es
Feedback
ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

Ir al canal en Telegram

𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 🪉𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲

Mostrar mĂĄs
609
Suscriptores
Sin datos24 horas
-47 dĂ­as
-1130 dĂ­as
Archivo de publicaciones
❛ ⾕ ִမင်းကိုယ်မင်းပြန်ကြည့်ပါ ⾕ ִ ❜
│  :: -   အမှန်တရားသိတိုင်းရှင်းပြနေစရာမလိုဘူး
လူတချို့က မင်းစေတနာနဲ့မတန်သလိုနားမလည်ချင်တဲ့သူကိုနားလည်ဖို့မတောင်းဆိုနဲ့ ပင်ပန်းပြီးအချိန်ကုန်မှာကမင်း။ ⾕ ִမင်းကိုယ်မင်း postive zoneထဲသွင်း မင်းအတွက်သာမင်းတွေး နှိမ့်ချပြီးနေ။ ကိုယ့်အတွက်ကိုယ်ပြိုင် ပြိုင်ပွဲတိုင်းကြောက်စရာမလို၊နိုင်"ရှုံး"ပြိုင်နိုင်တဲ့သတ္တိကိုချီးကျူး။     
│  :: -  အောင်မြင်မှုကရမှာဆိုပြီးလက်ပိုက်မနေနဲ့။
အောင်မြင်မှုကဒူးထောက်လောက်အောင်အထိမသေမရှင်ကြိုးစားပြလိုက်။
│  :: -  ငယ်တုန်းသင်ယူစရာရှိတာသင်ယူ မင်းအချိန်ကိုမင်းရည်မှန်းချက်တွေကိုအာရုံစိုက်။
ဘယ်သူဘယ်ဝါ ဘယ်လိုပျော်"ပါး"မင်း ကြီးပြင်းလာရင်းရလဒ်က ကွာလိမ့်မယ်။
│  :: - မင်းမှန်ထဲကလူကိုတန်ဖိုးထား မင်းကငို"ရီ" မလှပါစေ သူကမင်းကိုမလှောင်တဲ့၁ဦးတည်းသောသူ။
မင်းဘေးနားကတကယ်မင်းအပေါ်ကောင်းတဲ့လူတွေကိုတန်ဖိုးထား။ လောကမှာ မင်းကိုချစ်တဲ့သူထက်မင်းချစ်တဲ့သူကပိုနာကျင်ရစေတယ်။ လောကဓံရိုက်ချက် ဘယ်လောက်ကြီးမား သေလောက်အောင်ပင်ပန်းနေပါစေ ငါ့အတွက်ငါရှိတယ်ဆိုတဲ့ သေး‌သေးလေးအပေါ်အားတင်း။ မွေးလာတည်းက ဘယ်သူ့နဲ့အတူမွေးလာလို့လဲ မင်းကိုအခုချိန် ဘယ်သူမှအဖက်မလုပ်ပေမဲ့ မင်းအောင်မြင်မှုရတဲ့တစ်နေ့ လူတွေမင်းကို သဲ"လှုပ်"အဖက်လုပ်လိမ့်မယ်။ ㅤ 𝅭 ㅤ𝅭ㅤ⎯⎯ㅤㅤ𔘓ㅤ ⎯⎯ ㅤ𝅭ㅤ 𝅭 ⾕ မှတ်ထားပါ ဘဝမှတ်တိုင်က ကြိုးစားမှုအပေါ်ပဲမူတည်တာ...။ ㅤ 𝅭 ㅤ𝅭ㅤ⎯⎯ㅤㅤ𔘓ㅤ ⎯⎯ ㅤ𝅭ㅤ 𝅭 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐁𝐲 𝐎𝐱𝐲𝐠𝐞𝐧-: ✧ :-゜・. ㅤ 𝅭 ㅤ𝅭ㅤ⎯⎯ㅤㅤ𔘓ㅤ ⎯⎯ ㅤ𝅭ㅤ 𝅭 Don't R𝚎𝚙𝚘𝚎𝚜𝚝 Don't 𝙲𝚘𝚙𝚢 // 𝙽𝚘 𝙲𝚛𝚍 #𝗢𝘅𝘆𝗴𝗲𝗻 #𝗙𝗼𝗿𝗬𝗼𝘂𝗿𝗦𝘂𝗰𝗲𝘀𝘀 #𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧𝐚𝐥_𝐥𝐢𝐭𝐞𝐫𝐚𝐭𝐮𝐫𝐞

❐ 𝗧𝗮𝗸𝗲 𝘁𝗵𝗲 𝗮𝗱𝘃𝗮𝗻𝘁𝗮𝗴𝗲 𝗼𝗳 𝗰𝗵𝗮𝗻𝗰𝗲 𝐏𝐫𝐞𝐬𝐞𝐧𝐭 𝐭𝐢𝐦𝐞 𝐢𝐬 𝐭𝐡𝐞 𝐛𝐞𝐬𝐭 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐲𝐨𝐮. 𝐘𝐨𝐮 𝐚𝐫𝐞 𝐬𝐡𝐨𝐰𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐩𝐞𝐭𝐭𝐲-𝐦𝐢𝐧𝐝 𝐛𝐲 𝐛𝐥𝐚𝐦𝐢𝐧𝐠 𝐨𝐧 𝐭𝐡𝐞 𝐨𝐭𝐡𝐞𝐫 𝐭𝐡𝐨𝐮𝐠𝐡 𝐲𝐨𝐮 𝐠𝐞𝐭 𝐭𝐡𝐞 𝐜𝐡𝐚𝐧𝐜𝐞. ⭑. ─ִ──ִ── ⭒ ʿʿ 📓ׅ ♡ ─ִ──ִ── ❐ အခွင့်အရေးကို အသုံးချမိပါစေ လက်ရှိအချိန်ဟာ သင့်အတွက်အကောင်းဆုံး အချိန်ပါပဲ။ အခွင့်အရေးရပါလျက်နဲ့ ဘယ်သူ့ကြောင့်၊ ဘာကြောင့်ဆိုပြီး သူများကိုအပြစ်တင်ပြောဆိုနေတာဟာ ကိုယ့်ရဲ့ သဘောထားနိမ့်ပါးမှုကို လှစ်ဟပြနေတာပဲ။ ❐ကောင်းပြည့်သော် ⭑ ─ִ──ִ── ⭒ ʿʿ ⚜ׅ ♡ ─ִ──ִ── 슙 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn 슙 #𝐄𝐧𝐳𝐚𝐥𝐢 슙 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 슙 #𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧𝐚𝐥_𝐥𝐢𝐭𝐞𝐫𝐚𝐭𝐮𝐫𝐞

