cookie

Utilizamos cookies para mejorar tu experiencia de navegaciĂłn. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Burmese Vigor Sports

🚩 Channel was restricted by Telegram

Mostrar mĂĄs
Publicaciones publicitarias
11 402
Suscriptores
-1224 horas
-857 dĂ­as
-47130 dĂ­as

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ရှုံးထွက်အဆင့်ရောက်လာတဲ့ ယူရိုပြိုင်ပွဲ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားပါပြီ။ မျှော်လင့်ထားကြတဲ့အတိုင်း အသင်းကြီးအများစု နောက်တစ်ဆင့်တက်ခွင့် ရခဲ့ကြတယ်။ အုပ်စုပထမ၊ ဒုတိယနေရာတွေအတွက် ကမောက်ကမလေးတွေ ရှိခဲ့ပေမယ့် ထိပ်သီးအသင်းတွေ ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ကြတယ်။ ခရိုအေးရှား၊ ဆားဘီးယား၊ ပိုလန်၊ ယူကရိန်း၊ ချက်၊ ဟန်ဂေရီတို့လို အသင်းတွေကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဘယ်ဂျီယံနဲ့ပြင်သစ်က အုပ်စု ဒုတိယ၊ နယ်သာလန်က အုပ်စုတတိယရခဲ့တာတွေကတော့ ဘယ်သူမှ ထင်မှတ်ထားခဲ့ကြမှာ မဟုတ်ဘူး။ ၁၆ သင်းအဆင့်မှာ အသင်းကြီးအတော်များများ ပွဲချောင်နေတာတွေ့ရတယ်။ စပိန်က ပေါ်တူဂီကို အနိုင်ယူလာတဲ့ ဂျော်ဂျီယာနဲ့တွေ့မယ်။ ဂျော်ဂျီယာက ပေါ်တူဂီကိုပဲ နိုင်ချင်နိုင်မယ်။ စပိန်ကိုတော့ အနိုင်ယူဖို့မဖြစ်နိုင်လောက်ဘူး။ ပေါ်တူဂီကလည်း ဆလိုဗေးနီးယားကို အနိုင်ရမယ်လို့တော့ ခန့်မှန်းရတယ်။ ပြင်သစ်နဲ့ဘယ်ဂျီယံတို့ကတော့ ၁၆ သင်းအဆင့်မှာတင် ထိပ်တိုက်တွေ့နေပါရော။ တစ်သင်းကတော့ ဒီအဆင့်မှာတင် ကျန်ခဲ့ရတော့မယ်။ ဂျာမနီကလည်း ဒိန်းမတ်နဲ့တွေ့မယ်။ ရိုမေးနီးယား-နယ်သာလန်၊ ဆွစ်ဇာလန်-အီတလီ၊ ဩစတြီးယား-တူရကီပွဲတွေကလည်း ဘာဖြစ်မယ်ဆိုတာ တပ်အပ်ပြောမရနိုင်ဘူး။ အင်္ဂလန်ကတော့ ဆလိုဗက်ကီးယားနဲ့တွေ့နေပြီး သူတို့ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာပဲ စောင့်ကြည့်ရမယ်။ အင်္ဂလန်အတွက် တစ်ခုကောင်းတာကတော့ သူတို့ရပ်တည်နေတဲ့လမ်းကြောင်းအရ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီတို့လိုအသင်းတွေကို ဗိုလ်လုပွဲရောက်တဲ့အထိ ရှောင်နိုင်ခဲ့တာပဲ။ အင်္ဂလန်ဗိုလ်လုပွဲတက်နိုင်ခဲ့ရင်ပေါ့လေ။ လက်ရှိခြေစွမ်းအတိုင်းဆိုရင်တော့ အင်္ဂလန်ဟာ ဆလိုဗက်ကီးယားကိုလည်း ခက်ခက်ခဲခဲယှဉ်ပြိုင်ရပါဦးမယ်။
Mostrar todo...
