Book4U.MM
Ir al canal en Telegram
Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်
Mostrar más5 663
Suscriptores
-124 horas
-107 días
-6830 días
Archivo de publicaciones
5 663
✅✅လူငယ်များဖတ်သင့်သောစာအုပ်ကောင်းများ....
----------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
---------------------------------------
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
Google Map
https://maps.app.goo.gl/QmW4mcLW24Cmz1gb8
5 663
သုတေသနဟူသည်
===============
➡️ အခန်းတိုင်းတွင်ပါဝင်သော ဖော်ပြချက်များသည် စာရေးသူ၏ စာတွေ ကိုယ်တွေ့ အတွေ့အကြုံများကို ပေါင်းစပ်တင်ပြထားခြင်းဖြစ်သည်။ စာတွေ့ကိုတင်ပြရာ၌ မူရင်းရေးသားဖော်ပြချက်များကို လေ့လာနိုင်ရန်အတွက် မူရင်းအတိုင်းစုစည်းဖော်ပြထားသည်။
➡️သုတေသနနည်းပညာသည် ကျယ်လည်း ကျယ် ကျယ်ပြန့် နက်လည်း နက်ရှိုင်းသော နယ်ပယ်ကြီးတစ်ခုဖြစ်ရာ များစွာအားထုတ် လေ့လာနိုင်မှသာ
အထိုက်အလျောက် သိရှိနိုင်မည့် နယ်ပယ်ကြီးဖြစ်ပါသည်။ ဤစာအုပ်သည် စာရေးသူ နှစ်ပေါင်းများစွာ ဆည်းပူးလေ့လာထားသော စာတွေကိုယ်တွေ့ အချက် အလက်များကို တတ်စွမ်းသမျှ ရေးသားဖော်ပြထားသော်လည်း ပြီးပြည့်စုံပြီဟု မဆိုသာပါ။ သုတေသနနှင့်ပတ်သက်၍ ဆက်လက်အသေးစိတ် လေ့လာစရာ အကြောင်းအရာ အချက်အလက်များစွာ ကျန်ရှိပါသေးသည်။ ဤစာအုပ်ကို လေ့လာဖတ်ရှု၍ သုတေသနအကြောင်း အတန်အသင့်သိရှိပြီးနောက် သုတေသန အကြောင်း ဆက်လက် လေ့လာစရာ အချက်အလက်များစွာကို သိမြင်လာမည် ဖြစ်ပါသည်။
တန်ဖိုး-၉၀၀၀
စာ-၂၅၆
စာရေးသူ-ဒေါက်တာအောင်မြင့်ဦး
5 663
မြို့ပြအင်ဂျင်နီယာတို့အတွက်
မြေတို့၏မာယာ
(အဆောက်အဦးများ၏ မြေငလျင်ဒဏ်ခံနိုင်ရေး)
~~~~~
စာအုပ်တွင် အခန်း(၇) ပါဝင်ပါသည်။အခန်း(၁)တွင်နိဒါန်းနှင့် အခန်း(၂)တွင် ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်ထူ ထောင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာအယူအဆများကိုရှင်းလင်းဖော်ပြထားပါသည်။ အခန်း(၃)တွင်လိုအပ်သော စွမ်းဆောင်ရည်အဆင့်များကို ဖော်ပြပါသည်။ အခန်း(၄) တွင် ငလျင်ဆိုင်ရာအကဲဖြတ်ချက်များကို အခန်းခွဲ-၄-ခုဖြင့် ခွဲခြားထားကြောင်း ဖော်ပြထားပါ သည်။ အခန်း(၅)တွင် ပျက်စီးဆုံးရှုံးမှု အဆင့်အတန်း (၅)မျိုးကို ပုံများ၊ဇယားများ ဖြင့် ဖော်ပြရှင်းလင်း ဖော်ပြထားပါသည်။အခန်း(၆)တွင် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ခိုင်ခံ့ရေးနည်းဗျူဟာများ၊ ပြန်လည်ပြုပြင်ရေးနည်းလမ်း ရွေးချယ်ခြင်းများတို့ကို အခန်းခွဲ (၃)ခန်းဖြင့် အသေးစိတ်ရေးသားထား ပါသည်။အခန်း(၇)တွင် အဆောက်အအုံ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များအား ခွဲခြမ်းစိတ်ဖြာခြင်းကို ဖော်ပြထားပါ သည်။
=====
စာရေးသူ-ဦးကျော်ဝင်းသန်း(81 Civil -RIT)
တန်ဖိုး-၁၅၀၀၀ ကျပ်
စာမျက်နှာ-၂၂၈
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
