cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MUN News TV

Mostrar más
Publicaciones publicitarias
191
Suscriptores
Sin datos24 horas
+17 días
Sin datos30 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

#ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိအိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ရွှေတောင် ဇူလိုင် ၁၄ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ( ၂၉၀၀) စင်တီမီတာ၊( ၉၅.၀၀)ပေထိမြင့်တက်၍ ရေဝင်အိမ်ထောင်စုများအား မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှမြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှပူးပေါင်းအဖွဲ့အစည်းများ၊ရွှေတောင်မြို့နယ် ပရဟိတအသင်းအဖွဲ့များက ရွှေတောင်မြို့နယ်အတွင်းရှိ ( ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု ၊သောင်ပြင်ကုန်းအုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထက်မံ ဝင်ရောက်သည့် အိမ်ခြေ ( ၉၁) ၊အိမ်ထောင်စု ( ၁၇၀)၊ လူဦးရေ ( ၄၉၈) ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊အဝတ်အထည်များ၊အိမ်ထောင် ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာ ရေးဘေးကယ်ဆယ်ရေးစခန်းများသို့ရွေ့ပြောင်းပေးခဲ့သည်။ .အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား နီးစပ်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေ့ပြောင်းနေထိုင်နိုင်သည့် ယွန်းတန်းရပ်ကွက် အေးစေတီဘုရားဝန်းနှင့် ရွှေမျက်မှန်ဘုရားဝန်း၊သရက်တောရပ်ကွက် ရွှေကူကြီးဘုရားဝန်း၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်ဓမ္မာရုံး၊ မင်းတဲကျွန်းအုပ်စု ဆုတောင်းပြည့်ဘုရားဝန်း)နှင့် နီးစပ်ရာဆွေးမျိုးများထံသို့ပြောင်းရွေ့နေထိုင်စေပြီး ရေဘေးသင့်အိမ်ထောင်စုများ၏ သောက်သုံးရေ ၊စားဝတ်နေရေးအဆင်ပြေရန်အတွက် ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ R/574(ရွှေတောင်) MLND/https://t.me/mlnmedia/81385?single
Mostrar todo...
Myanmar Local News (media)

Repost from MWD News
01:40
Video unavailableShow in Telegram
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်အချိုတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း။(ဇူလိုင်လ ၁၃)
Mostrar todo...
၃.mp412.95 MB
Repost from MWD News
03:29
Video unavailableShow in Telegram
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နယူးဒေလီမြို၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီး၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြား စီတွေ့ဆုံသည်။(ဇူလိုင်လ ၁၃)
Mostrar todo...
၂.mp410.23 MB
Repost from MWD News
01:17
Video unavailableShow in Telegram
နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်။(ဇူလိုင်လ ၁၃)
Mostrar todo...
၁.mp49.88 MB
Repost from Myawady Media
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် နေပြည်တော် ဇွန် - ၁၂ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတိုတွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ Read More>> https://myawady.net.mm/node/51625
Mostrar todo...
Repost from Myawady Media
Photo unavailableShow in Telegram
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် နေပြည်တော် ဇွန် - ၁၂ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတိုတွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ Read More>> https://myawady.net.mm/node/51625
Mostrar todo...
Repost from Myawady Media
Photo unavailableShow in Telegram
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၂ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးတံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ Read More>>https://myawady.net.mm/node/51615
Mostrar todo...
Repost from Myawady Media
Photo unavailableShow in Telegram
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၂ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။ Read More>> https://myawady.net.mm/node/51613
Mostrar todo...
Repost from Myawady Media
Photo unavailableShow in Telegram
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၂ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ Read More» https://myawady.net.mm/node/51617
Mostrar todo...
Repost from Myawady Media
Photo unavailableShow in Telegram
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၂ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့စစ်ရေးပြ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းစစ်ဌာနချုပ် မှ တပ်မတော်အရာရှိကြီးများ၊တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များ တက်ရောက်ကြသည်။၊ Read More>> https://myawady.net.mm/node/51618
Mostrar todo...
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.