OCTOPUS (ရေဘဝဲ) 🐙
Ir al canal en Telegram
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) https://www.facebook.com/octopusyangon?mibextid=ZbWKwL
Mostrar más5 255
Suscriptores
-824 horas
-337 días
-12330 días
Archivo de publicaciones
5 255
🌹နှင်းဆီလှုပ်ရှားမှု - ROSE Movement: Roses of Hope
လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
#RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi
#peoplemovementmyanmar
5 255
🆕 " ငါ အိမ်နဲ့ အဆက်အသွယ်ရချင်တယ် " ရုပ်သံ
- ကိုကိုလတ်၊ သံသေစစ်သား (တပ်မ-၆၆)
စစ်မြေပြင်သို့ရောက်ရှိပါက
ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ @MyanmarPeople နဲ့ ဗိုက်ဘာနံပါတ် +66968847969 ကိုအလွတ်ကျက်ဆက်သွယ်၍ တော်လှန်ရေးဘက်ပြောင်းကာ လက်နက်ချ၍ အသက်ရှင်သန်ပါ။
#OCTOPUS #ရေဘဝဲ
5 255
🚨 အဓမ္မစစ်မှုထမ်း၊ ပေါ်တာဆွဲ — ကြုံလာရင် ဘာလုပ်မလဲ ?
၁။ ထွေအုပ်ရုံးဝန်ထမ်း၊ ရဲ၊ မီးသတ်၊ လဝက ဝန်ထမ်းများကို သတိပြုရှောင်ကြဉ်ပါ။
၂။ မိမိအုပ်ထိန်းသူ၏ ဖုန်းနံပါတ်ကို အလွတ်ကျက်ထားပါ။
၃။ လမ်းလျှောက်သည့်အခါ ရှေ့နောက်ဝဲယာကို သတိချပ်ကြည့်ရှုပါ။
၄။ မိမိအလုပ်ပြန်ချိန်နှင့် ညဘက်အိမ်ပြင်ထွက်သည့်အခါ အုပ်ထိန်းသူနှင့်ဖြစ်စေ၊ လူ ၅ ဦးနှင့်အထက်ဖြစ်စေ စုဝေးသွားလာပါ။
၅။ အရေးကြုံလာပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံ၍ ခုခံတိမ်းရှောင်ပါ။
၆။ အကယ်၍ ပေါ်တာဆွဲခံခဲ့ရပြီး တပ်မှဖြစ်စေ၊ စစ်သင်တန်းသို့ ပို့ရာလမ်းမှဖြစ်စေ တိမ်းရှောင်နိုင်ပါက မိမိအိမ်သို့ တန်းပြန်ခြင်းမျိုး သတိပြုရှောင်ကြဉ်ပါ။
၇။ မတိမ်းရှောင်နိုင်၍ စစ်မြေပြင်သို့ ရောက်ရှိပါက ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ @MyanmarPeople နှင့် ဗိုင်ဘာနံပါတ် +66968847969 ကို အလွတ်ကျက်ဆက်သွယ်၍ တော်လှန်ရေးဘက်ပြောင်းကာ လက်နက်ချပြီး အသက်ရှင်သန်ပါ။
မြေပြင်နောက်ဆုံးအခြေအနေများနှင့် အဓမ္မစစ်မှုထမ်း၊ ပေါ်တာဆွဲခံရခြင်းမှ လွတ်မြောက်လာသူအချို့၏ အတွေ့အကြုံများကို အခြေခံ၍ ပြုစုရေးသားသည်။
#ပေါ်တာဆွဲ #အဓမ္မစစ်မှုထမ်း
#OCTOPUS #ရေဘဝဲ
5 255
“ဖထီး ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက်မရှိတော့ဘူးလားဗျ၊ရှိရင် ကျနော်နဲ့ပေးစားဗျာဒါဆိုကျနော် ဒီမှာပဲနေတော့မယ် မပြန်တော့ဘူး”
"အဲ ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ"
နာမည်ကျော် " အရေးကြီးပြီ" သီချင်းကို တောထဲမှာရေးခဲ့သူ ...
KNU က ဗိုလ်ချုပ်မောင်မောင် ဆီမှာ သမီးသွားတောင်းခဲ့ တဲ့ ထူးအိမ်သင်
အပြည့်အစုံဖတ်ရန် ဖေ့စ်ဘုတ်လင့်
https://www.facebook.com/share/p/17a1ZuCN8A/
5 255
💙လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြဖို့ တောင်းဆိုပါတယ်။
#AungSanSuuKyi #အောင်ဆန်းစုကြည်
#Whathappeningmyanmar
#OCTOPUS #ရေဘဝဲ
5 255
နိုင်ငံတော်သမ္မတ ... ပြည်သူ့သမ္မတ ❤️
#myanmarpresident #UWinMyint
#OCTOPUS #ရေဘဝဲ
5 255
🐬ဖြေရဲလား ?
