es
Feedback
Poems Corner

Poems Corner

Ir al canal en Telegram

ကဗျာဆရာများရဲ့ကဗျာများ

Mostrar más
2 038
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días

Carga de datos en curso...

Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
octubre '24
octubre '24
+27
en 0 canales
septiembre '240
en 0 canales
Get PRO
agosto '240
en 0 canales
Get PRO
julio '240
en 0 canales
Get PRO
junio '240
en 0 canales
Get PRO
mayo '240
en 0 canales
Get PRO
abril '240
en 0 canales
Get PRO
marzo '240
en 0 canales
Get PRO
febrero '24
+36
en 0 canales
Get PRO
enero '24
+84
en 0 canales
Get PRO
diciembre '23
+77
en 0 canales
Get PRO
noviembre '23
+64
en 0 canales
Get PRO
octubre '23
+66
en 0 canales
Get PRO
septiembre '23
+66
en 0 canales
Get PRO
agosto '23
+76
en 0 canales
Get PRO
julio '23
+78
en 0 canales
Get PRO
junio '23
+73
en 0 canales
Get PRO
mayo '23
+66
en 0 canales
Get PRO
abril '23
+68
en 0 canales
Get PRO
marzo '23
+95
en 0 canales
Get PRO
febrero '23
+74
en 0 canales
Get PRO
enero '23
+72
en 0 canales
Get PRO
diciembre '22
+102
en 0 canales
Get PRO
noviembre '22
+233
en 0 canales
Get PRO
octubre '22
+275
en 0 canales
Get PRO
septiembre '22
+192
en 0 canales
Get PRO
agosto '22
+171
en 0 canales
Get PRO
julio '22
+17
en 0 canales
Get PRO
junio '22
+46
en 0 canales
Get PRO
mayo '22
+49
en 0 canales
Get PRO
abril '22
+41
en 0 canales
Get PRO
marzo '22
+59
en 0 canales
Get PRO
febrero '22
+42
en 0 canales
Get PRO
enero '22
+515
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
18 octubre0
17 octubre0
16 octubre0
15 octubre0
14 octubre0
13 octubre0
12 octubre0
11 octubre0
10 octubre0
09 octubre0
08 octubre0
07 octubre0
06 octubre0
Publicaciones del Canal
ပန်းချီဆရာတွေကပြောကြတယ်။ အဖြူရောင်က အမျိုးအစားပေါင်း(23)မျိုးရှိတယ်တဲ့။ ကိုယ်မင်းကိုချစ်တဲ့အချစ်ကအဲ့ဒီအဖြူရောင်(23)မျိုးထဲက ဘယ်အမျိုးအစားလည်းကိုယ်မသိဘူး။ ကိုယ်ဟာဘာမှမသိတဲ့ ကောင် ပါ။ ဒါပေမဲ့ ကိုယ့်အချစ်က အဖြူရောင် ဆိုတာကတော့သေချာပါတယ်။ -မင်းခိုက်စိုးစန်

2
တစ်ခါချမ်းရင် အနမ်း ဘယ်နှလွှာ ခြုံရသလဲ နှင်းစက်ရဲ့ စိုပုံလေးကိုမှ ငါ့အချစ်က ဝတ်မှုန်ကူးခဲ့ရတာပါ -မင်းခိုက်စိုးစန်
436
3
Sin texto...
