es
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Ir al canal en Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Mostrar más

📈 Análisis del canal de Telegram တောင်ပေါ်သား ရှမ်းကိုးမီး

El canal တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 25 227 suscriptores, ocupando la posición 12 759 en la categoría Películas y el puesto 5 743 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 25 227 suscriptores.

Según los últimos datos del 01 marzo, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -1 144, y en las últimas 24 horas de 0, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 0%. Durante las primeras 24 horas tras publicar, el contenido suele obtener N/A% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 0 visualizaciones. En el primer día suele acumular 0 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 0.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 02 marzo, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Películas.

25 227
Suscriptores
Sin datos24 horas
-3887 días
-1 14430 días
Archivo de publicaciones
Dr. Wai in the Scripture with No Words (1996) Blu-ray 1080p
Dr. Wai in the Scripture with No Words (1996) Blu-ray 1080p

ဝေးလံခေါင်သီတဲ့ကျွန်းမှာ တစ်ယောက်တည်းနေထိုင်တဲ့ ထူးခြားဆန်းပြားတဲ့ထီဆုရှင် ချားလ်တစ်ယောက်က တစ်နေ့သူ့အိမ်မက်ဖြစ်တဲ့ သူအရမ်းကြိုက်နှစ်သက်ရတဲ့ အဆိုတော်မက်ဂွာကိုဖျော်ဖြေဖို့ ငွေအများအပြားနဲ့ဖိတ်ခေါ်လိုက်ပါတော့တယ် အဲ့ဒီနောက်ကျွန်းပေါ်မှာ မက်ဂွာအပြင် အရင်ကသီချင်းအတူတွဲသီဆိုခဲ့ဖူးတဲ့ မက်ဂွာရဲ့ရည်းစားဟောင်းကိုပါ ပွဲဆိုဖို့ဖိတ်လိုက်တဲ့အခါ ဘယ်လိုအခက်အခဲတွေဖြစ်မလဲ ချားလ်ရဲ့ ဆနဖြစ်တဲ့ပွဲလေးရော ဖြစ်မြောက်သွားမလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်

The Ballad of Wallis Island (2025) Web-dl 1080p
The Ballad of Wallis Island (2025) Web-dl 1080p

The Last of Us (2025) Web-dl 1080p & 4K SDR Ep 5 ရပါပီ
The Last of Us (2025) Web-dl 1080p & 4K SDR Ep 5 ရပါပီ

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Scarlet Heart (2011)ဆိုတဲ့ ချင်မင်းဆက်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးဟာ Tong Hua ရဲ့ ဝတ္ထုကို အခြေခံပြီး Chen Jianbin, Nicky Wu, Kevin Cheng, Cecilia Liu တို ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီတရုတ်စီးရီးကို ၂၀၁၁ ခုနှစ်မှာ ထုတ်လွှင့်ပြီး အလွန်လူကြိုက်များခဲ့တာကြောင့် ၂၀၁၆ ခုနှစ်မှာ Scarlet Heart 2 ဆိုတဲ့ နောက်ထပ်စီရီးတစ်ခုကို ရိုက်ကူးခဲ့တဲ့အပြင် ၂၀၁၆ ခုနှစ်မှာ Moon Lovers: Scarlet Heart Ryeo ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ဖန်တီးရိုက်ကူးမှုလည်း ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျန်းရှောင် ဟာ ၂၁ ရာစုက လူငယ်မိန်းကလေးတစ်ဦးဖြစ်ပြီး လက်ရှိခေတ်မှာ နေထိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ မတော်တဆမှုတစ်ခုကြောင့် သူဟာ ချင်မင်းဆက် (ခန်းရှီခေတ်) ကာလထဲကိုရောက်ရှိသွားပြီး မာအာရ်ထိုက်စစ်သူကြီးရဲ့ဒုတိယသမီးမာအာရ်ထိုက်ရော့ရှီးဖြစ်လာခဲ့တယ်။သူမဟာနန်းတွင်းအပျိုတော်ရွေးချယ်ပွဲအတွက် အစ်မဖြစ်သူ မာအာရ်ထိုက်ရော့လန်နဲ့အတူ မင်းသား(၈)ရဲ့အိမ်တော်မှာ လိုက်ပါနေထိုင်ခဲ့ပြီး နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်လာရင်း မင်းသားကြီး နောက်တက်မယ်ရဲ့ ဧကရာဇ်ယုံကျန်း(မင်းသား-၄) အပါအဝင်မင်းသားတွေနဲ့ ရင်နှီးစွာနေထိုင်ခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ သမိုင်းကြောင်းကိုကြိုတင်သိရှိနေတဲ့ သူမနဲ့ မင်းသား ၈ မင်းသား ၁၃ နဲ့ ၁၄ တိုကြားမှာ ခင်မင်မှု၊ သံယောဇဉ်တွေ ဖြစ်လာပြီး ရော့ရှီးသည် နန်းတွင်းမင်းသားများဖြစ်သော မင်းသား(၈) ၊ မင်းသား(၄) ၊မင်းသား (၁၄)တို၏ ချစ်ခြင်းမေတ္တာနှင့် နန်းတွင်းအကြံအစည်များကြားတွင် ရုန်းကန်လာခဲ့ရပါတော့တယ်။ သူမဟာ မင်းသားများ၏ ချစ်ခြင်းမေတ္တာကို ခံစားရသော်လည်းနန်းတွင်းအကြံအစည်များနှင့် အာဏာလုပွဲများကြောင့် သူမ၏ ဘဝဟာ ရှုပ်ထွေးလာပြီးပုန်ကန်မှုတွေကြားမှာ ကျရှုးမှု အဆင်မပြေမှုတွေကို ခံစားခဲ့ရပါတယ်။ သူမဟာ ချစ်ခြင်းမေတ္တာနဲ့ တာဝန်ကြားက အဓိပ္ပာယ်ကို ရှာဖွေရင်း အတိတ်ထဲမှာ ဆက်လက်နေသွားနိုင်မလား ဒါမှမဟုတ် မျက်မှောက်ခေတ်ကို ပြန်နိုင်မလားဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန် အညွှန်းရေးသားသူကတော့ "နေး"ဖြစ်ပါတယ်။

