es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဓမ္မစာကြည့်တိုက်​

ဓမ္မစာကြည့်တိုက်​

Ir al canal en Telegram

📈 Análisis del canal de Telegram ဓမ္မစာကြည့်တိုက်​

El canal ဓမ္မစာကြည့်တိုက်​ (@dhamma_library) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 14 412 suscriptores, ocupando la posición 5 972 en la categoría Religión y espiritualidad y el puesto 8 869 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 14 412 suscriptores.

Según los últimos datos del 18 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -70, y en las últimas 24 horas de 4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 16.01%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.04% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 2 309 visualizaciones. En el primer día suele acumular 582 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 12.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 19 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Religión y espiritualidad.

14 412
Suscriptores
+424 horas
+157 días
-7030 días
Archivo de publicaciones
မေး။ ​ ​ သောတာပန်တစ်ယောက်ဟာ စုတိ-ပဋိသန္ဓေ အကူးအပြောင်းမှာ သူရဲ့ ရရှိပြီးသား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေကို ဘယ်လို သယ်ဆောင်သွားသလဲဆိုတာ ဝီထိစိတ်ဖြစ်စဉ်နဲ့ ရှင်းပြပေးနိုင်မလား? ဖြေ။ https://facebook.com/617850804736217/posts/122206002476762824 ​
19 nov, 22:00

မေး။ ​ ​ လောကကြီးမှာ ကျွန်တော်တို့ တကယ်တမ်း စွဲလန်းနေတာက 'တစ်ဖက်လူ' (သို့မဟုတ်) 'အရာဝတ္ထု' တွေ မဟုတ်ဘဲ၊ သူတို့နဲ့ ထိတွေ့လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ 'ကိုယ့်ရဲ့ ကျေနပ်မှုအရသာ' ကိုပဲ ပြန်လည် စားသုံးနေကြတာလား။ ဒါဟာ အပြင်ပန်းကြည့်ရင် အရာရာကို ချစ်နေသယောင်နဲ့ တကယ်တမ်းတော့ ကိုယ့်ရဲ့ ဝေဒနာကိုပဲ ကိုယ်ပြန်ငုံ့ကြည့်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း (Self-Love) တစ်မျိုးပဲလားခင်ဗျာ။ ဖြေ။ https://facebook.com/617850804736217/posts/122205862322762824 ​
18 nov, 22:00

မေး။ ​ ​ တွေးတောကြံစည်မှု (Thinking) တိုင်းဟာ သင်္ခါရက္ခန္ဓာရဲ့ ပြုပြင်ဖန်တီးမှုတွေပဲ ဖြစ်တယ်ဆိုရင်၊ မဂ္ဂင်ရှစ်ပါးထဲက 'သမ္မာသင်္ကပ္ပ' ဟာလည်း သင်္ခါရနယ်ပယ်ထဲမှာပဲ ရှိနေမှာပါ။ အဲဒီလိုဆိုရင်... အကျဉ်းထောင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သမ္မာသင်္ကပ္ပက ကျွန်ုပ်တို့ကို အကျဉ်းထောင် (သံသရာ) ထဲကနေ ဘယ်လိုနည်းနဲ့ လွတ်မြောက်စေနိုင်မှာလဲ? အဆိပ်ကို အဆိပ်နဲ့ ဖြေရသလိုမျိုး၊ သင်္ခါရကို သင်္ခါရနဲ့ပဲ ပြန်တိုက်ဖျက်ရတာလား? ဖြေ။ https://facebook.com/617850804736217/posts/122205735620762824 ​
17 nov, 22:00

မေး။ ​ ​ ဒုက္ခသစ္စာကို မြင်ဖို့ ကြိုးစားတဲ့အခါ စိတ်က နာကျင်မှုကို ငြင်းဆန်တတ်ပါတယ်။ ဒါဆိုရင်... ဒုက္ခကို တိုက်ရိုက်မရှုဘဲ၊ သူ့ကို ထောက်တိုင်ပြုထားတဲ့ 'နိစ္စသညာ' (မြဲတယ်လို့ထင်မှု) နဲ့ 'အတ္တဒိဋ္ဌိ' (ငါပဲလို့ စွဲလမ်းမှု) ကို အရင်ဖြိုဖျက်လိုက်တာက ပိုပြီး လက်တွေ့ကျတဲ့ ဝိမုတ္တိလမ်းစဉ် ဖြစ်မလား? ဖြေ။ https://facebook.com/617850804736217/posts/122205622916762824 ​
16 nov, 22:00

မေး။ ​ ​ လောဘ၊ ဒေါသ တွေဟာ စိတ်လား၊ ဝေဒနာလား ဖြေ။ https://facebook.com/617850804736217/posts/122205509690762824 ​
15 nov, 22:00

