es
Feedback
Chinese Classes by GYS

Chinese Classes by GYS

Ir al canal en Telegram

Chinese Language Learning Platform Phone - 09 255 483 028 Telegram Acc - https://t.me/GYS_App

Mostrar más

📈 Análisis del canal de Telegram Chinese Classes by GYS

El canal Chinese Classes by GYS (@gys_gc) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 13 980 suscriptores, ocupando la posición 14 391 en la categoría Educación y el puesto 9 303 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 13 980 suscriptores.

Según los últimos datos del 07 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 1 692, y en las últimas 24 horas de 19, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 21.02%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.65% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 2 935 visualizaciones. En el primer día suele acumular 789 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 18.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
Chinese Language Learning Platform Phone - 09 255 483 028 Telegram Acc - https://t.me/GYS_App

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 08 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.

13 980
Suscriptores
+1924 horas
+2387 días
+1 69230 días
Archivo de publicaciones
တရုတ်စာ မတတ်လို့ မလျှောက်ဖြစ်တဲ့ အလုပ်ခေါ်စာတွေ ဒီအတောအတွင်း ဘယ်နှစ်ခု ကျော်ဖြတ်ခဲ့မိလဲ... တရုတ်စာ လေ့လာတာနဲ့ တွေ့ရတဲ့ ပထမဆုံး အပိုင်းက Pinyin နဲ့ Tone ပေါ့နော် လူအများက ဒီအဆင့်မှာ ရပ်ပစ်လိုက်ကြတယ် "Tone မှတ်ရတာ ခက်တယ်" ဆိုပြီး စိတ်ပျက်တာမျိုးရှိတယ် တကယ်တော့ နေ့စဉ် ၁၅ မိနစ်ပဲ ပေးနိုင်ရင် Basic Conversation ပြောလို့ရတဲ့ အဆင့်တစ်ခုအထိကို အချိန်တိုအတွင်း ရောက်နိုင်ပါတယ် တနေ့တာ လေ့ကျင့်တဲ့ပုံစံ ၃ မျိုးကို မျှဝေပေးသွားပါမယ် စာလုံးဝေါဟာရအသံ ဒါမှမဟုတ် စာပိုဒ်၊ စကားစုတွေကို နားထောင်တဲ့အခါကျရင် အနည်းဆုံး ၃ကြိမ်ထက်မနည်း နားထောင်ပေးပါ စကားလုံးစာကြောင်းအရှည်တွေဆိုရင် အလုံးစုံမမှတ်မိရင်တောင်မှ အသံ tone အနိမ့်အမြင့်ကို ရင်းနှီးနေအောင် စွဲနေအောင်ပါ တစ်နေ့ကို ဝေါဟာရ အလုံးရေ ၅လုံးလောက် ကျွမ်းကျင်သွာတယ် ပိုင်နိုင်သွားတယ်ဆိုရင် ရပါပြီ အိပ်ရာမဝင်ခင် ၁၀မိနစ်လောက်ကို နေ့လည်က မှတ်ထားတဲ့ ဝေါဟာရ ၅လုံးကို ပြန်တွေးကြည့်ပါ တစ်နေ့တာကျက်ထားတာကို ညဘက်မှာ ပြန်စစ်ဆေးတာက ထင်ထားတာထက် ပိုထိရောက်စေပါတယ် ဒီလိုမျိုးကို နေ့စဥ်ဆက်တိုက်သာလေ့ကျင့်သွားမယ်ဆိုရင် ရက်တွေများလာရင် တိုးတက်မူက သိသာလာမှာပါ တရုတ်စာကို လေ့လာထားရတာ ကိုယ့်ဆီ အခွင့်အလမ်းတွေ လာအောင် ဖွင့်ပေးလိုက်သလိုပါပဲ ဒီ Post ကို Save ပြီး share ထားလိုက်ပါ။ နောက်တစ်ပတ်မှာ စကားပြောအတွက် တင်ပေးသွားပါ့မယ်