5 663
ဤစာအုပ်တွင် ခေတ်မီ ရေခဲသေတ္တာနှင့် လေအေးပေးစက်တို့နှင့် ပတ်သက်သော
-အခြေခံအချက်အလက်များ
-သဘောတရားများ
-အသုံးချမှုများ
-ပုစ္ဆာများ
-တွက်ချက်မှုများ
-တပ်ဆင်ခြင်း
-အပြစ်ရှာဖွေခြင်း
-ပြုပြင်ထိမ်းသိမ်းခြင်း
-စစ်ဆေးခြင်း
-ခန့်မှန်းတွက်ချက်ခြင်း စသည့် အကြောင်းအရာများစွာကို ပြည့်စုံစွာ ဖော်ပြထားပါသည်။
ဒါအပြင့် ဘာသာရပ်နှင့် ပတ်သက်သည့် အခြေခံသီအိုရီများ၊ Law များ၊ အလုပ်လုပ်ပုံစသည့် အကြောင်းအရာများကို ပုံများဖြင့် စနစ်တကျ ရေးသားဖော်ပြထားပါသည်။
----------
ခေတ်မီ လေအေးပေးစက်နှင့် ရေခဲသေတ္တာ
========================
စာရေးသူ–ဦးအုန်းမြင့် (ဒီဇယ်)
တန်ဖိုး–28000
---------------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
5 663
📖မြန်မာစာအဘိဓာန်
(ဒုတိအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း)
==============
မြန်မာအဘိဓာန် (အကျဉ်းချုပ်) ငါးတွဲကို အခြေခံပြုပြင်ကာ မြန်မာအဘိဓာန်ကို က မှ အ အထိ ပါဝင်သည့် ကျမ်း တစ်စောင်အဖြစ် ပြုစု၍ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေ
ခဲ့ပါသည်။
၁၉၉၁ ခုနှစ်က ထုတ်ဝေခဲ့သော မြန်မာအဘိဓာန် (က-အ) သည် ယခုအခါ ရှားပါးသောစာအုပ် ဖြစ်နေပါသည်။ အများပြည်သူအကျိုးငှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိရန် လိုအပ်နေပြီဟု ယူဆပါသည်။ သို့ပါ၍ မြန်မာအဘိဓာန် (က-အ) ကို ဒုတိယအကြိမ် တည်းဖြတ်ထုတ်ဝေရန် စီစဉ်ပါသည်။
ဒုတိယအကြိမ် ထုတ်ဝေရာတွင် ၁၊ ဝေါဟာရအချို့၏ အသံထွက်၊ အနက်အဓိပ္ပာယ်တို့ကို ပိုမို ပီပြင် အဆင်ပြေအောင် ပြုပြင်ခြင်း ၂၊ ဝေါဟာရအချို့ကို ရုပ်ပုံများဖြင့် ဖော်ပြလျှင် ပိုမို ထိရောက် ရှင်းလင်း နားလည်စေမည်ဟု ယူဆသဖြင့် ဆိုင်ရာဝေါဟာရများတွင် ရုပ်ပုံများ၊ ရုပ်ပုံညွှန်းများ ဖြည့်စွက်ဖော်ပြခြင်း ၃၊ ဝေါဟာရအချို့ ဖြည့်စွက်ခြင်းဖြင့် စိစစ်တည်းဖြတ်ထားပါသည်။
မြန်မာစာအဖွဲ့မှထုတ်ဝေသည်။
တန်ဖိုး-၂၅၀၀၀
စာမျက်နှာ-၄၅၁
5 663
ဦးဆောင်ဝါကျများချည်း ပြောနည်း၉၀၀
ဆင့်ပွားပြောပုံ ထောင်စားများစွာ၊ မူရင်းစာအုပ်မှ သဒ္ဒါနှင့် လေ့ကျင့်ခန်းများ၊ မြန်မာပြန်သူ၏ ထပ်ဆင့်ရှင်းလင်းချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် မှတ်ချက်များ အဖြေများ အပြည့်အစုံ ပါရှိသည်။
📘အင်္ဂလိပ်စကားပြောနည်း၉၀၀
(အင်္ဂလိပ်+မြန်မာ နှစ်ဘာသာ)
✍စိုးမြိုင်
တန်ဖိုး-၉၀၀၀
စာမျက်နှာ-၄၄၇
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
5 663
ဒီစာအုပ်လေးဟာ System Hacking ကို တစ်လုံးတစ်ပါဒမှ မလေ့လာဖူးသေးတဲ့ Beginner Level ကစပြီး အတော်အသင့် လေ့လာဖူးတဲ့ Intermediate Level အထိ ဖတ်နိုင်အောင်နဲ့ လက်တွေ့ အသုံးချနိုင်အောင် ရေးသားထားပါတယ်
