Book4U.MM
Ir al canal en Telegram
Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်
Mostrar más5 541
Suscriptores
-224 horas
-257 días
-7230 días
Archivo de publicaciones
5 541
📗မားကတ်တင်း ၇.၀ အေအိုင်ခေတ်
ဈေးကွက်ဖော်ဆောင်ရေးလမ်းညွန်
✔️“မားကက်တင်း ၇.၀” စာအုပ်ဟာ AI နည်းပညာနဲ့ လူသားတို့ရဲ့ စိတ်အာရုံကိုပေါင်းစပ်ပြီး ခေတ်သစ်စီးပွားရေးလောကကို ဘယ်လိုဦးဆောင်ရမလဲဆိုတာ လမ်းညွှန်ပေးထားပါတယ်။
✔️စီးပွားရေးစီမံခန့်ခွဲမှု လေ့လာသူတွေအတွက် နောက်ဆုံးပေါ် မားကက်တင်းသီအိုရီတွေကို တစ်နေရာတည်းမှာ စနစ်တကျ လေ့လာနိုင်မှာပါ။
✔️လက်တွေ့လုပ်ကိုင်နေသူတွေအတွက်လည်း AI ကို အသုံးချပြီး ဖောက်သည်တွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းဗျူဟာကောင်းတွေ ပါဝင်ပါတယ်။
✔️သုတေသနပြုသူတွေအတွက် ဆိုရင်လည်း မျိုးဆက်သစ် စားသုံးသူတွေရဲ့ အမူအကျင့်နဲ့ စိတ်နေစိတ်ထားတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။
📖ဒီစာအုပ်ဟာ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ဈေးကွက်အမြင်သစ်တွေကို ပေးစွမ်းနိုင်လို့ စီးပွားရေးလောကထဲက လူတိုင်း ဖတ်ရှုသင့်တဲ့ အဖိုးတန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
✔️နည်းပညာခေတ်မှာ စီးပွားရေးအရ အောင်မြင်မှုရဖို့အတွက် ဒီစာအုပ်က မရှိမဖြစ် လိုအပ်တဲ့ လက်စွဲစာအုပ်ကောင်းတစ်အုပ်ပါ။
========================
စာရေးသူ–ဝင်းသိန်းဦး
တန်ဖိုး–24000
စာမျက်နှာ–324
5 541
အကျင့်တွေပြောင်းရင် ဘဝတွေပြောင်းမယ်
ဒီစာအုပ်ကို ရေးသားသူ သောမတ်စ်ကော်လေးဟာ ကြိုးစားပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာတဲ့သူတွေရဲ့ အကျင့်တွေကို နှစ်အတန်ကြာ ကြိုးစားပမ်းစား သုတေသနလုပ်ရာကနေ သာမန်လူတွေကသန်းကြွယ်သူဌေးဖြစ်လာစေတဲ့ အကျင့်ကောင်းတွေကို ခွဲခြားသိရှိလာခဲ့ပါတယ်။
အောင်မြင်မှုဆိုတာ လူကုံထံတွေ၊ ချမ်းသာတဲ့လူတွေဆီကိုပဲလက်ဆင့်ကမ်းပေးရမယ့် ကန့်သတ်ချက်တစ်ခု မဟုတ်တော့ပါဘူးဆိုတာကို သူက ယုံကြည်ထားပါတယ်။
ဘဝမှာ သင်ဟာ ဘယ်နေရာမှာပဲရှိနေပါစေ ဒီစာအုပ်က သင့်ကို အောင်မြင်မှုဆီကို လမ်းပြပေးမှာ ဖြစ်ပါတယ်။
👉📖ဒီစာအုပ်ဖတ်ပြီးရင် သင်သိလာမှာတွေက ဒါတွေပါပဲ -
▪️ကျွန်တော်တို့ဆီမှာ ဘာကြောင့် အကျင့်တွေ ရှိရသလဲ
▪️ချမ်းသာမှု၊ ဆင်းရဲမှုတွေ ဖြစ်စေတဲ့ အကျင့်တွေ
▪️အိုင်ကျူမြင့်စေတဲ့ အကျင့်တွေ
ရောဂါတွေလျော့ကျစေပြီး အသက်ရှည်စေတဲ့ အကျင့်တွေ
▪️စိတ်ဓာတ်ကျတာကို ဖယ်ထုတ်ပစ်ပြီး ပျော်ရွှင်မှုတိုးလာစေမယ့်အကျင့်တွေ
▪️ဘဝမှာ သင့်ရဲ့ အဓိကရည်ရွယ်ချက်ကို တွေ့ရှိစေဖို့ နည်းလမ်းကောင်းတွေ
အကျင့်မြန်မြန် ပြောင်းစေဖို့ အရာတွေ
========================
စာရေးသူ–မျိုးလွင်(MBA)
တန်ဖိုး–7000
စာမျက်နှာ–165
5 541
အကယ်၍များ … ကျွန်တော်တို့လိုက်ခွင့်မရှိတဲ့ ကားအိုကြီးတစ်စီးကို မြင်ရတဲ့အခါ တစ်ယောက်လက်တစ်ယောက်တွဲပြီး မျက်ရည်ဝဲခြင်းနည်းကိုသာ ထည်လဲသုံးကြဖို အကြံပြုပါရစေ ..... အလင်းမြို့ရဲ့ တချို့ထိုင်ခုံတွေဟာ လူတိုင်းအတွက်မဟုတ်မှန်း နာမည်ခေါ်သံဆုံးတဲ့အခါ သိရပါလိမ့်မယ် ………