🎉 GYS မှာ တရုတ်စကားပြော အတန်းမဖွင့်သေးဘူးလား ဖွင့်ပေးပါဆိုပြီး ကျောင်းသားတိုင်း အများဆုံး တောင်းဆိုနေကြတဲ့ Chinese Speaking အတန်း လာပါပြီ 🤩 . စကားပြော သီးသန့်အတန်းဖြစ်တဲ့အတွက်ကြောင့် တရုတ်စာအခြေခံလောက်ကို နားလည်ပိုင်နိုင်ထားပြီးသားသူဖြစ်ဖို့တော့လိုပါတယ် . ကျွန်တော်တို့ GYS က လက်ရှိကျောင်းသားတွေဆိုရင်တော့ GYS ရဲ့ Level 4 (Hanyu Book 3) ပြီးထားတဲ့ကျောင်းသားတိုင်း တက်ရောက်နိုင်မှာဖြစ်ပါတယ်ဗျ . သင်ရိုးထဲမှာ ဘာတွေပါသွားမလဲဆိုရင်တော့ နေ့စဥ်နူတ်ဆက်စကားတွေ ကိုယ့်ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို ပြောဆိုဖို့တွေကစလို့ တခြားသော အကြောင်းအရာမျိုးစုံနဲ့ အသုံးများတဲ့ Speaking Sentences အပိုင်းတွေကိုပါ သင်ယူနိုင်မှာဖြစ်ပါတယ် . ကျောင်းသားတွေအချင်းချင်းပြန်ဆွေးနွေးတိုင်ပင်ဖို့အတွက်ကိုပါ Telegram Group တွေ ဖွဲ့ပေးထားပါတယ် . ကိုယ်က Level တစ်ခုလဲရောက်နေပြီ စကားပြောတိုးတက်ဖို့အတွက်လည်း ပြင်ဆင်နေတယ်ဆိုရင်တော့ ဒီအတန်းလေးက ကွက်တိအဆင်ပြေစေမှာမို့ အတန်းအပ်ဖို့ စိတ်ဝင်စားရင် ကောမန့်ကနေ "Chinese" ဆိုတဲ့စာလေးမန့်ပြီး page messenger မှာပါ စာလေး ပို့ထားပေးခဲ့လို့ရပါတယ်ဗျ 😇

