es
Feedback
V Tech Guide

V Tech Guide

Ir al canal en Telegram
6 467
Suscriptores
-1224 horas
-477 días
-19030 días
Archivo de publicaciones
မနက်ခင်းနိုးလာရင် ပထမဦးဆုံး "ဒီနေ့ ငါမဖြစ်မနေ လုပ်ရမယ် Task 3 ခုကဘာလဲ ?" လိုအရင်မေးပြီး Schedule အရင်ချပြီး စာရွက်ပေါ် သေချာချရေးထားလိုက် အဲ့ ၃ ခုကို တကယ်ပြီးအောင် လုပ်နိုင်ရင် ကိုယ့်အတွက် Mini accomplishments လေးကို ခံစားရလိမ့်မယ် အဲ့ကနေပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာလိမ့်မယ် မိတ်ဆွေ

အချောင်ရတဲ့ငွေက လူကို ပျက်စီးမှုပေးဆုံးပဲ အချောင်ရဖူးသွားရင် - ကြိုးစားမှုလုပ်ဖိုဝန်လေးသွားတယ် - စဉ်းစားမှုလုပ်တာတွေနဲသွားတယ် - သင်ယူမှုလုပ်တာတွေရပ်သွားတယ် - လုပ်ကိုင်ရည်တွေကျဆင်းစေတယ် ဒါကြောင့် အချောင်ရဖိုထက် ပညာရပ်တစ်ခုကို တတ်အောင်သင်ပြီး အဲ့ပညာနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်း ဝင်ငွေလမ်းကြောင်း တည်ဆောက်ပါမိတ်ဆွေ

စည်းကမ်းဆိုတာ "ငါဒီနေ့ ဒါကိုမလုပ်ရင် ငါ လိုချင်တဲ့ [ ရည်မှန်းချက် ] နဲ့ ဝေးရမှာပါလား" လို သတိရခြင်းပဲ Motivation တွေအားကိုးနေတာထက် ကိုယ့်ကိုယ်ကို သတိပေးနိုင်တာက ပိုအလုပ်ဖြစ်တယ် မလုပ်ရင် မရတာက ဘယ်နေရာမှာမဆို အသိသာကြီးပါပဲ

DeepSeek ကို Download လုပ်ရင် ထောင်ဒဏ် နှစ် ၂၀ နဲ့ ငွေဒဏ် Dollar သန်း ၁၀၀ အထိပြစ်ဒဏ်ချမှတ်နိုင်ဖို့ အမေရိကန်လွှတ်တော်အမတ် အဆိ
DeepSeek ကို Download လုပ်ရင် ထောင်ဒဏ် နှစ် ၂၀ နဲ့ ငွေဒဏ် Dollar သန်း ၁၀၀ အထိပြစ်ဒဏ်ချမှတ်နိုင်ဖို့ အမေရိကန်လွှတ်တော်အမတ် အဆိုပြု 🥲 အမေရိကန်လွှတ်တော်အမတ် Josh Hawley က တရုတ် Ai DeepSeek ကို အသုံးပြုခွင့်ပိတ်ပြီး ဒီဥပဒေကိုချိုးဖောက်ရင် ထောင်ဒဏ် နှစ်၂၀နဲ့ ငွေဒဏ်ဒေါ်လာသန်း၁၀၀အထိချမှတ်ဖို့ ဥပဒေကို အဆိုပြုလိုက်တာဖြစ်ပါတယ် DeepSeek ကြောင့် တစ်ကမ္ဘာလုံးမှာ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ပြီးနောက်ပိုင်း အမေရိကန် စတော့ ဈေးကွက်ဟာ တစ်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယမ်အထိ ဆုံးရှုံးသွားပါတယ် အဲ့တာကြောင့် အမေရိကန်အစိုးရက DeepSeek ကို ဇွတ် လိုက်ပိတ်ပင်နေတာလို့ထင်ပါတယ် 🤧