Scarlet Heart (2011) Web-dl 1080p Complete Ep 1 to 35 ရပါပီ
Scarlet Heart (2011) Web-dl 1080p Complete Ep 1 to 35 ရပါပီ

Resident Playbook (2025) Web-dl 1080p Ep 10 ရပါပီ
Resident Playbook (2025) Web-dl 1080p Ep 10 ရပါပီ

၂၀၂၂ခုနှစ်က ထွက်ရှိထားခဲ့တဲ့ Action/Thriller ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Apple Tv+ က ဖြစ်တာမို့ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာသလို ဘတ်ဂျက်လည်း ထိုက်သင့်သလောက် အသုံးပြုထားတာမို့ အထူးပြုလုပ်ချက်တွေ၊ ဆက်တင်တွေဟာ ကြည့်လို့ကောင်းပါတယ်။ အမ်ဘာဟာ အမေရိကန်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး မူးယစ်ဆေး စွဲလန်းစိတ်ကို ကုသနိုင်ဖို့အတွက် စိတ်လှည့်စားမှုဖြစ်စေနိုင်တဲ့ ဆေးတွေကို သုတေသနလုပ်ဖို့ ကိုလံဘီယာနိုင်ငံကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ဆီမှာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ အမ်ဘာ့ကိုကယ်တင်ဖို့ အမေရိကန် Delta အထူးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ သူ့အစ်ကိုနဲ့ ခင်ပွန်းတို့နှစ်ယောက်က ကြိုးစားကြရတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ လျှို့ဝှက်စစ်ပွဲနောက်ခံပြု စစ်ဆင်ရေးကို ရိုက်ကူးထားတဲ့ အက်ရှင် ဇာတ်လမ်းတွဲဖြစ်တာမို့ စစ်ကားကြိုက်သူတွေ အက်ရှင် ကြိုက်သူတွေ အချိန်ပေးကြည့်သင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။

Echo 3 (2022) Web-dl 1080p Complete Ep 1 to 10 ရပါပီ
Echo 3 (2022) Web-dl 1080p Complete Ep 1 to 10 ရပါပီ

Heavenly Ever After (2025) Web-dl 1080p Ep 8 ရပါပီ
Heavenly Ever After (2025) Web-dl 1080p Ep 8 ရပါပီ

Game of Succession (2025) Web-dl 1080p Ep 5 to 7 ရပါပီ
Game of Succession (2025) Web-dl 1080p Ep 5 to 7 ရပါပီ