တရုတ်စာ လေ့လာပြီး‌ မေ့တတ်တဲ့သူတွေအတွက် 😌

ဖိုက်တင်းပါဗျာ 💪🏻
ဖိုက်တင်းပါဗျာ 💪🏻

တရုတ်စာမှာ လွယ်သလိုနဲ့ ရောလေ့ရှိတဲ့ ဒီစာလုံးလေးတွေကို လေ့လာကြည့်ကြမယ်

တရုတ်စာလေ့လာဖို့ စိတ်အားထက်သန်နေပေမယ့် ဘယ်ကနေစတင်ရမလဲ၊ ဘယ်လမ်းကြောင်းက အထိရောက်ဆုံးလဲဆိုတာကို ဝေခွဲမရဘဲ အချိန်ကုန်နေရတာမျိုး ကြုံဖူးပါသလား? ================================ GYS မှာ တရုတ်စာကို အခြေခံစာလုံးရေးနည်းမှစပြီး 4skills လုံး ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့လာနိုင်ပါပြီ💪 . ဖုန်းတစ်လုံး၊ အင်တာနက်ရှိရုံ နဲ့ အချိန်မရွေး လေ့လာနိုင်ပြီး GYS က နားလည်လွယ်တဲ့ တရုတ်ဘာသာစကားသင်ရိုးတွေနဲ့အတူ ဒီနှစ်ထဲမှာ အခြေခံကနေ ကျွမ်းကျင်တဲ့အထိ တတ်မြောက်အောင် စလေ့လာလို့ရပါပြီ . ဘာလို့ GYS ကို ရွေးချယ်သင့်လဲ? 1️⃣ Internet ရှိတာနဲ့ အဆင်ပြေတဲ့နေရာမှာ အချိန်မရွေး လေ့လာလို့ရပါတယ် . 2️⃣သင်ခန်းစာ video တွေကို Fb Group အပြင် Website, Application တွေကနေပါ Quality အပြည့်နဲ့ ကြည့်လို့ရပါတယ် . 3️⃣အိမ်စာတွေကို အသံထွက်မှန်မမှန် အသံဖိုင်နဲ့ ပို့လို့ရတဲ့အပြင် ၊ ရေးနည်းမှန်မမှန် ပုံရိုက်ပြီးလည်း အိမ်စာထပ်လို့ရပါတယ် ၊ (24)နာရီအတွင်းလည်း အိမ်စာပြန်လည် စစ်ဆေးပေးပါတယ် . 4️⃣Study Planner နဲ့ Learner Guide ပါဝင်လို့ အချိန်စီမံခန့်ခွဲပြီး လေ့လာချင်တဲ့သူတွေအတွက် သင့်တော်ပါတယ် . 5️⃣Speaking နဲ့ Listening အလေ့အကျင့်ဖြစ်အောင် ဆရာနဲ့တိုက်ရိုက် တစ်ပတ်တစ်ခါ Online Meeting တွေ တက်ရပါတယ် . 6️⃣Quiz တွေနဲ့ ကိုယ့်ရဲ့ တိုးတက်မှု ကိုဆန်းစစ်နိုင်တဲ့ အပြင် . 7️⃣အိမ်စာတွေ Testတွေ ဖြေဆို အောင်မြင်သူများအတွက် Online အသိအမှတ်ပြုလက်မှတ် (Verified Certificate) ရယူနိုင်ပါတယ် ။ . GYS မှာတရုတ်စာကို ✅Hanyu သင်ရိုးနဲ့ သင်ကြားပေးပြီး ✅Level 1 မှ Level 12 ထိ ✅4sklils လုံးကျွမ်းကျင်သည်အထိ သင်ကြားပေးပါသည် . သင်တန်းအပ်ချင်တယ်ဆိုရင် ကောမန့်မှာ " Chinese " လို့မန့်ခဲ့ပြီး Messenger ကနေ Chinese Classes လို့ ပို့ပေးပါ💬💬 ဒါမှမဟုတ် Viber (+959 255 483 028) ကနေ ဆက်သွယ်နိုင်ပါတယ်...

🌥 ဒီနေ့တော့ မနက်ခင်းအချိန်ကို ခေါ်ဝေါ်သုံးနှုန်းတဲ့အခါ အသုံးအများဆုံး စကားလုံးနှစ်ခုအကြောင်း သင်ပေးမယ်နော် တရုတ်ဘာသာစကားမှာ မနက်စောစောအချိန်ကို 早上 (zǎo shang) လို့ ခေါ်ပြီးတော့ နည်းနည်းနောက်ကျတဲ့ မနက်ပိုင်းအချိန်ကိုတော့ 上午 (shàng wǔ) လို့ ခေါ်ပါတယ် များသောအားဖြင့် နေမထွက်ခင်နဲ့ မနက်စောပိုင်းကာလတွေကို 早上 (zǎo shang) လို့ သုံးလေ့ရှိပြီးတော့ ၁၀ နာရီ ဝန်းကျင်ကနေ နေ့လယ်စာမစားခင်အချိန်ထိကိုတော့ 上午 (shàng wǔ) လို့ သုံးတာက ပိုပြီးတော့ သဘာဝကျပါတယ် ဒီအချက်လေးကို သေချာမှတ်ထားပြီး လက်တွေ့မှာ ပြောင်းသုံးကြည့်ကြပါဦး နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ် 😇

အခုလိုမျိုး အသံမထွက်တတ်လို့ စိတ်ညစ်နေကြတဲ့သူတွေရှိလား ဒါဆိုရင် အောက်က ကျွန်တော်ချပေးထားတဲ့ link ကိုဝင်ပြီး ဆိုပြထားတဲ့ အသံလေး
အခုလိုမျိုး အသံမထွက်တတ်လို့ စိတ်ညစ်နေကြတဲ့သူတွေရှိလား ဒါဆိုရင် အောက်က ကျွန်တော်ချပေးထားတဲ့ link ကိုဝင်ပြီး ဆိုပြထားတဲ့ အသံလေးတွေကို ဝင်နားထောင်ကြည့်နော် . https://t.me/GYS_GC/1219 နောက်ထပ် သိချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း ကောမန့်ပေးခဲ့ပါဦး