Prohibited content
သူ့နာမည် မီခါတက်ဇီ ယူရို ၂၀၂၄ အုပ်စုပွဲစဥ် ၃၆ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၈၁ ဂိုးရှိပြီး တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်းက ၂.၂၅ ရာခိုင်နှုန်းပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဂိုးအသွားအလာနည်းတယ်လို့ပြောရမယ်။ ဂိုးသွင်းအများဆုံးစာရင်းကို ကြည့်မိပြန်တော့ ထိပ်ဆုံးက ဦးဆောင်နေတာက မီခါတက်ဇီပါ။ ထိတ်ထိတ်ကြဲတွေ ရပ်တည်မနေဘဲ မီခါတက်ဇီက ရှေ့ကပြေးနေတာပါ။သူက ဘယ်သူလဲ။ ဂျော်ဂျီယာရဲ့ကျောနံပါတ် ၂၂။ မီခါတက်ဇီကို လေ့လာကြည့်ရအောင်။ အသက်က ၂၃ နှစ်ပဲ ရှိပါသေးတယ်။ အရပ်အမြင့် ၅ ပေ ၉ လက်မ။ လက်ရှိကစားနေတဲ့ ကလပ်က လီဂူးဒုတိယတန်းကလပ် မက်ဇ်မှာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၈ က မက်ဇ်(ခ) အသင်းနဲ့စတင်ခဲ့သူဖြစ်ပြီး ဆီရိန်းနဲ့ အေဂျက်ဇ်မှာလည်း ပါ ဝင်ခဲ့ပါတယ်။ မက်ဇ်နဲ့စခဲ့တဲ့ မီခါတက်ဇီက အေဂျက်မှာ တစ်ရာသီသာ ကစားပြီး နေရာဟောင်းကို ပြန်ရောက်လာတယ်။ သူ့ကလပ်မက်ဇ်ပေါ့။၂၀၂၃-၂၄ ရာသီက မက်ဇ်နဲ့၂၂ပွဲကစားကာ ၁၄ ဂိုးသွင်းခဲ့သူပါ။ ဂျော်ဂျီယာနည်းပြဆစ်ဂညောက ၄-၄-၂ ပုံစံကို အားသန်တယ်။ ချက်နဲ့ပွဲကလွဲရင် တူရကီ နဲ့ ပေါ်တူဂီကို အဲ့ဒီကစားကွက်သုံးပြီး ရင်ဆိုင်ခဲ့တယ်။ တိုက်စစ်မှာ လုံးလုံးလျားလျား တာ ဝန်ယူရတဲ့သူတွေက ခါဗာရက်ရှခီလီနဲ့ မီခါတက်ဇီတို့ပါ။ မီခါတက်ဇီက တူရကီအသင်းကို ဂိုးစသွင်းပါတယ်။ ချက်အသင်းနဲ့သရေကျတဲ့ပွဲမှာလည်း ပင်နယ်တီကနေ သွင်းပြန်တယ်။ ဥရောပနိုင်ငံငယ် ဂျော်ဂျီယာအတွက် ယူရိုချန်ပီယံဖြစ်ဖူးတဲ့ ပေါ်တူဂီကို ၂ဂိုးပြတ် အနိုင်ယူခဲ့တာက သမိုင်းဝင်အောင်ပွဲရယ်ပါ။တိုက်စစ်က ပလေယာ ၂ ယောက်စလုံး ဂိုးရခဲ့ပြီး မီခါတက်ဇီက ပင်နယ်တီကသွင်းခဲ့တာဖြစ်ပါတယ်။ မီခါတက်ဇီဟာ ဂျော်ဂျီယာတိုက်စစ်မှာ သိပ်အရေးပါတဲ့ ကစားသမားအဖြစ် အသုံးတော် ခံနေတယ်။ ပြေးအားရော တိုးအားရောမြန်ပါတယ်။ အဆုံးသတ်ပိုင်းလည်း ကောင်းတယ်။အလိမ်အခေါက်က ဘောလုံးထွက်တယ်။က စားတာက ပါးနပ်တယ်။ ဂျော်ဂျီယာအတွက် မီခါတက်ဇီက တကယ့်မရှိမဖြစ် တိုက်စစ်မှူး ပါ။ သူဟာ နိုင်ငံအသင်းအတွက် ၂၀၂၁ကစပြီး ကစားခဲ့ရာ ၂၈ ပွဲမှာ ၁၃ ဂိုးရထားတယ်။ဂျော်ဂျီယာအသင်းမှာ ခါဗာရက်ရှခီလီကနာ မည်ကြီးပြီးသားပါ။ အခု မီခါတက်ဇီက ယူရိုပြိုင်ပွဲနဲ့အတူ ဂိုးတွေသွင်းပြီး တောက်ပလာတယ်။ လာမယ့်ဇွန် ၃၀ ကြ စပိန်နဲ့ဂျော်ဂျီယာတို့တွေ့ပြီ။ မီခါတက်ဇီကို ရှုစားတော်မူပါ။
Mostrar todo...