ဆော့ဖ်ဝဲလ်ပိုင်းတွင် AI အစားထိုးမည်ဟု ဇူကာဘတ် ပြော -------------------- အခု ၂၀၂၅ ခုနှစ်အတွင်း ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေနေရာမှာ
+1
ဆော့ဖ်ဝဲလ်ပိုင်းတွင် AI အစားထိုးမည်ဟု ဇူကာဘတ် ပြော -------------------- အခု ၂၀၂၅ ခုနှစ်အတွင်း ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေနေရာမှာ AI နည်းပညာကို အစားထိုး အသုံးပြုတော့မှာ ဖြစ်ကြောင်း Meta ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်က ပြောကြားလိုက်ပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ AI နည်းစနစ်တွေဟာ အစပိုင်းမှာ လုပ်ငန်းကောင်းစွာ လည်ပတ်နိုင်ဖို့အတွက် အချိန်ယူခဲ့ရပေမယ့် လက်ရှိမှာတော့ စွမ်းဆောင်ရည်တွေက မြင့်မားလာပြီး ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေ လုပ်ဆောင်နေတဲ့ ကုဒ်တွေကိုပါ ပိုင်ပိုင် နိုင်နိုင် နည်းစနစ်ကျကျ ရေးသားလာနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် အခုနှစ်ကစပြီး အလယ်အလတ် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေနေရာမှာ AI နည်းပညာတွေကို ကျယ်ပြန့် စွာအသုံးချပြီး လုပ်ငန်းလည်ပတ်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မတ်ခ်ဇူကာဘတ်က ပြောပါတယ်။ အခုလိုဆောင်ရွက်တာက ထိရောက်မှုနဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပြီး ကုဒ်ရေးတာကို အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းနယ်ပယ်အတွက်လည်း အချိန်ခဏလေးအတွင်းမှာ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ အခွင့်လမ်းကောင်းတစ်ခုလည်း ဖြစ်လာမယ်လို့ မတ်ခ်ဇူကာဘတ်က ပြောကြားထားပါတယ်။

ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ပါးစပ်ကပြောရတာတော့လွယ်တယ်ဗျ ဆင်တစ်ကောင် လယ်လောက်သန်တယ် ဘယ်လောက်မြန်တယ် ဖမ်းဖို့ဘာလိုတယ် ဘာအန္တရာယ်ရှိတယ်ဆိုတာ စာအုပ်ထဲဖတ်ရုံလောက်နဲ့တော့ အပြောကြီးလို့မရဘူး စိတ်ကူးနဲ့ ခန္ဓာကိုယ်အားထုတ်မှုမပါပဲ လေထိုင်ပေါရတာတော့လွယ်တယ် တကယ်အကောင်အထည်ဖော်ဖို့က အများကြီးမှ အများကြီးပိုခက်တယ် ကတိတွေပေးတာ goal တွေသတ်မှတ်တာ ပါးစပ်နဲ့ပြောတာတော့လွယ်တယ် ခက်လာတဲ့အချိန်တွေမှာ ဆက်တည်နိုင်ဖို့ ဆက်လုပ်နိုင်ဖို့ကခက်တယ် မလွယ်တာတွေ့ရင် ရှောင်တဲ့သူနဲ့ တကယ်လုပ်သူနဲ့က အချိန်တန်ရင်ကွာတယ် Speak Less Do More

System , Community , Discipline မရှိပဲ ကြိုးစားတဲ့သူက ရေမရှိတဲ့ အိုင်ထဲကငါးလိုပဲ ယက်ကန်ယက်ကန်နဲ့ ဖြစ်နေဦးမှာ

ထမင်းမေ့ဟင်းမေ့ ရူးသွပ်နေအောင်ကြိုက်ပြီး ဝင်ငွေလဲဝင်နေမယ့်အလုပ်မျိုးကိုသာ လူတွေက ဘဝတစ်လျှောက်လုံးလုပ်နိုင်တာပါ ရုံးဆင်းရဖို့ ထပ်ခါထပ်ခါနာရီကြည့်ပြီး အလုပ်သွားရဖို့ကို စိတ်ပင်ပန်းနေရင် အဲ့အလုပ်က ကိုယ့်အတွက်မဟုတ်သေးဘူး

ထိုင်းထီပေါက်စဉ် ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ် ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့ ထိုင်းထီပေါက
ထိုင်းထီပေါက်စဉ် ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ် ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့ ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။ ဆော့ဝဲလ်ဒေါင်းရန်လင့်ကို Comment မှာချပေးထားပါတယ်။ ဆော့ဝဲလ်ဒေါင်းရန်လင့် For Android - https://mm.nextworm.com/archives/1735 For IOS - https://mm.nextworm.com/archives/3232 ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/ ဆော့-ဝဲ-လ်ကော-င်းများအ-တွက် Jo-i-n ထားသင့်တဲ့ တယ်-လီ-ဂ-ရမ်ချ-ယ်န-ယ်လင့်- https://t.me/vtechguide