တရုတ်စာ သင်ဖူးသူတိုင်း သိမှာပါ... Pinyin လေး ဖတ်တတ်လာတဲ့ အစပိုင်းက ကိုယ့်ကိုယ်ကို တရုတ်လို ပြောတတ်တော့မယ်ထင်ပြီး အရမ်းစိတ်အားထက်သန်ခဲ့တဲ့ အချိန်တွေရှိတယ်မဟုတ်လား?📖 တကယ်တမ်း Tone ၄ မျိုးကို စရောလာတဲ့ အချိန် z,c,s,zh,ch,sh အသံတွေ လေ့ကျင့်ရတဲ့အချိန်တွေမှာတော့ စိတ်ဓာတ်ကျချင်သလိုလို စိုးရိမ်သလိုလိုဖြစ်တတ်တယ်... "ထင်ထားတာထက် ခက်တာပဲ" "ဒီလောက်နဲ့ လုံလောက်ပြီလား" ဆိုတဲ့ အတွေးတွေလည်း ဝင်လာလောက်တယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်သတိပေးရမှာက "အခုမှ လမ်းတစ်ဝက်ပဲ ရှိသေးတာလေ" ဆိုတာမျိုး စလေ့လာတဲ့ အချိန်ကာလမှာတော့ တရုတ်စာလုံးတိုင်းကို အလုံးစေ့ ဘယ်သူမှ ကျွမ်းကျွမ်းကျင်ကျင် မဖတ်တတ်ပါဘူး တစ်ဖက်လူပြောတဲ့ တရုတ်စကားကိုလည်း သေချာပေါက် နားလည်နေမှာမဟုတ်ပါဘူး GYS အတန်းတွေရဲ့ သင်ခန်းစာမှာ ပါတဲ့ စာလုံး အသုံးအနူန်းတွေကို သေချာလေ့လာသွားမယ် ဝေါဟာရအသစ်တွေကို များများချရေးကျက်ပြီး နေ့စဥ်အသုံးပြုတဲ့နေရာတွေမှာ ပြန်အသုံးချရမယ်ပေ့ါနော် စကားပြောဆိုရင်လည်း မှားမှားမှန်မှန် ပြောရဲအောင် လေ့ကျင့်ရပါမယ် အဲ့ဒါမှ ကိုယ့်ရဲ့ တိုးတက်မူဆိုတာကို သိသိသာသာ ခံစားလာမိမှာပါ အဲဒီလိုနဲ့ Level 2 လောက် ရောက်လာတဲ့အချိန်မှာ Pinyin ဖတ်တတ်သွားတဲ့အပြင် တရုတ်စာလုံးတွေကိုပါ ကိုယ်ထင်ထားတာထက် အများကြီး ဖတ်တတ်သွားပါလိမ့်မယ် ✨ အလုပ်တစ်ဖက်နဲ့ သင်နေရတာဆိုတော့ သင်ခန်းစာတွေနဲ့ အဆက်ပြတ်သွားမှာလည်း မဖြစ်စေချင်ဘူး ဒီနေရာမှာ တီချယ်တွေက အိမ်စာတွေ နေ့စဥ် စစ်ဆေးပေးပါတယ် အမှားရှိရင် ဘာကြောင့်မှားလဲဆိုတာ သေချာရှင်းပြပေးတယ် နားမလည်သေးရင်လည်း စိတ်ရှည်ရှည်နဲ့ ထပ်ရှင်းပြပေးသလို အသံထွက်မှားတာတွေဆိုရင်လည်း အသံဖိုင်နဲ့ ပြန်ပြင်ပေးတာမို့လို့ ကိုယ့်ရဲ့ တိုးတက်မူက စဥ်ဆက်မပြတ်ရှိနေမှာပါ သင်ခန်းစာ video တွေကို အချိန်မရွေး ပြန်ကြည့်လို့ရတာကလည်း တကယ်တော့ လေ့လာသူတွေအတွက် အရမ်းအသုံးဝင်စေတယ်ပေ့ါနော် ဘာလို့ဆို လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ ကျောင်းတစ်ဖက် တက်နေရတဲ့သူတွေအတွက်က အလုပ်ပိတ်တဲ့အချိန်လေး၊ ညဘက်အားတဲ့အချိန်လေးမှာ ပြန်ကြည့်ပြီး အေးဆေး လေ့လာရုံပဲ စကားပြောလေ့ကျင့်ဖို့ပဲ ဖြစ်ဖြစ် ကိုယ်လေ့လာထားတဲ့ သင်ခန်းစာတွေ ပြန်နွှေးဖို့အတွက်ဖြစ်ဖြစ် အပတ်စဥ် Weekly Zoom ကနေ ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးလို့ရတာလည်း နောက်ထပ် အားသာချက်တစ်ခုလို့ပြောရပါမယ် သင်ခန်းစာလေ့လာရတာ များသွားလို့ ပျင်းလောက်ပြီထင်ရင် Quiz တွေဖြေကြည့်လို့ရအောင် စီစဥ်ပေးထားသလို ပြင်ပဗဟုသုတွေလေ့လာလို့ရအောင် Telegram Channel တွေကနေ အခမဲ့ မျှဝေပေးနေတာတွေလဲရှိပါတယ် တရုတ်စာ တရုတ်စာလုံးက တကယ်တော့ ခက်နေတာမဟုတ်ပါဘူး စနစ်တကျ သေချာသာလေ့လာသွားရင် ကျွမ်းကျင်ပိုင်နိုင်တဲ့ အဆင့်အထိရောက်ဖို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက်က သိပ်မခက်ခဲတော့ပါဘူး သင်တန်းအပ်ဖို့စိတ်ဝင်စားရင် ကောမန့်မှာ "Chinese" လို့မန့်ခဲ့လို့ရသလို အောက်က Telegram account မှာလည်း စာပို့ခဲ့ပေးနိုင်ပါတယ် https://t.me/GYS_App