Prohibited content
Prohibited content
သမိုင်းဝင်အောင်ပွဲရခဲ့တဲ့ ဂျော်ဂျီယာ ပြီးခဲ့တဲ့မတ်လတုန်းက ဂျော်ဂျီယာပြည်သူတွေ တဘီလီစီမြို့တော်ရဲ့လမ်းမတွေထက်မှာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြတယ်။ သူတို့အသင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရခဲ့တာကြောင့်ပါ။ ယူရိုပြိုင်ပွဲရဲ့ မျက်နှာသစ်အသင်းလေး ဂျော်ဂျီယာဟာ အုပ်စုအဆင့်ကနေပဲ ထွက်ခွာရမယ်လို့ ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ဂျော်ဂျီယာဟာ ပထမဆုံးဝင်ပြိုင်ရတဲ့ ယူရိုပြိုင်ပွဲမှာတင် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပါပြီ။ ဂျော်ဂျီယာဟာ နောက်ဆုံးပွဲမှာ ဥရောပချန်ပီယံဟောင်း ပေါ်တူဂီကို ၂ ဂိုးပြတ်အနိုင်ကစားပြီး သမိုင်းဝင်အောင်ပွဲတစ်ပွဲ ပိုင်ဆိုင်နိုင်ခဲ့တယ်။ အသင်းကလည်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့် တက်ခွင့်ရခဲ့တယ်။ ဂျော်ဂျီယာဟာ ပေါ်တူဂီအောက် ကမ္ဘာ့အဆင့် ၆၈ ဆင့် နိမ့်ပါတယ်။ ပေါ်တူဂီနဲ့ပွဲမှာ ဖိအားပေးခံခဲ့ရပေမယ့် သူတို့ရဲ့ခံစစ်က ဂိုးမပေးရအောင့် တောင့်ခံနိုင်ခဲ့တယ်။ ဂျော်ဂျီယာတိုက်စစ်ကပဲ ပေါ်တူဂီဘက်ကို ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ဂျော်ဂျီယာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ကမောက်ကမရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး နိုင်ပွဲရဖို့လည်း ထိုက်တန်ပါတယ်။ ပေါ်တူဂီနည်းပြမာတီနက်ဇ်ကိုယ်တိုင် ဂျော်ဂျီယာသားတွေရဲ့ အားထုတ်မှုကို ချီးကျူးခဲ့ရတဲ့အထိပါပဲ။ ဒီပွဲရဲ့ ၉၂ စက္ကန့်မှာတင် ဂိုးစတင်သွင်းယူနိုင်ခဲ့တဲ့ နာပိုလီကြယ်ပွင့် ခဗာရတ်ရှခီလီယာက ဂျော်ဂျီယာသားတွေရဲ့အကောင်းဆုံးနေ့၊ ပေါ်တူဂီကို သူတို့နိုင်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြဘူး၊ သူတို့တွေ သမိုင်းဝင်အောင်ပွဲရခဲ့တယ်လို့ ကြုံးဝါးတယ်။ ဟုတ်ပါတယ်။ ဂျော်ဂျီယာဟာ သမိုင်းဝင်အောင်ပွဲ ရယူနိုင်ခဲ့တာပါ။ ဂျော်ဂျီယာဟာ ၁၆ သင်းအဆင့်မှာ စပိန်နဲ့တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။ ဂျော်ဂျီယာဟာ စပိန်ကို အနိုင်ရဖို့မလွယ်ပေမယ့် အုပ်စုကိုကျော်ဖြတ်နိုင်တာနဲ့တင် အများကြီးဂုဏ်ပြုထိုက်နေပါပြီ။
Mostrar todo...
