cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Kalaw Township Media

ကလောမြို့နယ်အတွင်းရှိ သတင်းများအား တတ်နိုင်သမျှ အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားပါမည်။

Mostrar más
BirmaniaBirmanoLa categoría no está especificada
Publicaciones publicitarias
4 468
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ကျေးဇူးပါကလော... တန်ဆောင်တိုင်ဆိုတာ ကလောသူကလောသားတွေအတွက်တော့ လုံးဝဖျက်လို့ဖျောက်လို့မရတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ကျင်းပခဲ့ရတဲ့ ဒီပွဲတော်ကြီးဟာ COVID-19 ဆိုတဲ့ ကပ်ရောဂါကြီးပေါ်လာကတည်းက ပွဲလည်းပျက်ရတော့တာပါပဲ။ ဒီလိုနဲ့ ကိုဗစ်ကြီးပြီးရင်တော့ ငါတို့တွေပွဲပြန်လုပ်ကြမယ် မပျော်ခဲ့ရတဲ့နှစ်အတွက် အတိုးချပျော်ကြမယ်ဆိုပြီး အားခဲထားခဲ့ကြတယ်။ အဲဒီမှာဇာတ်လမ်းကစတော့တာပဲ။ ကပ်ရောဂါကြောင့်ချွတ်ခြုံကျစပြုနေတဲ့တိုင်းပြည်ဟာ ပြန်လည်နလံထူစရှိသေး နလပိန်းတုံးတစ်ကောင်ကြောင့် ချောက်ထဲပါကျခဲ့ရတယ်။ အဘက်ဘက်ကနေပြန်တည်ဆောက်ဖို့လိုနေတဲ့အချိန်ကျမှ တစ်ခါပြန်ပြီး မသမာသူအုပ်စုရဲ့လက်အောက်ကို ကျရောက်ခဲ့ရတယ်။ မျှော်လင့်ထားသမျှအကုန် သဲထဲရေသွန်ဖြစ်ရတော့တာပါပဲ။ အခုအာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာတော့ ကလောမြို့ရဲ့ရိုးရာတန်ဆောင်တိုင်ပွဲတော်ကို ပြန်လည်ကျင်းပဖို့ တချို့တွေစီစဉ်လာကြတယ်။ ပြင်ဦးလွင်မှာလည်းလုပ်မယ် တောင်ကြီးမှာလည်းလုပ်မယ် ကလောမှာလည်းတန်ဆောင်တိုင်ပွဲလုပ်မယ်ဆိုပြီး သတင်းတွေတွေ့လာရတယ်။ ကလောကလူငယ်/လူကြီးတွေလည်း တောထဲရောက်နေတာတွေ ဖမ်းခံရတာတွေ သေဆုံးတာတွေ ရှိတယ်။ ဒါတောင်မှ သူတို့ကပွဲလုပ်နိုင်သေးတာလား ပွဲလုပ်ကြမလို့လား တကယ်ကြီးပျော်ကြပါးကြတော့မှာလားလို့ တောက်ခေါက်ရေရွတ်မိတယ်။ ဒါပေမဲ့ အဲနေ့ကသတင်းတစ်ခုတွေ့လိုက်ရတယ်။ ကလောတန်ဆောင်တိုင်ပွဲကို မြို့နေပြည်သူတွေ ပါဝင်ဆင်နွှဲဖို့ ငြင်းကြတဲ့အတွက် ပွဲပျက်တယ်ပေါ့ မလုပ်ဖြစ်တော့ပါဘူးပေါ့။ တကယ်မညာဘူး အဲသတင်းကိုတွေ့လိုက်ရချိန် စိတ်ထဲလှိုက်ကနဲဖြစ်သွားတယ်။ ပွဲပျက်တာကိုပျော်တာလည်းမဟုတ်ဘူး ပွဲပျော်မဲ့သူတွေကိုအပြစ်တင်တာလည်းမဟုတ်ဘူး အော်သူတို့လည်း ငါတို့ကိုငဲ့ညှာသောအားဖြင့် ပွဲမပျော်ကြဘူးလို့ တွေးမိလို့ ဝမ်းသာတာ။ ကျွန်တော်တို့လည်းပျော်ချင်တာပေါ့ ကိုယ့်ရိုးရာပွဲ ငယ်စဉ်ကတည်းက တစ်ရက်မှမလွတ်ခဲ့တဲ့ပွဲ မပျော်ချင်တဲ့သူဘယ်ရှိမလဲ။ ဒါပေမဲ့အခုချိန်မှာတော့ ခွေးမောင်းပွဲကိုပဲ အပြည့်အဝအာရုံစိုက်ထားရတာမလို့ တန်ဆောင်တိုင်မှမဟုတ်ဘူး