Jᴜsᴛ_ғᴏʀ_ʏᴏᴜ
Ir al canal en Telegram
ဝဲလ်ကမ်းပါဗျ... ထွေး ပွေ့ မှု ပေး နိုင် တဲ့ စာ တို ကမ္ဘာ က နေ နွေး ထွေး စွာ ကြို ဆို လျက် ပါ ~ ᴄʜᴀɴɴᴇʟ ᴅᴀᴛᴇ~18.6.2022 *Addpost လက်ခံပါတယ်ဗျ* Need:)2.9k
Mostrar más836
Suscriptores
-124 horas
-47 días
-2630 días
Archivo de publicaciones
836
ခံစားချက် တစ်ခုကို ချပြကြည့်တယ်
အရေးမပါ အရာမရောက်ခဲ့ဘူး
တစ်ခါတစ်ခါကျရင် ကိုယ်ချစ်သလို သူပြန်မချစ်တဲ့အခါ ချစ်ခြင်းတွေဟာ သိမ်ငယ်စိတ်ဝင်ရတယ်...။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
မင်းရဲ့ ကိုယ်သင်းရနံ့လေးများ ပြန်ရမလားလို့.
မားဗီးယပ်စ်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်မိတယ်...
မင်းက ကိုယ့်ဆီက လွတ်မြောက်သွားတယ်ဆိုပေမယ့် အခုချိန်ထိ မကျွတ်လွတ်သေးတဲ့ ကိုယ်ယောင်ကိုယ်ပွားလေးဟာ ကိုယ်ကိုယ်တိုင်ပါပဲ...။ ။
#𝑭𝒊𝒐𝒏𝒂
#Rewriting
836
ကျွန်မ ချစ်တတ်သွားတယ်ထင်ပါရဲ့
ကိုကိုကလေဆိုတဲ့ ခေါင်းစဉ်နဲ့အစချီပြီး ပြောစရာတွေက ကမ္ဘာပေါ်က ပင်လယ်တွေ ခမ်းသွားရင်တောင်
ဖတ်လို့မကုန်တော့မယ့် ကဗျာတစ်ပုဒ်လို
စာအုပ်တစ်အုပ်လိုပေါ့...။
ချစ်လိုက်ရတာ ကိုကိုရယ်...။ ။
#𝑭𝒊𝒐𝒏𝒂
836
ခင်ဗျားကို ကျွန်တော် မုန်းချင်တယ် ဒါပေမယ့် မုန်းလို့မရဘူး
ချစ်ချင်တယ် ထုတ်ပြလို့မရဘူး
မွေးဖွားခြင်းနဲ့သေဆုံးခြင်း အလွှာပါးပါးလေးကြားမှာ ခင်ဗျားကိုချစ်ခွင့်ရလိုက်တာအတွက် နောင်တမရဘူး...။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
အသည်းကွဲတယ်ဆိုတာ ခေတ်ပေါ် ရောဂါပဲထင်ပါရဲ့...
တစ်ယောက်တည်း ထူးပြီးတော့ မနာကျင်နေတော့ပါဘူးလေ...
ချောင်တစ်ချောင်မှာတော့...
ကျနော်ကိုယ်တိုင်အတွက် နေရာတစ်နေရာရှိမှာပဲ...
မင်းပြောတဲ့ ဘလက်ခ်ကော်ဖီတွေ ခါးတယ်ဆိုတာ...
လောကဓံကို မမှီသေးပါဘူး အချစ်ရယ်...။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
#Rewriting
836
ခံစားချက်တွေကို အပြုံးတွေနောက်မှာ ကွယ်ဝှက်ထားတဲ့သူမို့
အဆင်မပြေနေတာတွေနဲ့ လိုအပ်ချက်တွေဟာ ပေါ်လွင်နေမှာမဟုတ်တာ သေချာပါတယ်...။
တစ်ခါတစ်လေကျတော့လည်း
အရာမထင်တဲ့ ဒဏ်ရာသေးသေးလေးတွေက ပိုနာကျင်ရကြောင်း ဘယ်သူ့ကိုမှပြောမပြတာက အသက်သာဆုံးကုသမှုပါ။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
နောက်တစ်ခါ ဆေးလိပ်သောက်ရင် စကားမပြောတော့ဘူးနော်လို့ပြောခဲ့တဲ့ ကျွန်တော်က...
အခုတော့လည်း
မားဗီးယက်စ်လေး ဖွာလိုက်...
ကဗျာလေးရေးလိုက် စာလေးဖတ်လိုက်...
ခင်ဗျားကိုလွမ်းလိုက်နဲ့ပေါ့
ဘဝက ယူတတ်ရင် ပညာတွေချည်းပါပဲ အချစ်ရာ...။ ။
#𝑭𝒊𝒐𝒏𝒂
#Rewriting
836
ကျန်ရစ်ခဲ့ရပြီးနောက်...
အမှတ်တရဆိုတာ
ဒိုင်ယာရီ စာအုပ်ကြားက
ရုပ်ရှင်လက်မှတ်လေးတွေမှာပါ
ဒါမှမဟုတ်လဲ
Lest seen long time ago ဆိုတဲ့ အကောင့်လေးထဲက အမှတ်တရ Conversation လေးတွေမှာပေါ့ ...။ ။
#𝑭𝒊𝒐𝒏𝒂
#Rewriting
836
အရင်က နှစ်ယောက်အတူ လျှောက်ဖူးတဲ့ လမ်းတစ်ချို့ကို...