ပရိသတ်တွေကို ဒီဘရိုင်း နားလည် ဘောလုံးသမားတွေ ဘဝရော၊ သူတို့ကို အားပေး တဲ့သူ‌ ဘဝပါ မလွယ်ပါဘူး၊ ပရိသတ်တွေက အား မလို အားမရ ဖြစ်တယ်၊ ကစားသမားတွေလည်း သူတို့ အခက်အခဲနဲ့ သူတို့ ရှိတယ်၊ လူတိုင်းက တော့ ပွဲတိုင်းကို ဂိုးပြတ်နိုင်ချင်တာချည်းပဲ၊ အနေ အထား တစ်ခုကြောင့်သာ သရေကို ဆွဲကန်တာ၊ ရလဒ်ကို ထိန်းယူတာတို့ ဖြစ်နေကြတာ ညက ယူကရိန်း ၀ - ၀ ဘယ်လ်ဂျီယံ ပွဲကစား တယ်၊ ရလဒ်ကတော့ သိတဲ့အတိုင်းပဲ၊ ဘယ်လ်ဂျီ ယံက ၄ မှတ်ရပြီး နောက်တစ်ဆင့် တက်ပေမဲ့ ယူ ကရိန်းက ၄ မှတ်နဲ့ပဲ ပြုတ်သွားတာ၊ Goal Score တွေ၊ အဝါ အနီတွေနဲ့ ဆုံးဖြတ်ရတဲ့ အနေအထား၊ အဲဒိ အုပ်စုမှာ ၄ သင်းစလုံး ၄ မှတ်၊ အဲဒါကို ကြည့် ရင် ဘယ်လောက် ခက်ခဲမယ်၊ ပြိုင်ဆိုင်မှု ပြင်းထန် မယ်ဆိုတာ အသိသာကြီးပဲ ဒါပေမဲ့ ပရိသတ်တွေကျတော့ သူတို့ အားပေးတဲ့ ဘယ်လ်ဂျီယံအသင်းကို အားမရဘူး၊ ယူကရိန်းကို အနိုင်ရသင့်တယ်လို့ ထင်မြင် ယူဆကြတယ်၊ ဒါ ကြောင့် ပွဲပြီးတဲ့အချိန်မှာ Boo ဝိုင်းအော်ကြတာ၊ ကစားသမားတွေက ကွင်းထဲမှာ လိုက်နှုတ်ဆက် နေတာကို ဝိုင်းအော်ကြတာ ဘယ်လ်ဂျီယံက ဂိုးသွင်းခွင့်တွေ ရတယ်၊ ကြိုးစား ကစားတယ်၊ ဒါပေမဲ့ မဂိုးဘူး၊ နောက်ပိုင်းကျတော့ သူတို့အသင်းက ကော်နာတွေမှာ လူအများကြီး တက်လာပြီး ဂိုးရဖို့ မကြိုးစားတော့ဘူး၊ ယူကရိန်း ကောင်တာ ဖမ်းမှာ စိုးရိမ်နေတာ၊ အဲဒါနဲ့ ထိန်းက စားလိုက်တဲ့ သဘောလေးတွေ ရှိတယ် ဒီဘရိုင်းကတော့ ပရိသတ်တွေ ဝိုင်းအော်တဲ့ အချိန် မှာ သူ့ပလေယာတွေကို ကွင်းထဲဝင်ခိုင်းတယ်၊ ပြ ဿနာ ဖြစ်မှာစိုးရိမ်လို့၊ ပြီးတော့ ၁၆ သင်း ရှုံး ထွက် ကစားတဲ့အခါ ပရိသတ်အားပေးမှု လိုအပ် တယ်လို့ပဲ ပါးပါးလေး ပြောသွားတယ်၊ ဉာဏ် ကောင်းပါတယ် ဒီဘရိုင်းရယ်
Mostrar todo...
