.
Ir al canal en Telegram
★彡[ᴡᴇʟᴄᴏᴍᴇ ᴛᴏ ᴛʜᴇ 𝑵𝒘𝒂𝒚 𝐾𝑛𝑜𝑤𝑙𝑒𝑑𝑔𝑒 ᴮᴼᴼᴷ 🍧🤍 sᴛᴀʀᴛ [ 4.3.2024 ] ᴡᴇ ᴀʀᴇ ꜱᴇᴄᴏɴᴅ ꜰᴀᴍɪʟʏ ꜱᴏ ᴡᴇ ᴡᴏᴜʟᴅ ꜱᴛᴀʏ ᴀɴᴅ ʙᴇ ʜᴀᴘᴘʏ ᴡɪᴛʜ ᴇᴀᴄʜ ᴏᴛʜᴇʀ]彡★
Mostrar más285
Suscriptores
Sin datos24 horas
-27 días
-1030 días
Archivo de publicaciones
285
လူတစ်ယောက်အတွက်နဲ့
အကုန်လုံးကို လျစ်လှူရှုထားခဲ့တာ
အခုတော့ကြည့်ပါအုံး
တစ်ယောက်ထဲ ဖြစ်နေပြီလေ ။
#Honey
#Crd
285
ပြတ်လိုကလည်း ပြတ်နိုင်ပြီ
သတ် လိုကလည်း သတ် နိုင်ပြီ၊
နံရံပေါ်က လက်သီးချက်တစ်ချိူ့
နာကျင်မှုတွေနဲ့ ရောထွေးရလွန်းလို့။
ငါ့မှာ ငိုတာတောင် အသံမထွက်ခဲ့ရ
ပြုံးချင်တာတောင် အံကျိတ်ခဲ့ရ....။
#Honey
#Crd
285
ထီ ထိုးခဲ့သလို ကံစမ်းပီး
ချစ်ခဲ့တာမဟုတ်ဘူး
ဘဝကို လောင်းကြေးထပ်ပီး
ချစ်ခဲ့တာ
ဒီပွဲရှုံးရင် ဘဝလဲဆုံးပီ"
#Honey
#Crd
285
အကယ်၍ ထပ်ချစ်ဖြစ်ခဲ့ရင်....
ထပ်ချစ်ဖြစ်ခဲ့ရင် ..
ပျော်ရွှင်မှုဖြစ်ဖြစ်၊နာကျင်မှုဖြစ်ဖြစ်
ကိုယ့်နှင့်အတူမျှေ၀ခံစားနိုင်သော
ရင်ခွင်တစ်စုံကိုသာ ပိုင်ဆိုင်ရပါလို၏
ထပ်ချစ်ဖြင့်ခဲ့ရင်..
ကိုယ်ကစပြီး ဆက်သွယ်မှ ဖြစ်တည်လာမည့်
ဆက်ဆံရေးတွေနှင့် ကွေကွင်းရလိုပါ၏
ထပ်ချစ်ဖြင့်ခဲ့ရင်..
ကိုယ့်ဘက်က ထွက်သွားမယ်ဆိုရင်တောင်
အတင်းပြန်ဆွဲမည့် လက်တစ်စုံကိုသာ
ပိုင်ဆိုင်ရလိုပါ၏
ထပ်ချစ်ဖြစ်ခဲ့ရင်..
ကိုယ်မသိသော်လည်း ကိုယ်ရှိသည်
ဟူသောအသိနှင့် အရာရာဆင်ခြင်ပေးနိုင်သော လိမ်ညာလှည့်ဖျားခြင်းကင်းဝေးသော ချစ်ခြင်း
မေတ္တာကိုသာ ပိုင်ဆိုင်ရပါလို၏
ထပ်ချစ်ဖြင့်ခဲ့ရင်..
