cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

BGF Army

ပိုင်နက်နယ်ခြားစောင့်ရှောက်ကာကွယ်

Mostrar más
Publicaciones publicitarias
577
Suscriptores
+3324 horas
+417 días
+4130 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ကျမတို့အိမ်လနကကြအကိုကြီးပေါင်ထိသွားတယ် မနက်ဖြန်မှာဓတ်မှန်ရိုက်ရမယ်သွေးကြောမထိ ပါစေနဲ့လိုဆုတောင်းပါတယ် ကျမနဲ့အဖေဘာမှာ မဖြစ်ပါဘူးမိုးကုတ်သူမိုးကုတ်သားများဘေးကင်း ပါစေ🙏🙏🙏 crd #BGFArmy
Mostrar todo...
👍 7😢 5
မြဝတီလမ်းအခြေနေလေးပါ။ #BGFArmy
Mostrar todo...
😢 6😱 1
Photo unavailableShow in Telegram
မင်္ဂလာနံနက်ခင်းပါ ဝေးနေနီးနေချစ်မိတ်ဆွေ ချမ်းသာကိုယ် စိတ်မြဲပါစေ ကိုယ်ကျင့်သီလ မြတ်ဒါန ပြည့်ဝ ကိုယ် ၌တည်ပါစေ လိုတိုင်းတတိုင်း အချိန်မဆိုင်း ကောင်းကျိုးမှန်ရာရကြပါစေ... ပို့ သမေတ္တာ စမ်းရေပမာ အေးမြချမ်းသာရှိပါစေ မြန်ပြည်တစ်ဝှမ်း ဘေးမသန်း ငြိမ်းချမ်းကြပါစေ... #BGFArmy
Mostrar todo...
🙏 15 4
ဘယ်သူက အိမ်နီးချင်းကောင်းလဲ 🇮🇳 အိန္ဒိယနယ်စပ်မှာ သူပုန်တွေစုဖွဲ့လို့မရဘူး။ အိန္ဒိယကနေ လက်နက်သွင်းလို့မရဘူး။ အိန္ဒိယကနေပြီး အကြမ်းဖက်လို့မရဘူး..အနည်းအကျဥ်းရှိကောင်းရှိမယ်..ဒါပေမဲ့ အိန္ဒိယနယ်စပ်ငြိမ်းချမ်းတယ်။ 🇧🇩 ဘင်္ဂလားဒေ့ရှ်..ဘင်္ဂလီပြဿနာရှိပေမဲ့ AA ကိုတော့ အားပေးအားမြှောက်မလုပ်ဘူး။ အရင်တုန်းက နယ်စပ်မှာ proxy ပုံစံနဲ့နေရာပေးဖူးတယ်။ ဒါပေမဲ့ အဆင်မပြေလို့မောင်းထုတ်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်လည်း စိတ်ပူစရာမလိုဘူး။ 🇱🇦 လာအိုနယ်စပ်နဲ့ နယ်ထဲမှာ သူပုန်မနေနိုင်ဘူး 🇹🇭 ထိုင်းက စီးပွားရေးပဲနားလည်တယ်။ လက်နက်ရောင်းချင်ရောင်းမယ်။ နေခွင့်ယာယီ​ပေးတယ်ဆိုပေမဲ့ သူပုန်တွေ စိတ်ချလက်ချအိပ်လို့မရတဲ့နိုင်ငံထဲမှာ ထိုင်းလည်းပါတယ်။ KNU ကလွဲပြီး ကျန်တာ အာရုံမထားဘူး။ သူလည်း မြန်မာနိုင်ငံကို ဆိုးဆိုးဝါးဝါးမလုပ်ဘူး။ 🇨🇳 တရုတ်...