ကျွန်တော်တို့ GYS Chinese Team ကလည်း ကျေးဇူးတင်ပါတယ်ဗျ 😇
ကျွန်တော်တို့ GYS Chinese Team ကလည်း ကျေးဇူးတင်ပါတယ်ဗျ 😇

GYS မှာ တရုတ်စာ Online သင်တန်း Level အစုံ တက်ချင်တယ်ဆိုရင် 👉👉 GYS Telegram Account ကိုဆက်သွယ်ပေးပါနော် ... Ph no - 09 255 483 028

宝剑锋从磨砺出 (Bǎo jiàn fēng cóng mó lì chū) 梅花香自苦寒来 (Méi huā xiāng zì kǔ hán lái) ဆိုတဲ့ စကားပုံလေးက အဖိုးတန်ဓားတစ်လက်ဟာ ပွတ်တိုက်မှုတွေကနေ ထက်မြက်လာသလို၊ မေပယ်ပန်းလေးတွေဟာလည်း အေးစက်တဲ့ ဆောင်းကာလကို ကျော်ဖြတ်ပြီးမှသာ အမွှေးနံ့သာ ပိုမိုလှပလာတာကို တင်စားထားတာပါ ဒီနေရာမှာ 磨砺 (mó lì) ဆိုတဲ့ စကားလုံးက ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပျိုးထောင်တဲ့ ကြိုးစားမှုကို ဆိုလိုပြီး 苦寒 (kǔ hán) ကတော့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ရည်ညွှန်းတာပါ။ တရုတ်စာလေ့လာတဲ့ခရီးမှာ အခုလို ကြိုးစားနေတာဟာ အနာဂတ်အတွက် ပိုမိုထက်မြက်တဲ့ အရည်အချင်းတွေကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ အခက်အခဲတွေကို မကြောက်ဘဲ ဆက်လက်ကြိုးစားကြဖို့ ဆရာ တိုက်တွန်းချင်ပါတယ် သေချာမှတ်ထားပြီး ကိုယ့်ရဲ့ သင်ယူမှုခရီးမှာ အမြဲသတိရ အားယူကြည့်ကြပါဦး နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်