မေး။ ​ ​ ခန္ဓာငါးပါးဟာ အိမ်ဆိုရင်၊ နီဝရဏတွေက အိမ်ရှင်ကို ချုပ်နှောင်ထားတဲ့ ဓားပြတွေလား? ခန္ဓာငါးပါးရဲ့ ဘယ်အစိတ်အပိုင်းမှာ နီဝရဏတွေ အားအနည်းဆုံးဖြစ်ပြီး ကျွန်ုပ်တို့ ဘယ်နေရာကနေ စတင်တိုက်ခိုက်သင့်သလဲ? နီဝရဏတစ်ခုချင်းစီက ခန္ဓာ ငါးပါးနဲ့ ခန္ဓာတစ်ခုချင်းစီအပေါ် ဘယ်လို သြဇာလွှမ်းမိုးထားသလဲဆိုတာကို ခွဲစိတ်ပြနိုင်မလား? ဖြေ။ https://facebook.com/617850804736217/posts/122205382358762824 ​
14 nov, 20:00

မေး။ ​ ​ ကိလေသာ နဲ့ ဥပါဒါန် ဟာ အတူတူလား ၊ တစ်မျိုးစီလား ဖြေ။ https://facebook.com/617850804736217/posts/122205252314762824 ​
13 nov, 20:00

မေး။ ​ ​ ဝိပ္ပလ္လာသတရားတွေဟာ အမှတ်မှားခြင်း (သညာ)၊ တွေးမှားခြင်း (စိတ်) နဲ့ ယူဆမှားခြင်း (ဒိဋ္ဌိ) ဆိုပြီး အလွှာလိုက် ရှိနေပါတယ်။ သောတာပန်တစ်ဦးဟာ ဒီအလွှာတွေထဲက ဘယ်အလွှာကို အမြစ်ပြတ်အောင် ပယ်သတ်နိုင်လို့ 'အပါယ်တံခါး' ပိတ်သွားရတာလဲ? ဖြေ။ https://facebook.com/617850804736217/posts/122205147944762824 ​
12 nov, 22:00

မေး။ ​ ​ တရားအားထုတ်ရင်း 'ဘာမှမရှိတော့တဲ့ အခြေအနေ' တစ်ခုကို ဆိုက်ရောက်သွားတဲ့အခါ ဒါဟာ တကယ့်ဖိုလ်ဝင်စားမှုလား၊ ဒါမှမဟုတ် စိတ်ရဲ့ လှည့်စားမှုတစ်ခုဖြစ်တဲ့ 'ဘဝင်' ထဲမှာ ပိတ်မိနေတာလား။အောင်လံဆရာတော်ကြီးရဲ့ သင်ကြားမှုမှာပါတဲ့ ဘဝင်ကျခြင်းဟာ မဂ်ဉာဏ်ရဲ့ အကျိုးဆက်လား၊ ဒါမှမဟုတ် သမာဓိရဲ့ အကျိုးဆက်လား။ ဒီနှစ်ခုရဲ့ ခြားနားချက်ဟာ ယောဂီတစ်ယောက်ရဲ့ ဝိမုတ္တိ (လွတ်မြောက်မှု) အပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲ။ 'ဘဝင်ချခြင်း/ဘဝင်ကျခြင်း' ဆိုတာဟာ စိတ္တက္ခဏအစဉ်အရ ကြည့်ရင် လောကီဘဝင်စိတ်သက်သက်ပဲလား။ ဖိုလ်ဝင်စားခြင်းမှာ ဖြစ်ပေါ်တဲ့ ဖိုလ်ဇောဝီထိနဲ့ ဒီဘဝင်ကျခြင်းတို့ရဲ့ စိတ်အလုပ်လုပ်ပုံ (Mental process) ခြားနားချက်ကို ဓမ္မကြောင်းအရ ရှင်းပြပေးနိုင်မလား။ ဒါဟာ 'နုသယကိလေသာ' ငြိမ်သက်သွားပုံချင်း မတူညီတာကြောင့်လား။ ဖြေ။ https://facebook.com/617850804736217/posts/122205018338762824 ​
11 nov, 22:00

မေး။ ​ ​ မိမိတို့ရဲ့ ရုပ်နာမ် ပေါ်တွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လေးပဲ ဆင်ခြင်ရတဲ့အလုပ်က တကယ်တန်း အားထုတ်ရော ဘာလို့ မေးခွန်းပေါင်း သောင်းခြောက်ထောင်လောက် ဖြစ်စေတာလဲ? ဖြေ။ https://facebook.com/617850804736217/posts/122204901410762824 ​
10 nov, 22:00

