cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Thukha Thuta- သုခသုတ

လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်ပါသည်

Mostrar más
Publicaciones publicitarias
2 630
Suscriptores
-124 horas
-77 días
-4730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဖို့အတွက် 🦠 ဝမ်းပျက်ဝမ်းလျောရောဂါဟာ အူလမ်းကြောင်းအတွင်းကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်စတဲ့ ရောဂါပိုးတစ်မျိုးမျိုး ဝင်ခြင်းကြောင့် ဖြစ်ပွါးရခြင်းဖြစ်ပါတယ်။ ဒီလိုရောဂါပိုးတွေဟာ ညစ်ညမ်းတဲ့အစားအစာ၊ သောက်ရေတို့မှတဆင့် ကူးစက်နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် လူတစ်ဦးမှတစ်ဦးကိုလည်း ကူးစက်စေနိုင်ပါတယ်။ 👍🏻 ဒါကြောင့် ဒီလိုဝမ်းပျက်ဝမ်းလျောရောဂါကို ကာကွယ်ဖို့အတွက် အဓိကလိုက်နာသင့်တာတွေကတော့… ✅ အစားအစာသန့်ရှင်းရေး အစားအစာတွေကို ယင်မနားအောင် ဂရုတစိုက် ကာကွယ်ပေးရပါမယ်။ ဒါ့အပြင် အိုးခွက်ပန်းကန်များ၊ သားငါးဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်ရှင်းရာမှာလည်း သန့်ရှင်းတဲ့ရေကိုအသုံးပြုသင့်ပါတယ်။ ဒါ့အပြင် အစားအစာတွေကို သေချာကျက်အောင်ချက်ပြုတ်ခြင်း၊ ပူပူနွေးနွေးစားသုံးခြင်းတို့က ဝမ်းပျက်ဝမ်းလျောမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ✅ ရေသန့်ရှင်းရေး သောက်သုံးဖို့အတွက် ရေသန့်၊ ဒါမှမဟုတ် ကြိုချက်ထားသော/ ကလိုရင်းခပ်ထားသောရေကိုသာအသုံးပြုရပါမယ်။ ဒါ့အပြင် ရေထွက်ပင်ရင်းနားမှာ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းတို့ မပြုလုပ်ဖို့နဲ့ ရေအိုင်၊ ဗွက်အိုင် မဖြစ်အောင် ကာကွယ်ခြင်း၊ တိရိစ္ဆာန်များ မဝင်နိုင်အောင် ကာကွယ်ခြင်းနဲ့ ရေထွက်ပင်ရင်းမှ အနည်းဆုံး ပေ ၅၀ ခွာပြီးမှ အိမ်သာဆောက်ခြင်းတို့ကလည်း ရေသန့်ရှင်းရေးအတွက် အရေးပါပါတယ်။ ✅ လက်သန့်ရှင်းရေး လက်မှာမမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်နေနိုင်တဲ့အတွက် အစားအစာများကို မချက်ပြုတ်မီ၊ အစာမစားမီနဲ့ အိမ်သာတက်ပြီးတဲ့နောက် လက်ကိုစနစ်တကျဆေးကြောဖို့ လုံးဝမမေ့ပါနဲ့နော်။ ✅ အိမ်သာသန့်ရှင်းရေး အိမ်သာဟာယင်မလုံပါက ယင်ကောင်မှ တဆင့် ဝမ်းနှင့် ပတ်သက်တဲ့ရောဂါတွေ ကူးစက်ပြန့်ပွါးနိုင်တဲ့အတွက် ယင်လုံအိမ်သာအသုံးပြုဖို့နဲ့ အိမ်သာသန့်ရှင်းရေးကလည်း အရေးကြီးတယ်ဆိုတာ သတိပြုပေးပါ။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ Facebook page- https://www.facebook.com/thukhathuta2022/ Telegram channel- https://t.me/thukhathuta Viber channel- https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Diarrhea #Cholera #Dehydration #ORS #SanitationandHygiene
Mostrar todo...
Log in or sign up to view

See posts, photos and more on Facebook.