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#သမ္မတ #ဥိးဝင်းမြင့်
#OCTOPUS #ရေဘဝဲ
5 255
🐙 မိုဘိုင်းမှတ်ပုံတင်စနစ်အတွက် ...
ကြိုတင်ကာကွယ် နည်းလမ်း (၁၀)
မြန်မာအင်တာနက်ပရောဂျက် (MIP) မှတဆင့်
ကူးယူဖော်ပြသည်။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#CEIR #DigitalSecurity #whathappeninginmyanmar
#OCTOPUS #ရေဘဝဲ
5 255
💙ရေဘဝဲ (၅) နှစ်ပြည့်
၅ နှစ်တာကာလအတွင်း ကျွန်ုပ်တို့၏နွေဦးတော်လှန်ရေးလုပ်ငန်းစဥ် ၃ ရပ်ဖြစ်သော
၁။ ပြောက်ကျားသပိတ်တိုက်ပွဲများ နှင့် လှုံ့ဆော်စာတန်းချိတ်ဆွဲခြင်း (၁၁၈) ကြိမ်
၂။ လူမှုရေးပြစ်ဒဏ်၊ စီးပွားရေးပြစ်ဒဏ်နှင့် ကမ်ပိန်းပြုလုပ်ခြင်းများတွင် လူထုပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း (၁၆၅) ကြိမ်
၃။ လူငယ်ဗဟိုပြု အခမဲ့ ပညာရေးသင်တန်း ဖွင့်လှစ်သင်ကြားခြင်း (၈) ကြိမ် တို့ကိုပြုလုပ်ခဲ့ပါသည်။
ရေဘဝဲအလံတော်ကိုလက်ဆင့်ကမ်း လွှင့်ထူကြ !
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#ရန်ကုန်မှာပြန်ဆုံမယ်
#OCTOPUS #ရေဘဝဲ
5 255
✅အိုကီနာဝါမြေမှ မြန်မာ့ပိတောက်ပွင့်တပွင့်၏ စစ်အာဏာသိမ်း (၅) နှစ်ပြည့်လှုပ်ရှားမှု (ရုပ်သံ)
ယနေ့ ဂျပန်နိုင်ငံ၊ အိုကီနာဝါတွင် စစ်အာဏာသိမ်း (၅) နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဂျပန်ရောက် ကိုယ်စားလှယ်တဦးသည် အိုကီနာဝါမှ ဧည့်သည်တော်များ၊ ဂျပန်ရောက် မြန်မာမိသားစုဝင်များနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့သည်။
"ကမ္ဘာကြီးကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောလိုတာ တခုရှိပါတယ်။ မြန်မာ့အရေးကို 'ပြည်တွင်းပဋိပက္ခ' လို့ ခေါင်းစဉ်တပ်နေကြတာဟာ အမှားကြီးတခုပါ။ ဒါဟာ နှစ်ဖက်အုပ်စုကြားက ရန်ပွဲမဟုတ်ဘဲ တမျိုးသားလုံးက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တော်လှန်နေတဲ့ 'နွေဦးတော်လှန်ရေး' ဖြစ်ပါတယ်။
ကျွန်မတို့ဟာ မြန်မာပြည်အတွင်းမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံဘူးဆိုတဲ့ ဆန္ဒသဘောထားကို တညီတညွတ်တည်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။ကျွန်မတို့ မြန်မာပြည်သူတွေနဲ့ ရေဘဝဲအဖွဲ့သားတွေဟာ ဘယ်လိုဖိအားတွေပဲ ရှိရှိ၊ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်း လွှင့်ထူရင်း အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အိုကီနာဝါမြေကနေ ကမ္ဘာကြီးကို ကတိသစ္စာပြုအပ်ပါတယ်။"
ရန်ကုန်မှာ ပြန်ဆုံမယ်။
ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်း လွှင့်ထူကြ။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#SpringRevolutionMyanmar #နွေဦးတော်လှန်ရေး
#Japan #okinawa
#OCTOPUS #ရေဘဝဲ
5 255
+2
🐙 စစ်အာဏာသိမ်း (၅) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#WhathappensInMyanmar #SpringRevolutionMyanmar #RejectMilitaryCoup
#OCTOPUS #ရေဘဝဲ
5 255
ပြိုင်တူ မန့်ကြမယ် 🚨
https://www.facebook.com/share/p/1BeHDY5djE/
(အထက်ပါပိုစ့်အောက်မှာ ဒီထုတ်ပြန်ချက်ကို စာနဲ့ဖြစ်ဖြစ်၊ ပုံနဲ့ဖြစ်ဖြစ် လွတ်လပ်စွာကူးယူ ဖြန့်ဝေနိုင်ပါတယ်။)
Honorable Secretary of State Marco Rubio,
Thank you for your statement. However, it is imperative to clarify the reality on the ground.