📓အလင်းမြို့
✍သိုးဆောင်း
တန်ဖိုး-12000
စာ-323
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
Measurementsပြုလုပ်ရာတွင်အသုံးပြုသော Oscilloscope Digital Multimeter DC Power Supply & Logic Analyzer စသော Instruments များ၏ တိုင်းတာအသုံးပြုပုံကို သိရှိစေရန်ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။
Oscilloscope စတင်အသုံးပြုရန် ခက်ခဲနေသောသူများနှင့် မိမိလက်ထဲတွင် Oscilloscope မရှိသော်လည်း ၄င်းနှင့် ပတ်သက်သော အသုံးပြုပုံများအားသိရှိရန် Oscilloscope သဘောတရားများကို Simulation Software များ ၊ apk များနှင့် အသုံးပြုပြီး လေ့လာနိုင်ပုံကိုလည်း ရေးသားပေးထား ပါတယ်။
Oscilloscope အနေဖြင့် IDSO1070 PC Oscilloscope နှင့် SDS1022 Digital Oscilloscope တို့အားကိုင်တွယ်အသုံးပြု တိုင်းတာခြင်းပြုလုပ်ပုံများကို အသေးစိတ်ရေးထားပါတယ်။
Digital Multimeter အမျိုးအစားထဲမှာဆိုရင် အခြေခံတိုင်းတာခြင်းတွေဖြစ်တဲ့ Resistance ၊ Voltage ၊ Current oတဲ့ လုပ်ဆောင်ချက်တွေအပြင် အခြားသော Special Function ဖြစ်တဲ့ Smart Phone နှင့် ချိတ်ဆက်ပြီးတော့ တိုင်းတာခြင်း ပြုလုပ်နိုင်တဲ့ HP-90EPD Digital Multimeter အကြောင်းကို ရေးသားပေးထားပါတယ်။
ဒါ့အပြင် DC Power Supply နှင့် 8 Channel Logic Analyzer တို့အသုံးပြုပုံကိုလည်း ရေးသားပေးထားပါတယ်။
✍ကိုမျိုး
တန်ဖိုး-25000
5 541
သုတေသန Data analysis ပြုလုပ်ရာတွင် ကမ္ဘာပေါ်တွင် အသုံးအများဆုံး အခမဲ့ သုံးစွဲနိုင်သည့် R Software ကိုအခြေခံမှစကာ တတ်သိနားလည်လိုသူ သုတေသီများ၊ ပါရဂူများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများအတွက် လက်စွဲစာအုပ်
*R and RStudio Installation
*Basic features of R and RStudio
*Installation of R packages
*Data import and export
*Data handling and data transformation
*Descriptive statistics
*Cross-tabulation and analysis
*Chi-square and categorical analysis
•Paired t-test, independent samples t-test, ANOVA tests
*Nonparametric tests
*Correlation and regression Graphic presentation by R
စသည့် သုတေသနဆိုင်ရာ စာရင်းအင်းတွက်ချက်နည်းများစွာကို R & RStudio software သုံးစွဲပြီး အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာလိုသူများအတွက် ဆရာတစ်ဦးအနားမှ ထိုင်ကာ ပြသပေးနေသကဲ့သို့ လွယ်ကူ ရှင်းလင်းစွာ ရေးသားလမ်းညွှန်ထားသည်။
ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လေ့ကျင့် လုပ်ဆောင်နိုင်စေရန် နောက်ဆုံးထွက်ရှိထားသည့် R software နှင့် R Studio Software များ၊ Samples files and installer package များပါဝင်သည့် DVD ပူးတွဲပါဝင်ပါသည်။
တန်ဖိုး-20000
5 541
Pre-order !