🟨▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️ တစ်လတော့ ကုန်သွားပြီ ကိုယ်လုပ်မယ်လို့ပြောခဲ့တာတွေ ဘယ်လောက်ပြီးပြီလဲ New year resolution ချတဲ့သူ အများစုကတော့ ၁၉ ရက်ထိပဲခံကြတယ် ပြီးရင် အားလျော့လာပြီး တစ်ရက်ပျက် နှစ်ရက်ပျက်ကနေ နားလိုက်တော့တာများတယ် တကယ်တော့ ပျက်သွားလဲကိစ္စတော့မရှိဘူး ပြန်စလို့ရတယ် အရေးကြီးတာ နောက်တစ်နှစ် ထပ်စောင့်တယ်ဆိုပြီး ကိုယ်လုပ်လို့ရတာတွေကို မရှောင်နေဖို့ပဲ You only lose when you give up. Keep going ✌🏻

ရန်ကုန်လေဆိပ်ကိုပြန်ဝင်လာရင် immigration မှာဖြည့်ပေးရတဲ့ (25) ချက် ကို အလွယ်တကူဖြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ Family
ရန်ကုန်လေဆိပ်ကိုပြန်ဝင်လာရင် immigration မှာဖြည့်ပေးရတဲ့ (25) ချက် ကို အလွယ်တကူဖြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ Family Name ကတော့ မရှိတဲ့အတွက် ထည့်စရာမလိုပါဘူး။ ၂။ First Name Passport ထဲက ပထမဆုံး အမည်ကို ထည့်ပါ။ ၃။ Middle Name Passport ထဲက အလယ်က အမည်ကို ထည့်ပါ။ ၄။ Male မိမိက ယောက်ျားလေးဖြစ်ပါက အမှန်ခြစ်ပါ။ ၅။ Female မိမိက မိန်းကလေးဖြစ်ပါက အမှန်ခြစ်ပါ။ ၆။ Nationality Myanmarလို့သာဖြည့်ပါ။ ၇။ Occupation မိမိရဲ့ အလုပ်အကိုင်ကို ဖြည့်ပါ။ ၈။ Passport Number မိမိနိုင်ငံကူးစာအုပ်(passport)စာအုပ်ရဲ့ဂဏန်း8လုံးကို ဖြည့်ပေးပါ။ ၉။ Place of Issue Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။ (Passport စာအုပ်ထဲမှာပါပါတယ်) ၁၀။ Date of Issue Passport စာအုပ် ထုတ်ပေးတဲ့ ရက်ကို ဖြည့်ပါ။ (Passport စာအုပ်ထဲမှာပါပါတယ်) ၁၁။ Visa Number သူကတော့ ၁၄ ရက် အလည်အပတ် သွားသူ‌ေတွ ဖြည့်စရာမလိုပါဘူး။ Visaနဲ့သွားသူတွေကတော့ visaနံပါတ်ဖြည့်ပေးရပါမယ်။ ၁၂။ Place of Issue Visa ထုတ်ပေးတဲ့နေရာကို ဖြည့်ပါ။ ၁၃။ Date of Issue Tourist visa ၂ လ Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ ရက်ကို ဖြည့်‌ေပးရပါမည်။ ၁၄။ From ပြန်လာတဲ့နိုင်ငံကို ‌ဖြညါ့ပေးရပါမယ်။ ၁၅။ By Rail (မီးရထားနဲ့လား),By Road (ကုန်းလမ်း နဲ့လား), By Ship (သင်္ဘောနဲ့လား) အဲ့ဒါတွေ တစ်ခုမှမဟုတ်တဲ့အတွက် အမှန်ချစ်စရာမလိုပါဘူး။ ၁၆။ By Air သူကို အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် နံပါတ်ကိုရေးပါ။(‌ေလယာဉ်နံပါတ်မသိရင် လေယာဉ်လက်မှတ်မှာပြန်ကြည့်လို့ရပါိတယ်) ၁၇။ First Trip To Myanmar မှာကတော့ No ကိုအမှန် ခြစ်ပေးပါ။ ၁၈။ Travelling on group Tour Noကိုပဲ အမှန်ခြစ်ပေးပါ။ အသင်းအဖွဲ့နဲ့သွားမှသာ Yes ကိုခြစ်ရပါမယ်။ ၁၉။ Length of Stay ဘယ်နှစ်ရက်နေမှာလဲ ဖြည့်ပေးပါ။ ၂၀။ Purpose Of Visit မှာ Tourist အလည်အပတ် နဲ့သွားတဲ့သူက Tourist ကိုခြစ်ပါ။ ၂၁။ Country of Residence ဘယ်မြို့၊ဘယ်နိုင်ငံကလဲ ၂၂။ Address in Myanmar မြန်မာနိုင်ငံက လိပ်စာကိုဖြည့်ပါ။ ၂၃။ ID Card Number မိမိရဲ့ မှတ်ပုံတင်နံပါတ်ကို ဖြည့်ပါ။ ၂၄။ Father Name အဖေ အမည်ဖြည့်ပါ။ ၂၅။ Signature လက်မှတ်ထိုးပါ။ မသိသေးသောခရီးသွားမိတ်ဆွေဘော်ဒါရင်းများအတွက်သာဖြစ်ပါသည်။