မြန်မာပြည်မြောက်ဖျားကနေ မြေပုံတစ်ဝက်အထိ တရုတ်နဲ့ကင်းတဲ့ သူပုန်မရှိဘူး။ စစ်ပွဲတွေဖြစ်တာကလည်း တရုတ်နဲ့တရုတ်မဟာမိတ်တွေတိုက်တာများတယ်။ AA,TNLA,MNDA နောက်မှာ KIA နဲ့ UWSA ရှိတယ်။ သူတို့နောက်မှာ တရုတ်ရှိတယ်။ အဲဒါကြောင့် အမေရိကန်က နွေဦးတော်လှန်ရေး လက်နက်ကိုင်လမ်းစဥ်ကို မကြိုက်တာ။ တရုတ်သာ တခြားအိမ်နီးချင်းတွေလို ကျင့်ရင် မြန်မာနိုင်ငံအေးချမ်းတာကြာပြီ။ မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းဆို အထက်ပိုင်းက သယံဇာတပိုများတယ်။ မငြိမ်းချမ်း၊ လက်နက်ဖိုးငွေလို ရှိတာတွေ တရုတ်ထုတ်ရောင်း..အကုန်ပျက်စီးကိန်းဆိုက်တာပဲ။ တရုတ်က လာတိုက်စရာမလိုဘူး။ ရန်တိုက်ပေးနေရင်းကို အကျိုးအမြတ်အရမ်းရနေတာ..အိမ်နီးချင်းဆိုးပါ #BGFArmy
Mostrar todo...
💯 11👍 7
မဖတ်ရသေးသူများအတွက်... ... (၁၀) ရက်မြောက်နေ့ မှတ်တမ်း 🍁 မြောက်ပိုင်းသူပုန်သုံးဖွဲ့အပါအဝင် သူပုန်အဖွဲ့ပေါင်းစုံရောနှောနေတဲ့ တပ်ပေါင်းစုက ရမခ အခြေစိုက်တဲ့ လားရှိုးမြို့ကို တိုက်ခိုက်နေတာဟာ (၁၃.၇.၂၀၂၄) ဆိုရင် ဆယ်ရက်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဟုတ်တိပတ်တိ ထိုးစစ်မဆင်နိုင်တဲ့ သူပုန်တွေရဲ့ ရှော့တိုက်ဒုံးတွေကတော့ ကြာလေဆိုးလေဖြစ်လာပါတယ်။ စစ်တပ်တွေရဲ့ Jammer တွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်တယ်လို့ အကြမ်းဖျဉ်းယူဆရတဲ့ ရှော့တိုက်ဒုံးတွေကြောင့် အရပ်ဖက်နေရာတွေနဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ တစ်ကြိမ်မှာဆိုရင် ရှော့တိုက်ဒုံးကြောင့် အမျိုးသမီးနှစ်ဦးနဲ့ကလေးတစ်ဦး အပါအဝင် အရပ်သားသုံးဦး ပွဲချင်းပြီးသေဆုံးပြီး သေဆုံးသူ ဆယ့်သုံးဦးထိရှိခဲ့ပါတယ်။ (၁၂.၇.၂၀၂၄) ညနေပိုင်းက တိုက်ခိုက်မှုမှာလည်း အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းက ဒုကျောင်းအုပ်အပါ သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ စစ်ဘက်နဲ့ ဘာမှမဆိုင်တဲ့ အရပ်သားသေဆုံးမှုတွေ အဆမတန် များလာမှု၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ်ထိခိုက်မှုတွေ နေ့စဉ်နဲ့အမျှ တိုးလာမှုအတွက် လားရှိုးမြို့ခံပြည်သူတွေက