ကိုယ်တစ်ဉီးတစ်ယောက်တည်းအတွက်
သီးသန့်ရည်ရွယ်ထားသော ချစ်ခြင်းမေတ္တာကိုသာ
ပိုင်ဆိုင်ရလိုပါ၏
#Honey
#Crd
285
ဝေးရလောက်တဲ့ထိ
ငါ့တို့ကြားက ပြဿနာက မကြီးခဲ့ဘူး။
ဒါပေမယ့်
ငါတို့လမ်းခွဲရတဲ့ အခြေအနေထိ
ရောက်သွားခဲ့တယ်။
ကံကခွဲရင်
ဘာမှမဟုတ်တာလေနဲ့လည်း လွဲကြရတာပဲ
#Honey
#Crd
285
ပင်ပန်းရတဲ့ နေ့များလာရင်
သေဖို့ဆိုတာတောင် ရဲရဲဝင့်ဝင့်
လက်ခံလာရဲကြတယ်
လူတွေအားလုံးက အစပိုင်းမှာ
သူတော်ယောင်ဆောင်ပြီး
အဆုံးသတ်ကျ ဗီလိန်လုပ်သွားကြ
တတ်တဲ့ အခြေအနေကို
နားလည်လာရတဲ့ နောက်ပိုင်း
အဝေးဆုံးဖြစ်တဲ့ ဘဝတစ်ခြားကိုပဲ
ထွက်သွားနိုင်ဖို့ ကြိုးစားနေမိကြတယ် ။
#Honey
#Crd
285
ကျနော်တို့တစ်ခုခုဖြစ်သွားမှာကို
အရမ်းကြောက်တဲ့ လူတစ်ယောက်ရှိရင်
ကျနော်တို့ဘာဖြစ်ဖြစ် ကြောက်စရာမလိုတော့ဘူး
#Honey
285
ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်းငါတစ်ခုမှမရတော့ဘူး
ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီး ငါမသိဘူး
မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မာ မွှေနှောက်ရှာတယ်
နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့ ။
#Honey
#Crd
285
တကယ်တော့ မိန်းကလေးတွေမှာ အစွဲအလန်းကြီးပြီး ရည်းစားကို သည်းခံပြီး ဆွဲထားတတ်တဲ့ သူတွေက အပြတ်သားနိုင်ဆုံးပဲနော်။
ချစ်လို့သာ လိုက်ညှိပေးပြီး ခွင့်လွှတ်ပေးနားလည်ပေးနေတာ၊ဒီစော်ငါဘာလုပ်လုပ်ရပါတယ်ဆိုတဲ့ အချိုးမျိုးချိုးနေတာတောင် သည်းခံတဲ့သူမျိုးရထားရင် သိပ်အန္တရာယ်ကြီးသွားပြီ၊
အဲ့လိုလူမျိုးက အစွဲအလန်းကြီးလို့ သူ့စိတ်ကို တစ်ရစ်ချင်းဖြေလျော့ပေးနေတာ သည်းခံနေတာမဟုတ်ဘူး၊
မပြတ်ခင်ကတည်းက move on နေတာ ပြတ်တာနဲ့ သူတို့လွှတ်ချလိုက်တာနဲ့ ဘယ်တော့မှ ပြန်မရတော့ဘူး
စိတ်ထဲမှာမရှိတော့ဘူး မသိတော့ဘူး အဲ့ကျမှ အရမ်းငိုပြနေလည်း နှာခေါင်းရှူံ့ပြီး ဟိုဘက်လှည့်သွားမှာ။ ရည်းစားကောင်းကောင်းရထားရင် အသိစိတ်ကပ်ထား၊ မိန်းကလေးတွေက မွှန်နေတုန်းပဲ ဘာလုပ်လုပ်ရတာ ထွက်သွားရင် ပြန်မလာတော့ဘူး။
#Honey
#Crd
285
အရူးတစ်ယောက်က
ဘယ်လောက်ချစ်နိုင်လဲမင်းသိလား
အေး..ငါလည်းမသိဘူး ။
လက်မောင်းနှစ်ဖက်ကိုတောင်ပံလိုခတ်