👍 4
Photo unavailableShow in Telegram
👍 4
Photo unavailableShow in Telegram
👍 5 2
🚨ဝမ်းပျက်ဝမ်းလျောတဲ့အခါ ဂရုစိုက်ပါ ⛈️ မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျောခြင်းဟာ အလွန်အဖြစ်များပါတယ်။ အစာ၊ ရေ၊ လက်၊ အိမ်သာ မသန့်ရှင်းခြင်းဖြစ်ပြီး ကူးစက်လွယ်သလို ပြင်းထန်ပါက ရေဓာတ်ဆုံးရှုံးမှုများတဲ့အတွက် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ မိမိရဲ့ရောဂါလက္ခဏာတွေကိုသတိပြုရင်း နီးစပ်ရာဆေးရုံ/ဆေးခန်းကို အချိန်မီသွားရောက်ကုသဖို့လည်း အရေးကြီးပါတယ်နော်။ ဝမ်းပျက်ဝမ်းလျောခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှုများလာရင် ဘာတွေဖြစ်မလဲ❓ ❗️အဖြစ်များတဲ့ လက္ခဏာတွေကတော့… 🔺 ရေအလွန်ဆာခြင်း 🔺 အားအင်ကုန်ခမ်းခြင်း/ နှုန်းခြင်း 🔺 ဆီးအရောင်ရင့်လာခြင်း/ ဆီးနည်းလားခြင်း/ ဆီးမသွားတော့ခြင်း 🔺 ခေါင်းမူးခေါင်းကိုက်ခြင်း 🔺 ပါးစပ်၊ နှုတ်ခမ်းနှင့် အရေပြားတို့ခြောက်သွေ့ခြင်း 🔺 သွေးပေါင်ကျခြင်း 🔺 ကလေးငယ်များတွင် မျက်တွင်းချိုင့်ဝင်ခြင်း၊ ငယ်ထိပ်ချိုင့်ဝင်ခြင်း ⚠️ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုပြီးပြင်းထန်နိုင်တဲ့အတွက် ဂရုပြုပေးသင့်ပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျောဖြစ်ပါက နာရီပိုင်းအတွင်းရေဓာတ်ဆုံးရှုံးမှု အလွန်များတဲ့အတွက် စိုးရိမ်ရပါတယ်။ 🩺 ဒါကြောင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောလက္ခဏာတွေနဲ့ ရေဓာတ်ဆုံးရှုံးမှုများတဲ့လက္ခဏာတွေ တွေ့ရှိရပြီဆိုရင် နီးစပ်ရာဆေးရုံ/ ဆေးခန်းကိုအမြန်ဆုံးသွားရောက်ကုသပါ။ မိမိသဘောနဲ့ ဝမ်းပိတ်ဆေး/ ပိုးသတ်ဆေးများအသုံးမပြုသင့်ပါဘူး။ ဝမ်းပျက်ဝမ်းလျောတဲ့အခါ WHO Formula အတိုင်းထုတ်လုပ်ထားတဲ့ ဓာတ်ဆားများကို အညွှန်းအတိုင်းသေချာစွာဖျော်ပြီး ဝမ်းသွားထားတဲ့ပမာဏကို ပြန်လည်ပြည့်မှီအောင် သောက်သုံးပေးရပါမယ်။ ဓာတ်ဆားလို့ဆိုရာမှာ WHO Formula အတိုင်းထုတ်ထားတဲ့ ဓာတ်ဆားဖြစ်ရမှာဖြစ်ပြီး သာမန်ချွေးထွက်များခြင်းကြောင့် သောက်တဲ့ဓာတ်ဆားနဲ့ မမှားဖို့ကိုလည်း ဂရုပြုပါနော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ Facebook page- https://www.facebook.com/thukhathuta2022/ Telegram channel- https://t.me/thukhathuta Viber channel- https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Diarrhea #Cholera #Dehydration #ORS #SanitationandHygiene
Mostrar todo...
Log in or sign up to view

See posts, photos and more on Facebook.

👍 5
Photo unavailableShow in Telegram
👍 4
ရေကြီးရေလျှံတဲ့အခါ သတိပြုစရာ…. 🌊 သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ရေကြီးရေလျှံဖြစ်ပြီးတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေကလည်း အဖြစ်များပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါရောဂါတွေအပြင် ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတွေကလည်း သတိပြုရမှာပါ။ ☝🏼ဒါကြောင့် သုခသုတမှ စာဖတ်သူတို့လိုက်နာရှောင်ကြဉ်ရမယ့် အချက်လေးတွေကို ပြင်ဆင်ထားပေးပါတယ်။ ❗️ရေကိုကြိုချက်ပြီးမှ (သို့မဟုတ်) ကလိုရင်းခတ်ပြီးမှသာ အသုံးပြုရန်။ ❗️အစားအစာများကို လတ်ဆတ်သန့်ရှင်းစွာ ပူပူနွေးနွေး ချက်ပြုတ်စားသောက်ရန်။ ❗️ရေကြီးစဉ်က ရေနှင့်ထိတွေ့မိသော အစာများ၊ ပျက်စီးပုပ်သိုးသွားသောအစာများကို မစားသုံးဘဲ စနစ်တကျစွန့်ပစ်ရန်။ ❗️တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုရန်။ (အစာမစားမီ နှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန်) ❗️ခြင်များမပေါက်ဖွားစေရန် အိမ်ပတ်ဝန်းကျင်အား သန့်ရှင်းရေးပြုလုပ်ရန်၊ ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်/ ဘောင်းဘီအရှည်၊ ခြင်ထောင်တို့ကိုအသုံးပြုရန်။ ❗️မြွေဆိုးအန္တရာယ် သတိပြုရန်။ ❗️ပျက်ကျနေသော ဓာတ်ကြိုးများ၊ ရေစိုနေသောမီးခလုပ်များနှင့် လျှပ်စစ်အန္တရာယ် သတိပြုရန်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ Facebook page- https://www.facebook.com/thukhathuta2022/ Telegram channel- https://t.me/thukhathuta Viber channel- https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Flood #NaturalDisaster #SanitationandHygiene #Health #Emergency
Mostrar todo...
Log in or sign up to view

See posts, photos and more on Facebook.