Since the illegal coup attempt, the military junta has perpetrated a campaign of terror against the civilian population. This includes brutal violence, arbitrary arrests, extrajudicial executions, indiscriminate aerial bombardments, and acts tantamount to genocide. Furthermore, the regime is abducting citizens for forced conscription against their will and orchestrating a sham election—a deceitful political charade designed solely to mislead the international community.
On behalf of the people of Myanmar, I wish to convey a definitive message: The current situation is not merely an internal "conflict" or a "civil war." It is a Nationwide Revolution. It represents the collective will of the entire population, who have wholly rejected the military dictatorship and are fighting to uproot it.
We wish the people of the United States continued health and prosperity.
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Marco Rubio သို့ -
စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိပါသည်။ ထို့ပြင် ပြည်သူများ၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသလို၊ နိုင်ငံတကာကို လှည့်စားရန်အတွက် အတုအယောင် ရွေးကောက်ပွဲကျင်းပရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် သာမန် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ် မဟုတ်ပါ။ ၎င်းသည် အာဏာသိမ်းစစ်တပ်ကို ပြည်သူတစ်ရပ်လုံးက လုံးဝလက်မခံဘဲ ဆန့်ကျင်တွန်းလှန်နေသော တော်လှန်ရေး တရပ်သာဖြစ်ကြောင်း မြန်မာပြည်သူများကိုယ်စား သတင်းစကားပါးအပ်ပါသည်။
အမေရိကန်ပြည်သူများ ကျန်းမာရွှင်လန်းကြပါစေ။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#whathappeninginmyanmar #JusticforMyanmar
#RejectMilitaryCoup #SpringRevolutionMyanmar@OCTOPUSMYANMAR
5 255
အကြောင်းတရား အမျိုးမျိုးကြောင့်
အတုအယောင် ရွေးကောက်ပွဲ မဲပေးခဲ့ရမှု ရလဒ်များအား...
နောက် ၆ လ (သို့မဟုတ်) ၁ နှစ်အတွင်း
သင်တို့ "မှန်းချက်နှင့် နှမ်းထွက်" ကိုက်၊မကိုက်
ကိုယ်တိုင်သာ စောင့်ကြည့်ကြကုန်။
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#NOVOTE #AntiShamElection #RejectShamElection
#whathappeninginmyanmar
#OCTOPUS #ရေဘဝဲ
5 255
မဲမပေးခြင်း ကဏ္ဍ ❌
ရန်ကုန်မြို့လယ်၊ ဒဂုံမြို့နယ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "NO VOTE" စာတန်းကိုင်ဆောင်၍ အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာကို လှည့်စားဖို့ သက်သက် ဖန်တီးထားတဲ့ 'နိုင်ငံရေးပြဇာတ်' တစ်ခုသာ ဖြစ်ပါတယ်။ ပါဝင်မယ့် ပါတီတွေကလည်း သူတို့လူ၊ သူတို့လက်ဝေခံတွေချည်း ဖြစ်နေတော့ ပြည်သူလူထုအတွက် ရွေးချယ်စရာဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး။
ဒါကြောင့် ဒီမတရားတဲ့လုပ်ရပ်အပေါ် လက်မခံနိုင်ဘူး၊ မပူးပေါင်းနိုင်ဘူးဆိုတာကို 'သမိုင်းသက်သေ' ပြကြရပါမယ်။ မဲမပေးခြင်း (NO VOTE) ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးပါ။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကိုယ့်လုံခြုံရေးပါပဲ။ မဲစာရင်း သွားမကြည့်ဘဲ၊ လူမသိအောင် ဉာဏ်သုံး၊ ပါးနပ်စွာ နေထိုင်ပြီး ဒီအတုအယောင်ပွဲကြီးကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။"
မိမိလုံခြုံရေးကို ဦးစားပေး
ဒါနိုင်ငံသား အခွင့်အရေး
အတုအယောင်ရွေးကောက်ပွဲ မဲမပေးကြေး
Safety First.
Civic Right.
NO VOTE for the Sham Election.