photo content

စာအုပ်တွေစျေးကြီးနေချိန် free download လုပ်လို့ရတဲ့ website များ 40 Sites to Download Books for free 1. Planet eBook 2. Free-
စာအုပ်တွေစျေးကြီးနေချိန် free download လုပ်လို့ရတဲ့ website များ 40 Sites to Download Books for free 1. Planet eBook 2. Free-eBooks. net 3. ManyBooks 4. LibriVox 5. Internet Archive 6. BookBub 7. Open Library 8. BookBoon 9. Feedbooks 10. Smashwords 11. Project Gutenberg 12. Google Books 13. PDFBooksWorld 14. FreeTechBooks 15. Bookyards 16. GetFreeBooks 17. eBookLobby 18. FreeComputerBooks 19. OpenCulture 20. Library Genesis (LibGen) 21. Goodreads 22. Obooko 23. O'Reilly 24. PDF Drive 25. Anna's Archive 26. PDF Room 27. PDF Coffee 28. Dokumen Pub 29. Z Library 30. Ocean of PDF 31. Dirzon 32. Booksfree 33. EngbooksPDF 34. Elejandria 35. Espaebook 36. Wonderful Books 37. Lectuland 38. LeerLibrosOnline 39. ePubLibre 40. Standard Ebooks

MAI လေယာဉ်စီးတဲ့ခါ အသွား နဲ့အပြန် ဖောင်ဖြည့်ရမှာကို စိတ်ပူနေတဲ့ မိတ်ဆွေတွေ အတွက် Arrival Card နဲ့ Departure Card ဖောင်ဖြည့်ရမ
+1
MAI လေယာဉ်စီးတဲ့ခါ အသွား နဲ့အပြန် ဖောင်ဖြည့်ရမှာကို စိတ်ပူနေတဲ့ မိတ်ဆွေတွေ အတွက် Arrival Card နဲ့ Departure Card ဖောင်ဖြည့်ရမည့် စာရွက် ပုံစံလေးပါ။ ဘယ်အချက် အလက်တွေဖြည့်ရတယ်ဆိုတာ ရေးပေးထားပါတယ်။ 📌ဖုန်းထဲမှာ သိမ်းထား ၊ ရှယ်ထားရင် လေယာဉ်စီးတဲ့ခါ အသုံးဝင်လာမှာပါ။

သုံးကြည့်တာအတော်လေးသွက်ပြီးတော်တော်သုံးလို့ကောင်းတယ် 💯💯 Check out "DeepSeek - AI Assistant" https://play.google.com/store/a
သုံးကြည့်တာအတော်လေးသွက်ပြီးတော်တော်သုံးလို့ကောင်းတယ် 💯💯 Check out "DeepSeek - AI Assistant" https://play.google.com/store/apps/details?id=com.deepseek.chat