Prohibited content
Prohibited content
ရာဇဝင်မရိုင်းတဲ့ အာဂျင်တိုင်း ကိုပါအမေရိကပြိုင်ပွဲ အရှိန်ရလာပြီ။ ယူရိုက အကောင်းဆုံးအုပ်စုတတိယနေရာ ၄ သင်းကို ရှုံးထွက်တက်ခိုင်းပြီး ပြိုင်ပွဲကို ဆွဲဆန့်ပါတယ်။ ကိုပါကတော့ ရှင်းတယ်။ အုပ်စုကျွတ်တာနဲ့ ချက်ချင်း ကွာတားဖိုင်နယ်ရောက်သွားတာပါ။ ဒီမနက်ပွဲတွေအပြီး ကွာတားဖိုင်နယ်ကို စောစောစီးစီး ရောက်သွားတာက အခြားအသင်းမဟုတ်ပါဘူး။ ကိုပါအမေရိကပြိုင်ပွဲ ရဲ့လက်ရှိချန်ပီယံ အာဂျင်တီးနားပါ။ အာဂျင်တီးနားအတွက် ချီလီကို နိုင်ခဲ့ပေမယ့်တော်တော်လေးကစားလိုက်ရတယ်။ ချီလီရဲ့သက်တော်ရှည်ဂိုးသမား ဘရာဗိုရဲ့ကာကွယ်မှုက ၈ ကြိမ်တောင်ရှိပြီး MOTM ရတယ်။အာဂျင်တီးနားက ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ ခါရတာတောင် တစ်ဂိုးသာရခဲ့တာပါ။ ပွဲပြီးဖို့နီးလာတော့မှ အာဂျင်တိုင်းတို့ ဂိုးရခဲ့ပြီး လော်တာရိုမာတီနက်ဇ်က သွင်းပေးခဲ့တာပါ။နိုင်ပွဲကြောင့် မက်ဆီတို့ရဲ့အာဂျင်တီးနား စောစီးစွာနဲ့ ကွာတားလှမ်းခဲ့တယ်။ ကနေဒါနဲ့ချီလီကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်တို့အသင်း ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီ။ ဒါပေမယ့် ချီလီအသင်းကို ရင်ဆိုင်ရတာ ခက်ခဲခဲ့တယ်။ ကျွန်တော်ဆိုရင် ပွဲကစားနေချိန်အတွင်း နာနေခဲ့တယ်။​ ခြေထောက်က အဆင်မပြေပါဘူး။ ဘာဖြစ် ဖြစ် ပွဲပြီးတဲ့အထိ ကျွန်တော် ကစားပေးခဲ့ပါတယ်" လို့ အသင်းခေါင်းဆောင် မက်ဆီက ပွဲအပြီးမှာ ပြောကြားခဲ့တယ်။ အာဂျင်တီးနားရဲ့ကိုပါအမေရိကချန်ပီယံဆု ကာကွယ်ပွဲက အခုမှ စတင်အသက်ဝင်လာပါတယ်။ တကယ်တော့ မက်ဆီလည်း ဖိအားရှိတယ်။ သူ့အသက်အရွယ်အရ နောက်ဆုံးကိုပါဖြစ်လောက်တဲ့ ဒီနှစ်ပြိုင်ပွဲမှာ အသင်း ချန်ပီယံဆု ထပ်ရဖို့အတွက် ကြိုးစားပေးရမယ်လေ။အာဂျင်တီးနားက ကိုပါအမေရိကပြိုင်ပွဲမှာရာဇဝင်မရိုင်းခဲ့ဘူး။ အောင်မြင်မှုက ကြီးမားတယ်။ ဒေတာထောက်ရင် ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ဥရုဂွေးအသင်းနဲ့တူတူ ဖလား ၁၅ ကြိမ်ရထားတယ်။ ဘရာဇီးလ်တောင် ချန်ပီယံ ၆ ကြိမ်သာရထားပါတယ်။ရာဇဝင်လန်းတဲ့ အာဂျင်တီးနားကို ဆက်ပြီး စောင့်ကြည့်မယ်။
Mostrar todo...
Elige un Plan Diferente

Tu plan actual sĂłlo permite el anĂĄlisis de 5 canales. Para obtener mĂĄs, elige otro plan.