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#NOVOTE #AntiShamElection #RejectShamElection
#whathappeninginmyanmar
#OCTOPUS #ရေဘဝဲ
5 255
💙ရန်ကုန်မြို့လယ်တွင် ရေဘဝဲမှ NO VOTE လှုပ်ရှားမှုပြုလုပ် (ရုပ်သံ)
ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတခုဖြစ်သော ယောမင်းကြီးလမ်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "NO VOTE" စာတန်းကိုင်ဆောင်၍ အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။
"မိဘပြည်သူများ အားလုံးသိကြတဲ့အတိုင်းစစ်တပ်က အာဏာသိမ်းပြီးရင် ရွေးကောက်ပွဲလုပ်ပြတာဟာ သူတို့အတွက်ရိုးရာဖြစ်နေပြီလို့တောင်ဆိုရပါမယ်။လုပ်ပြတယ်ဆိုတဲ့အခါမှာ ဘယ်သူ့ကိုပြတာလဲဆိုရင် စစ်တပ်ဆီကအကျိုးအမြတ်ရမယ့်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရှရှား စတဲ့နိုင်ငံတွေအတွက်ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲလုပ်ပါတယ်ဆိုပြီး ကမ္ဘာကိုလိမ်လည်ကျားဖြန့်ဖို့အတွက်သက်သက်သာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ၅ နှစ်တာကာလအတွင်း အထွေထွေဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုစတဲ့ဆိုးကျိုးတွေအပြည့်သာရှိနေပြီး စစ်တပ်ကြောင့်နိုင်ငံအတွက်ကောင်းကျိုးတခုခုများရှိခဲ့ရင် ရေဘဝဲကိုအထောက်အထားနဲ့တကွ လာရောက်ပြောကြားဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။ ဒီလိုစစ်တပ်ကနေလုပ်ပေးလာမဲ့ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအမည်တပ်ထားပေမယ့် ရွေးချယ်စရာရှိမနေတာက ပကတိအရှိတရားဖြစ်ပြီး စစ်တပ်အဝတ်လဲ အမာခံကြံဖွတ်အပြင် သက်သက်ခိုင်၊ကိုကိုကြီး၊တစည တွေမှာလည်း စစ်တပ်အဝတ်လဲတွေထည့်ထားပြီဖြစ်သလို ဒီပါတီတွေဟာ အာဏာသိမ်းမှုဖြစ်စဥ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးခဲ့ကြတဲ့ သမိုင်းတရားခံစစ်တပ်ရဲ့အမှုတွဲတွေဖြစ်တာကြောင့် ဒီပွဲကိုအတုအယောင် ရွေးကောက်ပွဲလို့အားလုံးကသတ်မှတ်ကြတာဖြစ်ပါတယ်။
ဒီမှာမေးစရာရှိပါတယ်။ အခုလိုဆန့်ကျင်လို့ သပိတ်မှောက်လို့ မဲမပေးလို့ အတုအယောင်ရွေးကောက်ပွဲဟာ ပျက်ပြားသွားနိုင်သလားဆိုရင် မင်းအောင်လှိုင်ရဲ့ မလုပ်ရဲတာမရှိဘူးဆိုတဲ့စကားနောက်မှာ ကမ်းကုန်အောင်မိုက်ပြခဲ့တဲ့ဖြစ်ရပ်တွေဟာ သက်သေပါ။ ဒါပေမယ့် စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ကိုယ့်သဘောထား ကိုယ့်ဆန္ဒမပါဝင်ခဲ့ဘူး၊ မပူးပေါင်းခဲ့ဘူး၊ သူတို့လုပ်ရပ်တွေကိုမမေ့ဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုသက်သေတည် သမိုင်းမှတ်ကျောက်တင်ဖို့အတွက်ဖြစ်ပါတယ်။
စစ်တပ်ပြောသလို နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ဆိုရင် မဲမပေးခြင်းဟာလည်း နိုင်ငံသားအခွင့်အရေးဖြစ်ပြီး မဲစာရင်းမကြည့်ဖို့၊ မဲမပေးဖို့၊ ကိုယ့်လုံခြုံရေးကို အဓိကထားပြီး ကိုယ်မဲမပေးတာ ကိုယ့်အပြင် တခြားသူမသိစေဖို့ ဥာဏအားကိုအဓိထားပြီး ပရိယာယ်ကြွယ်ကြွယ် အတုအယောင်ရွေးကောက်ပွဲကို NO VOTE ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်လူထုအပြင် နိုင်ငံတော်တဝှမ်းလုံးကို ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။"
မိမိလုံခြုံရေးကို ဦးစားပေး
ဒါနိုင်ငံသား အခွင့်အရေးအတုအယောင်ရွေးကောက်ပွဲ
မဲမပေးကြေး
Safety First.