💡 တရုတ်လို ကိုယ့်အမေဘက်က ဆွေမျိုးတွေကို မိတ်ဆက်ပြတော့မယ်ဆိုရင် ကျွန်တော်ပြောပြမယ့် အသုံးနူန်းလေးတွေ သုံးဖို့အတွက် သေချာလေ့ကျင့်ထားပါ အဖေ့ဘက်က ဆွေမျိုးတွေကိုလည်း သိချင်တယ်ဆိုရင် ကောမန့်ကနေ yes လို့ မန့်သွားပေးပါဦးဗျ

အသက်မွေးဝမ်းကျောင်းလမ်းကြောင်းမှာ အောင်မြင်မှုတွေကို အမြန်ဆုံးဆွတ်ခူးဖို့ အသင့်ဖြစ်ပြီလား? ရာထူးတိုးချင်တာပဲဖြစ်ဖြစ်၊ လစာပိုကောင်းတဲ့ အလုပ်သစ်ရှာချင်တာပဲဖြစ်ဖြစ် တရုတ်စာတတ်ခြင်းက သင့်အတွက် အကြီးမားဆုံး အားသာချက်တစ်ခု ဖြစ်လာမှာပါ။ ================================ GYS မှာ တရုတ်စာကို အခြေခံစာလုံးရေးနည်းမှစပြီး 4skills လုံး ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့လာနိုင်ပါပြီ💪 . ဖုန်းတစ်လုံး၊ အင်တာနက်ရှိရုံ နဲ့ အချိန်မရွေး လေ့လာနိုင်ပြီး GYS က နားလည်လွယ်တဲ့ တရုတ်ဘာသာစကားသင်ရိုးတွေနဲ့အတူ ဒီနှစ်ထဲမှာ အခြေခံကနေ ကျွမ်းကျင်တဲ့အထိ တတ်မြောက်အောင် စလေ့လာလို့ရပါပြီ . ဘာလို့ GYS ကို ရွေးချယ်သင့်လဲ? 1️⃣ Internet ရှိတာနဲ့ အဆင်ပြေတဲ့နေရာမှာ အချိန်မရွေး လေ့လာလို့ရပါတယ် . 2️⃣သင်ခန်းစာ video တွေကို Fb Group အပြင် Website, Application တွေကနေပါ Quality အပြည့်နဲ့ ကြည့်လို့ရပါတယ် . 3️⃣အိမ်စာတွေကို အသံထွက်မှန်မမှန် အသံဖိုင်နဲ့ ပို့လို့ရတဲ့အပြင် ၊ ရေးနည်းမှန်မမှန် ပုံရိုက်ပြီးလည်း အိမ်စာထပ်လို့ရပါတယ် ၊ (24)နာရီအတွင်းလည်း အိမ်စာပြန်လည် စစ်ဆေးပေးပါတယ် . 4️⃣Study Planner နဲ့ Learner Guide ပါဝင်လို့ အချိန်စီမံခန့်ခွဲပြီး လေ့လာချင်တဲ့သူတွေအတွက် သင့်တော်ပါတယ် . 5️⃣Speaking နဲ့ Listening အလေ့အကျင့်ဖြစ်အောင် ဆရာနဲ့တိုက်ရိုက် တစ်ပတ်တစ်ခါ Online Meeting တွေ တက်ရပါတယ် . 6️⃣Quiz တွေနဲ့ ကိုယ့်ရဲ့ တိုးတက်မှု ကိုဆန်းစစ်နိုင်တဲ့ အပြင် . 7️⃣အိမ်စာတွေ Testတွေ ဖြေဆို အောင်မြင်သူများအတွက် Online အသိအမှတ်ပြုလက်မှတ် (Verified Certificate) ရယူနိုင်ပါတယ် ။ . GYS မှာတရုတ်စာကို ✅Hanyu သင်ရိုးနဲ့ သင်ကြားပေးပြီး ✅Level 1 မှ Level 12 ထိ ✅4sklils လုံးကျွမ်းကျင်သည်အထိ သင်ကြားပေးပါသည် . သင်တန်းအပ်ချင်တယ်ဆိုရင် ကောမန့်မှာ " Chinese " လို့မန့်ခဲ့ပြီး Messenger ကနေ Chinese Classes လို့ ပို့ပေးပါ💬💬 ဒါမှမဟုတ် Viber (+959 255 483 028) ကနေ ဆက်သွယ်နိုင်ပါတယ်...