632
4
ငါ့ခေါင်းပေါ်ကနွေမှာ နေတစ်စင်းရှိတယ် ငါ့ရင်ထဲကနွေမှာတော့ နေဆယ့်နှစ်စင်းရှိတယ် ဟိုတုန်းက ငါ့မှာ ကမ္ဘာတစ်ခုရှိခဲ့တယ် အခု ကမ္ဘာထဲမှာ ငါကလွဲလို့ အားလုံးရှိတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို ရင်ကော့ပြီး အစပျိုးခဲ့တာ ငါပေါ့ အခု ဇာတ်လမ်းအဆုံးမှာ ငါ့ကိုယ်ငါပြန်စလို့မရတော့ဘူး။ -ဝေးခေါင် ဇာတ်ကောင်
612
5
မျက်ရည် - စိုင်းဝင်းမြင့် . ငါ့မျက်လုံးနဲ့ အဆုံးသတ်လို့မရအောင် ရှုမျှော်ခင်းက ရှည်လျားပြန့်ကားတယ် ။ ငါ့ဘဝလေးနဲ့ သယ်ဆောင်သွားလို့မရအောင် ချစ်ခြင်းမေတ္တာက လေးလံကြီးမားတယ် ။ ငါ မက်နေတဲ့ အိပ်မက်ကလည်း ငါရဲ့ ညနဲ့ မဆုံတော့ဘူး ငါရွေးချယ်ခဲ့တဲ့ ဝဋ်ကြွေးတွေကလည်း ငါ့ရဲ့နေ့နဲ့ ပေးချေလို့ မကျေတော့ဘူး ။ အချစ်ရေ. . ငါတို့ အတူနေမယ်ဆိုတဲ့ အိမ်လေးဟာလေ ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင် ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ ။ -စိုင်းဝင်းမြင့် ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၉၉
570
6
သူစိမ်း (၁၃) - စိုင်းဝင်းမြင့် . သူ့စာအုပ်စင်ကလေးမှာ စာတစောင်မှ မထားခဲ့ဘူး သူ့နံရံမှာ ဘာတခုမှ မရေးခဲ့ဘူး ။ သူ ဘယ်မှာလဲလို့ တစုံတယောက်က မေးတဲ့အခါ မနေ့ကလား တနေ့ကလား လွန်ခဲ့တဲ့ ရာစုတခုကလား သုတ်တီးသုတ်ပျာ ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့ တစုံတယောက်က ဆိုချင်ဆိုမယ် ။ သူဟာ ဒီလိုပဲ ပျောက် ပျောက်သွားတတ်တယ် ။ အလွမ်းသင့်ရာ အသက်ပွင့်တတ်တယ် ။ အဝတ်တထည် ကိုယ်တခုဟာ သူ့ အနုပညာလား သူစိမ်း အခန်းဆက်ဟာ သူ့အသက်ရှုသံလား ဒီနေ့မှာတော့ သူဟာ စာမလာ သတင်းမကြားပေါ့ ။ ။ -စိုင်းဝင်းမြင့်
508
7
မိုးတွေရွာတဲ့အခါ.... ကိုယ်လက်ဖျားတွေအေးတဲ့အခါ.... ဘယ်သူနဲ့မှမတွေ့ချင်တော့တဲ့နေ့တွေမှာ.... တချို့သီချင်းလေးတွေ ကြားရင် လွမ်းပါတယ် လွမ်းတယ်နော်.... ကိုယ့်မှာ ဒါက လွဲရင် ဘာမှလည်းပြောနိုင်ခွင့် မရှိပါဘူး ။ #နေဗယ်လ်
626
8
နိဗ္ဗာန်ဝင်ပေါက်က လှည့်ပြန်ပြီး သံသရာကို ဆွဲဆန့်မိတဲ့ ၊ အကြောင်းရင်းက မင်းကို မြတ်နိုးလွန်းလို့ပဲ ။ . -လင်းမာအို