“ရှုံးသွားရင်တောင် နိုင်နေမယ့် အလုပ်လုပ်ပါ”။ ဆိုပါတော့ ကိုယ် လုပ်ငန်း စတယ်။ အောင်မြင်ရင် ငွေရတယ်။ ရှုံးရင် သင်ခန်းစာ ရတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ။
ကိုယ် content ရေးတယ်။ Viral ဖြစ်ရင် Follower တက်တယ်။ Viral မဖြစ်ရင် ကိုယ့်အတွေးက ပိုရှင်းသွားတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ။ ကိုယ် ကျွမ်းကျင်မှု သင်တယ်။ အလုပ်ရရင် ငွေရတယ်။ အလုပ်မရရင် ကိုယ့် skill က ကိုယ့်ဆီ ကျန်တယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ။
ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ်ဆိုတာ ကိုယ် Gym သွားတယ်။ ကိုယ်ခန္ဓာ ပြောင်းသွားတယ်။ ဒါပေမဲ့ မပြောင်းရင်တောင် ကျန်းမာရေးကောင်းသွားတယ်။ ကိုယ် စာအုပ်ရေးတယ်။ ရောင်းကောင်းရင် ဝင်ငွေရတယ်။ မရောင်းရင်တောင် ကိုယ့်အတွေးတွေ စုစည်းပြီးသားဖြစ်သွားတယ်။ ကိုယ် လူတွေကို သင်ပေးတယ်။ ပိုက်ဆံရရင် ကောင်းတယ်။ မရရင်တောင် ကိုယ်က ပိုနားလည်သွားတယ်။
ဒီစာအုပ်မှာ Strategy၊ Leadership နဲ့ Wealth Management ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပြီး ကိုယ့်ရဲ့ ဘ၀၊ ငွေကြေးကြွယ်၀မှုနဲ့ စီးပွားရေးတိုးတက်ပြောင်းမှုဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။
📓ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ် လုပ်ပါ
✍Dr. Phyo Paing
စာ- ၂၀၉
တန်ဖိုး - ၂၇၀၀၀
5 541
Pre Order Now 🔺
✔️ခြေကုန်လက်ပမ်းကျနေပြီလား
✔️ အသုံးချခံရသလို ခံစားနေရလား အနိုင်မခံ ကြိုးစားနေရသလို ဖြစ်နေလား
✔️ ဘဝဖိအားတွေကနေ ရုန်းထွက်နိုင်ရေး အဖြေတွေကို
👉ဒီစာအုပ်မှာ ရှာလိုက်ပါ
"ပျင်းရိခြင်းဆိုတာမရှိပါ" စာအုပ်က နှစ်ကာလများစွာ လူတွေရဲ့အသိထဲ အမြစ်တွယ်စွဲမြဲနေတဲ့ "အပျင်းမုသား" ကို ရှင်းထုတ်ပေးမယ့် စာအုပ်ပါ။
🍃ပျင်းရိတဲ့အကျင့်နဲ့ ပျင်းစိတ်ဘာကြောင့် ဖြစ်လာရတာလဲဆိုတဲ့အပေါ် စိတ်ပညာနဲ့ နှိုင်းယှဉ်သုံးသပ်ထားပြီး၊ ပျင်းရိခြင်းက ဖန်တီးနိုင်မှုစွမ်းရည်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရည်ကိုတောင် ဖွံ့ဖြိုးစေနိုင်စွမ်းရှိကြောင်း ထင်မထားလောက်တဲ့ အကြောင်းပြချက်တွေနဲ့ ပြယုဂ်တွေကို အကျယ်တဝင့် ဆွေးနွေးပေးထားတဲ့ စာအုပ်ပါ။
