Jamadar Ba Thein
Ir al canal en Telegram
8 060
Suscriptores
+424 horas
-407 días
-15530 días
Cargando datos
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
octubre '26oct '26
octubre '26
+54
en 5 canales
septiembre '26
+16
en 6 canales
Get PRO
agosto '26
+16
en 12 canales
Get PRO
julio '26
+17
en 14 canales
Get PRO
junio '26
+25
en 10 canales
Get PRO
mayo '26
+32
en 7 canales
Get PRO
abril '26
+46
en 15 canales
Get PRO
marzo '26
+2 189
en 50 canales
Get PRO
febrero '26
+38
en 13 canales
Get PRO
enero '26
+85
en 29 canales
Get PRO
diciembre '25
+117
en 25 canales
Get PRO
noviembre '25
+152
en 40 canales
Get PRO
octubre '25
+90
en 32 canales
Get PRO
septiembre '25
+128
en 40 canales
Get PRO
agosto '25
+143
en 30 canales
Get PRO
julio '25
+179
en 43 canales
Get PRO
junio '25
+232
en 47 canales
Get PRO
mayo '25
+47
en 24 canales
Get PRO
abril '25
+562
en 38 canales
Get PRO
marzo '25
+113
en 30 canales
Get PRO
febrero '25
+2 098
en 41 canales
Get PRO
enero '25
+4 171
en 33 canales
Get PRO
diciembre '24
+60
en 10 canales
Get PRO
noviembre '24
+57
en 1 canales
Get PRO
octubre '24
+32
en 1 canales
Get PRO
septiembre '24
+1 495
en 0 canales
Get PRO
agosto '240
en 9 canales
Get PRO
julio '24
+186
en 11 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 27 octubre | +10 | |||
| 26 octubre | +7 | |||
| 25 octubre | 0 | |||
| 24 octubre | 0 | |||
| 23 octubre | +1 | |||
| 22 octubre | 0 | |||
| 21 octubre | 0 | |||
| 20 octubre | +2 | |||
| 19 octubre | 0 | |||
| 18 octubre | 0 | |||
| 17 octubre | +2 | |||
| 16 octubre | 0 | |||
| 15 octubre | +1 | |||
| 14 octubre | +2 | |||
| 13 octubre | +3 | |||
| 12 octubre | +1 | |||
| 11 octubre | +2 | |||
| 10 octubre | +1 | |||
| 09 octubre | 0 | |||
| 08 octubre | +3 | |||
| 07 octubre | +2 | |||
| 06 octubre | +4 | |||
| 05 octubre | +1 | |||
| 04 octubre | +1 | |||
| 03 octubre | +9 | |||
| 02 octubre | +2 | |||
| 01 octubre | 0 |
Publicaciones del Canal
■ အာဆီယံအထူးသံတမန် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်
အာဆီယံအထူးသံတမန်သည် မြန်မာနိုင်ငံတစ်ဝန်းလူသားချင်းစာနာမှုဆိုင်ရာအခွင့်အလမ်းကို တိုးချဲ့ရန် ကြိုးပမ်းမှုများကို ဆွေးနွေးရေးအတွက် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လိမ့်မည်ဟု သံတမန်သတင်းအရင်းအမြစ်များ၏ပြောကြားချက်အရ သိရသည်။
အမည်ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံသောသတင်းအရင်းအမြစ်များက ပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမာရီယာထရီဆာလာဇာရိုက အကြီးတန်းတာဝန်ရှိသူများကို တွေ့ဆုံရန် အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်သို့လာမည်ဟု ပြောကြားခဲ့သည်။
လာဇာရိုသည် မြန်မာနိုင်ငံ၏လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အာဆီယံကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေကို တွေ့ဆုံမည်ဖြစ်သည်။
crd***Eleven
#JBT