မေး။ ​ ​ နိဗ္ဗာန်ဆိုတာ အသင်္ခတ (မပြုပြင်အပ်သောတရား) ဖြစ်ပေမယ့်၊ သူ့ကို သိမြင်တဲ့ မဂ်စိတ်/ဖိုလ်စိတ်က သင်္ခတ (ပြုပြင်အပ်သော၊ မမြဲသောတရား) ဖြစ်နေပါတယ်။ မခိုင်မြဲတဲ့ တံတား (မဂ်စိတ်) ပေါ်ကနေ လှမ်းကြည့်ရုံနဲ့ ခိုင်မြဲတဲ့ တစ်ဖက်ကမ်း (နိဗ္ဗာန်) ရဲ့ အရသာကို တကယ်ပဲ အပြည့်အဝ ရရှိနိုင်ပါ့မလား။ အဲဒီစိတ်ချုပ်သွားရင် နိဗ္ဗာန်ရဲ့ ချမ်းသာကရော ပျောက်ကွယ်သွားမှာလား။ နိဗ္ဗာန်ကို 'အာရုံ' (Object) တစ်ခုအနေနဲ့ပဲ မြင်မယ်ဆိုရင်၊ အာရုံကို သိတဲ့ 'စိတ်' (Subject) က မမြဲတဲ့အတွက် နိဗ္ဗာန်ဆိုတာဟာ 'ခဏတာ လွတ်မြောက်မှု' (Temporary Escape) သက်သက်ပဲ ဖြစ်သွားနိုင်မလား။ မမြဲတဲ့ စိတ်ကနေ မြဲတဲ့ တရားကို လှမ်းဖမ်းခြင်းဟာ ဆင်းရဲခြင်းနယ်ပယ်ထဲကနေ ရုန်းထွက်နိုင်ဖို့ လုံလောက်တဲ့ နည်းလမ်း ဖြစ်နိုင်ပါ့မလား။ မဂ်စိတ်၊ ဖိုလ်စိတ်ဆိုတာ နိဗ္ဗာန်ကို လှမ်းမြင်ရတဲ့ 'ပြတင်းပေါက်' လား၊ ဒါမှမဟုတ် နိဗ္ဗာန်ထဲကို ကိုယ်တိုင် 'နစ်မြုပ်' သွားတာလား။ ပြတင်းပေါက် (မဂ်စိတ်) က ခဏလေးပဲ ပွင့်တာဆိုရင်၊ နိဗ္ဗာန်ရဲ့ ထာဝရငြိမ်းအေးမှုကို 'အမြဲတမ်း' ခံစားရဖို့ဆိုတာ စိတ်ပညာနဲ့ ဓမ္မသဘောအရ ဘယ်လို ဖြစ်နိုင်ပါ့မလဲ။ ဖြေ။ https://facebook.com/617850804736217/posts/122204790014762824 ​
09 nov, 22:00

မေး။ ​ ​ သတိရှိရင်ရင် လောဘ၊ ဒေါသ မဖြစ်ဘူးလို့ ပြောကြတယ်၊ ဒါပေမဲ့ အလုပ်လုပ်လို့ သတိရှိရှိနဲ့ လုပ်လည်း အဆင်မပြေတာတွေ့ရင် ဒေါသ ထွက်မြဲအတိုင်း ထွက်တတ်တာ ဘာကြောင့်လဲ? ဖြေ။ https://facebook.com/617850804736217/posts/122204676806762824 ​
08 nov, 22:00

မေး။ ​ ​ အသက်ဆိုသည်မှာ ခန္ဓာကိုယ်၏ တစ်နေရာရာတွင် ကိန်းအောင်းနေသော 'အရာဝတ္ထု' တစ်ခုလား၊ အကယ်၍ ခန္ဓာကိုယ်ကို အစိတ်အပိုင်းအလိုက် တစ်ခုချင်းစီ ခွဲထုတ်ကြည့်လျှင် 'အသက်' ဟူသော အနှစ်သာရကို မတွေ့နိုင်ပါက၊ ငါသည် အသက်ရှင်နေသည်ဟူသော 'စွဲလမ်းမှု' သည် အဘယ်ကြောင့် ဖြစ်ပေါ်နေရသနည်း။ နှလုံးခုန်ခြင်းနှင့် ဦးနှောက်အလုပ်လုပ်ခြင်းတို့သည် ခန္ဓာကိုယ်၏ အသက်တည်ရှိမှုလက္ခဏာများ ဖြစ်သော်လည်း၊ ထိုရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို နောက်ကွယ်မှ စေခိုင်းနေသော 'သိမှု (နာမ်တရား)' သည် ခန္ဓာကိုယ်နှင့် မည်သို့ ဆက်စပ်တည်ရှိနေသနည်း။ ဖြေ။ https://facebook.com/617850804736217/posts/122204541404762824 ​
07 nov, 20:00