ဒါကြောင့် Beginner တွေအပါအဝင် System Hacking ကို စိတ်ဝင်စားသူတွေအနေနဲ့ စနစ်တကျ လေ့လာနိုင်စေဖို့အတွက် ဒီစာအုပ်မှာပါဝင်တဲ့ Lab တွေကအစ မလွယ်လွန်း မခက်လွန်းတာတွေကိုပဲ Level နှစ်ခုအတွက် Balance ညှိပြီး လက်တွေ့လုပ်ဆောင်နိုင်အောင် စီစဉ်ရေးသားထားပါတယ်၊ 3 Windows 7, Windows 10, Smart Phone စတဲ့ Real System Devices တွေကို Attack မလုပ်ခင်မှာ Hacking Process and Procedure တွေကို ကျွမ်းကျင်စေဖို့အတွက် Intentionally Vulnerable Virtual OS 0 Metasploitable 2.05 3: System Hacking Lab တွေ လုပ်ပြပေးထားပါတယ်။
ဒီ Lab ပြီးမှသာ Real System Devices တွေကို Linux ရဲ့ Kali OS ကိုအသုံးပြုပြီး Method အမျိုးအစား အစုံအလင်နဲ့ Exploitation တွေ လုပ်ပြထားသည့်အပြင်၊ System Exploitation တွေ လုပ်ရာမှာ အသုံးဝင်လှတဲ့ Payload, Backdoor, Trojan, Virus စတဲ့ Malware တွေကိုလည်း ကိုယ်တိုင် Create လုပ်နိုင်အောင် အသေးစိတ် ရေးသားထားပါတယ်။
တန်ဖိုး–20000
5 663
မျက်ကွယ်ပြုလို့ မရလောက်အောင်ထူးချွန်ပြလိုက်ပါ
==========================
ဒီစာအုပ်လေးဟာ -
◾️စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
◾️ နည်းပညာ ကြမ်းပိုးတွေ
◾️ဘွဲ့ရထားပေမဲ့ ဘာဆက်လုပ်မှန်းမသိတဲ့ လူငယ်တွေ
◾️လုပ်ချင်စရာများပြီး မျက်စိလည်နေတဲ့ လူငယ်တွေ
◾️ဝမရှိဘဲ ဝိလုပ်မိနေသူတွေ
◾️ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် ပါသလောက် ကိုယ်တိုင်ကျ ဟိုမကျ ဒီမကျ ဖြစ်နေတဲ့လူတွေ
အားလုံးအတွက် ပြေပြစ်တဲ့ အရေးသား၊ လိုတိုရှင်း တင်ပြမှုတွေနဲ့ စနစ်တကျ လမ်းညွှန်ထားပြီး လက်တွေ့အသုံးကျနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
=========================
✍️–မောရိသျှ
💸–၁၄၉၀၀ ကျပ်
📖–330
-------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
5 663
Research Proposal Guide
သုတေသန အဆိုပြုလွှာ ရေးသားနည်းလမ်းညွှန်တွင်
(Format of Thesis)ပြင်ဆင်နည်းများပါဝင်ဖြည့်စွက်ထားပါသည်။
✔️ အပိုင်း(၁) တွင် အဆိုပြုလွှာ၏ သဘောတရားများကို တင်ပြထားပါသည်။
✔️ အပိုင်း(၂) တွင် အရေအတွက်သုတေသနလုပ်ငန်းစဉ်အကြောင်းကို တစ်ခုချင်းစီ၊ ဆွေးနွေးထားပြီး အရေအတွက် ဗဟိုပြုသုတေသနအလိုက် Chapter (1) မှ Chapter (3) အထိကောင်းမွန်စွာ ရေးသားတတ်အောင် ဥပမာများပေးလျှက် တစ်ခုချင်းစီတင်ပြထားပါသည်။
✔️ အပိုင်း(၃)တွင် အရည်အသွေးဗဟိုပြုသုတေသနလုပ်ငန်းစဉ်များနှင့် အဆိုပြုလွှာ ရေးသားနည်းများ၊ ပေါင်းစပ်သုတေသန နှင့် တဆင့်ခံအချက်အလက်များကို အခြေခံလျှက် ပြုလုပ်နိုင်တဲ့သုတေသနလုပ်ငန်းစဉ်နှင့် အဆိုပြုလွှာရေးနည်းတို့ကို တင်ပြထားပါသည်။
✔️အပိုင်း(၄)တွင် စာတမ်းတည်ဆောက်ပုံနှင့် Thesis Defense တွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်များကို ရေးသားတင်ပြထားပါသည်။
✍️ဆရာရွှေလင်း(သုတေသီ)
တန်ဖိုး-၃၀၀၀၀
5 663
မင်းပြောင်းလဲနိုင်ပါတယ်
==================
မွေးဖွားလာတဲ့နေရာကို အပြစ်မတင်ပါနဲ့
မပြောင်းလဲဘဲ ဒီနေရာမှာပဲနေနေမိခဲ့တဲ့
မင်းကိုယ်မင်းသာ အပြစ်တင်ပါ.....