❐ 𝗗𝗼𝗻'𝘁 𝗯𝗲 𝗼𝘃𝗲𝗿 𝗰𝗼𝗻𝗳𝗶𝗱𝗲𝗻𝗰𝗲 𝐈𝐭 𝐜𝐚𝐧 𝐚𝐥𝐬𝐨 𝐦𝐚𝐤𝐞 𝐭𝐫𝐨𝐮𝐛𝐥𝐞 𝐰𝐡𝐞𝐧 𝐲𝐨𝐮 𝐚𝐫𝐞 𝐨𝐯𝐞𝐫 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐚𝐬 𝐲𝐨𝐮 𝐧𝐞𝐯𝐞𝐫 𝐟𝐞𝐞𝐥 𝐝𝐞𝐩𝐫𝐞𝐬𝐬. 𝐓𝐡𝐞 𝐯𝐢𝐜𝐢𝐬𝐬𝐢𝐭𝐮𝐝𝐞 𝐥𝐞𝐭 𝐧𝐨 𝐨𝐧𝐞. 𝐁𝐞 𝐭𝐫𝐚𝐢𝐧𝐞𝐝 𝐭𝐨 𝐰𝐢𝐧 𝐨𝐧𝐜𝐞 𝐲𝐨𝐮 𝐟𝐚𝐜𝐞. ⭑ ─ִ──ִ── ⭒ ʿʿ 🧶 ♡ ─ִ──ִ── ❐ ယုံကြည်မှု မလွန်ပါစေနဲ့ စိတ်ဓာတ်မကျတတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲရင်လည်း ဒုက္ခရောက်တတ်တယ်။ လောကဓံဆိုတာ ဘယ်သူ့ကိုမှချန်လှပ်မထားဘူး။ လောကဓံခံရတိုင်း ကိုယ့်ဘက်ကနိုင်ဖို့ပဲလေ့ကျင့်ထားပါ။ ❐ ကောင်းပြည့်သော် 슙 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn 슙 #𝐄𝐧𝐳𝐚𝐥𝐢 슙 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 슙 #𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧𝐚𝐥_𝐥𝐢𝐭𝐞𝐫𝐚𝐭𝐮𝐫𝐞 슙 စိတ်ခွန်အားဖြည့်စာပေ

❝ အသက် ၁၅၀ထဲ‌ရောက်မှ မျိုးပွားကြတဲ့ ဂရင်းလန်းငါးမန်းမျိုးစိတ် ❞ • -:-········┈ ֶָ֢┈┈···ֶָ֢····················· ֶָ֢······┈ ┈┈;༊ ❐ᭂ ကမ္ဘာကြီးထဲမှာကျင်လည်နေတဲ့သတ္တဝါမျိုးစိတ်တွေ များစွာရှိတဲ့ အထဲမှာမှ ဂရင်းလန်းငါးမန်းကတော့ အတော်လေးကိုထူးခြားမှုတွေ နဲ့ပြည့်နှက်နေတဲ့ မျိုးစိတ်လို့တောင်ပြောလို့ရပါတယ်။ ❐ᭂ        ဂရင်းလန်းငါးမန်းတွေဟာနှစ်ပေါင်း၅၀၀အထိနေနိုင်ကြပြီးဒါဟာကျောရိုးရှိသတ္တာဝါမျိုးစိတ်တွေထဲမှာ သက်တမ်းအရှည်ဆုံးလို့တောင်ပြောလို့ရပါတယ်୭‌⋆ ❐ᭂ ဂရင်းလန်းငါးမန်းတွေဟာ အတ္တလန္တိတ်ဒေသရှိ အလွန်အေးမြပြီး နက်ရှိုင်းတဲ့ရေပြင်မျိုးမှာ နေထိုင်ကျက်စားကြပါတယ်။ ❐ᭂ        သူတို့ရဲ့သွားလာလှုပ်ရှားပုံတွေဟာအလွန်နှေးကွေးပြီးအမြင်အာရုံလည်းမကောင်းပါဘူး။ ❐ᭂ ဂရင်းလန်း ငါးမန်းတွေဟူပင်လယ်ရေအောက်အနက်ပိုင်းရှိငါးများကို စားသုံးရုံသာမကသွားလာမှုမြန်ဆန်သန်မာတဲ့ပိုလာဝက်ဝံပင်လယ်ဖျံများနှင့်အအေးပိုင်းသမင်မျိုးများကိုဖမ်းယူစားနိုင်ပါတယ်။°୭‌• ❐ᭂ        သူတို့ဟာပေ၂၀ထိရှည်လျားပြီးပေါင်၂၅၀၀ခန့် အလေးချိန်ရှိပါတယ်။ ❐ᭂ        ထူးခြားတဲ့အချက်တွေထဲမှာမှ ဂရင်းလန်းငါးမန်းတွေဟာ အသက်၁၅၀ ရောက်မှသာမျိုးပွားကြတာပါ။ ❐ᭂ        အဲ့ဒါအပြင်သူတို့ရဲ့အသားဟာလည်း အဆိပ်အရမ်းများလွန်းတာကြောင့်စားလိုက်တာနဲ့သေသွားမှာဖြစ်ပါတယ်ཻུ۪۪♡ -:-······┈🦈 ֶָ֢┈┈···ֶָ֢··········🐟········· ֶָ֢······┈ ┈┈;༊ 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗕𝘆 𝗭𝗮𝗺𝗲 𝗗𝗮𝗿𝗮𝗹𝗶𝗼𝗻 𝗗𝗼𝗻'𝘁 𝗿𝗲𝗽𝗼𝘀𝘁 ᴮᵃᵇʸ ရီကွက်ချင်ရင် @Knowledge74_bot🪽 숊 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn 合 #𝐄𝐧𝐳𝐚𝐥𝐢 숊 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 合 #𝐀𝐧𝐢𝐦𝐚𝐥𝐬 숊 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧

仚နှစ်ပေါင်းငါးရာအထိကို အသက်ရှည်နိုင်ပြီး ကျော်ရိုးရှိသတ္တဝါတွေထဲမှာ အသက်ရှည်ဆုံးလို့ပြောရတဲ့ ငါးမန်းမျိုးစိတ်အကြောင်း သိကြလား
仚နှစ်ပေါင်းငါးရာအထိကို အသက်ရှည်နိုင်ပြီး ကျော်ရိုးရှိသတ္တဝါတွေထဲမှာ အသက်ရှည်ဆုံးလို့ပြောရတဲ့ ငါးမန်းမျိုးစိတ်အကြောင်း သိကြလား仚 ᗣဖတ်ပြီးရင်ရီအက်လေးမျှခဲ့ᗣ ── ⋅   ⋅ ──૮₍ྀི ˃ ⤙ ˂ ₎ྀིა── ⋅   ⋅ ── ဖတ်ရန်နိုပ်ပေးပါ ── ⋅   ⋅ ────── ⋅   ⋅ ──── ◱𔓘 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ◱𔓘 #𝐄𝐧𝐳𝐚𝐥𝐢 ◱𔓘 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 ◱𔓘 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧

㒴လက်တံရှည်အမွှေးတွေရှိတဲ့ 𝐘𝐞𝐭𝐢 𝐂𝐫𝐚𝐛𝐬𖣗 ᜔ ──. ⋅   ⋅. ─────. ─. ⠀♡. ⠀ ─── ❒ ပစိဖိတ်သမုဒ္ဒရာထဲမှာနေထိုင်ကြတဲဒီကဏန်းလေးတွေဟာဆိုရင်တခြားမျိုးစိတ်တွေနဲ့မတူဘဲရှည်လျားတဲ့အမွှေးတွေရှိတဲ့လက်တွေကြောင့်နာမည်ကြီးပါတယ်။ ❒. ဒီကဏန်းဟာKiwaမျိုးရင်းဖြစ်ပြီးတော့သမုဒ္ဒရာထဲမှာကြောက်စရာကောင်းတဲ့ဟိုက်ဒရိုသာမယ်လ်တွင်းပေါက်ကြီးတွေဘေးမှာရှင်သန်နိုင်တဲ့အကောင်လေးတွေဖြစ်ပါတယ်။ ❒ သူတို့ဟာအုပ်စုဖွဲ့နေတတ်တဲ့အကောင်တွေဖြစ်တာမလို့တစ်နေရာထဲမှာတင်အကောင်ရေ၇၀၀လောက်အတူတူနေတာလည်းရှိတတ်ပါတယ်။ ❒ ဒီမျိုးစိတ်ကို၂၀၀၅တုန်းကစူးစမ်းလေ့လာသူအဖွဲ့ကနေရှာတွေ့ခဲ့တာဘဲဖြစ်ပါတယ်။အခြားမျိုးစိတ်တွေနှင့်အသွင်အပြင်ကွာခြားလွန်းတဲ့ဒီကဏန်းကိုလက်တင်စကားအရအမွှေးထူလို့အဓိပ္ပါယ်ရတဲ့Yetiလို့အမည်ပေးခဲ့ကြပါတယ်။ ❒ အဖြူရာင်အခွံနှင့်ဖုံးအုပ်ထားတဲ့ ကိုယ်ရှိကြပြီးအများစုကတော့အဖြူနှင့်မီးခိုးရောင်ရှိပါတယ်။ ❒ မွှေးရှည်တွေရှိတဲ့လက်ကိုဝှေ့ယမ်းရင်းအနီးအနားမှာရှိတဲ့ဘက်တီးရီးယားတွေကိုဖမ်းယူစားသုံးတတ်ကြတဲ့ဒီကဏန်းတွေဟာပင်လယ်သတ္တဝါအများစုရဲ့သားကောင်‌မဟုတ်ပါဘူး။ ❒ တစ်ချို့သောရေဘဝဲတွေနှင့်ငါးကြီးတွေကသာလျှင်သူတို့ကိုစားသုံးကြတာမလို့Yetiဂဏန်းတွေမှာပြင်းထန်ခက်ခဲ့တဲ့ဘဝမရှိပါဘူး။ ❒ ဒါပေမဲ့ဒီဂဏန်းလေးတွေဟာပင်လယ်ရဲ့အောက်ခြေအနက်ဆုံးမှာဘဲနေထိုင်တတ်ကြတာမလို့လူတွေတွေ့မြင်ဖို့မလွယ်ကူပါဘူး။လူတွေအတွက်အန္တရယ်မရှိတဲ့အကောင်ဖြစ်တာမလို့စားလို့ရပေမဲ့လက်ရှိအချိန်ထိတော့ဘယ်သူမှမစားဖူးသေးပါဘူး။ ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #𝐀ռіოᥲƖ

.‌ ᎍ 合 🌊Ocean Sunfish 🐋合 ‌ㅤ 𝅭 ㅤ𝅭ㅤ⎯⎯ㅤㅤ𔘓ㅤ ⎯⎯ ㅤ𝅭ㅤ 𝅭 ❐.‌ ᎍ 𝐌ⱺᥣα လို့လည်းလူသိများတဲ့ ပင်လယ်နေငါး (𝐎𝖼𝖾α𐓣 𝐒υ𐓣𝖿𝗂𝗌ɦ) များဟာ ကမ္ဘာပေါ်မှာတော့ အလေးချိန်အများဆုံးငါးဖြစ်ပါတယ်။ ပျှမ်းမျှအလေးချိန်မှာ အရွယ်ရောက်ပြီးသားတစ်ကောင်ကို ပေါင် 2200 { 1000 kg } နှင့် အရှည် 10ပေ { 3.1 မီတာ } ရှိပါတယ်။ တစ်ကယ်တော့ အရွယ်အစားအရကြီးမားကြပေမဲ့ Ocean Sunfish များဟာကိုယ့်အားကိုယ်ကိုးပြီး ကူးခတ်သွားလာနိုင်တဲ့သူတွေမဟုတ်ဘဲ သမုဒ္ဒရာရေစီးကြောင်းများကို အားကိုးကာ လှည့်ပတ်ကျက်စားနေသူတွေဖြစ်ကြပါတယ်။ ❐.‌ ᎍ  ‌ ဒီငါးတွေကို ကမ္ဘာတစ်ဝှမ်းလုံးရှိ အပူပိုင်းနှင့်အပူပိုင်းပင်လယ်သမုဒ္ဒရာများမှာ တွေ့ရနိုင်ပါတယ်။ ထူးခြားတာကတော့ ဒီ ပင်လယ်နေငါးလို့ခေါ်တဲ့ Ocean Sunfish များမှာ အမြှီးပိုင်းမပါဘြ ပင်မကိုယ်ထည်ကြီးတစ်ခုတည်းသာရှိတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ သူတို့ရဲ့ကြီးမားတဲ့ သူအိမ်အမြှီးများ၊ ဆူးတောင်များကြောင့် Pufferfish နဲ့ များတတ်ကြပါတယ်။ ‌ ❐.‌ ᎍ  သူတို့နေထိုင်ရာပတ်ဝန်းကျင်မှာတော့ သေးငယ်ပျော့ပျောင်းတဲ့ ငါးများ၊ ငါးသားလောင်းများ ပြည်ကြီးငါးများနှင့် crustacean များကိုစားသုံးလေ့ရှိပါတယ်။ မျိုးစိတ်အမများကတော့ အခြားသိကြတဲ့ ကျောရှိးရှိသတ္တဝါများထက် ဥပိုမိုထုတ်လုပ်နိုင်ပြီး အမတစ်ကောင်လျှင် တစ်ကြိမ်ကို မျိုးဥ သန်း [ 300 ] အထိဥနိုင်ပါတယ်။ ❐.‌ ᎍ  ‌ အရွယ်ရောက်ပြီးတဲ့ ပင်လယ် နေငါးများဟာ သဘာဝရဲ့ကြမ်းတမ်းခက်ခဲမှုကို အနည်းငယ်ခံနိုင်ရည်ရှိကြပေမဲ့ တစ်ခါတစ်ဘေ ပင်လယ်ခြင်္သေ့များ၊ လူသတ်ဝေလငါးများရဲ့ အစာတော့ဖြစ်ခံရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီပင်လယ် နေငါးတွေကို မစားသုံးကြပေမဲ့ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ကမ္ဘာ့နိုင်ငံအချို့မှာ စားသောက်ဖွယ်ရာအဖြစ်သတ်မှတ်ထားကြပါတယ်။ ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #𝐀ռіოᥲƖ