| 2 | အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းသို့ အလွန်ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာနိုင်သဖြင့် အန်ဒရာပရာဒေ့ရှ်နှင့် ဩရိဿပြည်နယ်တို့တွင် နေထိုင်သူ ၁၀၀၀၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်း နေထိုင်ကြရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။
အဆိုပါမုန်တိုင်းသည် အောက်တိုဘာ ၂၆ ရက်မှစ၍ ပိုမိုအားကောင်းလာခဲ့ပြီး အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။
မုန်တိုင်းတိုက်ခတ်စဉ် လေတိုက်နှုန်းက တစ်နာရီလျှင် ၁၅၀ ကီလိုမီတာအထိ ရှိလာနိုင်သည်ဟု သိရသည်။ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် လူ ၅၀၀၀၀ ခန့်နှင့် ဩရိဿပြည်နယ်တွင် လူ ၄၈၀၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဘေးအန္တရာယ်တုံ့ပြန်ရေး အာဏာပိုင်အဖွဲ့၏ အဆိုအရ မုန်တိုင်းဖြတ်သန်းနိုင်သည့် လမ်းကြောင်းတစ်လျှောက် လူဦးရေ ၁၂ သန်းကျော် နေထိုင်လျက်ရှိသည်။
ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်ပြီးနောက် အိန္ဒိယနိုင်ငံ၏ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။ ရွှေ့ပြောင်းမှုများလည်း ဆက်လက်လုပ်ဆောင်နေသည်။
ဩရိဿပြည်နယ်အတွင်း ခရိုင်ငါးခုရှိ ကျောင်းများနှင့် ကောလိပ်များကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပိတ်ခိုင်းထားသည်။
crd***Eleven
#JBT | 285 |
| 3 | ■ ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း နီးကပ်လာသဖြင့် အိန္ဒိယပြည်နယ်နှစ်ခုတွင် ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထား | 203 |
| 4 | ■ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa အဆောက်အအုံ၏ မြေကွက်ကို လေလံတင်ရောင်းချမည်
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa အဆောက်အအုံ၏ မြေကွက်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ကွင်းအမှတ် (၄၁၇)၊ လမ်း၆၀၊ ၂၂x၂၃ လမ်းကြားရှိ ဦးပိုင်အမှတ် (၈၈၃၊ ၈၈ဎ+၈၉ဌ) အမည်တွင်သည့် ဧရိယာ (ဝ.၄၀၊ ၀.၂၀+၀.၀၈) ဧက ပေ (၁ဝဝx၄ဝဝ) အကျယ်အဝန်းရှိ မြေကွက်များမှာ ဦးနိုင်ထွန်းလင်း အမည်ပေါက်ပိုင်ဆိုင်သည့် ဂရန်မြေကွက်များဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ | 210 |
| 5 | အယ်လ်နီညိုဖြစ်စဥ်ကြောင့် အမြန်လမ်းမကြီးကိုအသုံးမပြုမှီ ယာဥ်ကြံ့ခိုင်ရေးကိုသေချာစွာစစ်ဆေးကြရန် သတိပေးနှိုးဆော်
အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရာသီဥတုပူပြင်းလာမည်ဖြစ်၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အသုံးပြုသွားလာခြင်းမပြုမှီ ယာဥ်ကြံ့ခိုင်ရေးကိုသေချာစွာစစ် ဆေးကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ခဲ့သည်။
နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညိုဖြစ်စဥ်မှာအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနိုင်၍ အမြန်လမ်းမကြီး၏မျက်နှာပြင်မှာ အပူချိန်များထူးကဲမြင့်တက်လာနိုင်ကာ ခရီးသွားကြမည့်ယာဥ်များ၏တာယာပန်းများမှာ အနည်းဆုံးသတ်မှတ်အထူနှင့် ရာဘာကောင်းမွန်မှုသက်တမ်းရှိရမည်ဟု အသိပေးနှိုးဆော်ခဲ့သည်။
crd***News
#JBT | 186 |
| 6 | နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာ ၂၇
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ ကျင်းပနေသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