🧮 ဒီနေ့ တရုတ်စာလေ့လာရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဆန့်ကျင်ဘက် စကားလုံးသုံးစုံကို သင်ပေးမယ်နော် ပထမဆုံးအနေနဲ့ အရွယ်အစားနဲ့ပတ်သက်ရင် 大 (dà) က ကြီးတာကို ဆိုလိုပြီး 小 (xiǎo) ကတော့ ငယ်တာကို ရည်ညွှန်းပါတယ် ဒါ့အပြင် အကွာအဝေးကို ပြောချင်ရင် 远 (yuǎn) လို့ပြောရင် ဝေးတယ်လို့ အဓိပ္ပာယ်ရပြီး 近 (jìn) လို့သုံးရင် နီးတယ်လို့ ဆိုလိုတာပါ နောက်ဆုံးတစ်ခုကတော့ အခြေအနေအရ 快 (kuài) က မြန်တာဖြစ်ပြီး 慢 (màn) ကတော့ နှေးကွေးတာကို ပြပါတယ် ဒီစကားလုံးလေးတွေကို စုံတွဲလိုက် မှတ်သားထားခြင်းက စကားပြောတဲ့အခါ ပိုပြီး ပီသစေပါတယ် သေချာမှတ်ထားပြီး လက်တွေ့မှာ ပြောင်းသုံးကြည့်ကြပါဦး နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်👏🏻

🗣 说 နဲ့ 讲 ကို နားလည်တယ် သိတယ် ဒါပေမယ့် နည်းနည်းလေးတော့ ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဒီလိုလေးရှင်းသွားအောင် ဖတ်ကြည့်ပေးနော် ကိုယ်သိ
🗣 说 နဲ့ 讲 ကို နားလည်တယ် သိတယ် ဒါပေမယ့် နည်းနည်းလေးတော့ ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဒီလိုလေးရှင်းသွားအောင် ဖတ်ကြည့်ပေးနော် ကိုယ်သိချင်တဲ့အကြောင်းအရာရှိရင်လည်း ကောမန့်ကနေ ရေးသွားပေးပါ

ကျောင်းတက်တဲ့အခါ ဒါမှမဟုတ် အလုပ်ခွင်မှာ ကျန်းမာရေးမကောင်းလို့ ခွင့်တိုင်ရတဲ့အခါ ယဉ်ကျေးစွာ ပြောတတ်ဖို့ ဒီနေ့တော့ အရေးကြီးတဲ့ စကားလုံးတွေကို သင်ပေးမယ်နော် ကိုယ့်ရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်းနဲ့ ပညာရှိရှိ ပြောဆိုနိုင်ဖို့ ဒီစာကြောင်းလေးတွေကို အသုံးချကြည့်ပါ "我今天身体不舒服。" "Wǒ jīn tiān shēn tǐ bù shū fu." ဒီနေ့ ကျွန်တော် ခန္ဓာကိုယ် မကောင်းဘူး။ "我想请一天假。" "Wǒ xiǎng qǐng yī tiān jià." ကျွန်တော် တစ်ရက်လောက် ခွင့်ယူချင်ပါတယ်။ "明天我可以回来上班。" "Míng tiān wǒ kě yǐ huí lái shàng bān." မနက်ဖြန်ကျရင် ကျွန်တော် အလုပ်ပြန်ဆင်းနိုင်ပါတယ်။ ခွင့်တိုင်တဲ့အခါ ကိုယ့်ရဲ့ ရောဂါအခြေအနေကို အတိုချုံးပြောပြပြီး ခွင့်တောင်းခြင်းက အကောင်းဆုံးဖြစ်ပါတယ် အလုပ်ရှင် သို့မဟုတ် ဆရာ/ဆရာမနဲ့ ပြောဆိုတဲ့အခါ လေးစားမှုရှိတဲ့ လေသံနဲ့ ပြောဆိုတတ်ဖို့ အရေးကြီးပါတယ် အဓိကအားဖြင့် အချိန်ကာလကို သေချာပြောပြပြီး တာဝန်ယူမှုရှိတဲ့ ပုံစံမျိုးနဲ့ ခွင့်တိုင်တတ်အောင် ကြိုးစားလေ့ကျင့်ကြည့်ပါ သေချာမှတ်ထားပြီး လက်တွေ့မှာ ပြောင်းသုံးကြည့်ကြပါဦး နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်။