အတူတူလျှောက်တဲ့ ခင်ဗျားမရှိတော့တာက လွဲရင်
တစ်ယောက်တည်းလည်း ကျွမ်းကျွမ်းကျင်ကျင်ပါပဲ...။ ။
#𝑭𝒊𝒐𝒏𝒂
#Rewriting
836
အတိတ်ဆီက ပျော်ရွှင်မှုတွေကသာ
ပစ္စုပ္ပန်မှာ နာကျင်ရမယ်ဆိုတာ သိခဲ့ရင်...
ဘယ်သူ့ဘယ်သူကိုမှ သံယောဇဉ်တွယ်ခဲ့မိမယ်မထင်ဘူး။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
လူတွေအများကြီးအတွက် မဟုတ်ခဲ့ရင်တောင်...
တစ်ယောက်သောသူအတွက်တော့ အရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်တယ်
ကိုယ်စိတ်ဆိုးစိတ်ကောက်ခွင့်ရှိတဲ့သူတစ်ယောက်လောက်တော့ပိုင်ဆိုင်ချင်တယ်
ကိုယ့်ကို စိတ်မကုန်သွားမယ့်သူ ပြီးတော့ ကိုယ့်ဖြစ်နေလို့ချစ်တာပါဆိုတဲ့သူတစ်ယောက်လောက်ပေါ့။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
အခုနောက်ပိုင်း ကိုယ့်အပိုင်ဖြစ်ခွင့်မရှိမယ့် အရာတွေအပေါ် မစွဲလမ်းတတ်ဖို့ ထိန်းသိမ်းတယ်...
မာနအရသော်လည်းကောင်း တန်ဖိုးအရသော်လည်းကောင်း သိက္ခာအရသော်လည်းကောင်း...
Something ဖြစ်ဖြစ် Someone ဖြစ်ဖြစ်ပေါ့။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
ကျွန်တော့်ရဲ့ တစ်စုံတစ်ယောက်ထံက ချစ်တာကိုပဲ မြတ်မြတ်နိုးနိုး မက်မောမိတာမို့...
အခြားသော ချစ်ခြင်းတွေအကုန် ကျောခိုင်းပါကြောင်း ပြောချင်ပါတယ်။ ။
#𝑭𝒊𝒐𝒏𝒂
#Rewriting
836
ကျွန်တော် လူတစ်ယောက်ကို ကျွန်တော့်ဟာကျွန်တော် လွတ်လွတ်လပ်လပ်ချစ်မယ် သူမသိလဲဖြစ်တယ် သိစရာလဲမလိုဘူး ကျွန်တော့်ချစ်ခြင်းအပြစ်ကင်းကိုကင်းရမယ်
ပိုင်ဆိုင်လိုစိတ်ကြောင့် တစ်ဖက်သားထိခိုက်မှာမျိုးတော့ လုံးဝမဖြစ်စေရဘူး...
ကျွန်တော့်ရဲ့ချစ်ခြင်းက အပြစ်ကင်းကိုကင်းရမယ်။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
ခင်ဗျားလည်းနေနိုင်သွားပြီ...
ကျွန်တော်လည်းနေနိုင်သွားပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးက အဆုံးသတ်သွားပါပြီ...
ကျွန်တော်ကိုယ်တိုင်ကတော့ ဆက်လွမ်းနေဖို့ ဆုံးဖြတ်ထားတယ်။ ။
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
ကျွန်တော် အခုထိ မရင့်ကျက်သေးဘူးထင်ပါရဲ့
ကျွန်တော့်ကို ထားခဲ့ချင်နေမှန်းသိတာတောင် ကပ်တွာ်နေမိသေးတယ်
ကျောခိုင်းပြီးထွက်သွားချင်နေမှန်းသိတာတောင် အင်္ကျီစလေးဆွဲလို့ မသွားပါနဲ့ဆိုပြီး တားနေမိသေးတယ်
#𝑭𝒊𝒐𝒏𝒂
#Based_on_a_true_story
836
စက္ကန့်ပိုင်းလောက်
မမြင်ရတော့ရင်တောင်
ငိုင်ကျသွားတတ်တဲ့ ကိုယ့်ကို
မင်းမို့လို့ ဝေးဝေးနေပေးပါ ပြောရက်တယ်။
#ownernono
836
ကိုယ်စမှ သူပါလာတဲ့
ဇာတ်လမ်းတွေမှာ
ကိုယ်တို့
နေနိုင်သွားကြတာမဟုတ်ပါဘူး
နေတတ်သွားကြတာပါ။
#ownernono
836
အမှန်တရားကိုလည်း
ရှာဖွေစရာမလိုတော့သလို
အရင်လို
အော်ဟစ်စကားများပြီးလည်း
တိကျတဲ့ဇာတ်သိမ်းအတွက်
တောင်းဆိုစရာမလိုလောက်တော့ပါဘူး။
တိတ်တဆိတ်နဲ့ပဲ နားလည်လက်ခံပြီး လမ်းချင်းမတူတော့လို့ လူချင်းမတွေ့နိုင်တော့တာဆိုပြီး ကျန်ရစ်နေခဲ့ရမှာပေါ့။
#ownernono
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