👍 3
Photo unavailableShow in Telegram
👍 4
🥣 ဖြည့်စွက်စာကျွေးဖို့ ဘာတွေသိထားရမလဲ 👶🏻 သားသားမီးမီးတို့အသက် (၆) လပြည့်တဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးလာတဲ့အတိုင်း အာဟာရပြည့်မှီဖို့အတွက် မိခင်နို့တစ်မျိုးတည်း မလုံလောက်တော့ပါဘူး။ အသက် (၆) လပြည့်တဲ့အခါ သူတို့ဟာ အစားအစာတွေကိုဝါးစားဖို့ စတင်သင်ယူနေပါပြီ။ ဒါကြောင့် ကလေးငယ်တွေကို မိခင်နို့တစ်မျိုးတည်းမဟုတ်ပဲ ဖြည့်စွက်စာတွေ စတင်ကျွေးဖို့ လိုအပ်လာပါပြီနော်။ 📝 ဖြည့်စွက်စာကျွေးတဲ့အခါမှာ မေမေတို့သတိထားရမယ့်အချက်လေးတွေကို ပြောပြပေးပါရစေ။ 📌 ကလေးငယ်တို့ မျိုချရလွယ်ကူအောင် အစားအစာတွေကို ပျော့ပျောင်းကြေညက်အောင် ချက်ပြုတ်ဖို့လိုအပ်ပါတယ်။ 📌 ကလေးငယ်တို့ကို မိခင်နို့တိုက်ပြီးတဲ့အခါ ဒါမှမဟုတ် နို့တိုက်ချိန်တစ်ခါနဲ့တစ်ခုကြားမှာ ဖြည့်စွက်စာကျွေးပေးရပါမယ်။ 📌 တစ်နေ့မှာ နှစ်ကြိမ်၊ တစ်ခါကျွေးရင် ဖြည့်စွက်စာ နှစ်ဇွန်းမှ သုံးဇွန်းခန့်ကျွေးပေးပါ။ အသက် (၆) လမှာ ကလေးငယ်တို့ရဲ့အစာအိမ်ဟာ သေးငယ်သေးတဲ့အတွက် အစာနည်းနည်းပဲ စားနိုင်တယ်ဆိုတာ သတိပြုပေးပါနော်။ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့အစာအိမ်လည်းကြီးလာပြီး အစာပိုစားလာနိုင်ပါမယ်။ 📌 ကလေးငယ်တို့ရဲ့ ဖြည့်စွက်စာတွေကိုပြင်ဆင်ချက်ပြုတ်ချိန်နဲ့ အစာကျွေးချိန်မှာလည်း လက်ကိုသန့်ရှင်းစင်ကြယ်စေဖို့ သတိပြုပါနော်။ ⚠️ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့လိုအပ်ပြီး ရေအပါအဝင် အခြားအစာ သို့မဟုတ် အရည်တွေကို မကျွေးသင့်သေးဘူးဆိုတာလည်း မေမေတို့သတိပြုပေးဦးနော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ Facebook page- https://www.facebook.com/thukhathuta2022/ Telegram channel- https://t.me/thukhathuta Viber channel- https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #ComplementaryFeeding #ExclusiveBreastfeeding #Breastfeeding #InfantNutrition
Mostrar todo...
Log in or sign up to view

See posts, photos and more on Facebook.

👍 5
🫡 အပြန်အလှန်လေးစားနားလည်မှုနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ကြမယ် 🤝ဆက်ဆံရေး (Relationship) တစ်ခုမှာ တစ်ဦးပေါ်တစ်ဦး အပြန်အလှန်လေးစားနားလည်မှု (Mutual Respect) ရှိခြင်းကလည်း ကျား-မအခြေပြု အကြမ်းဖက်မှုတွေကို ကာကွယ်ရာမှာအရေးပါတာတွေ့ရှိရပါတယ်။ အပြန်အလှန်လေးစားမှုလို့ဆိုရာမှာ မိမိနဲ့ပေါင်းသင်းဆက်ဆံနေတဲ့ လက်တွဲဖော်ရဲ့ ဂုဏ်သိက္ခာ၊ အခွင့်အရေးနဲ့ တန်ဖိုးတို့ကို အသိအမှတ်ပြုနားလည်ခြင်းတို့ပါဝင်ပါတယ်။ 🫶 ဒါကြောင့် အပြန်အလှန်လေးစားတန်ဖိုးထားခြင်းဖြင့် လူအဖွဲ့အစည်းအတွင်းမှာ တန်းတူညီမျှမှုကိုမြှင့်တင်ရင်း ကျား-မအခြေပြု အကြမ်းဖက်မှုများကို တားဆီးလိုက်ကြပါစို့။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ Facebook page- https://www.facebook.com/thukhathuta2022/ Telegram channel- https://t.me/thukhathuta Viber channel- https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #GBV #MutualRespect #Relationship
Mostrar todo...
Log in or sign up to view

See posts, photos and more on Facebook.

👍 4 1
Photo unavailableShow in Telegram
👍 4 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.