ဘာပွဲလာလာစိတ်မဝင်စားနိုင်သေးပါဘူး။ မိတ်ဆွေတို့လည်း အာဏာသိမ်းကာလကြာမြင့်လာလေ တဖြည်းဖြည်းနဲ့သွေးအေးလာတာမျိုးတွေမဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဘဝတွေဟာ လွတ်လွတ်လပ်လပ်မရှိနေဘဲ စကားပြောရင်တောင် ရှေ့နောက်ကြည့်နေရတယ်ဆိုတာ သတိရပေးပါ။ စစ်ကောင်စီရဲ့လက်အောက်မှာနေရတာ ပျော်မနေကြပါနဲ့။ လွတ်လပ်ခြင်းရဲ့အရသာကို အရင်ကလိုအပြည့်အဝပြန်ခံစားနိုင်ဖို့ မိမိတတ်နိုင်တဲ့ဘက်က ပါဝင်ကြပါ။ ကျဆုံးသွားတဲ့ရဲဘော်တွေကို သတိရပါ။ သွေးကြွေးဆပ်ဖို့ အားဖြည့်ကြပါ။ တစ်နိုင်ငံလုံး စစ်ကောင်စီလက်အောက်ကလွတ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်ရောက်တဲ့အခါကျမှ တစ်နှစ်ပတ်လုံးပွဲတွေမပြတ်ကျင်းပပြီး ပျော်ပျော်ပါးပါးကြီး ဆင်နွှဲကြတာပေါ့ဗျာ။ ကျေးဇူးပါကလောရေ....တကယ်ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံကြီးအောင်မှ ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ #KTM
Mostrar todo...
Hello Guys ! အကြောင်းကြောင်းသောကိစ္စများကြောင့် ကျနော်တို့ပျောက်နေခဲ့တာပါ။ ဒီနေ့ကစပြီး ဒေသတွင်းသတင်းတွေကို အရင်လိုပြန်တင်ဆက်ပေးနိုင်အောင်ကြိုးစားပါ့မယ်။ သတင်းထူး သတင်းဦးများရှိရင် လာရောက်ပေးပို့နိုင်ပါတယ်။ ပျောက်နေတဲ့ကာလအတွင်း ထူးခြားချက်ကတော့ subscribers 2000 လောက်လျော့သွားခြင်းပါပဲ... @klwtsmedia
Mostrar todo...
သာစည်မြို့နယ် ကျောက်ပချပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ ၊ မိုင်းနင်းမိ၍ ခြေပြတ်လက်ပြတ်ဖြစ်သွားသော စစ်သားအလောင်းများကို စစ်ကောင်စီက သယ်ယူနေရ ကေတီအမ် ၊ ဇွန် ၂၉ ၊ ၂၀၂၂ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောက်ပချပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရွာသူရွာသားအတော်များများ ဘေးလွတ်ရာကိုရှောင်နေရကြောင်း သိရသည်။ ဒေသခံတစ်ဦးမှ " မနက်ကတည်းကချနေကြတာ တရစပ်ပဲပစ်နေကြတာ ဘယ်အဖွဲ့နဲ့လဲဆိုတာကတော့ မသိရဘူး။ ရွာသူရွာသားတွေလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာကိုရှောင်နေကြရတယ်။ စစ်သားတွေ မိုင်းမိကုန်လို့ ခြေပြတ်လက်ပြတ်ဖြစ်ကုန်တာ အလောင်းတွေ ဒဏ်ရာရလူနာတွေကို ကျွန်တော်တို့ရွာထဲကနေ သယ်ထုတ်နေတာ တွေခဲ့ရတယ်" ဟု ကေတီအမ်သို့ ပြောကြားခဲ့သည်။ #KalawTownshipMedia #သာစည်
Mostrar todo...
ဖုန်းဘေကဒ်များ အလှူခံပါတယ်ခင်ဗျ အက်တမ် ၊ အော်ရီဒူး ၊ အမ်ပီတီကဒ်များကိုသာ လက်ခံပေးပါမယ်ဗျ Page Cb သို့မဟုတ် တယ်လီဂရမ်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျ
Mostrar todo...
