Sin datos
Suscriptores
Sin datos24 horas
-15 1777 días
-15 71830 días
Archivo de publicaciones
Romance in the House (2024)
******************************
ဒီတစ်ခေါက်မှာတော့ ဝါရင့်မင်းသား မင်းသမီးတွေဖြစ်တဲ့ Ji Jin-hee, Kim Jee-s00,
Son Na-eun၊ Choi Min-ho တို့နဲ့ အတူ အခြားဇာတ်ပို့ဇာတ်ရံများစွာပါဝင်ထားတဲ့
မိသားစုကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း..
Byeon Mu-Jin နဲ့ တို့ Geum Ye-Yeon တို့ဟာ လက်ထပ်ပြီး သားသမီးနှစ်ယောက်ဖွားမြင်ခဲ့ပေမဲ့
လက်ထပ်ပြီးနောက် ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်တဲ့ ခင်ပွန်းဖြစ်သူ Mu-Jin ကို
Ye-Yeon တို့ သားအမိတွေဟာ စိတ်ပျက်ပြီး စွန့်ပစ်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၁နှစ်အကြာ သားသမီးတွေကလည်း အရွယ်ရောက်လာပြီး သမီးအကြီးဖြစ်သူကတော့
Shopping Mall တစ်ခုရဲ့ MD အဖြစ်နဲ့လုပ်ကိုင်ကာ မိသားစုရဲ့ စားဝတ်နေရေးကို ရှေ့ကနေ ဦးဆောင်ပြီး
မိခင်ဖြစ်သူ မှီခိုအားထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့သူဖြစ်လာသလောက် သားဖြစ်သူကတော့
အဖေတူသားပီပီ အခုထိကို မိသားစုအတွက် ပြဿနာတွေ ရှာကောင်းဆဲပါ။
အဲဒီလိုနဲ့ တစ်နေ့မှာတော့ Mu-Jin ဟာ အေးချမ်းနေတဲ့ Ye-Yeon တို့
သားအမိတွေရှေ့ကို ပေါ်လာပါတော့တယ်။
ဒါပေမဲ့လည်း အရင်ကလို အရှုံးသမားမဟုတ်တော့ဘဲ သူတို့မိသားစုနေထိုင်တဲ့
ဗီလာရဲ့ ပိုင်ရှင်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
အဲဒီနောက်မှာတော့ ဇနီးဟောင်းအနားကို ပြန်လည်ချဉ်းကပ်ပြီး ပြန်ပေါင်းထုတ်ဖို့ ကြိုးစားနေတဲ့ ဖခင်နဲ့
အဖေကို ခါးခါးသီးသီးဆန့်ကျင်နေတဲ့ သမီး ၊ အဖေနဲ့ တစ်ဖက်တည်းဖြစ်တဲ့ သားတို့ ကြားထဲက
မိသားစုပြဿနာလေးတွေကို ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုသွားရမှာဖြစ်ပါတယ်။
(အညွှန်းကိုတော့ Yati Naing မှ ရေးသားထားပါတယ်။)
Aired: Aug 10, 2024 - ?
Aired On: Saturday, Sunday
Genres: Romance, Drama, Family, Melodrama
Episodes: 12
Original Network: jTBC
Translated by Yati Esth, Zuri Theint, Yupar Alice & Zoronoa
Encoded by Tiff