=========================
စာရေးသူ–Min Khant (Verse)
တန်ဖိုး–၇၅၀၀
စာမျက်နှာ–၂၀၃
----------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
---------------------------------------
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
Google Map
https://maps.app.goo.gl/QmW4mcLW24Cmz1gb8
5 663
ဤစာအုပ်တွင်--
Electrical Engineering နယ်ပယ်တွင်ကြုံတွေ့ရနိုင်သည့်--
(က) Interview Questions
(ခ) လုပ်ငန်းခွင်ပြဿနာများ
(ဂ) ပညာရပ်ပိုင်းဆိုင်ရာ သဘောတရားများ
စသည်တို့အတွက် လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာအခြေခံသဘောတရားတို့ကို အကြောင်းအကျိုး ဆက်စပ်၍ စဉ်းစားပြထားပါသည်။
ဤစာအုပ်သည် -
(က) ကျောင်းသားများ
(ခ) လုပ်ငန်းခွင်ဝင်ရောက်ရန် ပြင်ဆင်နေသူများ
(ဂ) လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာ အခြေခံသဘောတရားကို သိလိုသူများ
(ဃ) လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာ ဆက်စပ်တွေးခေါ်စဉ်းစားမှု
ပြုလိုသူများအတွက် သင့်တော်ပါသည်။
*ပညာရပ်ပိုင်းဆိုင်ရာ အခြေခံသဘောတရား တို့ကို သိရှိထားခြင်းဖြင့် ကြုံတွေ့ရသည့် အခြေ အနေနှင့် ပြဿနာရပ်တို့ကို ကောင်းစွာသိနား လည်နိုင်မည်ဖြစ်ပြီး ဆက်စပ်တွေးခေါ်စဉ်းစား မှုပြုလုပ်လာနိုင်မည်ဖြစ်ပါသည်။
📕Electrical engineering မေးခွန်း၁၀၀
~~~~~~~~~~~~~~
တန်ဖိုး-၁၅၀၀၀ကျပ်
စာမျက်နှာ-၁၅၁
စာရေးသူ-မင်းသုစံ
5 663
ဒီစာအုပ်ဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဗဟိုဦးစီးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တွေ ကျင့်သုံးတဲ့အခါ နိုင်ငံမှာ အနက်ရောင်စီးပွားရေး အမြစ် တွယ်၊ ရှင်သန်ကြီးထွားလာတဲ့အကြောင်း တင်ပြထားတဲ့စာအုပ် ဖြစ်တယ်။
ဒီစာအုပ်ထဲမှာ အိန္ဒိယနိုင်ငံမှာ အနက်ရောင်စီးပွားရေး ဘယ်လိုနဲ့ ဘာကြောင့် ကြီးထွား လာနေသလဲ၊ ကျွန်တော်တို့ရဲ့ အလားအလာရှိနေတဲ့ အောင်မြင်မှုတွေရဖို့အတွက် ဘယ်လို အရာတွေက နောက်ဆွဲဟန့်နေသလဲ၊ တရားဝင်ငွေကြေးအဖြစ်မှ ရုပ်သိမ်းခြင်းအပါအဝင် အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရ ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားမှ တာဝန်ရှိ အစိုးရဝန်ထမ်းတွေ၊ အကျင့်ပျက်ခြစားမှုကို အားပေးတဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အစည်းတစ်ခုရဲ့ တည်ရှိမှု လျော့ပါးပျောက်ကွယ်စေဖို့ လုပ်ဆောင် ချက်တွေဟာ ဘာကြောင့် ထိရောက်မှု မရှိဖြစ်နေတာလဲ၊ အနက်ရောင်စီးပွားရေးကို အမြစ် ဖြတ်နိုင်ဖို့အတွက် ရေတို၊ ရေလတ်နဲ့ ရေရှည်မှာ ဘယ်လို ပြင်ဆင်ကုစားချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။