◱ -:- ကမ္ဘာတဝှမ်းကဘာသာဗေဒပညာရှင်တွေဟာ အလှဆုံးအက္ခရာ ၅မျိုးကိုရွေးချယ်သတ်မှတ်ရာမှာ မြန်မာအက္ခရာကထိပ်ဆုံးကပါလာပါတယ်။ မင်မင်အဲ့အကြောင်းကိုဒီနေ့ဖော်ပြပါမယ်။ 𓄸. မြန်မာ 𓄸. ── ⋅   ⋅ ──────⠀⋅   ⋅⠀ ─── ❐. နာရီလက်တံအတိုင်းရေးသားရပြီး လုံးဝိုင်းတဲ့အနားသတ်တွေရှိတဲ့မြန်မာစာကို ပညာရှင်တွေကအလှဆုံးအဖြစ်သတ်မှတ်ခဲ့ကြတယ်။ တကယ်တော့ဝိုင်းစက်တဲ့အနားသတ်တွေနဲ့ ရေးသားခြင်းဟာ အလှအပအတွက်မဟုတ်ဘဲ ခေတ်ကာလလိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။ ❐ ရှေးအခါကပေရွက်ထန်းရွက်တွေနဲ့စာရေးကြတဲ့အခါမှာ ထောင့်တွေမျဉ်းတွေကိုကညစ်နဲ့ဆွဲတဲ့အခါ အရွက်တွေပြဲတတ်တာမို့ ဝိုင်းစက်တဲ့အနားသတ်ဖြစ်အောင်ရေးသားကြတာပါ။ လတ်တလောမြန်မာနိုင်ငံမှာပဲအသုံးပြုတော့တဲ့ဘာသာစကားဖြစ်ပါတယ်။ 𓄸. ဆင်ဟာလေ (သီရိလင်္ကာ)𓄸. ── ⋅   ⋅ ──────⠀ ⋅   ⋅⠀ ─── ❐ အသံထွက်ပုံ ၅၀ကျော်ရှိတဲ့ဒီဘာသာစကားဟာ နှုတ်ခမ်းအဖိအဖော့လေးနည်းနည်းကွဲတာနဲ့ အဓိပ္ပါယ်ကွဲပြားသွားတဲ့အထိကျယ်ပြန့်ပါတယ်။ မျက်မှောက်ခေတ်မှာတော့ အသံထွက် ၃၈မျိုးကိုသာတွင်တွင်ကျယ်ကျယ် အသုံးပြုကြတော့တယ်။ ❐ ဆင်ဟာလေမှာ သသင်္ကရိုက်နဲ့ ပါဠိအသုံးအနှုန်းတွေလည်းပါပါတယ်။ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ ဘာသာရေးသင်တန်းတွေအပါအဝင် ဆင်ဟာလေကိုသုံးတဲ့လူဦးရေဟာ ၂၁သန်းသာရှိပါတော့တယ်။ 𓄸ဂျော်ဂျီယန် (ဂျော်ဂျီယာ)𓄸.    ──    ⋅   ⋅    ────── ⠀ ⋅   ⋅ ⠀ ── ( ქართველი ) ❐. သမိုင်းတလျှောက်ဂျော်ဂျီယာဘာသာစကားဟာရုရှားဘာသာစကားကဝါးမြိုမယ့်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀ရာစုနှစ်က ဂျော်ဂျီယာနယ်မြေအများစု ရုရှားနိုင်ငံအတွင်းသွတ်သွင်းခံခဲ့ရပြီး လက်ရှိမှာလည်းနိုင်ငံအတွင်းရုရှားနဲ့ ဆလဗ်ဘာသာစကားအသုံးပြုမှုမြင့်တက်နေတဲ့အတွက် ဂျော်ဂျီယာဘာသာဟာကွယ်ပျောက်လုနီးနီးဖြစ်နေပါပြီ။ 𓄸. တာဂလော့ (ဖိလစ်ပိုင်)𓄸.      ──    ⋅   ⋅    ──────⠀ ⋅   ⋅⠀ ─── ❐. အင်ဒို-ဥရောပဘာသာစကားကဆင်းသက်လာပြီးစပိန်ဘာသာစကားမရောက်ခင်အထိ ဖိလစ်ပိုင်မှာတွင်ကျယ်စွာအသုံးပြုခဲ့ပါတယ်။ ကိုလိုနီခေတ်မှာစပိန်နယ်ချဲ့ခေါင်းဆောင်တွေက စာမျက်နှာရဲ့အောက်ကစပြီးရေးရတဲ့တာဂလော့ကို ဘယ်ဘက်ကနေညာဘက်သို့ရေးတဲ့ပုံစံအဖြစ်ပြောင်းလဲခဲ့တယ်။ စာလုံးတွေကိုလည်း ၉၀ဒီဂရီလှည့်ပြီးရေးစေခဲ့ပါတယ်။ ❐. လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ခုနှစ်မှာတော့စပိန်နဲ့ဒေသခံဘာသာစကားအမျိုးမျိုးရောနှောထားတဲ့ ဖိလစ်ပီနိုဘာသာစကားကိုနိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းခဲ့ပြီး တာဂလော့ကိုလက်တင်အက္ခရာတွေနဲ့သာ ရေးသားကြပါတော့တယ်။ အသုံးပြုမှုအလွန်နည်းလာပြီဖြစ်တာကြောင့် တာဂလော့အက္ခရာဟာလည်း တခြားသောဖိလစ်ပိုင်ဒေသခံဘာသာစကား ၁၂၀နည်းတူမကြာခင်ပျောက်ကွယ်သွားတော့မှာပါ။ 𓄸.ဟာနာကရကာ(အင်ဒိုနီးရှား)𓄸.      ──    ⋅    ⋅    ────── ⠀⋅   ⋅ ❐. ဂျာဗားကျွန်းမှာစတင်တီထွင်ခဲ့တဲ့ဒီဘာသာစကားဟာ တချိန်ကဂျာဗားဒေသခံတွေရဲ့ အဓိကဘာသာစကားတွေထဲကတခုဖြစ်ခဲ့ပါတယ်။ ၁၉ရာစုနဲ့ ၂၀ရာစုလောက်မှာ ပုံနှိပ်လုပ်ငန်းတွင်ကျယ်လာပြီး အာဏာပိုင်တွေဟာဒီဘာသာစကားကိုစံအဖြစ်သတ်မှတ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ❐. ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကအင်ဒိုနီးရှားကျွန်းတွေကိုသိမ်းပိုက်ခဲ့ပြီးနောက် ဟာနာကရကာအသုံးပြုမှုကိုပိတ်ပင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ လက်တင်စာလုံးတွေနဲ့ရေးသားတဲ့စနစ်ထွန်းကားလာခဲ့တယ်။ အာဏာပိုင်တွေကတော့ အစိုးရကျောင်းတွေမှာ ဟာနာကရကာအက္ခရာကိုသင်ကြားစေပြီး ယာဉ်ကြောထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ဆိုင်းဘုတ်တွေမှာအသုံးပြုလျက်ရှိပါတယ်။ ˖ 𓊔. ࣪ ˖. . ૮₍ ... ₎ა. ˖ ࣪. 𓊔 ་ Ö´ ˖ 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗕𝘆 𝗭𝗮𝗺𝗲 𝗗𝗮𝗿𝗮𝗹𝗶𝗼𝗻 𝗗𝗼𝗻'𝘁 𝗿𝗲𝗽𝗼𝘀𝘁 ᴮᵃᵇʸ *࣪ Ö´ ⛄︎. ۟ ╌ ۟ Ö´ 𝅄. ŰŞ ׄ❅ ׄ𓈒. 🪶⥽ ŰŤ ✑ ŰŤ ׅ ♡‌. ŰŞ ᎍ ✭ ࣪ ◱ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ◱ #𝐄𝐧𝐳𝐚𝐥𝐢 ◱ #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 ◱ #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧

. ❏ကမ္ဘာ့အလှဆုံး အက္ခရာ ၅မျိုး❏ -:-········┈ ֶָ֢┈┈···ֶָ֢····················· ֶָ֢······┈ ┈┈;༊ ❏ အလှအပဆိုတာကတော့လူတယောက်ချင်းစ
. ❏ကမ္ဘာ့အလှဆုံး အက္ခရာ ၅မျိုး❏ -:-········┈ ֶָ֢┈┈···ֶָ֢····················· ֶָ֢······┈ ┈┈;༊ ❏ အလှအပဆိုတာကတော့လူတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်မို့ အမြင်ကွဲပြားမှုအမျိုးမျိုးရှိမှာပါ။ သေချာတာတခုကတော့ဒီအက္ခရာ ၅မျိုးဟာအလွန်အသုံးပြုမှုနည်းနေပြီဖြစ်တာကြောင့် ပျောက်ကွယ်သွားတော့မယ့်ဘေးနဲ့ရင်ဆိုင်နေရပြီဆိုတာပါပဲ။ မင်မင်ဒီနေ့ ပညာရှင်တွေသတ်မှတ်ထားတဲ့ ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးအကြောင်းဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧

ပျားရည်မှို🍄🍯 သစ်ကိုင်း၊ သစ်ပင်၊ ပင်စည်နဲ့ သစ်သား ချုံပုတ်တွေပေါ်မှာ ပေါက်ရောက်တဲ့ ပျားရည်မှိုတွေဟာ ကမ္ဘာပေါ်ကအကြီးဆုံးသက်ရှိမှို အစု‌အဝေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း 2500လောက်ကတည်းက ရှိတယ်လို့ဆိုပါတယ်။ မြောက်အမေရိက၊ ဥရောပနှင့် အာရှတိုက်အရှေ့မြောက်ပိုင်းတို့မှာပေါက်လေ့ရှိပြီး စိုစွတ်တဲ့ရာသီဥတုတို့ကိုသဘောကျကြပါတယ်။ ပျားရည်မှိုတို့ရဲ့ ထိပ်ဦးပိုင်းမှာဦးထုပ်ကဲ့သို့ ပုံသဏ္ဌာန်နှင့် အလယ်မှာအခုံးလေးဖြစ်နေပြီး အရောင်မှာ အဝါရောင် အညိုရောင်ရှိပါတယ်။ ဒါပေမဲ့ အရွယ်ရောက်ပြီးသားပျားရည်မှိုတို့ကတော့ တစ်ဖြေးဖြေး ဦးထုပ်ပုံစံထိပ်ပိုင်းကနေ ပြားသွားကာ ပန်းကန်ပြားပုံစံဖြစ်လာပါတယ်။ သေးငယ်သောမှိုပင်လေးများလို အစုလိုက်အပြုံလိုက်ပေါက်တဲ့ ဒီပျားရည်မှိုတွေဟာ အပင်သေတွေသာမက အပင်ရှင်တွေကိုပါ စားသုံးတာကြောင့် သစ်တောကိုပျက်စီးစေနိုင်တဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ ပျားရည်မှိုဟာ ကပ်ပါးကောင်တစ်မျိုးဖြစ်တဲ့အတွက် ပျားရည်မှိုကပ်တွယ်တာခံရတဲ့အပင်ဟာ အမြစ်ပုပ်ခြင်း၊ ဆက်လက်မရှင်သန်နိုင်ခြင်း၊ အညွှန့်တုန်းခြင်းနဲ့ သေးဆုံးတဲ့အထိဖြစ်လာနိုင်ပါတယ်။ စိုစွတ်တဲ့အချိန်တွေမှာ အစေးထွက်တာကြောင့် အနည်းငယ်စေးကပ်ပြီး ပူအိုက်တဲ့အချိန်တွေမှာ ခြောက်သွေ့တတ်ပါတယ်။ စနစ်တကျ ဆေးကြောချက်ပြုတ်မယ်ဆိုရက်တော့ လူသား‌များစားသုံးနိုင်ပေမဲ့ ပျားရည်မှိုတွေဟာ အပင်တွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေတာကြောင့် ဖျက်ဆီးရမဲ့ အပင်ဖျက်ပေါင်းတစ်မျိုးပါပဲ ဒါကြောင့်ပျားရည်ဆိုတဲ့ ချိုမြတဲ့နာမည်နဲ့မလိုက်အောင် သဘာဝတရား‌တွက်အကျိုးမရှိတဲ့ အပင်ဖျက်ပိုးတစ်မျိုးပဲဖြစ်ပါသည် ။ ။ ဖုန်းအားကုန်မီးပျက်နေလို့ သေချာပြင်ပြီးမတင်ပေးလိုက်ရတာ သည်းခံပေးပါ လူကြီးမင်းငယ်လေးတို့။ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 #𝐏𝐥𝐚𝐧𝐭𝐬