705
9
ဆံပင်ရှည်တွေ ပြန်ထားတော့မှာ... အချစ်ဆိုတာနဲ့ ရှောင်မပြေးဖို့ဆို ခဏတော့ အချိန်လိုဦးမှာ။ ဆံပင်တွေပြန်ရှည်လာတဲ့တစ်နေ့တော့ တစ်စုံတစ်ယောက်ကို ထပ်ချစ်ဦးမယ်။ အဲ့အခါကျ ငါ့ဆံပင်တွေထပ်မညှပ်တော့ဘူး အဲ့တစ်ယောက်ကိုလည်း အဆုံးရှုံးမခံတော့ဘူး.. သေချာပါတယ် ဆံပင်တွေပြန်ရှည်လာဖို့ဆိုတာကလည်း တော်တော် ကြာဦးမှာ။ -နေဗယ်လ်
724
10
အတိတ်တွေက အားမနာတတ်ဘူးနဲ့တူပါတယ်။ နေ့စဉ်နဲ့အမျှ ဒဏ်ရာတွေက တဆစ်ဆစ်နာတယ်။ တစ်ခုခုကို ဆုံးရှုံးသွားပြီး အဲဒီတစ်ခုခုကိုအစားပြန်မဖြည့်နိုင်တဲ့အခါ ရင်ထဲကဟာတယ်။ ပျော်ပါတယ် ပျော်ဝင်သွားတယ် ပျောက်ကွယ်သွားတယ်။ နောက်တခါဆိုတာရှိခဲ့ရင် ကျွန်တော်တော့ ဘယ်လိုကတိမျိုးကိုမှ မတောင်းမိဖို့ သတိထားရမယ်။ -မာရီယာလင်း
579
11
မိုးအနည်းငယ် ရွာနေတယ် ကျနော် ခေါင်းကိုက်နေတယ် ဒီအကြောင်းအရာတွေက တစ်စုံတစ်ယောက်ကို လိုအပ်နေကြောင်းသက်သေပြဖို့ လုံလောက်တဲ့ပမာဏ ဟုတ်ရဲ့လား? သတိရတာလောက်နဲ့ ဖုန်းခေါ်ရင် နေမကောင်းတာလောက်နဲ့ စာပို့ရင် သူ လှောင်ရယ်နေမလား? တကယ်တော့. . . အသံပြုလိုက်မှ ရောက်လာမယ့်အကြည့်မျိုးတွေ မလိုချင်ပါဘူး လဲကျပြမှ ထူလာပေးမယ့် လက်တစ်စုံကိုလည်း အလိုမရှိဘူး ဒါဟာ တစ်ယောက်တည်း တိတ်ဆိတ်ပစ်လိုက်နိုင်တဲ့ အကြောင်းပြချက်တွေပဲ ကျနော် ဖက်တွယ်ထားမိတဲ့ တစ်ခုတည်းသော လက်ဖွဲ့ကြိုးလေးပဲ "မင်းက မာနခဲလေးပဲ" လို့ ပြောလာရင်တော့ "ခင်ဗျားဆီက သင်ခဲ့တာလေ"လို့ပဲ ပြန်ဖြေမယ် ရင်ထဲညို့တဲ့ မိုးတိမ်တွေကို ဖွက်ထားမယ် သတိရစိတ်ကို ထုတ်ပိုးသိမ်းဆည်းပြီး အဝေးထွက်သွားမယ် မိုးတွေစွေတဲ့ ညနေခင်းတွေမှာဆို သွေးနွေးစေမယ့် တစ်ခုခုကို သောက်ရင်သောက်နေမိမှာပေါ့ ခေါင်းတွေကိုက်ပြီး စိတ်လည်း အနည်းငယ်ထိရှလွယ်ရင် လွယ်နေမှာပေါ့ (ဒါမှမဟုတ်) ကမ္ဘာတစ်ခြမ်းက တစ်ယောက်ယောက်ကိုလည်း လွမ်းချင်လွမ်းနေမှာပေါ့ လေ . . . ။ -ဖရော်ဆန်
530
12