ဒီနေ့တော့ တရုတ်စကားမှာ အနက်အဓိပ္ပာယ်ကို ပိုပြီးလေးနက်စေတဲ့ အရမ်း ဆိုတဲ့ စကားလုံးတွေအကြောင်း ပြောပြပေးမယ်နော်။ အသုံးအများဆုံးဖြစ်တဲ့ 很 (hěn) ကိုတော့ သာမန်အခြေအနေမှာ သုံးပြီး 非常 (fēicháng) ကတော့ အဲ့ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ အတိုင်းအတာတစ်ခုကို ဖော်ပြချင်တဲ့အခါမှာ သုံးပါတယ်။ ထူးခြားတာကတော့ 太 (tài) ကို သုံးမယ်ဆိုရင် ဝါကျအဆုံးမှာ 了 (le) နဲ့ တွဲပြီး 太...了 (tài...le) ပုံစံမျိုး အမြဲသုံးရမှာပါ။ ဥပမာ အရမ်းပူတယ်ဆိုရင် 太热了 (tài rè le) လို့ ပြောရမှာပေါ့။ ဒီစကားလုံးလေးတွေရဲ့ ကွာခြားချက်ကို သိထားရင် ကိုယ့်ရဲ့ ခံစားချက်ကို ပိုပြီး ပီပီပြင်ပြင် ဖော်ပြနိုင်မှာပါ။ သေချာလေ့ကျင့်ထားပြီး နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်။

စိတ်အားငယ်တဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးဖို့အတွက် ဒီကဗျာတိုလေးကို သင်ပေးမယ်နော် 千磨万击还坚劲 (Qiān mó wàn jī hái jiān jìn) 任尔东西南北风 (Rèn ěr dōng xī nán běi fēng) လို့ ဆိုတဲ့အတိုင်း ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံရပါစေ၊ ကိုယ့်ရဲ့ စိတ်ဓာတ်ကို ခိုင်မာအောင် ထားဖို့ လိုအပ်ပါတယ် ဒီစာသားထဲက 坚 (jiān) ဆိုတာ ခိုင်မာခြင်းကို ဆိုလိုပြီး 风 (fēng) ဆိုတာကတော့ လေပြင်း၊ ဆိုလိုတာကတော့ အခက်အခဲတွေကို ရည်ညွှန်းတာပါ တရုတ်စာ လေ့လာတဲ့ ခရီးလမ်းမှာလည်း စိန်ခေါ်မှုတွေ ရှိနေမှာပါပဲ။ ဒါပေမဲ့ မလျှော့သော ဇွဲနဲ့ ရပ်တည်နိုင်မယ်ဆိုရင် ဘာမဆို အောင်မြင်နိုင်ပါတယ် သေချာမှတ်ထားပြီး လက်တွေ့မှာ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့အခါ ပြန်သုံးကြည့်ကြပါဦး နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်

🎩 ဦးထုပ်ဆောင်းသည်ဆိုတဲ့ အသုံးနူန်းကို တရုတ်လိုပြောမယ်ဆိုရင် 戴 နဲ့ သုံးရမှာလား 穿 နဲ့ သုံးရမှာလားဆိုပြီး ဝေဝါးနေတဲ့သူတွေရှိရင် ဒီ video ကိုကြည့်ဖြစ်အောင်ကြည့်သွားပါ