ဖတ်ပြီးရင် ရီအက်လေးပေးခဲ့
ဖတ်ပြီးရင် ရီအက်လေးပေးခဲ့

သူများမိသားစုလေးတွေ အချင်းချင်း ရယ်မောလို့ တူယှဉ်တွဲသွားရင် သိပ်အားကျတာ...။ အားကျရုံပဲ တတ်နိုင်လို့လေ...... ကိုယ်တတ်နိုင်‌သလောက်ပေါ့ ရှေးခေတ္တလွင်

// တစ်နေ့ထဲဖြစ်ပျက်မိချင်တယ်။ မိသားစုဆိုတဲ့အရာက လွယ်မလိုနဲ့ သိပ်ကိုဆန်းကြယ်တာ.... ပြိုကွဲတော့မဲ့ ဆက်ဆံရေးတွေကို ချစ်ခြင်းတွေနဲ့ ပြန်တည်ဆောက်ပေးနိုင်‌သလို တစ်ခါတစ်လေ ထိုအရာကပဲပြန်ဖြိုလဲပစ်နိုင်တယ်။ ကြိုးတစ်ချောင်းပေါ်မှာ လမ်းလျှောက်နေသူလို တစ်ဖက်တစ်ချက် ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့တဲ့အချိန်တွေ..... နူးညံ့စွာကမ်းလှမ်းခဲ့တဲ့ လက်တစ်စုံတွေ.. ဇိုးကနဲ ဇက်ကနဲ မကြည်သလိုအကြည့်တွေနဲ့ ချုပ်နှောင်ခံနေရလိမ့်မယ်လို့ ဘယ်သူထင်ခဲ့ပါ့မလဲ။ သေတစ်နေ့ မွေးတစ်နေ့သာပြောတယ်။ ရှင်နေလျက် နဲ့ တစ်ဘဝလုံး.... ကိုယ့်မိသားစုမှာ သေလူလို ၊ အသက်မဲ့ ဝိဉာဉ်တစ်ကောင်လို ၊ ဥပက္ခာပြုခြင်းခံနေရတဲ့သူ၊ လျစ်လျှူရှုခြင်းတွေနဲ့သာ တွဲဖက်ကြီးပြင်းလာတဲ့သူကျတော့ရော ဘယ်သံသရာမှာ ဘယ်နှစ်နှစ်ကြာနေဦးမှာလဲ...... တစ်နေ့ထဲဖြစ်ပျက်ခဲ့ရင်ကောင်းမယ်။ ရှေးခေတ္တလွင်