တရုတ် Al app ဖြစ်တဲ့ DeepSeek ဟာ အမေရိကန်ရဲ့ ChatGPT ကို ဒီနေ့မှာ Download ဆွဲတဲ့ ပမာဏမှာ ကျော်တက်သွားပြီးတဲ့နောက် အမေရိကန် I
တရုတ် Al app ဖြစ်တဲ့ DeepSeek ဟာ အမေရိကန်ရဲ့ ChatGPT ကို ဒီနေ့မှာ Download ဆွဲတဲ့ ပမာဏမှာ ကျော်တက်သွားပြီးတဲ့နောက် အမေရိကန် IT အသိုင်းအဝိုင်းတခုလုံး တုန်လှုပ်သွားပါတယ်။ ChatGPT ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Open Al ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်တဲ့ Microsoft တို့ရဲ့ ရှယ်ယာတွေ ထိုးကျသွားတဲ့အပြင် Nvidia တို့လို IT Company တွေပါ ဈေးပြုတ်ကျနေပါတယ်။ Nvidia တခုထဲက ဒေါ်လာ ဘီလီယံ ၅၀၀ ရှုံးသွားပါပြီ။ Trump တက်လာပြီးတော့ Open Al ဟာ AI လောကအတွက် သန်း ၅၀၀ တန် Project စတင်ဖို့လုပ်နေတာဖြစ်ပြီး Trump ကလဲ ကြေညာထားခဲ့ပြီးပါပြီ။ တရုတ်ရဲ့ Deepseek ဟာ ဈေးသက်သာတဲ့ app ဖြစ်ပြီး ကုန်ကျစားရိတ်လဲ မများလို့ အမေရိကန်တွေအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။ အမေရိကန်ကတရုတ်ကို chips တွေ မရောင်းပေးပဲ ထိန်းချုပ်ဖို့ လုပ်နေတုန်းမှာ တရုတ်ဘက်က ဒီ app ထွက်လာတာဖြစ်ပါတယ်။ Al Supply chain တခုလုံး ဒီကိစ္စရဲ့ အကျိုးဆက်ကို ခံစားရဦးမှာဖြစ်ပါတယ်။ Deepseek ကတော့ Register လုပ်တဲ့သူ အရေအတွက်ကို လတ်တလောမှာ ယာယီ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ Check out "DeepSeek - AI Assistant" https://play.google.com/store/apps/details?id=com.deepseek.chat

» ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း « ********** (၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။ (၂) အကြွေးနဲ့ကင်းအောင်နေပါ။ (၃) လိုအပ်တာထက် ပိုမပြောပါနှင့်။ (၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။ (၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။ (၆) အထူးသဖြင့် သူတို့အပြန်အလှန်မဆက်ဆံရင် တစ်ချို့လူတွေကို သင်သွားရောက်လည်ပတ်ပုံကို လျှော့ချပါ။ (၇) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။ (၈) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို ရပ်တန့်ပါ။ (၉) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။ (၁၀) အမြဲတမ်း မင်းရဲ့ အကောင်းဆုံးပုံစံ ကိုင်တွယ်သင့်သည့်ပုံစံကို ဝတ်ဆင်ပါ။ (၁၁) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။ (၁၂) အချိန်ကိုလေးစားပါ။ (၁၃) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေးမှာ မနေပါနဲ့ နေရာပြောင်းရွှဲ့ လမ်းလျှောက်ပါ။ (၁၄) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။ (၁၅) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည်ချင်းတွေမြင့်တင်ပါ။ (၁၆) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။ (၁၇) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြားသောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါနှင့်။ (၁၈) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။ (၁၉) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ (၂၀) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။

တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၁ သိန်း ဒီအထိက ဝင်ငွေတိုးတက်လာလေ ပျော်လေလို့ သုတေသနအများစုက တွေ့ရှိထားကြတယ်။ ဒီထက်ကျော်သွားတဲ့အခါ များများတိုးတက်သလောက် များများပျော်တာနည်းသွားတယ်။ ဒါကို diminishing return လို့ခေါ်တယ်။ ဒါက ဝင်ငွေများတဲ့ high income economy တွေမှာ။ တချို့ social democracy ကျင့်သုံးတဲ့ Finland (ဖင်လန်), Denmark (ဒိန်းမတ်), Norway (နော်ဝေ) နှင့် Sweden (ဆွီဒင်) Scandinavian နိုင်ငံတွေက လူနေမှုအဆင့်အတန်း အမြင့်မားဆုံးထဲပါပြီး ပျော်ကြတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် အခြေခံစားဝတ်နေရေးအတွက် $250 အလယ်အလတ်ဆို $500 - $1000 ပေါပေါများများနေဖို့ဆို $2500 တစ်နှစ် $20000 - $30000 လောက်လိုတယ်။ မြန်မာအတွက် $30,000 ထိုင်းအတွက်ဆို တစ်နှစ် $60,000 USD မလေးအတွက်ဆို $70,000 ဂျပန်အတွက်ဆို $100,000 စလုံးအတွက်ဆို $120,000 လိုတယ်။ သံသရာတစ်ကွေ့ ဒီတစ်နေ့မှာ အသက်လာရှင်တာ လူတွေကို အသက်ရှင်ပြီး အသက်ဝင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အရေးကြီးတာ ပျော်ရွင်မှု။ ပျော်ရွင်မှုအတွက် အခြေခံစားဝတ်နေရေးနဲ့ ဘဝမှာ ရွေးချယ်နိုင်ခွင့်တစ်ခုလိုတယ်။ ဒါကြောင့်လဲ အလုပ်လုပ် ငွေကြေးအတွက် ငွေရှာရတယ်။ ငွေရှာတဲ့အခါ အဓိကရည်ရွယ်ချက်ကပျော်ဖို့။ ဒါကို မမေ့သွားဖို့လိုတယ်။ Aristotle က ပျော်ရွင်မှု (Happiness/Eudaimonia) ဆိုတာ ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးတွေ၊ ငွေကြေးဥစ္စာတွေ သို့မဟုတ် ဂုဏ်သိက္ခာတွေမှ မဟုတ်ဘူး။ ပျော်ရွင်မှုဆိုတာ ၁။ ကိုယ်ပိုင်စွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်ခြင်းကလာနိုင်တယ်။ လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ ဘဝမျိုး ဖြစ်ရပါမယ်။ ၂။ ကျင့်ဝတ်နဲ့ညီတဲ့ ဘဝနေထိုင်မှုကလာတယ်။ ကောင်းမွန်တဲ့ အကျင့်စရိုက်နဲ့ ကိုယ်ကျင့်တရားတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ပျော်ရွင်မှုကို ရရှိနိုင်တယ်။ ၃။ အသိဉာဏ်ပညာ ရှာမှီးခြင်းက လာတယ်။ အသိဉာဏ်ပညာကို တိုးပွားစေမယ့် လုပ်ဆောင်မှုတွေနဲ့ တွေးခေါ်မှုတွေဟာ ပျော်ရွင်မှုရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ၄။ လူမှုဆက်ဆံရေးကလာတယ်။ သူတစ်ပါးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ခြင်းဟာလည်း ပျော်ရွင်မှုအတွက် အရေးကြီးပါတယ်။ အသက်ရှင်ပြီး အသက်ဝင်ဖို့ အခြေခံစားဝတ်နေရေးအပြင် diminishing returns ငွေဝင်တိုင်ပျော်တဲ့ အမှတ်ကျော်အောင်လုပ်။ ဒါကိုလုပ်နေရင်း လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ နေ့စဥ် တော်အောင် ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်။ နေ့တိုင်းကိုယ့်ကိုကိုယ် ပျော်အောင်ထား။ သေးသေးလေးအရာတွေကနေ ပျော်ရွင်မှုတွေရယူ။ နေ့စဥ် ဒီနေ့နဲ့ အနာဂတ် ဝင်ငွေတိုးပွားအောင်အားထုတ်။ တခြားသူတွေကို ကိုယ်ရက်ရောတဲ့အရာတွေ မျှဝေပေး။ နေ့စဥ် "တော်၊ ပျော်၊ ပွား၊ ပေး"။ တိုက်ရိုက်ပြိုင်စရာမလိုဘူး။ မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ နေ့စဥ် စိတ်ချမ်းသာနေတာ ဘဝကစားပွဲမှာ နိုင်နေတာပဲ။ Phyo Paing @ Derek

App လေး ဒေါင်းပြီးဖတ်ပါနော် ( မိတ်ဆွေများအကျိုးများစေရန် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် ) iOS → https://apps.apple.com/th/app/readera-book-reader-pdf-epub/id1669188337?l=th Android → https://play.google.com/store/apps/details?id=org.readera&hl=en&pli=1

+4
Discipline Is Destiny The Power of Se... .epub4.08 MB