နိုင်ငံတော်သမ္မတကြီးနှင့် ဇနီးတို့သည် ဆင်ဖြူရှင်ခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၏ တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာအက ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့ပြင် ပုဗ္ဗသီရိအားကစားခန်းမ၌ ကျင်းပသည့် ဝါသနာရှင်အဆင့် ဒုတိယတန်း အမျိုးသား၊ အမျိုးသမီးနှင့် ပထမတန်း အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲများကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။
crd***News
#JBT | 192 |
| 7 | ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ၁၇၅ ကြိမ်မြောက် ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲ၏ ရေပွဲကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီမှစတင်၍ ရွှေကျင်ချောင်းအတွင်း ကျင်းပလျက်ရှိပြီး ညနေ ၆ နာရီကျော်မှစတင်ကာ မီးကြာခွက်ပေါင်း တစ်သိန်းကျော်ဖြင့် မီးမျှောပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ရေပွဲကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့တွင် အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ကာ ကရဝိက်ဖောင်တော်ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူသည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ရုပ်ပွားတော်ကို ရွှေကျင်ချောင်းအတွင်း လှည့်လည်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ရေပွဲနေ့တွင် ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ အဖွဲ့များပါဝင်သည့် လှေလှော်ပြိုင်ပွဲနှင့် ယိမ်းအကအလှပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိပြီး တက်ခုပ်ယိမ်း၊ တက်ပျံယိမ်း၊ ကရင်ရိုးရာဒုံးယိမ်းနှင့် ရှမ်းတိုင်းရင်းသားအကအဖွဲ့များပါဝင်၍ အသင်းအဖွဲ့များအလိုက် ပါကပြဖျော်ဖြေကြလျက်ရှိကြောင်း သိရသည်။ အဆိုပါရေပွဲကျင်းပချိန်တွင် ရွှေကျင်ချောင်းအတွင်း ကပြဖျော်ဖြေရေးအဖွဲ့များ၏ စက်လှေများ၊ လာရောက်လည်ပတ်ကြသူများ၏စက်လှေများ အပါအဝင် စက်လှေအစင်းပေါင်း ၅၀ ကျော်ဖြင့် သွားလာလျက်ရှိကြောင်း သိရသည်။
crd***Eleven
#JBT | 186 |
| 8 | ရွှေကျင်မြို့တွင် ၁၇၅ ကြိမ်မြောက် သီတင်းကျွတ်မီးမျှောပူဇော်ပွဲ၏ ရေပွဲကျင်းပ
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻 | 273 |
| 9 | ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုရန်မှ ဆော်ဒီအာရေဗျနိုင်ငံကို ကာကွယ်ပေးရန် အီဂျစ်သမ္မတ အယ်လ်စီစီ၏ တောင်းဆိုချက်အရ စစ်ရေးအကူအညီပေးရေးကို အောက်တိုဘာ ၂၆ ရက်တွင် အီဂျစ်လွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်သည်။
အီဂျစ်အောက်လွှတ်တော်သည် ဆော်ဒီကို အကူအညီပေးရန် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ခွင့်ကို သမ္မတစီစီအား ပေးအပ်ရန် ထောက်ခံမဲ သုံးပုံနှစ်ပုံကျော်ဖြင့် အတည်ပြုခဲ့ကြောင်း လွှတ်တော်ကထုတ်ပြန်သည်။
ရီယာ့ဒ်မြို့၏လုံခြုံရေး ခြိမ်းခြောက်ခံနေရချိန် အီဂျစ်အစိုးရအနေဖြင့် ဘေးမှကြည့်နေရန် မဖြစ်နိုင်ကြောင်း သမ္မတစီစီက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့ကာ စီစီကို ထောက်ခံသူအများစု ပါဝင်သည့် လွှတ်တော်တွင် ထိုအရေးနှင့်ပတ်သက်၍ ရှားရှားပါးပါး လျှို့ဝှက်အစည်းအဝေးသုံးကြိမ် ပြုလုပ်ခဲ့သည်။
အာရပ်ကမ္ဘာ၏ အင်အားအကြီးဆုံး စစ်တပ်ရှိရာ အီဂျစ်က ဆော်ဒီကို မည်သည့်ပုံစံဖြင့် ကာကွယ်ရေးအကူအညီများပေးမည်ကို သေချာမသိရသေးပေ။ အီဂျစ်စစ်တပ်တွင် အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များလည်း ရှိပြီး ယင်းစစ်လက်နက်ပစ္စည်းများကို အမေရိကန်၊ တရုတ်၊ ပြင်သစ်နှင့် ရုရှားအပါအဝင် နိုင်ငံများထံမှ ရယူထားခြင်းဖြစ်သည်။ | 188 |