Netflix က စပိန်အချစ်ကားလေးတွေကို ကြည့်ရတာကြိုက်နှစ်သက်တဲ့လူတွေအဖို့ ဒီရုပ်ရှင်လေးကိုလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မင်းသား မင်းသမီးတွေလည်း ငယ်ငယ်ချောချောနဲ့ အချစ်ဇာတ်လမ်းလည်းဟုတ်သလို၊ Mystery ဆန်ဆန် ဇာတ်အချိုးအကွေ့လေးတွေလည်းပါတယ်။ ‘ဧရိုစ်’က လူငယ်ထောင်ထွက်တစ်ယောက်၊ သူ့ကိုထောင်ကနေ ထုတ်ပေးလာသူ၊ ကျိကျိတက်ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင် ‘ဘရုစ်’ မှာ ‘ရိစ်’ ဆိုတဲ့ သမီးငယ်လေးတစ်ယောက် ရှိတယ်။ ရိစ်ကို လူတစ်ယောက်က နောက်ယောင်ခံလိုက်ပြီး ခြိမ်းခြောက်စာတွေပို့တယ်၊ မတော်မလျော်ပုံတွေ ပို့တယ်ပေါ့။ ဒီတော့ ဘရုစ်က သူ့သမီးကို ကာကွယ်ပေးဖို့ဆိုပြီး ဧရိုစ်ကို ကိုယ်ရံတော်သဘောငှားလိုက်တာ။ အသက်ကလေးက မတိမ်းမယိမ်းကို ကိုယ်ရံတော်လုပ်ပြီး စောင့်ရှောက်ခိုင်းလိုက်တော့ ဧရိုစ်တစ်ယောက် အလုပ်တာဝန်တွေထက် ပိုပြီးကို စောင့်ရှောက်ချင်စိတ်တွေ ဖြစ်လာတာပေါ့။ ရိစ်ကလည်း သူဌေးသမီးနုနုထွတ်ထွတ်ကို ဒီလို ဂျစ်ကန်ကန် မိုက်တိမိုက်ကန်းလေးကို မမြင်ဖူးတော့ စိတ်ဝင်စားသွားရော။ ဒါပေမဲ့ ရိစ်ကို နောက်ယောင်ခံလိုက်ပြီး နှောင့်ယှက်နေသူက ပိုမိုရဲတင်းလာတဲ့အခါ....။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။

Mala influencia (or) Bad Influence (2025) Web-dl 1080p
Mala influencia (or) Bad Influence (2025) Web-dl 1080p

သဘာဝတရားနဲ့ ကမ္ဘာမျိုးစုံကြား ချိတ်ဆက်နေမှုတွေကို လေ့လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အတွေ့အကြုံကို ဖော်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကေဟောလ်ဆိုတဲ့ အမျိုးသမီးက တောင်တက်သွားရင်း ကြုံခဲ့တဲ့အဖြစ်အပျက်တွေကြောင့် မှတ်ဉာဏ်ပျောက်သလိုဖြစ်နေတုန်းမှာ သူသွားခဲ့တဲ့တောထဲမှာ ပျောက်သွားတဲ့ cryptozoologist ဘက်ဗယ်လင်တိုင်းဆိုတဲ့အမျိုးသမီးနဲ့ ရုပ်ချင်းတူနေတာကို သိသွားပါတယ်။ ဘက်ရဲ့အလုပ်အကိုင်က ဒဏ္ဍာရီလာသတ္တဝါတွေ (Bigfoot, Yeti...)စတဲ့ သိပ္ပံနည်းကျ ရှိကြောင်း သက်သေမပြနိုင်တဲ့သတ္တဝါတွေကို လေ့လာတာပါ။ သူပျောက်သွားတာကတော့ ကနေဒါရဲ့ ဒဏ္ဍာရီလာသတ္တဝါ "Sooka" ကိုရှာရင်းနဲ့ပါ။ ကေကလည်း ဘက်အကြောင်းစုံစမ်းရင်း သူသွားတဲ့နေရာတွေ ပြန်သွားပြီး သူ့ရဲ့စိတ်ဖိစီးမှုတွေကို ကြုံတွေ့ရမှာပါ။ ဝေဖန်သူတချို့က ဇာတ်လမ်းရည်ရွယ်ချက်ပျောက်နေတယ် ဘာကိုပြချင်မှန်းမသိဘူးလို့ ဆိုတာမို့ ကိုယ်တိုင်ပဲ သုံးသပ်ကြည့်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

Resident Playbook (2025) Web-dl 1080p Ep 9 ရပါပီ
Resident Playbook (2025) Web-dl 1080p Ep 9 ရပါပီ

The Haunted Palace (2025) Web-dl 1080p Ep 8 ရပါပီ
The Haunted Palace (2025) Web-dl 1080p Ep 8 ရပါပီ

Heavenly Ever After (2025) Web-dl 1080p Ep 7 ရပါပီ
Heavenly Ever After (2025) Web-dl 1080p Ep 7 ရပါပီ