ˑ Ö´ÖśÖ¸: 𓊔 ་🪵-:-သစ်မွှေးပင်-:-🪔་𓊔 ࣪˖. ☆. ゚⁠. . シ⁠. . ・ ❏ သစ်မွှေးကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင် အသုံးပြုခဲ့ကြပြီး အာရိယန် လူမျိုးများက စတင် အသုံးပြုကာ အာဂါဟု ခေါ်ခဲ့ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီရင်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိကအသုံးပြုခဲ့ကြောင်းမှတ်သား ဖူးပါသည်။ ❒ သစ်မွှေးကို တိုင်းရင်း ဆေးဝါးများ ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ အသည်းခြောက်ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောင် အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါများအတွက် အထူးသင့်လျော်သည်။ ❏ ရေမွှေးနှင့် အလှကုန်များ ပြုလုပ်ရာတွင်လည်း အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည်။ ကချင်ပြည်နယ်ဒေသခံ တိုင်း ရင်းသားများက ရိုးရာဆေးဝါးအဖြစ် အသုံးပြုလေ့ရှိသည်။ ❒ နိုင်ငံတကာတွင် တိုင်းရင်းဆေး အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းများ၊ အမွှေးတိုင်၊ အဓိက ကုန်ကြမ်းများအဖြစ် ဘာသာရေးဆိုင်ရာများတွင် ပူဇော်ရန် သုံးစွဲကြပြီး အာရပ်လူမျိုးများရှိရာ နိုင်ငံတိုင်း၌ အိမ်တိုင်းတွင် သုံးစွဲကြသည်။ သစ်မွှေးများကို အမှုန့် ပြုလုပ်ပြီး အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပူဇော်ခြင်း၊ အမှုန့်အား မီးရှို့၍ အနံ့ကို ရှူရှိုက်ခြင်းများဖြင့် စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်ကြည်လင် မှုများဖြစ်စေနိုင်သောကြောင့် အလွန် တန်ဖိုးထားကြခြင်းဖြစ်သည်။ ❒ သစ်မွှေးကို စုဆောင်းရာ၌ အနှစ်ရှိမည်ထင်ရသော သစ်မွှေး ပင်များကို ရှာဖွေခုတ်လှဲပြီး သစ်အကာ များစင်အောင် သစ်လုံးလိုက် မြေစိုတွင် မြှုပ်ရသည်။ မြေစိုတွင် မြှုပ်သောကြောင့် ဆွေးမြေ့ပြီး အကာများ ကင်းစင်သွားသော အနှစ်မှာသစ်မွှေးပင်ဖြစ်သည်။ ❒ သစ်မွှေးပင်၏ အသားစိုတွင် အမွှေးနံ့လုံးဝမရှိပေ။ အချိန်ကြာမြင့်စွာ ခုတ်လှဲထားစဉ် သစ်မွှေးအနှစ်တွင် မှိုတစ်မျိုးစွဲလာသည်။ ထိုအခါ သစ်မွှေးအနှစ်သည် ဆွေးမြေ့လာသည်။ ❒ ယင်းကဲ့သို့ မှိုများစွဲကပ်၍ ဆွေးမြေ့လာမှသာ သစ်မွှေးအနှစ်သည် မွှေးလာသည်။ ပိုးစားထား သည့် အရာများကိုလည်း သစ်မွှေး၌ တွေ့ရသည်။ သစ်မွှေးအနှစ်မှ အဆီထုတ်ယူနိုင်ပြီး ယင်းအဆီကို ရေမွှေး ပြုလုပ်ရာတွင် သုံးသည်။ သစ်မွှေးကို အမွှေးတိုင်များ လုပ်ရာတွင်လည်း အသုံးပြုသည်။ ❒ သစ်မွှေးအနံ့ကို ပိုးမွှားများ အလွန်ကြောက်သည်။ အခေါက်ကို စက္ကူပြုလုပ်ရာ၌၎င်း၊ ကြိုးများပြုလုပ်ရာ၌၎င်း အသုံးပြုသည်။ မြန်မာ့ ဆေးမီးတိုအရ အနာများ ရောင်ရမ်းလျှင် သစ်မွှေးကို သွေး၍လိမ်းသည်။ အညှော်မိလျှင်လည်း သစ်မွှေးကိုသွေး၍ ဆားအနည်းငယ်ရောပြီး တိုက်နိုင်သည်။ .......... ....:...... ........... ........... .......... ❏ အပင်၏ ပုံသဏ္ဌာန်မှာ.... အမြဲစိမ်း အပင်ကြီးမျိုး ဖြစ်ပြီး အမြင့်ပေ ၇၀ မှ ၁၀၀ အထိ မြင့်၏။ ပင်စည်နှင့် အကိုင်း အခက် တို့မှာ ဖြောင့်မတ်ခြင်း မရှိချေ။ အခက် အလက် များစွာ ဖြာသည်။ အခေါက် လှိုင်းထ သကဲ့သို့ ကြမ်းတမ်း၏။ အသားပွ၍ အဖြူရောင် သမ်းသော ဝါဖန့်ဖန့် အဆင်း ရှိသည်။ ་⩩ 𓊔 ་အသုံးပြုပုံ- အနှစ်သား ❒ အလွန် မူးဝေခြင်း ဖြစ်ပါက အကျော်ကို သွေး၍ ရှူခြင်း သို့မဟုတ် မီးရှို့၍ အခိုး ပြုလုပ် ရှူခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။ ❒ ဝမ်းဗိုက် နာလျှင် အကျော်နှင့် ကြက်ဆူမြစ် အခွံ အခေါက်ကို ရောစပ် သွေးပြီးဝမ်းဗိုက်တွင် လိမ်းပေး ပါက ပျောက်ကင်း နိုင်ပါသည်။ ❒ အကျော်မှုန့် ကို ပျားရည်နှင့် ဖျော်၍ လျက်သော် နာတာရှည် အဖျားနှင့် အဖျားငုပ်ခြင်း များပျောက်ကင်း၍ နှလုံးနှင့် အစာအိမ်ကို အထောက်ကူပြုသည်။ ❒ အကျော်ကို သွေးသောက်ခြင်း၊အကျော်မှုန့် ကို သနပ်ဖက်တွင် ထည့်၍ ဆေးလိပ် ကဲ့သို့ပြုလုပ်ပြီး မီးညှိကာ ရှူပေးခြင်း၊ ဆေးတံ ကဲ့သို့ အခိုးရှူပိုက်ဖြင့် မီးညှိ၍ ရှူပေးခြင်းဖြင့် ပန်းနာ ရင်ကျပ် ရောဂါနှင့် အော့အန်သော ရောဂါများ ပျောက်စေသည်။ ❒ အကျော်နက် ကို ဆီနှင့် သွေး၍ လိမ်းသော် လေထိုး လေအောင့် ပျောက်စေပါသည်။ ❒ အကျော်ကို အိုးထိန်းပင်၏ အစေးနှင့် ရော၍ မကျက်နိုင်သော အနာ၊ ပိုးကျ နေသော အနာများ ပေါ်တွင် မှိုင်းတိုက် ပေးပါက ပိုးများ ပျက်စီး၍ အနာ ကောင်းစွာ ကျက်သွားမည်။ ་⩩ 𓊔 ་အသုံးဝင်ပုံ : အာနိသင် ❒ မြန်မာ ဆေးကျမ်းများ အလို အရ အကျော်သည် အေး၏။ အပူကို ငြိမ်းစေ၏။ ချောင်းဆိုး ရောဂါ၊ နူနာ တို့ကို နိုင်၏။ ခါးသော အရသာ ရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိ ရောဂါ၊ နားရောဂါ တို့ကို ပျောက်ကင်း စေ၏။ ဆီးရွှင် စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါ များကို ပျောက်ကင်း စေ၏။ ခံတွင်းနံ့ မကောင်းခြင်းကို ပယ်စေသည်။ ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

. 🪵🌱-သစ်မွှေးပင်-🪔🕯 ꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷˗ˏˋ ꒰ঌ 𔘓 ໒꒱ ˎˊ˗꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷ ❒ သစ်မွှေးကို အကျော်ဟူ၍လည်း ခေါ်သည်။ သစ်မွှေးခေါ် အကျော်သည် နံ
. 🪵🌱-သစ်မွှေးပင်-🪔🕯 ꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷˗ˏˋ ꒰ঌ 𔘓 ໒꒱ ˎˊ˗꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷ ❒ သစ်မွှေးကို အကျော်ဟူ၍လည်း ခေါ်သည်။ သစ်မွှေးခေါ် အကျော်သည် နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ အကျော်၊ စမ္ပာဟူသော နံ့သာမျိုးငါးပါးတွင် ပါဝင်သည်။ရုက္ခဗေဒ အလိုအားဖြင့် သစ်မွှေးပင် များသည် တင်မီးလေ အီးစီး မျိုးရင်းတွင်ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ အကွီလေးရီးယား အဂလိုချာဖြစ်သည်။ ❒ အပင်ကြီးမျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး စိမ်းလန်းသည်။ အမြင့်ပေ ၇ဝ မှ ၁ဝဝ ထိရှိသည်။ ပင်စည်နှင့်အကိုင်း အခက်တို့မှာ ဖြောင့်မတ်ခြင်းမရှိပေ။ အခက်အလက်များဖြာပြီးအရွက်များ ခပ်ကျဲကျဲထွက်သည်။ အရွက်များ သည် အလျား ၂ လက်မမှ ၃ လက်မအထိ ရှိပြီး အနံမှာ ၁ ၁၊၂ လက်မခန့်ရှိသည်။ ❒ အရွက်သည်သားရေ ကဲ့သို့ ပျော့ပြောင်းတောက်ပသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး ပိုးသားကဲ့သို့ နူးညံ့သည်။ အရွယ်မှာအလွန် သေးငယ်သည်။ တပေါင်း တန်ခူးလများတွင် ပွင့်သည်။ အသီးများမှာလည်း ကတ္တီပါကဲ့သို့ နူးညံ့ပြီး ဘဲဥပုံသဏ္ဌာန်ရှိသည်။ အရွယ်မှာ ၁ လက်မမှ ၂ လက်မအထိရှိသည်။ -ˋˏ✄┈┈ ┈┈。゚•┈୨♡୧┈• 。゚ ┈┈ ┈┈┈ ┈┈ အသေးစိတ်ဖတ်ရှုချင်ရင်နိုပ်ပါ။ ❐#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ❐#𝐄𝐧𝐳𝐚𝐥𝐢 ❐#𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 ❐#𝐏𝐥𝐚𝐧𝐭𝐬