| 10 | ဟူသီရန်မှ ကာကွယ်ရန် ဆော်ဒီအာရေဗျကို စစ်ရေးအကူအညီပေးရေး အီဂျစ်လွှတ်တော် ခွင့်ပြု
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻 | 191 |
| 11 | ချစ်စရာ ပြည်သူ့သားကောင်း ပစလေးတွေ ❤️
crd***News
#JBT | 524 |
| 12 | ဗန်းမော်မြေမှာ kia - pdf စခန်းအား သိမ်းဆည်းခြင်း
crd***News
#JBT | 492 |
| 13 | မိုးကုတ်မြို့ရဲ့ သီတင်းကျွတ်လပြည့်နေ့မြင်ကွင်း
😊😊😊
crd***News
#JBT | 473 |
| 14 | ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှု သတိပေးချက်များ ယူကရိန်းကို အမေရိကန် အပြည့်အဝပြန်ပေး။
ယူကရိန်းလေကြောင်း ကာကွယ်ရေးအတွက် အရေးပါသည့် ရုရှားတို့၏ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုများ ဝင်ရောက်လာကြောင်း အမေရိကန်ထံမှ သတိပေးချက်များ အပြည့်အဝ ပြန်လည်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောကြားသည်။
crd***News
#JBT | 462 |
| 15 | ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၆၀,၀၀၀ ခန့်ကို ဆန္ဒအလျောက် အလုပ်မှထွက်ခွာရေး အစီအစဉ် (voluntary buyout)ကို Microsoft ကုမ္ပဏီက ကမ်းလှမ်းကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်းစုစုပေါင်းရဲ့ လေးပုံတစ်ပုံကျော် ရှိပါတယ်။ နည်းပညာကုမ္ပဏီကြီး Microsoft ဟာ ကုန်ကျစရိတ်တွေကို ထိန်းချုပ်ဖို့နဲ့ ဉာဏ်ရည်တု (AI) နည်းပညာအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတဲ့ အသုံးစရိတ်တွေကို ကာမိစေဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
ဒီအစီအစဉ်မှာ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီရဲ့ ဌာနအမျိုးမျိုးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ ပါဝငမှာဖြစ်ပါတယ်။ AI အတွေ့အကြုံဆိုင်ရာ လုပ်ငန်းအဖွဲ့တွေ၊ Copilot၊ ဘဏ္ဍာရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ Xbox နဲ့ Windows + Devices အဖွဲ့တွေမှာ အလုပ်လုပ်နေသူတွေလည်း ပါဝင်တယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။ အဲဒီသူက ဒီကိစ္စဟာ လျှို့ဝှက်ထားရမယ့် အကြောင်းအရာဖြစ်တဲ့အတွက် အမည်မဖော်လိုကြောင်း တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ Marketing ဌာန၊ စီးပွားရေးဖောက်သည်တွေနဲ့ သက်ဆိုင်တဲ့ Commercial Business အဖွဲ့နဲ့ လုံခြုံရေးဌာနတို့လို အဖွဲ့တွေကိုတော့ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အဲဒီသတင်းရင်းမြစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Microsoft ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကြီးအကဲ Amy Coleman က ဝန်ထမ်းတွေထံ ပေးပို့တဲ့ အတွင်းရေးမှတ်တမ်းမှာ အခုလို ရေးသားထားပါတယ်။ “ဒီအစီအစဉ်ဟာ ကုမ္ပဏီပြင်ပမှာ အနာဂတ်ကို ဆက်လက်တည်ဆောက်ဖို့ စဉ်းစားနေကြတဲ့ အကျုံးဝင်ဝန်ထမ်းတွေအတွက် အထောက်အပံ့တွေနဲ့အတူ အခုအချိန်မှာ အလုပ်ကနေ ထွက်ခွာနိုင်မယ့် ရွေးချယ်စရာအသစ်တစ်ခုကို ပေးအပ်တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီအစီအစဉ်မှာ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့တွေအနေနဲ့ ပြောင်းလဲလာနေတဲ့ လိုအပ်ချက်တွေနဲ့အညီ မိမိတို့ရဲ့ ဝန်ထမ်းအင်အားကို ပြန်လည်ပြင်ဆင်ညှိနှိုင်းနိုင်ဖို့ နည်းလမ်းတစ်ခု ထပ်မံရရှိစေမှာ ဖြစ်ပါတယ်။”
