပြည်နယ်ဥက္ကဌဒေါ်နန်းနီနီအေးသည်ဘားအံမြို့နယ်ပါတီ ဥက္ကဌဦးစောစိန်ဝင်း၊အတွင်းရေးမှူးဦးခွန်သန်းဝင်းတို့လိုက်ပါ ၍ဘားအံမြို့နယ်ကော့ထမ္မလောက်ရွာ၊ပိုင်ရမ်းရွာ၊အိန္ဒဲရွာ၊လှိိုင်ကားရွာသို့သွား ရောက်၍ကျေးရွာ ပါတီဥက္ကဌများနှင့်တွေ့ဆုံ၍ပါတီလုပ်ငန်းစီမံချက်များအောင်မြင်၊ထိရောက်၊မှန်ကန်၊လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးယနေ့သွား ရောက်တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်လိုအပ်သည်များဖြည့်စွမ်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။
Mostrar todo...
Repost from N/a
အများပြည်သူ ခြင်အန္တရာယ်နှင့် ခြင်မှဖြစ်သောရောဂါများဘေးမှ ကင်းဝေးစေရေး ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးပက်ဖျန်းပေး ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏လုပ်ငန်းလမ်းညွန်မှုကိုခံယူ၍ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ တာဝန်ရှိသူများသည် ဇွန်လ(၁၉) ရက်နေ့မွန်းလွဲပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ဥက္ကလာပဂေါက်ကွင်း ၄ ရက်ကွက်ရှိ ဝန်ထမ်းအိမ်ယာအတွင်း၌ ခြင်များခိုအောင်းမှုမရှိစေရန်နှင့် ခြင်မှတစ်ဆင့်ဖြစ်ပွားသောရောဂါများ အများပြည်သူ မဖြစ်ပွားစေရန်အတွက် မြို့နယ်ကော်မတီဝင်များမှ ခြင်ဆေးဖျန်းစက်ကြီးများဖြင့် ပက်ဖျန်းကူညီပေးခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ လုပ်ငန်းလမ်းညွန်မှုအားခံယူ၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီတာဝန်ရှိသူများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စဥ်ဆက်မပြတ်ပါဝင်ဦးဆောင်လျှက်ရှိသည်။
Mostrar todo...
Repost from N/a
Photo unavailableShow in Telegram
မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဌ ၏ကျန်းမာရေး သွားရောက်ကြည့်ရှုအားပေး ===================================== ရွှေပြည်သာ၊ဇွန် ၁၈၊၂၀၂၄ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီ၏ လမ်းညွှန်မှု ၊ မင်္ဂလာ ဒုံခရိုင်ပါတီ၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီသည် ပါတီမိသားစုများအား စောင့်ရှောက်ကူညီရေးအတွက် ယနေ့ မွန်းလွဲ ၂ နာရီတွင် အမှတ်(၁၀)ရပ်ကွက် သံတောင်လမ်းနေ မျက်စိဝေဒနာခံစားနေရသော ရပ်ကွက်ပါတီဥက္ကဌ ဦးသန်းဝင်း အား သွားရောက်ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးထောက်ပံ့မှုပြုခြင်းကို အင်အား(၅) ဦးဖြင့် ဆောင်ရွက်ခဲ့ကြသည် ။ ထိုစောင့်ရှောက်ကူညီရေးဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်ပါတီ ယာယီဥက္ကဌ ဦးထွန်းထွန်းဦး ၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးရဲဝင်းအောင် ၊ ဦးတေဇာဝင်းနှင့် ဦးစိုးမိုး ၊ အရန်မြို့နယ်ပါတီ‌ကော်မတီဝင် ဒေါ်သီတာစိုးနှင့် ဒေါ်ဥမ္မာမြင့် တို့ သွားရောက်ခဲ့ကြပါသည် ။
Mostrar todo...