✍ကျော်စိုးမင်း(ဘာသာပြန်)
တန်ဖိုး-၇၀၀၀
5 663
📖LMB English
တန်ဖိုး-33000 ကျပ်
ဘာသာစကားတစ်ခုတတ်မြောက်ဖို့ အင်္ဂလိပ်စာလေ့လာရာမှာ ကိုယ့်ကိုကိုယ် အားမရဘူးလို့ ထင်နေတာတွေ၊ Englishစာကို အခြေခံ မခိုင်လို့ စိတ်ညစ်နေတာတွေ၊ ကြိုးစားချင်ပေမယ့် အလုပ်နဲ့ လုံးချာလည်လိုက်ပြီး အချိန်မပေးဖြစ်တာတွေ၊ သင်တန်းတက်ပေမယ့် အကျိုးမထူးမိတာလေးတွေ၊ 4 Skill မကျွမ်းလို့ မပြောရဲ မဆိုရဲ ဖြစ်နေတာတွေ၊ ဘယ်ကစလို့ လေ့လာရမှန်း မသိတာတွေ၊ Self-Studyလေ့လာရင်လည်း အဆင်မပြေမှာစိုးတာတွေ စသဖြင့် တွေပေါင်းများစွာနဲ့ အတွေးထဲမှာ တွေဝေနေရင်း ဒီတစ်သက်တော့ အင်္ဂလိပ်စာ မရနိုင်တော့ဘူးဆိုပြီး နောက်ဆုတ်လိုက်တော့မှာလား …?
LMB English Book လေးဟာ Self-Study လေ့လာနေသူများအတွက် အဓိကရည်ရွယ်ထားပြီး ထုတ်လုပ်ထားတဲ့အပြင် သင်ခန်းစာတိုင်းကို မြန်မာလိုပိုင်နိုင်စွာ ရေးသားရှင်းပြထားတဲ့အပြင် ဒီစာအုပ်လေးတစ်အုပ်ရှိရုံနဲ့ သေချာလေ့လာသွားမယ်ဆိုရင် Intermediate 4 Skill Level ကို ယုံကြည်မှု ရှိရှိ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
5 663
📖Engineering စာအုပ်တစ်အုပ်ဖြစ်ပေမယ့် ကိုယ်ပိုင် အတွေ့အကြုံတွေကို အခြေခံထားပြီး ရေးသားထားတဲ့အတွက် စာ "မလေး" ဘဲ အလွယ်တကူနားလည် သဘောပေါက်စေကြောင်းနဲ့ ဒီစာအုပ်ကို M&E QS Notes လို့ စာအုပ်နာမည်ပေးထားပေမယ့် အဓိကအားဖြစ် Electrical, ELV နဲ့ ACMV အပိုင်းတွေပဲ ပါဝငကြောင်း ဒီအပြင် Tender Projects တွေအတွက် အရေးတကြီး သိရမယ့်အချက်တွေ Tender/Contract and Documentation အပိုင်းတွေလည်း ပါဝင်တယ်လို စာရေးသူက အမှာစာမှာ ရေးသားထားပါတယ်။
📖ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲဆိုရင် -
၁။ Engineering ကျောင်းတတ်နေဆဲ လူငယ်တွေ
၂။ ကျောင်းပြီးကာစ Engineer/QS တယောက်အဖြစ် အလုပ်ဝင်ဖို့ အလုပ်ရှာနေတဲ့လူငယ်တွေ
၃။ လောလောဆယ် Engineer/QS အဖြစ် လုပ်ကိုင်နေပြီး Professional တယောက်ဖြစ်ဖို့ ကြိုးစားနေသူတွေ
၄။ Contractor တယောက်အဖြစ် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြသူတွေ
၅။ Electrical, ELV နဲ့ Mechanical Engineering ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေဖတ်သင့်တယ်လို့ စာအုပ်ရေးသားပြုစုသူ ကိုရဲမျိုး က ညွှန်းဆိုထားပါတယ်။
✍ရဲမျိုး
တန်ဖိုး–20000
စာ–269
5 663
မာယာပညာကို နှစ်ပိုင်းခွဲ လေ့လာနိုင်ပါတယ်။ ရှေ့ပြေးပထမအနေနဲ့ အမျိုးအစားအပိုင်းမှာ ပင်ကိုစရိုက်နဲ့ လက္ခဏာတွေအရ မာယာကြွယ် ပီယကောင်းသူ ကိုးမျိုးရှိကြောင်း သီးခြား လေ့လာသွားရမှာပါ။ မတူ ညီတဲ့ စရိုက်သကန်အလိုက် ပရိယာယ်အမျိုးမျိုးသုံးပြီး ဆွဲဆောင်တဲ့ နည်းတွေနဲ့ ပုဂ္ဂိုလ်အမျိုးမျိုးအကြောင်းကို စနစ်တကျ သင်ယူသွားရမှာ ဖြစ်ပါတယ်။
နောက်ဆက်တွဲ ဒုတိယအနေနဲ့ နည်းစဉ်အပိုင်းမှာ တဖက်လူရဲ့ စိတ်နေစိတ်ခံ စိတ်အမူအကျင့် အကာအကွယ်တွေကို ထိုးဖောက်နည်း မဟာဗျူဟာတွေနဲ့အတူ ဥပါယ်တံမျဉ် ပရိယာယ် နှစ်ဆယ့်လေးမျိုးကို သီးခြား လေ့လာသွားရမှာဖြစ်ပြီး၊ ဆွဲဆောင်နည်း၊ ညှို့နည်း၊ ဖြား ယောင်းနည်း၊ သွေးဆောင်နည်း၊ တိမ်းညွတ်စေနည်းနဲ့ အလျှော့ပေး ဦးညွှတ်စေနည်းတွေကို စနစ်တကျ သင်ယူသွားရမှာဖြစ်ပါတယ်။
ရှေ့ဆုံးစာမျက်နှာကစလို့ နောက်ဆုံးနိဂုံး အဆုံးသတ် စာမျက်နှာ အထိ တဖြည်းဖြည်းချင်း ဖတ်သွားရင်း စာအုပ်ပါ အကြောင်းအချက် တွေကို အလွှာလိုက် အကန့်လိုက် အပိုင်းလိုက် မှတ်သားပါ။
✍️မောရိသျှ(ဘာသာပြန်)
တန်ဖိုး-၁၄၀၀၀
စာမျက်နှာ-၂၆၉
5 663
👉 ဒီစာအုပ်ထဲမှာ သင်ဟာ -
ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချစ်ရမယ် ..
ကိုယ့်ရဲ့ အတွင်းစိတ်ကို ဘယ်လိုထိန်းချုပ်ရမယ် ..
အကြောက်တရားတွေနဲ့ အဆိုးမြင်စိတ်တွေကို ဘယ်လိုအောင်မြင်စွာ ကျော်လွှားရမယ် ..
စတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ လေ့လာနိုင်ပါလိမ့်မယ် ..
👉 ဒီစာအုပ်ဟာ ရိုးရိုးရှင်းရှင်း စိတ်ဓာတ်ခွန်အား ပေးရုံသာမကဘဲ သင့်ရဲ့ အတွေးအခေါ်တွေနဲ့ စိတ်ခံစားချက်တွေကို အမှန်တကယ် ပြောင်းလဲပစ်ဖို လက်တွေ့ကျကျ လမ်းညွှန်ချက်တွေနဲ့ ပြည့်နေပါတယ် ..
👉 သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေက သင့်ဘဝကို ဘယ်လိုပုံဖော်လဲဆိုတာကို ဒီစာအုပ်က မျက်စိဖွင့်ပေးပါလိမ့်မယ် ..
👉သင့်စိတ်ထဲက အကြောက်တရားတွေကို ရင်ဆိုင်ပြီး သင့်ဘဝထဲကို ကောင်းမွန်တဲ့ အရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မယ့် အဓိကသော့ချက်တွေကို ဒီစာအုပ်ကနေ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ် ..