အခြားနည်းပညာကုမ္ပဏီကြီးတွေနည်းတူ Microsoft ဟာ AI ဒေတာစင်တာတွေနဲ့ ကွန်ပျူတာချစ်ပ်တွေအတွက် ဒေါ်လာဘီလီယံ ရာနဲ့ချီပြီး သုံးစွဲနေပါတယ်။ ဒီလို အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကုန်ကျစရိတ်နဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ပြန်လည်ရရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းအပေါ် ရင်းနှီးမြှုပ်နှံသူတွေက စိစစ်မေးခွန်းထုတ်လာကြပါတယ်။
ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ Microsoft မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ကမ္ဘာတစ်ဝန်း အချိန်ပြည့်ဝန်ထမ်း ၂၂၃,၀၀၀ ရှိခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းမှာလည်း Microsoft ဟာ အမေရိကန်နိုင်ငံရှိ ဝန်ထမ်းအင်အားရဲ့ ၇ ရာခိုင်နှုန်းခန့်၊ တစ်နည်းအားဖြင့် ဝန်ထမ်း ၉,၀၀၀ ခန့်ကို ဆန္ဒအလျောက် အလုပ်မှထွက်ခွာရေး အစီအစဉ်တစ်ခု ကမ်းလှမ်းခဲ့ဖူးပါတယ်။
ဇူလိုင်လမှာလည်း Microsoft က အလုပ်အကိုင် ၄,၈၀၀ ကို လျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်းစုစုပေါင်းရဲ့ ၂.၁ ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Microsoft ဟာ Xbox ဂိမ်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဂိမ်းစတူဒီယို ၅ ခုအထိ ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီလုပ်ငန်းအပိုင်းမှာ နှစ်ပေါင်းများစွာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုကနေ ရရှိတဲ့ အကျိုးအမြတ်ကို ပိုမိုတိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။
Microsoft က တနင်္လာနေ့မှာ ထပ်မံပြောကြားရာမှာတော့ အခုအစီအစဉ်ကို ကနေဒါ၊ အိန္ဒိယ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ရှိ ပါဝင်ခွင့်သတ်မှတ်ထားတဲ့ လုပ်ငန်းအဖွဲ့တွေက အဆင့် ၇၀ နဲ့ အဲဒီအောက် အဆင့်ရှိ ဝန်ထမ်းတွေကို ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီအစီအစဉ်ဟာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာသာ လျှောက်ထားနိုင်မယ့် ဆန္ဒအလျောက် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က ဆောင်ရွက်ခဲ့တဲ့ ဆန္ဒအလျောက် အငြိမ်းစားယူရေး အစီအစဉ်ကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။
အကျုံးဝင်တဲ့ ဝန်ထမ်းတွေဟာ ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို နောက်နာရီအနည်းငယ်အတွင်း လက်ခံရရှိကြမယ်လို့ ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
crd***News
#JBT | 388 |
| 16 | ကုန်ကျစရိတ်တွေကို ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ဝန်ထမ်း ၆၀,၀၀၀ ခန့်ကို ဆန္ဒအလျောက် အလုပ်မှထွက်ခွာရေး အစီအစဉ် Microsoft ကမ်းလှမ်း
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻 | 363 |
| 17 | အခုလတ်တလော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းမှာရှိတဲ့ ငပြီကျွန်းဟာ AA အဖွဲ့ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ နေရာတစ်ခုဖြစ်လာတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ငပြီကျွန်းကို “ငပြီတစ်ကျွန်း” ဆိုပြီး ခေတ်စားခေါ်ဝေါ်နေကြတယ်လို့လည်း ဆိုပါတယ်။ အကြောင်းရင်းကတော့ အဲဒီကျွန်းကို ပို့ဆောင်ခံရသူတွေဟာ တပ်မတော်ရဲ့ အမြောက်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီး တစ်ကျွန်းပို့ခံရသူတွေလိုပဲ ပြန်လမ်းမရှိတော့ဘူးလို့ ခံစားနေကြရတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