လတ်တလောမှာ လူကြိုက်များရေပန်းစားနေတဲ့ အာဂျင်တီးနားစီးရီးကောင်းတစ်ခု The Eternaut ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီ The Eternaut က ၁၉၅၇ ကနေ စတင်ထွက်ရှိခဲ့တဲ့ ရုပ်ပြဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတဲ့ စီးရီးပဲဖြစ်ပါတယ်။ ဒီရုပ်ပြဇာတ်လမ်းရေးသားသူ ဟက်တာဂျာမန် အော့စတာဟဲက အာဂျင်းတီးနားနိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီရုပ်ပြစာအုပ်တွေဟာ သူ့ရဲ့တော်လှန်ရေးလက်နက်၊ သူ့ရဲ့ယုံကြည်ရာ၊ နောက်ဆုံးသူ့သေဆုံးမှုလို့ပြောလို့ရပါတယ်။ ဒီတော့ဒါက နိုင်ငံရေးဇာတ်လမ်းသီးသန့်လားဆိုရင် မဟုတ်ပါဘူး ကမ္ဘာပျက်ကား ဂြိုလ်သားတွေကျူးကျော်တိုက်ခိုက်မှုဇာတ်လမ်းတွဲပါ။ နိုင်ငံရေးအရိပ်အယောင်အစအနတွေပါပေမယ့် အာဂျင်တီးနားနိုင်ငံရေးအကြောင်းဘာမှမသိထားလဲ သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ sci-fi ဇာတ်လမ်းတွဲတစ်ခုပါ။ ဇာတ်လမ်းကတော့ အာဂျင်တီးနားရဲ့နွေရာသီတစ်ရက်မှာ နှင်းတွေကျတာကနေစတယ်။ ဟုတ်ပါတယ် နွေရာသီကြီး နှင်းတွေကျတာပါ။ အဲ့ဒီနှင်းတွေနဲ့ ထိတွေ့မိသူတိုင်းလဲ တန်းသေပါလေရော။ ဘာမှတိုက်ခိုက်လို့လဲမရ ရုန်းကန်လို့လဲမရ ချက်ချင်းကိုလဲကျသေသွားတာပဲ။ အဲ့တော့ နှင်းကျချိန်ကံကောင်းပြီး အိမ်ထဲမှာရှိနေခဲ့သူတွေပဲအသက်ရှင်တယ်ပေါ့။ ဒီလူတွေထဲမှာမှ ကျွန်မတို့ဇာတ်ကောင်တွေကတော့ သူလိုငါလိုသာမန်လူတစ်စု။ ဒီလူတွေဟာ အစပိုင်းမှာ ကိုယ့်ရှင်သန်ရေးအတွက်ကိုယ် အိမ်ထဲအောင်းကြမလား ဒီနှင်းတွေကရက်ဘယ်လောက်ကြာမလဲ ရိက္ခာတွေဘယ်လိုသိမ်းကြမလဲ စဥ်းစားရာကနေ အပြင်ထွက်ဖို့ အိမ်လုပ်ကာကွယ်ရေးဝတ်စုံတွေလုပ်၊ အပြင်ထွက်၊ ဘာမှန်းမသိပေမယ့် ကမ္ဘာပျက်ပြီဆိုတော့ လူတွေအချင်းချင်းတိုက်ခိုက်ကြ ပစ္စည်းတွေလုယက်ကြနဲ့ဖြစ်ရာကနေ ဒီနှင်းတွေဟာ အန္တရာယ်တွေရဲ့အစပဲရှိသေးတယ်ဆိုတာသိလာချိန်မှာတော့ စည်းလုံးသွားကြမလား အကြောက်တရားနဲ့ပိုဝေးသွားကြမလား စတဲ့လူတွေရဲ့သဘောသဘာဝတွေအပြင် ကမ္ဘာ့ပျက်ဇာတ်လမ်းတွေအတိုင်း အရမ်းမိုက်ပြီးဆန်းပြားတဲ့ အန္တရာယ်တွေ၊ ဂြိုလ်သားတွေရဲ့ကျူးကျော်မှုတွေ၊ သိပ္ပံဆိုင်ရာသီအိုရီတွေလဲအလွှာလွှာပါဝင်သေးတာမို့ ၆ ပိုင်းလုံးကို ဆက်တိုက်ကြည့်ပြီး Season2 ကိုမျှော်ရဦးမယ့် စီးရီးကောင်းတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Rashida ဖြစ်ပါတယ်။

The Eternaut (2025) Web-dl 1080p Season 1 Complete Ep 1 to 6 ရပါပီ
The Eternaut (2025) Web-dl 1080p Season 1 Complete Ep 1 to 6 ရပါပီ