ပြီးတော့ မျက်လုံးက ဝါးနေတာကို ဒီတိုင်းမနေပဲ ဆရာဝန်နဲ့ပြကြည့်ကျပါ ပြီတော့ vitamin A အစားစာတွေကို စားပေးပါ။ ရေးဖို့မေ့သွားလို့🥹💔 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

သင်ကအဝေးမှုန် လား ....... ဒါတွေစားပေးပါ။ မျက်စိ အဝေးမှုန်တာက မွေးရာပါ မဟုတ်ဘူး။ အရွယ်ရောက်မှ ဖြစ်တာဆိုရင် သက်သာစေဖို့ အစားအသောက်လေးတွေ ဆေးဝါးလေးတွေနဲ့ ကုသလို့ ရပါတယ်။ ဒီတော့ အဝေးကအရာတွေကို ဝါးတားတားပဲ မြင်နေရတဲ့ အဝေးမှုန်တာကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ᜊ ° -:-ပင်လယ်ငါး🐟•°•.🍣 ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်တို့လိုမျိုး omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒီပင်လယ်ငါးတွေက မျက်လုံးကို ကျန်းမာစေပြီး အမြင်အာရုံ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ပုံမှန် စားသုံးပေးမယ်ဆိုရင် အဝေးမှုန်တာကို သက်သာစေနိုင်သလို အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့ အမြင်အာရုံ ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ရေတိမ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညှင်းစိမ်း စတဲ့ ဟင်းရွက်တွေမှာ မျက်လုံးအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်တွေက မျက်လုံးနဲ့အမြင်အာရုံကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အဝေးမှုန်တာ သက်သာစေသလို ရေတိမ် မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ᜊ ° -:-ဥအမျိုးမျိုး🥚🐣 ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့လိုမျိုး ဥအမျိုးမျိုးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အဝေးမှုန်တာကို သက်သာစေနိုင်သလို ကြက်မျက်သင့်တာ၊ မျက်လုံးခြောက်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ᜊ ° -:-မုန်လာဥနီ👜🥕 မုန်လာဥနီမှာ ဗီတာမင် A-နဲ့ ကာရိုတီးနွိုက် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အမြင်အာရုံကို ကျန်းမာစေသလို အဝေးမှုန်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ᜊ ° -:- ဘယ်ရီသီးတွေ🫐🍓 စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့လိုမျိုး ဘယ်ရီသီးတွေက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို မျက်စိနာတာ၊ မျက်လုံးပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အမြင်အာရုံ ကျန်းမာစေဖို့ နဲ့ အဝေးမှုန်တာ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ᜊ ° -:-အခွံမာသီး°🌰 အယ်လ်မွန်သီး၊ ပီစတာချီယို၊ သစ်ကြားသီး စတဲ့ အခွံမာသီးတွေက ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံးကို ကျန်းမာစေသလို အဝေးမှုန်တာကို သက်သာစေမှာပါ။ အမဲသား အနီရောင် အသားဖြစ်တဲ့ အမဲစားနဲ့ ကမာကောင်မှာ မျက်လုံးကို အားဖြစ်စေနိုင်တဲ့ ဇင့် ပါဝင်နေတာကြောင့် မျက်လုံးကို နေရောင်နဲ့ အခြားသော အလင်းတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးသလို အဝေးမှုန်တာ၊ ကြက်မျက်သင့်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါတွေအပြင် ရွှေဖရုံသီး၊ လိမ္မော်သီးတို့လိုမျိုး အသီးတွေကလည်း အမြင်အာရုံ ကျန်းမာစေပြီး အဝေးမှုန်တာ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ မင်" လို မျက်မှန်နဲ့လူတွေအတွက် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ 𝅭 ㅤ𝅭ㅤ⎯⎯ㅤㅤ𔘓ㅤ  ⎯⎯ ㅤ𝅭ㅤ 𝅭 🍴#𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂 •°•#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn 🍴#𝐄𝐧𝐳𝐚𝐥𝐢 •°•#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧

-:-မျက်လုံးမှုန်နေရင်ဘယ်လိုလုပ်မလဲ-:- 👁•°•. မျက်လုံးက အနီးဆိုရင် ကောင်းကောင်း မြင်ရပေမယ့် ခပ်ဝေးဝေးရောက်သွားရင် သဲသဲကွဲကွဲ မ
-:-မျက်လုံးမှုန်နေရင်ဘယ်လိုလုပ်မလဲ-:- 👁•°•. မျက်လုံးက အနီးဆိုရင် ကောင်းကောင်း မြင်ရပေမယ့် ခပ်ဝေးဝေးရောက်သွားရင် သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ အဝေးက စာတွေကို လှမ်းဖတ်ရင် ဝါးနေတာ၊ ပုံတွေကို ရေးရေးပဲမြင်ရတာတွေ ဖြစ်နေပြီလား။ ကားနံပါတ်တွေကို မသဲကွဲတာမျိုး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ အဝေးမှုန် နေတာပါ။ 👓👀 ဒီတော့ အဝေးမှုန် တာကို သက်သာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဖတ်ရန်နိုပ်ပါ။ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂 #𝐄𝐧𝐳𝐚𝐥𝐢 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