သူပုန်တွေကို စိတ်ပျက်နာကြည်းလျှက်ရှိပါတယ်။ ရှော့တိုက်ဒုံးတွေကို ထိန်းချုပ်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ အရေးကြီးနေပါပြီ။ သူပုန်တွေနဲ့ပတ်သက်ပြီးပြောရရင် - ၁။ မြို့သိမ်းတိုက်ပွဲ - မြို့သိမ်းတိုက်ပွဲဆိုတာ ဘာ မြို့မှသိမ်းတာမဟုတ်ပါဘူး။ မြို့ခံတွေရှောင်သွားလို့ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ဝင်ဖောက်တာပါ။ အိမ်ကြီးအိမ်ကောင်းမှန်ရင် ချိတ်ပိတ်တာပါ။ ဖင်ပူအောင် ထိုင်လို့ရရင် မဆံ့နင်းကန် ပိုက်ဆံတောင်းတာပါ။ ဘဏ်ဖောက်ပြီး သိန်းသောင်းချီရသွားတာကို အရသာတွေ့နေတဲ့ ဆေးသမား ဓားပြအုပ်စုသာသာပါ။ ဘာ ဂုဏ်သိက္ခာမှမရှိဘူး။ ၂။ စစ်ရေး သူပုန်နားလည်တဲ့ စစ်ရေးဆိုတာ ဆေးကျွေးထားတဲ့လူအုပ်နဲ့ အဆမတန် တက်တက်လုံးတာမျိုး၊ ဆေးဖြန်းဒရုန်းနဲ့ ဒရော့ဗုံးချတာမျိုး၊ မြို့ထဲကို ရှော့တိုက်ဒုံးနဲ့ စွတ်ထုတာမျိုးပါ။ ဘာစစ်ဗျူဟာမှ မရှိတဲ့လူတွေကို ခံစစ်ထိုင်နေရတာ စိတ်မကုန်ဘူးလား။ ဒရုန်းမပါရင် ဘာမှမလုပ်တတ်လို့ တပ်က Jammer ကို မှန်းထုနေရတဲ့လူတွေကို ခံစစ်သေထိုင်နေတော့ ခက်တာပေါ့။ ၃။ သူပုန်များကြားက Agreement လွန်ခဲ့တဲ့ရက်တွေက တန့်ယန်းကို ဝ တပ်တွေ ဝင်လာပါတယ်။ ဝ တပ်တွေဝင်လာရတဲ့ အကြောင်းအရင်းကိုလည်း အမျိုးမျိုးယူဆနေကြတာရှိပါတယ်။ တပ်မတော်အတွက် စစ်ကူလာတာ - ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး ကျန်တဲ့ယူဆချက်တွေက ဖြစ်နိုင်ချေရှိပါတယ်။ မြောက်သုံးကောင်အနေနဲ့ လားရှိုးကိုဝင်တိုက်ဖို့ဆိုရင် သူတို့ရဲ့ ဌာနချုပ်တွေဟာ စစ်တပ် လက်လှမ်းမမီရာနေရာလို့ သူပုန်တွေယုံကြည်ရတဲ့ နေရာတစ်ခုမှာ ရှိနေနိုင်ပါတယ်။ ဝ ဟာ စစ်ရေးကို ကြားဝင်ဖို့မဟုတ်သလို မြောက်သုံးကောင်ကို ဝင်ဟန့်ဖို့လည်း မဟုတ်ပါဘူး။ ဝ ရောက်လာပြီးတဲ့နောက်မှာတောင် လားရှိုးမှာ တိုက်ပွဲတွေအကြီးအကျယ် ဆက်ဖြစ်နေတာပါ။ ပိုတောင်ဆိုးလာတယ်လို့မြင်ပါတယ်။ ဝ ထက်ပို ကြောက်စရာကောင်းတဲ့ ဘော့စ်ရဲ့ ကြာပွတ်ဒဏ်ကြောင့် မြောက်သုံးကောင်ဟာ လားရှိုးကို ပိုပြီး မည်းပြီး ဖိတိုက်လာပါတယ်။ ရှော့တိုက်ဒုံးတွေ ပိုပြီးပစ်လာပါတယ်။ လက်နက်ကြီးတွေပါ ပါလာကောင်း ပါလာနိုင်ပါတယ်။ ဒီတော့ အချုပ်အားဖြင့်ပြောရရင် - - ရှမ်းမြောက် စစ်ရေးက အရှိန်မြင့်လာပါတယ်။ ဝ ကို BGF လို သုံးလို့မရပါဘူး။ မရဖို့များပါတယ်။ လားရှိုးသာ တစ်ခုခုဖြစ်ရင် ဆုံးရှုံးမှုကြီးမှာမို့ လားရှိုးသည်လည်း မြဝတီလို အရေးပါတယ် လို့ ထောက်ပြလိုပါတယ်။ - စစ်ရှောင်ပြည်သူတွေ၊ မြို့ခံတွေတော့ ငါးလုံးဖြစ်စေ၊ လေးလုံးဖြစ်စေ၊ သုညဖြစ်စေ ဘယ်သူပုန်လက်အောက်မှာမှ နေဖို့ဆန္ဒမရှိပါဘူး။ ပေါ်တာဆွဲခံရတာကိုလည်း ကျေနပ်မနေပါဘူး။ - ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ကာကွယ်ရေးဘတ်ဂျက် အသုံးစရိတ် အများဆုံးယူထားတဲ့ တပ်မတော်ကြီးဟာ အခွန်ထမ်းပြည်သူတွေအပေါ် တာဝန်ကျေမယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးမယ်လို့ ယုံကြည်ပါတယ်။ - တပ်မတော်သားတွေ သစ္စာဆိုရတဲ့ သစ္စာလေးချက်ကို စောင့်သိရိုသေတဲ့ တပ်မတော်သား တစ်ဦးချင်းစီကို ကျွန်တော်တို့ ကျေးဇူးတင်စွာ ဦးညွှတ်အလေးပြုပါတယ်။ သူပုန်တွေကြောင့် ထိခိုက်ရသမျှ၊ သစ္စာဖောက်တွေကြောင့် ဆုံးရှုံးရသမျှကိုလည်း မှတ်တမ်းတင်ထားပါတယ်။ လားရှိုးမြို့ကို ဘယ်သူပုန်လက်ထဲမှ အကျမခံပါနဲ့။ ကျွန်တော်တို့ပြည်သူတွေ လူကြီးမင်းတို့ကို အခွန်ဆောင်ပြီး လစာပေးထားတာက တိုင်းပြည်နဲ့ ပြည်သူကို စောင့်ရှောက်ကာကွယ်ဖို့ပါ။ တပ်မတော်ကြီး အနိုင်ရပါစေ။ တရားသောစစ် အောင်ပါစေ... #BGFArmy
Mostrar todo...
👍 12 5
Photo unavailableShow in Telegram
ထိုင်းအစိုးရ ထံ သံရုံးများမှ ချိတ်ဆက်ပြီး ထိုင်းဘဏ် တွေကို အဲ့ကောင်မ ရဲ့ ထိုင်းဘဏ်အကောင့်တွေကို ပိတ်ဖို့ ဆောင်ရွက်သင့်ပါသည်။ ထိုင်းဘဏ်မှာငွေအပ်ထားပြီး အကြမ်းဖက်အားပေး ကရင်မ မိမိုး သူ့ဘဏ်အကောင့်ပြပြီးအလှူခံနေတာ ထိုင်းဘက်ကိုချိတ်ပြီး ဘဏ်အကောင့်ပိတ်လို့မရဘူးလားဗျ။ တိုင်းပြည်၏ အန္တရာယ် ဖြစ်ပါသည်။ တာဝန်ရှိသူများသာ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဖော်ထုတ်ပေးဖို့က ကျွန်တော်တို့တာဝန်ပါ။ #BGFArmy
Mostrar todo...