🥰 ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖိုအတွက် ဒီစာအုပ်ဟာ သင့်ရဲ့ လမ်းညွှန်ဖြစ်ပါလိမ့်မယ် .....
📖-အကောင်းမြင်စိတ်ဖြင့်ပျော်ရွှင်သောဘဝ
✍️ စာရေးသူ -ထက်ထက်တင်ဇာ
စာမျက်နှာ ၂၇၂
တန်ဖိုး-၁၆၅၀၀
5 663
📘ရေဆိုးသန့်စင်ခြင်း
သဘောတရားနှင့်နမူနာတွက်ချက်မှုများ
📖ဤစာအုပ်တွင် အိမ်မှစွန့်ပစ်ရေဆိုးများကို သန့်စင်စနစ်များကို ဖော်ပြထားပါသည်။အဓိကကျသော အခြေခံကျ Activated Sludge Process (ASP) ထိုဖော်ပြထားပါသည်။ ပါဝင်သောအဂ်ါရပ်အသီးသီးအတွင် အသေးစိတ်တွက်ချက်ပုံနမှုနာများကို ဖော်ပြထားပါသည်။ AST စနစ်ကိုအခြေခံ၍ တီထွင်ခွဲထွက်လာသောစ နစ်များ ( MBR,MBR,SBR )ကိုလည်း ဆွေးနွေးဖော်ပြထားပါသည်။ ASP ထိုအခြေခံရာ၌ ထွတ်လာသော Extended areation Process ကိုလည်း အသေးစိတ်တွတ်ချက်ပုံတို့ဖြင့် ဖော်ပြထားပါသည်။
ဘွဲ့ကြိုကျောင်းသားများ ဘွဲ့လွန်ကျောင်းသားများသက်မွေးကြောင်းပြုနေသူများအတွက် အသုံးကျမည့်
စာအုပ်ဖြစ်ပါသည်။
~~~~~~~~~~~~~~~~
စာရေးသူ–ဉီးဆလိုင်းမျိုးမြင့်
တန်ဖိုး–၂၅၀၀၀
စာမျက်နှာ–၃၀၉
-------------------------------
5 663
ကိုယ့်မှာမရှိတဲ့ငွေကြေးကို မသုံးပါနဲ့"
“ချမ်းသာကြွယ်၀ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ့်မှာမရှိတဲ့ငွေကြေးကို မသုံးဖို့ပါပဲ။” လို့ Psychology of Money စာအုပ်ကို ရေးသားတဲ့ Morgan Housel က ပြောတယ်။
ငွေကြေးကြွယ်၀ဖို့အတွက်ဆိုရင် ငွေကိုစနစ်တကျသုံးစွဲဖို့ကလည်း အဓိကကျတယ်။ ဝင်ငွေကောင်းနေရင်တောင် ကိုယ့်အတွက်လိုတာကိုပဲသုံးပြီးမလိုတာတွေ လျှောက်သုံးတာကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ အဲဒီထက်ပိုသတိပြုရမှာက ကိုယ့်မှာမရှိတာကို မသုံးဖို့ပဲ။ ဆိုလိုတာက ကိုယ့်ရဲ့အသုံးစရိတ် (Expenses)က ကိုယ့်ရဲ့ဝင်ငွေ (Income) ကို မကျော်လွန်ဖို့လိုတယ်။ ဒါက ဘတ်ဂျက်ရဲ့အခြေခံပဲ။ ဝင်ငွေထက် ထွက်ငွေကများလာပြီဆိုရင် ဒါက ခင်ဗျား အကြွေးနွံမှာနစ်ဖို့ လမ်းစပဲ။
ငွေကြေးနဲ့ပတ်သက်ရင် ချမ်းသာတာထက် ကြွယ်၀အောင်လုပ်ဖို့လိုတယ်။ ချမ်းသာတာ ငွေရှိတာကို ဆိုလိုတာဖြစ်ပြီး ဒါက သုံးချင်တိုင်းသုံးရာကနေ နေ့ချင်းညချင်းပြန်ဆင်းရဲသွားနိုင်ပါတယ်။ ကြွယ်၀တာကတော့ ကိုယ့်ရှိတဲ့ငွေကြေးကို မသုံးမဖြုန်းဘဲ ကိုယ်လိုသလိုရွေးချယ်နိုင်တဲ့အခြေအနေ၊ ငွေကြေးအတွက် မပူပန်ရတဲ့အခြေအနေဖြစ်ပါတယ်။
. Master Your Money
တန်ဖိုး-၁၆၀၀၀
5 663