ရိုးရှင်း ပြေပြစ်တဲ့ တင်ပြမှု၊ ပွင့်လင်းရိုးသား တဲ့ တိုက်တွန်းမှု၊ တိကျခိုင်မာတဲ့ အဆိုပြုမှုတွေနဲ့ "ပျင်းရိခြင်းအမူအကျ င့်" အပေါ် ပညာရှင်ဆန်ဆန်၊ လူငယ် ဆန်ဆန် သုံးသပ်ဆွေးနွေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
📖ပျင်းရိခြင်းဆိုတာမရှိပါ
✍️ လူသာ(အတွေးအမြင်)
စာမျက်နှာ ၂၈၈၊
တန်ဖိုး ၂၂၀၀၀ကျပ်
5 541
Pre Order Now 💙
ဒီစာအုပ်က ကြက်တူရွေး နှုတ်တိုက်သင်သလို သင်ထားတဲ့ (technique) စာအုပ်မဟုတ်ပါဘူး။ အရောင်းမဟုတ်တဲ့ အရောင်းကျွမ်းကျင်မှု(No-sales selling skills) တွေ အကြောင်းပါ။
ကိုယ်ပြောတဲ့ စကားကို အိမ်က သားသမီးက နားမထောင်ဘူးဆိုရင် သူနားဝင်လာအောင် ဘယ်လိုပြောသင့်လဲဆိုတဲ့ သဘောတရား(concept) ပိုင်းကို တင်ပြထားတဲ့ စာအုပ်ပါ။ ကိုယ့်အိုင်ဒီယာ ကို သူ နားလည် လက်ခံလာအောင် ပြောဆို စည်းရုံးနိုင်ခြင်းဆိုတာဟာလည်း အရောင်းစွမ်းရည်တစ်ခုပါ။
အဲလိုပဲ ကိုယ်က ဝန်ဆောင်မှုတစ်ခု၊ ပစ္စည်းတစ်ခုကို တစ်ဖက်သား ဝယ်ချင်လာအောင် စည်းရုံးဖို့၊ ကိုယ့်အမြင်တွေကို တစ်ဖက်သားသဘောပေါက်လာဖို့ ၊ သူ့ရင်ထဲကို ရောက်ဖို့ ဘယ်လို အချက်တွေကို သုံးပြီး ပြောရမလဲဆိုတွေဟာ Non-sales selling skills တွေပါ။
ဒါကြောင့် ကိုယ့်အလုပ်၊ လုပ်ငန်းခွင်ပြင်ပမှာ လူတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်ဆံနေရတယ်၊ကိုယ့်ရဲ့ အရည်အသွေး၊ကျွမ်းကျင်မှုတွေကို တစ်ဖက်သား နားလည်လာအောင်၊ သဘောပေါက်လာအောင် ပြောဆိုစည်းရုံးနေရတဲ့ သူတွေဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။
📓 လူတိုင်းဟာအရောင်းသမား
✍️ ဒီပါ
စာမျက်နှာ ၂၆၄၊ တန်ဖိုး ၁၈၀၀၀ ကျပ်
5 541
📙မျက်ကွယ်ပြုလို့မရအောင်ထူးချွန်ပြလိုက်ပါ။
ဒီစာအုပ်လေးဟာ -
*ခေတ်လူငယ်တို့အပါအဝင်၊
*စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊
*နည်းပညာကြမ်းပိုးတွေ၊
*ပညာရပ် နယ်ပယ်အသီးသီးက လေ့လာရေးဆိုင်ရာ သုတေသီ တွေအပြင်၊
*ဘွဲ့ရထားပေမဲ့ ဘဝအနာဂတ်အတွက် ဘာဆက်လုပ်လို့ လုပ်ရ မှန်းမသိ လမ်းပျောက်နေတဲ့လူငယ်တွေ၊
*ဒီပလိုမာတောင် မရှိလို့ အလုပ်ကောင်းအကိုင်ကောင်း မရနိုင်ဘဲ ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့လူငယ်တွေ၊