AA တပ်ဖွဲ့ဝင်တစ်ဦးကလည်း ငပြီကျွန်းနဲ့ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။
“စစ်တပ်က ငပြီကျွန်းကို သိမ်းမယ်ဆိုရင် သိမ်းလို့ရတယ်လို့ ကျွန်တော်တို့ဘက်က ယူဆကြပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ မသိမ်းသေးတာက ကျွန်တော်တို့ဘက်က အင်အားတွေ ထပ်ပို့နေတာကို စောင့်ကြည့်ပြီး တိုက်ခိုက်နေတာလို့ ခံစားရပါတယ်။
သူတို့ဘက်က ဒရုန်းတွေနဲ့ နေ့ရောညပါ ကင်းထောက်နေပြီး လေယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်မှာ သေဆုံးမှုတွေ များလာတယ်။ ငပြီကျွန်းကို သူတို့ရဲ့ သတ်ကွင်းကြီးတစ်ခုလို ထားထားတယ်လို့တောင် ပြောလို့ရပါတယ်။
အင်အားတွေ ထပ်ပို့ရင်လည်း ထပ်ပြီး ဆုံးရှုံးဖို့ပဲ ရှိတယ်လို့ မြင်လာကြတယ်။ အခုဆို ငပြီကျွန်းကို သွားရမယ်လို့ ပြောလိုက်တာနဲ့ အများစုက ကြောက်နေကြပါပြီ။ သေဆုံးနိုင်တယ်ဆိုတာ သိသိကြီးနဲ့ သွားရမယ့်အခြေအနေမျိုး ဖြစ်နေတယ်။
အဲဒီကို အများဆုံး ပို့ဆောင်ခံရသူတွေကတော့ လူသစ်တွေပါ။ ခေါင်းဆောင်အချို့တောင် ငပြီကျွန်းကို မသွားရဖို့အတွက် အထက်ပိုင်းတာဝန်ရှိသူတွေကို လာဘ်ပေးတာ၊ လက်ဆောင်ပဏ္ဏာပေးပြီး ရှောင်လွှဲဖို့ ကြိုးစားတာမျိုးတွေ ရှိနေပါတယ်” လို့ အဲဒီတပ်ဖွဲ့ဝင်က ဆက်သွယ်ပြောကြားထားပါတယ်။
ဒီပြောဆိုချက်တွေအရ ငပြီကျွန်းဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခုသာမကဘဲ အောက်ခြေ AA တပ်ဖွဲ့ဝင်တွေကြားမှာ အသက်အန္တရာယ်အပေါ် စိုးရိမ်မှုတွေ၊ တာဝန်ထမ်းဆောင်ရမယ့်အပေါ် ကြောက်ရွံ့မှုတွေနဲ့ အထက်အောက်ပိုင်းကြား မညီမျှမှုတွေ ရှိနေတဲ့ နေရာတစ်ခုလည်း ဖြစ်လာနေပါတယ်။
crd***combat news
#JBT | 439 |
| 18 | ငပြီကျွန်းကို ဘာကြောင့် “ငပြီတစ်ကျွန်း” လို့ ခေါ်နေကြတာလဲ။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻 | 431 |
| 19 | ၂၀၂၆ ခုနှစ် ဘလွန်းဒီအောဆုကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ဆွတ်ခူး
လန်ဒန်၊ အောက်တိုဘာ ၂၇
၂၀၂၆ ခုနှစ်အတွက် အမျိုးသား ဘလွန်းဒီအော (Ballon d'Or) ဆုကို အင်္ဂလန်အသင်းခေါင်းဆောင်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း (Harry Kane) က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေ (Kylian Mbappé) နှင့် ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမင်းယာမားလ် (Lamine Yamal) တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့သည်။
(၇၀) ကြိမ်မြောက် ဘလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာ ၂၆ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ London Palladium ပြဇာတ်ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟာရီကိန်းသည် ၂၀၀၁ ခုနှစ်တွင် မိုက်ကယ်အိုဝင် (Michael Owen) ဆုရရှိခဲ့ပြီးနောက် ၂၅ နှစ်အတွင်း ဘလွန်းဒီအောဆုကို ပထမဆုံး ပြန်လည်ဆွတ်ခူးနိုင်သည့် အင်္ဂလန်ကစားသမား ဖြစ်လာခဲ့သည်။
အသက် ၃၃ နှစ်အရွယ် ဟာရီကိန်းသည် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ၆၅ ပွဲကစားကာ ၇၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
crd***News
#JBT | 589 |
| 20 | ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနေပြီး ၎င်း၏အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။
crd***News
#JBT | 520 |