အာဂယောက်ျားတစ်ဦးရဲ့လမ်းစဉ်ဟာ ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်နဲ့ ပိုမိုသက်ဆိုင်လာပါတယ်။ တစ်ချိန်က အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေးရဲ့ ဟောင်းနွမ်းနေတဲ့အခန်းကဏ္ဍတွေ ပျောက်ကွယ်သွားချိန်မှာ ဆက်ဆံရေးပုံစံသစ်တွေ ပေါ်ထွက်လာပါတယ်။
ဒီနေ့ကမ္ဘာမှာ အမျိုးသမီးတွေက ဦးဆောင်မှုနေရာ တွေကိုပိုယူလာကြပါတယ်။ဒါကြောင့် ယောက်ျား တွေဟာလည်း မိသားစုကို တစ်ဦးတည်းထောက်ပံ့ပေးရသူ မဟုတ်တော့တဲ့အတွက် လောကမှာရော အချစ်ရေးမှာပါ သူတို့ရဲ့တန်ဖိုးကို ပြန်လည်ရှာဖွေ၊ နေကြရပါတယ်။
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့လုပ် ရဲ့လုပ်ဆောင်မှု၊ ငွေကြေး၊ ဒါမှမဟုတ် လူမှုရေးအဆင့်အတန်းတွေနဲ့ မတိုင်းတာတော့တဲ့အခါ သူ့ရဲ့တန်ဖိုးကို ဘယ်လိုဆုံးဖြတ်မလဲ..၊ ဒီကမ္ဘာသစ်မှာ ယောက်ျားတစ်ယောက်ရဲ့အသိအမြင်နက်ရှိုင်းမှုဟာ သူ့ရဲ့အဖိုးတန်ဆုံးအရင်းအမြစ် ဖြစ်လာပါတယ်။
အာဂယောက်ျားတစ်ဦးရဲ့လမ်းစဉ်ဟာ နက်ရှိုင်းတဲ့ အကြည့်၊ တည်ငြိမ်တဲ့ အသက်ရှူခြင်းနဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်တွေရဲ့လမ်းစဉ် ဖြစ်ပါတယ်။ ဒီအရာတွေကို ဟန်ဆောင်လို့ မရပါဘူး။
------------------
စာရေးသူ–သုခကျော်
တန်ဖိုး–12000
စာ-184
5 663
ရန်ကုန်မြို့ အပါအဝင် မြန်မာပြည် အနှံ့အပြား မြို့ရွာများတွင် စီမံကိန်းများ ရေးဆွဲကြပါလျှင် ကိုယ့်မြို့၊ ကိုယ့်ရွာ ဖွံ့ဖြိုးမှုကိုသာ သီးခြား မကြည့်ဘဲ တစ်တိုင်းပြည်လုံး၊ တစ်မျိုးသားလုံး လိုအပ်ချက် ရှုထောင့်မှလည်း သုံးသပ်ကြရန် လည်း အရေးကြီးပေသည်။ မြန်မာပြည်တွင် ရန်ကုန်မြို့သည် မန္တလေးမြို့ထက် လေးဆခန့် ကြီးပြီး ရန်ကုန်မြို့တွင် ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာရေး အစရှိသည်တို့ ပြည့်စုံ၍ အခြားသော တိုင်းဒေသကြီးများမှ မြို့တော် များတွင် အစစအရာရာ ချို့တဲ့လျက် လိုအပ် ချက်များ ရှိပါလျှင် ရေရှည်တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကိုလည်း ထိခိုက်လာနိုင် ပါသည်။
ထို့ကြောင့် မြန်မာပြည် တစ်ပြည်လုံး အတိုင်း အတာနှင့် ဘက်ပေါင်းစုံမှ ဌာနပေါင်းစုံ ပူးပေါင်း lo National Human Settlements Strategy and Plan ခေါ် မြန်မာပြည် လူနေ မြို့ရွာ ဖြန့်ဖြူးမှု နည်းဗျူဟာနှင့် စီမံကိန်းကို စနစ်တကျ ရေးဆွဲထားသင့်ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။
မြို့ပြစီမံကိန်းပညာ ဆောင်းပါးများ
========================
စာရေးသူ–ဒေါက်တာကျော်လတ်
တန်ဖိုး–20000
စာမျက်နှာ–322
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