*လုပ်ချင်စိတ်တွေများနေပြီး ရွေးချယ်စရာတွေကြောင့် မျက်စိ လည်နေတဲ့သူတွေ၊
*ဝမရှိဘဲ ဝိလုပ်မိနေသူတွေ၊
*ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါသလောက် လူကိုယ်တိုင်က ဟိုမကျဒီမကျ ဖြစ်နေတဲ့သူတွေ၊
*ဘဝရည်မှန်းချက် ပန်းတိုင်ရှိပေမဲ့လဲ အောင်မြင်မှု ခရီးလမ်းကို လျှောက်လှမ်းနေရင်း လမ်းတဝက်မှာ လမ်းပျောက်သွားရတဲ့သူ တွေ၊
*ဘဝရည်မှန်းချက် ပန်းတိုင်သတ်မှတ်ဖို့ ခက်ခဲနေပြီး ဘဝ အနာဂတ်အတွက် ပူပန်နေရတဲ့သူတွေ
အားလုံးအတွက် ပြေပြစ်တဲ့ အရေးအသား၊ လိုတိုရှင်း တင်ပြမှု တွေနဲ့ စနစ်တကျ လမ်းညွှန်ထားပြီး၊ ဖြစ်ရပ်မှန် သက်သေသာဓက ဘဝ သင်ခန်းစာတွေကို လက်တွေ့ အသုံးကျ နည်းလမ်းတွေနဲ့ လေ့လာနိုင်မဲ့ စာအုပ်ကောင်းတစ်ခု ဖြစ်ပါတယ်။
စာရေးသူ-မောရိသျှ
တန်ဖိုး-၁၇၀၀၀
စာမျက်နှာ ၃၂၉
5 541
ယခုအခါမှာတော့ Cisco Internetworking ကို Professional Level လေ့လာနေသောသူများအတွက် မိမိတို့ လေ့လာသိရှိထားတဲ့ သီအိုရီများကိုလက်တွေ့နဲ့ ပေါင်းစပ်ပြီးလေ့ကျင့်နိုင်စေရန်နှင့် အကြောင်းအရာတစ်ခုနှင့်တစ်ခု ဆက်စပ်နေမှုကို လွယ်ကူစွာ သိရှိနားလည်ဖို့အတွက် ယခု CCNP Enterprise Practical Lab Woriacok ကို ရေးသားလိုက်ရပါတယ်။
ယခုစာအုပ်မှာ Cisco Internetwrking နဲ့ပတ်သက်သော သီအိုရီများကို Professional Level အထိ အတော်အသင့် သိရှိထားပြီးသူများအနေဖြင့် လက်တွေ့ပိုင်းမှာ ကျွမ်းကျင်မှုတွေ ပိုမိုရရှိလာနိုင်စေဖို့အတွက် လက်ကိုင်ထားပြီး လေ့ကျင့်နိုင်မယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
(စာရေးသူရဲ့ အမှာစာမှကောက်နှုက်ဖော်ပြသည်)
------------------------------‐
စာရေးသူ–AUNG CHO HTWE
တန်ဖိုး–30000
စာမျက်နှာ–278
-----------------------
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
5 541
✅စာအုပ်လက်ကျန်အနည်းငယ်ရပါမယ်။ဈေးမပြောင်းပါ။
📒Electrical Device and Control
လျှပ်စစ်ပိုင်းဆိုရာ Control နည်းပညာများအကြောင်း၊ တွက်ချက်ပုံ၊ အလုပ်လုပ်ပုံ၊ စမ်းသပ်ပုံများကို ဇယားများ၊ ဓာတ်ပုံများနှင့်တကွ ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်သည်။