မင်းမှာ တယ်လီဖုန်း( ၁၀ ) လုံး ရှိတယ် ဆိုပါတော့။ အဲ့ဒီ တယ်လီဖုန်းတွေထဲက မင်း .. နားထောင်ရမယ့်အသံဆိုလို့ ကိုယ့်တစ်ယောက်တည်းရဲ့အသံပဲဖြစ်ပါစေသား ။ မင်းမှာ .. သံယောဇဉ်( ၁၀ ) ခုရှိတယ် ဆိုပါတော့ ..။ အဲ့ဒီသံယောဇဉ်တွေက မင်းအတွယ်တာသင့်ဆုံးသံယောဇဉ်ဆိုလို့ ကိုယ့်တစ်ယောက်တည်းရဲ့သံယောဇဉ်ပဲ ဖြစ်ပါစေသား။ မင်းမှာ .. ဒဿဂီရိလို ဦးခေါင်း(၁၀)လုံးရှိတယ်ဆိုပါတော့ ...။ ( အဲ့ဒီလောက်များပြားတဲ့)မျက်နှာတွေထဲက မင်းရဲ့ ... ချစ်တတ်တဲ့ အသည်းနှလုံးဟာ (ကိုယ့်တစ်ယောက်တည်း အတွက်) ( ၁ ) ခုတည်းပဲ ဖြစ်ပါစေသား . -မောင်လှမျိုး
1 083
13
ဘီအာရ် မင်းအိပ်သွားတဲ့ ကမ္ဘာမှာ ငါအူကြောင်ကြောင်နဲ့ ကျန်ရစ်တယ် သတိမရအောင်နေဖို့ မင်းပြောသလို ထုံပေပေနေဖို့ ငါကြိုးစားပါတယ် ငါကြိုးစားပါတယ် ညဟာ သူ့ဟာသူဖူးတယ် သူ့ဟာသူပွင့်တယ် ညထဲမှာ တစ်ယောက်တည်း မဖူးတက်သူ မပွင့်တတ်သူ ငူ‌/ငေး/ငေါင်/ကြောင် အဲ့ဒီစကားလုံးတွေပဲ ကိုယ်နဲ့ ဆိုင်ရာကိစ္စ ဖြစ်ကျန်ရစ်တယ် နောက်နေ့ကျရင် ကိုယ်ဦးအောင် အိပ်မှဖြစ်မယ်။ -ခင်အောင်အေး (အသက်တမျှ ဘီအာရ်)
1 163
14
“အသက်တမျှ ဘီအာရ်” ဘီအာရ် … အိပ်ရာပေါ်မှာဖြစ်ဖြစ် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာဖြစ်ဖြစ် မင်း သက်သောင့်သက်သာ လဲလျောင်းရင်း အပျင်းပြေ Facebook ပေါ်မှာ စတေးတပ်စ်တွေ ရေးတင်ပါ ပျော်ရွှင်စရာ ကွန်မင့်လေးတွေ ပေးပါ မိတ်ဆွေတွေနဲ့ တခစ်ခစ် ရယ်မောပါ ငါ ပုလင်းတစ်လုံးထဲ တွန့်လိပ်ခွေခေါက်ပြီး ရှောင်ပုန်းနေပေးပါ့မယ်။ -ခင်အောင်အေး
1 024
15
ဘီအာရ် ====== မင်းနဲ့ ဆိုင် မဆိုင်တော့ မသိဘူး။ မင်းကို ပြောဖို့ လို မလိုလည်း မသိဘူး။ (ကိုယ် နေမကောင်းဘူး ) အာ့ လှမ်းပြောတာ။ -ခင်အောင်အေး
951
16
ပန်းကလေး ပန်းကလေး ပန်းကလေးက ပန်းကလေးဖြစ်ရတာ သိပ်စိတ်ပါပုံမရဘူး။ သူ့မှာ ရင်ခုန်စရာ ဂဃနဏမရှိ ကွယ်တို့ရယ် မွှေးရုံလှရုံနဲ့ ပန်းတစ်ပွင့်ရဲ့ ဝတ္တရားကုန်မတဲ့လား။ ပန်းကလေးရေ . မင်းစိတ်ကူးလေးနဲ့ ငါ့ကိုပစ်ပါ တစ်ချက်ပစ်ရင် တစ်ကောင်ကျရမယ်လို့ ဆယ့်နှစ်လရာသီလုံးလုံး ကိုယ့်မှာ မေတ္တာတရားကို ပြောပြဖို့ ရေမီးအပြည့်အစုံနဲ့ ခန့်ခန့်ကြီးအကျပ်ရိုက်နေသူ။ ပန်းကလေးရေ . . . နှလုံးသားထဲကလေယာဉ်ပျံတွေ အသံပဲကြားနေရ အိုဇုံးလွှာပါးတာကနေ နောက်ဖေးဝင်းထရံလေးပျက်နေတာအထိ အချစ်မရှိရင် ဘယ်အရာမှ ပြန်ကောင်းလာနိုင်မှာမဟုတ်ပါဘူး။ ပန်းကလေးရေ . . . စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ ကြယ်စုံညရဲ့ ဘူးစင်လေးအောက်မှာ အချစ်နဲ့ကမ္ဘာ အိုအောင် မင်းအောင် မွှေးလို့။ ပန်းကလေးရေ . . . ခြေချော်လက်ချော် အလွမ်းလေးတောင် မင်းမရသင့်ဘူးလား။ ရှေးရေစက်တွေ ချောကလက်ထဲထည့်ပြီး မင်းအတွက်လက်ဆောင်ပေးချင်တယ် ကွယ်တို့ရယ် မွှေးရုံလှရုံနဲ့ ပန်းတစ်ပွင့်ရဲ့ ဝတ္တရားကုန်မတဲ့လား။ ပန်းကလေးရေ . . . လမ်းထိပ်မုန့်ဟင်းခါးဆိုင်လေးကနေ နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ်။ နေ့တွေညတွေ တစ်ခုပြီးတစ်ခု အရစ်ပြုန်းသွားလိုက်တာ။ ဒီတစ်ဆောင်းကုန်လည်း ကိုယ့်မှာ ပေါင်မုန့်တစ်လုံးဟောင်းသလို ဟောင်းရုံသာ ဒါပေမယ့် သူ့မှာ ရင်ခုန်စရာ ဂဃနဏမရှိ။ ပန်းကလေးရေ . . . ပန်းကလေးရဲ့ကောင်းကင် မြန်မြန်အရွယ်ရောက်စေချင်လှပေါ့ နှင်းကျတာ၊ နေထွက်တာ၊ ပန်းပွင့်တာ ပြီးတော့ ကဗျာရွတ်တာ သဘာဝတရားကိုမှ မယုံရင် မင်းနဲ့ငါ ဘာကိုယုံမလဲ။ ။ -မောင်သိန်းဇော်
769
17
ကျွန်တော်သည် ခင့်ကိုအလွန်ချစ်ပါသည် ခင်သည် ကျွန်တော်၏ အဖျားငွေ့ငွေ့လေးဖြစ်ပါသည် ခင်ကလွဲလျှင် မည်သည့်အရာမကိုဆို ကျွန်တော်ခြိုးခြံ၍ရပါသည် -မောင်သိန်းဇော်
776
18
ချစ်တယ် မပြောခဲ့လို့ တစ်စစီ လွင့်သွားရဖူး ချစ်တယ် ပြောခဲ့လို့ ချန်ထားခံခဲ့ရဖူး လူကြီးမင်းတို့မှာ လက်တစ်ကမ်းစာပါ ကျွန်မမှာသာ ခက်ခဲ့ ဤမျှလွယ်သောအရာကို။ -မြကျေး
844
19
လက်ဖဝါးနုနုလေးမှာ ပါးအပ်ထားလို့မရတော့တဲ့အတွက်တော့ နည်းနည်းမပျော်ဖြစ်မိတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာမို့လို့လဲ။ ကိုယ်စိုချင်ပေမယ့် မိုးကရွာချင်မှ ရွာမှာကိုး။ လောကဓံပေါ့။ ဒီလိုပဲ မှတ်ယူပါတယ်။အစစအရာရာ ဂရုစိုက်ဖို့ပါပဲ။တစ်ခုခုဆို ပြေးလာခွင့်ရှိသူက ကိုယ်မဟုတ်တော့ဘူးလေကွယ် …။ -မာရီယာလင်း
1 404
20
A Sone Mae - Nay Cho.m4a
1 364