မေး။ ​ ​ ဘုရားတရား အရမ်းလုပ်တဲ့အခါ ရရှိလာတဲ့ 'တည်ငြိမ်မှု' ဟာ ကိလေသာတွေ ငြိမ်းအေးသွားတဲ့ ဝိမုတ္တိချမ်းသာလား၊ ဒါမှမဟုတ် ခံစားချက်တွေကို မတုံ့ပြန်ဘဲ နေရင်းကနေ ဖြစ်လာတဲ့ စိတ်ထုံထိုင်းမှု (Emotional Numbness) လားဆိုတာ စိတ်ပညာနဲ့ ဓမ္မအရ ဘယ်လို ခွဲခြားမလဲ။ စိတ်ပညာမှာ 'Suppression' ဟာ စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက် ဖြစ်စေတတ်ပါတယ်။ စိတ်ပညာအရ ပြောရရင် 'Spiritual Bypassing' ခေါ်တဲ့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေနဲ့ ခံစားချက်တွေကို ဘာသာရေးအကာအကွယ်ယူပြီး ဖုံးကွယ် (Suppression) ထားတာ ဖြစ်သွားနိုင်သလား။ ဝိမုတ္တိဓမ္မ လမ်းစဉ်မှာ 'ခံစားချက်တွေကို လွှတ်ချခြင်း (Letting Go)' ဆိုတာဟာ တကယ်ပဲ ပျော်ဝင်ပျောက်ကွယ် (Dissolving) သွားတာလား၊ ဒါမှမဟုတ် စိတ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ စုပုံသိမ်းဆည်း (Storing) ထားလိုက်တာလား။ ဖြေ။ https://facebook.com/617850804736217/posts/122204419484762824 ​
06 nov, 20:00

မေး။ ​ ​ သောတာပန်ဆိုတာ သကဒါဂါမ်လောက်၊ အနာဂါမ်လောက် ၊ ရဟန္တာလောက် အမှန်မသိပေမယ့် အပယ်ကျစေလောက်တဲ့ အကုသိုလ် မပြုမိပေမဲ့ သူ သောတပန်ဖြစ်ပြီးမှ ပြုလိုက်တဲ့ အကုသိုလ်အပေါ်မှာ ပြန် ခံရပါသေးသလား? ဖြေ။ https://facebook.com/617850804736217/posts/122204320508762824 ​
05 nov, 22:00

မေး။ ​ ​ ပညတ်ကို ရောက်သွားရင် ကိလေသာ ၊ ပရမတ်ကို ရောက်သွားရင် ဉာဏ် ဆိုတဲ့ အဘိဓမ္မာဆရာကြီး ဦးရွှေထွန်းက ဖွင့်ဆိုတာလေးက မှန်ပါသလား? ဖြေ။ https://facebook.com/617850804736217/posts/122204166842762824 ​
04 nov, 22:00

မေး။ ​ ​ 'ဝိညာဏ်' ဆိုတာ 'စိတ်' ကို ပြောတာပါလား? ဒါမှ မဟုတ် 'ပညတ်' ပါလာမှ 'စိတ်' ဆိုတာ ဖြစ်လာတာပါလား? ဖြေ။ https://facebook.com/617850804736217/posts/122203987862762824 ​
03 nov, 22:00

မေး။ ​ ​ ပညတ်က သံသရာ လည်စေတာလား? ဒါမှမဟုတ် မသိမှုအဝိဇ္ဇာက သံသရာ လည်စေတာလား? ဖြေ။ https://facebook.com/617850804736217/posts/122203845824762824 ​
02 nov, 22:00

မေး။ ​ ​ တရားပေါက်သွားကြတဲ့သူတွေကို ကြည့်ရင် အတော်များများက ကျန်မားရေး၊ အလုပ်၊ မိသားစု ဒုက္ခတွေ ကို ကြုံပြီးတော့မှ တရား အားထုတ်ပြီး ပေါက်မြောက်သွားကြတာ၊ ဒီလို ဒုက္ခတွေက တရားရဖို့အတွက်ပဲ ဖန်းတီးလိုက်တဲ့ ကံအကြောင်းတရားတွေလား? ဖြေ။ https://facebook.com/617850804736217/posts/122203700402762824 ​
01 nov, 22:00

မေး။ ​ ​ ဖြစ်တဲ့အတိုင်း သိနေ၊ ပျက်တဲ့အတိုင်း သိနေ ဆိုတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားဟာ ဝေဒနာ မှ တဏှာမကူးတော့တဲ့အတွက် တရားတက်စေတဲ့ အကြောင်းရင်းလား ။ ဒါဆိုရင် ဝေဒနာ မှ တဏှာမကူးစေတဲ့ အဆုံးအမတိုင်းဟာ တရားတက်စေတဲ့ အကြောင်းရင်းလား ။ တဏှာဟာ တရားမတက်စေတဲ့ အကြောင်းရင်းလား ။ ဖြေ။ https://facebook.com/617850804736217/posts/122202809108762824 ​
25 oct, 23:00