Electrical Control #Panel ပိုင်းတွေနဲ့ပတ်သတ်ပြီး လေ့လာလုပ်ကိုင်ချင်ပေမယ့် သင်တန်းတက်ရောက်ဖို့ကလည်း အခြေနေမပေးလို့ အခက်ခဲဖြစ်နေတဲ့သူတွေအတွက်
Motor Control တွေနဲ့ပတ်သတ်ပြီး မသိမဖြစ်သိထားရမယ့် #MAGNETIC #CONTACTOR ပိုင်းတွေ RELAY CONTROL ပိုင်းတွေအပြင် PROTECTION DEVICE တွေဖြစ်တဲ့ #CIRCUIT #BREAKER အကြောင်းအရာတွေ မော်တာ CONTROL ပိုင်းတွေဖြစ်တဲ့ STAR & DELTA / FORWARD & REVERSE CONTROL ပိုင်းတွေပါဝင်တဲ့
#Electrical #Device & #Control စာအုပ်ထဲကိုဖတ်ပြီးလေ့လာမယ်ဆိုရင် သင့်ဘဝမှာ CONTROL နဲ့ပတ်သတ်ပြီးရပ်တည်လုပ်ကိုင်နိုင်ပါလိမ့်မယ်။
#အင်္ဂလိပ်လိုမဟုတ်ပဲ #မြန်မာလိုတွေပဲဖြစ်ပြီး စာဖတ်လို့နားမလည်ရင်လည်း #သင်ခန်းစာမြန်မာလို VIDEO တွေလည်းပါဝင်မှာဖြစ်ပါတယ်။
🖊 ရဲဝင်းအောင် (BE.EP)
🗒စာမျက်နှာ- ၃၀၀ မျက်နှာ
🔸 တန်ဖိုး- ၂၇၅၀၀ ကျပ်
5 541
+6
အသစ်ထွက်နှင့်ပြန်ရစာအုပ်များ
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
အခြေခံမှ အဆင့်မြင့်အထိ ကဏ္ဍအစုံအလင်ပါဝင်သော
SPECIAL ENGLISH GRAMMAR
~~~~~
တန်ဖိုး-၁၇၀၀၀ ကျပ်
စာမျက်နှာ-၃၇၃
----------------------------
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
ကျွန်တော်တို့နိုင်ငံမှာ အခုနောက်ပိုင်း စားသောက်ဆိုင်တွေနဲ့ Hot pot ဆိုင်တွေ အများအပြား ဖွင့်လာတာကို သတိထားမိကြမှာပါ။ Shopping mall တွေလည်း များပြားလာသလို Shopping mall တိုင်းမှာလည်း Food court တွေကို တစ်ဆက်တည်း ဖွင့်လှစ်လာကြပါတယ်။ စားသောက်ဆိုင်တွေ ဖွင့်လှစ်လာတာနဲ့အမျှ ဆိုင်ကိုလာရောက်စားသောက်တဲ့သူတွေအတွက် ချက်ပြုတ်ပေးရတဲ့ Kitchen ကလည်း အရေးပါလာပါတယ်။ ဆိုင်ရဲ့ဝယ်ယူစားသုံးမှုနှုန်းပေါ်မူတည်ပြီး Kitchen ရဲ့လုပ်ငန်းတာဝန်တွေ လည်း ပိုမိုများပြားလာပါတယ်။
Kitchen area ဟာ မီးလောင်နိုင်တဲ့အန္တရာယ်မြင့်မားသလို kitchen area မှာ အလုပ်လုပ်နေတဲ့ သူတွေ သက်သောင့်သက်သာနဲ့အလုပ်လုပ်နိုင်ဖို့ကလည်းအရေးပါပါတယ်။ အဲ့တာကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေဖို့၊ kitchen area မှာ အလုပ်လုပ်တဲ့သူတွေ သက်သောင့်သက်သာရှိဖို့၊ ပတ်ဝန်းကျင် အဆောက် အဦးတွေကို မီးဘေးအန္တရာယ်ကနေကင်းရှင်းစေဖို့အတွက် Kitchen များမှာ မှန်ကန်ကောင်းမွန် တဲ့ Mechanical Ventilation System တစ်ခု တပ်ဆင်ဖို့လိုအပ်ပါတယ်။