လင်းလက်သွားတယ် ။
အချစ်ဟာ အပျံသင်မှ တောင်ပံကျိုးရပါပေါ့
#Honey
#Crd
285
ချစ်တာကလူတိုင်းချစ်တတ်တယ်
တစ်ယောက်တည်း
မင်း မှ မင်း ချစ်တတ်တဲ့သူ
က ရှားပါးတယ်
အကယ်၍ ရထားရင်
တန်ဖိုးထားကြပါ💖
#Honey
285
မင်္ဂလာမနက်ခင်းလေးဖြစ်ကြပါစေဗျာ ✨
မနက်ခင်းနိုးထလာတာနဲ့
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
အစစအရာရာအဆင်ပြေကြပြီး
ကိုးဆယ့်ခြောက်ပါးရောဂါများမှကင်းဝေးကြပါစေ
ဘေးအန္တရာယ်အပေါင်းမှလည်း
ကင်းဝေးပြီးလာဘ်လာဘရွှင်ကြပါစေ
ယနေ့မှာကျရောက်မဲ့မွေးနေ့ရှင်များလည်းမွေးနေ့မှာမိမိချစ်ရသူများနဲ့ပျော်စရာအချိန်တွေအတူကုန်ဆုံးနိုင်ပါစေ 🥳
မင်္ဂလာရှိတဲ့နေ့သစ်လေးဖြစ်ကြပါစေ 🍀
#Honey
285
မင်္ဂလာမနက်ခင်းလေးဖြစ်ကြပါစေဗျာ ✨
မနက်ခင်းနိုးထလာတာနဲ့
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
အစစအရာရာအဆင်ပြေကြပြီး
ကိုးဆယ့်ခြောက်ပါးရောဂါများမှကင်းဝေးကြပါစေ
ဘေးအန္တရာယ်အပေါင်းမှလည်း
ကင်းဝေးပြီးလာဘ်လာဘရွှင်ကြပါစေ
ယနေ့မှာကျရောက်မဲ့မွေးနေ့ရှင်များလည်းမွေးနေ့မှာမိမိချစ်ရသူများနဲ့ပျော်စရာအချိန်တွေအတူကုန်ဆုံးနိုင်ပါစေ 🥳
မင်္ဂလာရှိတဲ့နေ့သစ်လေးဖြစ်ကြပါစေ 🍀
#Honey
285
ဘာလို့ချစ်တယ်လို့ ခဏခဏပြောတာလဲဆိုရင်
ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေနေချည်းပဲမို့ပေါ့
အချစ်ရယ်
ကမ္ဘာကြီးကိုရောမင်းကိုရော
ဘယ်အရာကိုမှမပိုင်စိုးနိုင်တာပဲ ။
#Nway
285
5000 ks gw
5 dm share ss နဲ့နံပါတ်အစဉ်လိုက်တပ်
Ch join 💗
တနေ့တခါ ပါလို့ရ ( D-1 / D-2) အဲလိုတပ်သွားပါ
Stop time - 10/10/2025
#Crd
#Nway
285
မလွတ်လပ်ခြင်းများစွာနဲ့ပဲ
နင့်နေအောင် ချစ်မိတယ်
ဘုရားဟောနဲ့ လည်း ဆန့်ကျင်တယ်
ငရဲမှာလည်း တန်းစီရတယ်
#Honey
#Crd
285
တန်ဖိုးထားမခံရတဲ့ အကြောင်းအရင်း (၁၀)ချက်
၁-အစွဲအလန်းကြီးတာ။
၂-အချစ်ကြီးတာ။
၃-သံယောဇဥ်ကြီးတာ။
၄-အယုံအကြည်လွယ်တာ။
၅-လိုတာထက်ပိုပြီး ဂရုစိုက်ပေးတာ။
၆-မာန မရှိတာ။
၇-အမြဲလိုလို ပေးဆပ်နေတာ။
၈-အရာရာတိုင်းကို အမှန်အတိုင်း ပြောတတ်တာ။
၉-ကိုယ့်လိုပဲ သူများကို ထင်ခဲ့တာ။
၁၀-အမြဲသည်းခံ ခွင့်လွှတ်တတ်တာ။
#Honey
#Crd