Civic Right.
NO VOTE for the Sham Election.
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#NOVOTE #AntiShamElection #RejectShamElection
#whathappeninginmyanmar
#OCTOPUS #ရေဘဝဲ
5 255
💙သူခိုးဆိုရင် ဘယ်သူတွေလား (ရုပ်သံ)
(အနုပညာရှင်များအား ဖိအားပေးရိုက်ကူးထုတ်လွှင့်ခြင်း
မရှိခဲ့သောခေတ်ကာလမှ ရုပ်သံဟောင်းဖြစ်သည်)
မူရင်းတင်ဆက်သူထံမှတဆင့် ကူးယူဖော်ပြသည်။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#သူခိုး #အနုပညာ
#antishamelection #အတုအယောင်ရွေးကောက်ပွဲ
#OCTOPUS #ရေဘဝဲ
5 255
🚨
- Facebook profile တွေ Lock ခတ်ထားကြရန်
- ကိုယ့် Friend List ထဲမှာစစ်တပ်နဲ့ဆက်စပ်၊ အကောင့်တု၊ ကိုယ့်ကိုယုတ်မာနိုင်တဲ့သူရှိရင် Unfriend လုပ်ထားကြရန်
5 255
လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့အနုပညာကို တီထွင်လို့ဖြစ်မှာပါ။
- အောင်ဆန်းစုကြည်
(လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်မှ)
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#theartoffreedom
#FreeArt
#antishamelection
#AungSanSuuKyi #အောင်ဆန်းစုကြည်
#OCTOPUS #ရေဘဝဲ
5 255
🚫 လူမှုရေးပြစ်ဒဏ်ခတ်ရန် ဝုန်းဒိုင်းစိန်ခေါ်ကြသူများ
စစ်တပ်အသိုင်းအဝိုင်းမှ အချိန်ယူကြိုတင်ပြင်ဆင် အချိန်ကိုက်ထုတ်လွှင့်ခဲ့သည့် ဇာတ်လမ်းတိုတွင် -
၁) တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထု အဓိကထားသုံးနှုန်းနေသည့် "အတုအယောင် ရွေးကောက်ပွဲ" ဆိုသည့်စကားလုံးအသုံးအနှုန်းနှင့် တခြားသောစကားလုံးသုံးစွဲမှုများမှာ ၄င်းတို့ (စစ်အာဏာရှင်၊ စစ်တပ်) အပေါ်တွင် များစွာလွှမ်းမိုးမှုရှိနေခြင်း
၂) တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထု စိတ်ဝင်စားမှုမြင့်တက်စေရန် နှင့် ယခုကဲ့သို့ လူမှုရေးပြစ်ဒဏ် (Social Punishment) များတုန့်ပြန်စေရန်၊ ဝေဖန်မှုမြင့်တက်စေရန်အလို့ငှာ စစ်အာဏာသိမ်းနှစ်ကာလအတွင်းတွင်မှ ပို၍ထင်ပေါ်ကျော်ကြားလာသည့် ၄င်းတို့ (စစ်အာဏာရှင်၊ စစ်တပ်) အခေါ် အနုပညာရှင်များအား အင်ပြည့်အားပြည့်အသုံးချခြင်း
၃) ဇာတ်လမ်းတိုပါ ဇာတ်ကောင်တိုင်း၏ အပြန်အလှန်စကားပြောများအရ ဇာတ်ကောင်များကိုယ်တိုင်ပင်လျှင် စစ်တပ်အုပ်ချုပ်သည့် အခြေအနေကိုမကြိုက်ကြောင်း ပကတိအရှိတရားကို လက်သင့်ခံထားခြင်း
အစရှိသည်တို့ကို သတိပြုမိပါသည်။
မည်သို့ပင်ဖြစ်စေ ၂၀၂၁ နွေဦးတော်လှန်ရေးအစတွင် မည်သူမျှ ဖိအားမပေးပါပဲ တသားတည်းရှိနေသယောင်ယောင် သရုပ်ဆောင်ကောင်းခဲ့ပြီး ယခုအချိန်အခါမှ လူထု နှင့် နိုင်ငံတော်အပေါ် ပျက်ရယ်ပြုစော်ကားသည့် သရုပ်ဆောင်များအား ထိထိရောက်ရောက် လူမှုရေးပြစ်ဒဏ်ခတ်ကြရန် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR
#အတုအယောင်ရွေးကောက်ပွဲ #ရွေးကောက်ပွဲ
#လူမှုရေးပြစ်ဒဏ် #SocialPunishment
#OCTOPUS #ရေဘဝဲ
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