ဒီစာအုပ်လေးဟာ ACMV Engineer အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ညီငယ်ညီမငယ်လေးတွေ၊ Consultant တွေ၊ Client တွေနဲ့ Design Engineer တွေအတွက် ရည်ရွယ်ပါတယ်။
✍NANDA LYNN
40000
5 541
ဤစာအုပ်တွင် မော်တော်ယဉ်တစ်စီး၏စွမ်းအားပို့ဆောင်မှု(Power train)စနစ်အတွင်း အင်ဂျင်အထွက် (Engine Outlet) မှဂီယာအုံ သို့မဟုတ်ထရန်စမစ်ရှင်းအထွက်(Transimmion Outless) အထိပါဝင်သော နည်းပညာနယ်ပယ်တစ်ခုကို(မြင်သာထင်သာရှိစေရန် လင်းအားကောင်းသောမီးမောင်းတစ်ခုဖြင့်ထိုးပြထားသကဲ့သို့)အသေးစိတ်ရှင်းလင်းဖော်ပြထားပါသည်။
မည်သည့်အခန်းတွင် မည်သို့ဖော်ပြထားပါသည်ဟူ၍ အထူးတလည်မညွှန်းဆိုလိုတော့ပါ။ မော်တော်ယာဉ် ထရန်စမစ်ရှင်းနှင့်ပတ်သက်၍ အတော်အတန်ပြီးပြည့်စုံသောစာအုပ်ဖြစ်၍ စာရှုသူတို့သေချာစွာ အချိတ်အဆက်မိမိလေ့လာသွားလျှင် မော်တော်ယာဉ်ဂီယာ (အထူးသဖြင့်အော်တိုဂီယာ) နှင့်ပတ်သက်၍ အသိပညာတိုးပွားပါလိမ့်မည် ဖြစ်ကြောင်းသာဆိုချင်ပါသည်။
ကလတ်ရှ်နှင့်ရိုးရိုးဂီယာဘောက်အကြောင်းကို အကျွမ်းတဝင်ရှိပြီးသူ များမည်ဖြစ်သော်လည်း တော့ကွန်ဗာတာ၊ အော်တိုဂီယာနှင့် ECT တို့အကြောင်းကို ဂဃဏန သိရှိသူအရေအတွက်မှာ နည်းသေးသည် ဟုထင်ပါသည်။ ထို့အပြင် ကျွန်တော်လက်လှမ်းမီသလောက်လေ့လာမှုအရ အော်တိုဂီယာအကြောင်းကို အခြေခံ ကျကျပြည့်စုံစွာ မြန်မာဘာသာဖြင့် ဖော်ပြထားသော စာအုပ်လည်းမထွက်ရှိသေးဟုထင်ပါသည်။
📒ရိုးရိုးဂီယာ၊အော်တိုဂီယာ
✍️မင်းသိန်း
40000 Ks
5 541
◾ဒီစာအုပ်ထဲမှာ မိန်းမတွေ ဘာလို့အချစ်မခံရတာလဲ၊
ဘယ်လိုမိန်းမတွေကို ယောက်ျားတွေက ဘယ်လိုမြင်လဲ၊
တန်ဖိုးရှိတဲ့မိန်းမဆိုတာကို ဘာပေတံနဲ့တိုင်းတာမလဲ
စတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆုလာဘ်လိုဖြစ်အောင်
“ ဘယ်လိုကျင့်ကြံရမလဲ ” ဆိုတာနဲ့ပတ်သက်ပြီး
လိုက်နာကျင့်သုံးရမဲ့ ဥပဒေသ ၁၀၀ တိတိကို
စနစ်တကျ ဖော်ပြထားပေးပါတယ်။
◾ဒီစာအုပ်က စာဖတ်သူအမျိုးသမီးကို
ကောက်ကျစ်ဖို့ သင်ပေးတာ မဟုတ်ပါဘူး။