👍 7🫡 2
လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ ဒေသတွင်း ပဋိပက္ခများအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဒေသအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။ လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလို လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကိုလည်း ဒေသအာဏာပိုင်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ ထို့ပြင် ဒေသအာဏာပိုင်များသည် ကယားပြည်နယ်အစိုးရ အဖွဲ့ (၅)ထပ် ဧည့်ရိပ်သာသို့ သွားရောက်၍ ပျက်ဆီးခဲ့သည့် နိုင်ငံပိုင်ပရိဘောဂပစ္စည်းများနှင့် ဧည့်ရိပ်သာအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အားပေးစကားပြောကြားကာ ပျက်ဆီးဆုံးရှုံးခဲ့ရမှုများ စနစ်တကျမှတ်တမ်းတင်ခြင်း၊ ဆယ်တင်ပစ္စည်းများပြန်လည်စိစစ်ခြင်းနှင့် ဧည့်ရိပ်သာအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နည်းတူ ကယားပြည်နယ် အမျိုးသားယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ခဲ့ပြီး ‌ ပြတိုက်အတွင်းရှိ ဖျက်စီးခံခဲ့ရသော ရှေးဟောင်းအမွေအနှစ်များ၊ ကယားမျိုးနွယ်စုပြခန်း၊ ရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာတူရိယာပြခန်း၊ ကယားပြည်နယ် သမိုင်းဝင်မှတ်တမ်းနှင့် စော်ဘွားပြခန်းတို့အား အာဏာပိုင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကယားပြည်နယ်၌ ပျက်စီးဆုံးရှုံးသွားသောနေရာများကို ပြန်လည်တည်ထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကာ လျှပ်စစ်မီးပြန်လည်ရရှိရေးအပါအဝင် အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်နေကြောင်း သိရသည်။ #BGFArmy
Mostrar todo...
👍 8
#BGFArmy
Mostrar todo...
#Latest_News အောင်လံတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု​ကြောင့် ​ရေဘေးလွတ်ရာသို့ ​ရွှေ့​ပြောင်း​​နေထိုင်ရ ​အောင်လံ၊ ဇူလိုင် ၁၃ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ဇူလိုင် ၁၂ ရက်၊ နံနက် ၁၀ နာရီက စတင်ပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှု​ကြောင့် ​မြေအနိမ့်ပိုင်း ရပ်ကွက်များ၌ နေထိုင်သူများအား ရေ​ဘေးလွတ်ရာသို့ ​ရွှေ့​ပြောင်း​ပေးခဲ့ရ​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။ "​အောင်လံမြို့နယ်မှာ ဧရာဝတီမြစ်​ရေ မြင့်တက်လာလို့ အိမ်ထောင်စု ၁၀၀ ​ကျော်​လောက်ကို ရေဘေးလွတ်ရာ နေရာတွေကို ​ရွှေ့ပြောင်းပေးလိုက်ရပါတယ်"ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက SKY Daily သို့ ​​ပြောသည်။ အဆိုပါ ​အောင်လံမြို့နယ်ရှိ မြေအနိမ့်ပိုင်း​ ရပ်ကွက်တွင် ​နေထိုင်သူ အိမ်​ထောင်စု ၁၀၀ ​ကျော်ခန့်သည် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု​ကြောင့် ​ရေ​ဘေးလွတ်ရာ ဘုန်း​တော်ကြီး​ကျောင်း၊ ကုသိနာရုံ ဘုရားကြီးတန်ဆောင်းနှင့် ဇာတ်ရုံအတွင်းသို့ ​ခေတ္တ ​ရွှေ့ပြောင်းနေထိုင်ရ​ကြောင်း သိရသည်။ ထို့သို့ ​အောင်လံမြို့နယ်၊ အနိမ့်ပိုင်း​ရပ်ကွက် ဧရာဝတီ မြစ်ကမ်းအနီး နေထိုင်သူများအား ရေဘေးလွတ်ရာ​နေရာများသို့ ​ရွှေ့​ပြောင်း​နေထိုင်နိုင်​ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ​ဒေသလူမှုကူညီ​ရေးအသင်းများက ကူညီ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။ မ​ကွေးတိုင်း​ဒေသကြီး၊ အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် (ယ​နေ့) ဇူလိုင် ၁၃ ရက်၊ နံနက် ၆ နာရီခွဲထိ တိုင်းထွာချက်အရ ၂၄၈၈ စင်တီ မီတာကို ရောက်ရှိနေ​ကြောင်း သိရသည်။ ထို့အတူ နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ် ၂၅၅၀ စင်တီမီတာကို ရောက်ရှိနိုင်​ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၃ ရက်၊ ​နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Mostrar todo...
👍 6
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.