Photo unavailableShow in Telegram
ရှမ်းပြည်သားတွေ ညီလိုက်ကြစို့ Link လေးကို နှိပ်ပြီး အားပေးလိုက်ကြဦးဗျ https://m.facebook.com/story.php?story_fbid=pfbid0BCnoX4zxBPGCqpT7Jiyu5oDNzqd4ZE1SMHrcwnggX8in1hBAqd9UksFeqR719wuul&id=100075379813900
Mostrar todo...
Photo unavailableShow in Telegram
ကာလအတန်ကြာ လူထုမြင်ကွင်းမှပျောက်နေခဲ့သည့် အောင်ပန်းမြိုပြပြောက်ကျားတပ်စု ပထမဆုံးအကြိမ်အဖြစ် ပြည်သူလူထုထံ အစီရင်ခံ ကေတီအမ် ၊ ဇူလိုင် ၁၁ ၊ ၂၀၂၂ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြိုနယ်အခြေစိုက် အောင်ပန်းမြိုပြပြောက်ကျားတပ်စုသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ရာမှ ယနေ့ညပိုင်းတွင် ၎င်းတို၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြည်သူလူထုထံသို အစီရင်ခံသောပိုစ်တစ်ခုကို မျှဝေခဲ့ကြောင်း သိရသည်။ အဆိုပါပိုစ်တွင် ၎င်းတို ပျောက်နေရခြင်းမှာ ကယားပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တိုက်ပွဲဝင်ရဲဘော်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရန်အတွက် တပ်ဖွဲ၏ကိုယ်ရည်ကိုယ်သွေးများကို တိုးတက်မြင့်မားလာအောင် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပြည်သူလူထုများကလည်း ၎င်းတိုကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီအားဖြည့်ပေးကြစေလိုကြောင်း ပါရှိသည်။ ဓါတ်ပုံ - ကယားပြည်နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင်တွေ့ရသော အောင်ပန်းမြိုပြပြောက်ကျားတပ်စုမှ ပြည်သူ့ကာကွယ်ရေးတပ်သားများ
Mostrar todo...
အဲဒီကောင်က စစ်ကိုင်းတိုင်းထဲက MDFအဖွဲ့ ဘဏ္ဍာရေးမှူးတစ်ယောက်ရဲ့ပုံကိုယူသုံးထားပြီးတော့ သူ့ကိုယ်သူ Inle UGကဆိုပြီး ပြောနေပါတယ်။ ပြီးတော့ မြေပြင်မှာတကယ်အလုပ်လုပ်နေသူတွေကို ကောမန့်တွေမှာလိုက်ဖောင်းထု ဆဲဆိုပြီးတော့ အနှောင့်အယှက်ပေးနေတာ များနေပြီမလို့ပါ။ Rpထုပေးတာလောက်တော့ လုပ်ပေးနိုင်မယ်မလားခင်ဗျာ.... ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် Rpထုခိုင်းတာမျိုးမဟုတ်ပါဘူး အဲကောင်ကြောင့် တချို့မသိနားမလည်သူတွေ အလိမ်ခံလိုက်ရမှာစိုးလို့ပါ...
Mostrar todo...
Attention Please အောက်က Accကို Rpထုပေးပါလားခင်ဗျာ PDFအယောင်ဆောင်ထားတဲ့ အကောင့်အတုမလို့ပါ https://www.facebook.com/profile.php?id=100008473249094
Mostrar todo...
Photo unavailableShow in Telegram
ရသေ့စိတ်ဖြေ ရဲရဲတောက်များနှင့် အဓွန့်ရှည်နေရလေသော တော်လှန်ရေး Photo crd to original owner
Mostrar todo...
Photo unavailableShow in Telegram
ပင်းတယ ကြံ့ဖွတ်ဒုဥက္ကဌ ကျော်ငြိမ်းအား ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ကျည်ဆံအစစ်ဖြင့်မိတ်ဆက်ပေးနိုင်ခဲ့ ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂ ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင်နေထိုင်သော ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဌဖြစ်သူ ဒလန်အကြီးစား ကျော်ငြိမ်းအား ပြီးခဲ့သည့် ဇွန်လ(၁၈)ရက် မနက်(၁၀:၀၀)နာရီခန့်က ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့တွင် ကြေငြာချက်ထုတ်ပြန်လာခဲ့သည်။ #JPGF #KalawTownshipMedia
Mostrar todo...