📌 နူးညံ့တဲ့မက်မွန်းသီးထဲ မာကျောတဲ့ အစေ့ရှိသလိုမျိုး
ကိုယ့်ရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ဘယ်လိုကာကွယ်ရမလဲ
ဆိုတာ သင်ပေးမှာပါ။
📌 ယောက်ျားတစ်ယောက်ဆီက သူပေးတဲ့
စားကြွင်းစားကျန်လောက်နဲ့ မကျေနပ်ဘဲ
အပြည့်အဝ အာရုံစိုက်၊ ဂရုစိုက်ခံရဖို့
ဘယ်လိုရပ်ရမလဲဆိုတာ သင်ပေးမှာပါ။
📌 ယောက်ျားတွေရဲ့စိတ်
ယောက်ျားတွေရဲ့ဦးနှောက်ကို
သူတို့ပါးစပ်က မပြောရင်တောင်
အလွယ်လေး ဘယ်လိုဖောက်စားရမလဲဆိုတာ
သင်ပေးမှာပါ။
📖အချစ်ခံရသောမိန်းမဆိုးများ
✍️ ဘုန်းမောင်ဦး
စာမျက်နှာ ၂၈၀၊
တန်ဖိုး ၁၉၀၀၀ ကျပ်
5 541
📘ခေါင်းဆောင်ကောင်းတို့ တတ်ထားရမည့်
တစ်မိနစ် စီမံခန့်ခွဲမှု နည်းလမ်းသစ်
The New One Minute Manager ရဲ့အမှတ်အသား သင်္ကေတဟာ ကျွန်တော်တို့တစ်ဦးချင်းစီကို အချက်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်။ အဲဒါကတော့ တစ်နေ့ တာထဲက မိနစ်ပိုင်းလောက် အချိန်ပေးပြီး ကိုယ် ဦးဆောင်နေရတဲ့၊ ကိုယ် စီမံခန့်ခွဲ နေရတဲ့သူတွေရဲ့ မျက်နှာတွေကို သေသေချာချာ ကြည့်ပေးဖို့ပါပဲ။ ပြီးတော့ အဲဒီလူ တွေဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးသော အရင်းအမြစ်တွေ ဖြစ်တယ် ဆိုတာကို သတိပြုမိဖို့အတွက်လည်း ဖြစ်ပါတယ်။
The New One Minute Manager ထဲမှာ တွေ့ရှိရမယ့် လျှို့ဝှက်ချက် သုံးခုကို သင်
တို့ရဲ့ ပြောင်းလဲနေတဲ့ လောကကြီးထဲမှာ အသုံးချကြည့်မယ်လို့ မျှော်လင့်ပါတယ်။ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့တင် မဟုတ်ဘဲ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း တွေနဲ့ ဆက်ဆံရေးမှာပါ အသုံးချကြည့်နိုင်ပါတယ်။ အဲဒီလိုသာ အသုံးချမယ်ဆိုရင် သင်နဲ့အတူ လက်တွဲလုပ်ကိုင်နေသူတွေရော၊ အတူနေထိုင်သူတွေပါ ပိုပြီး ကျန်းမာ ပျော်ရွှင်တဲ့၊ ပိုပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
တန်ဖိုး-6000
စာ-88
✍ထက်ထက်တင်ဇာ
5 541
ဆရာတော်ရဝေနွယ်၊အင်းမ၊၏အသစ်ထွက်စာအုပ်လေးရပါပြီ။
📖ဘဝအဆက်ဆက်
စိတ်ချမ်းသာရပါလို၏ဘုရား
တန်ဖိုး-5000
စာမျက်နှာ-160
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
+9
စာရေးဆရာ ဦးနုစာအုပ်များ📚
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
