cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Yangon Division News 2024

ရန်ကုန်တိုင်းဒေသကြီးသတင်းများ

Mostrar más
Publicaciones publicitarias
1 537
Suscriptores
+624 horas
+527 días
+7830 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းဝယ်နေသူများအား  ဖော်ထုတ်ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန်လ ၃၀ ရက်
Mostrar todo...
ဆိုင်ကယ်ကိုရှောင်တဲ့ ခရီးသည်တင်ကား အရှိုန်လွန်တိမ်းမှောက်မှုကြောင့် ခရီးသည် ၉ ဦးဒဏ်ရာရ ရန်ကုန်၊ဇွန် ၃၀ ပဲခူး- ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်စီးဟာ ဆိုင်ကယ်ကို တိမ်းရှောင်ရာကနေ အရှိုန်လွန်စလစ်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ် (၂)လမ်းမ၊ ရထားသံလမ်းကွေ့(ရှမ်းတဲကြီး ရေကန်အနီး)မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိမ်းမှောက်ခဲ့တဲ့ယာဥ်က ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ကမ္ဘာကျော်ခရီးသည်တင်ယာဉ်ဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသွားတဲ့ လူနာ ၉ ဦးကို မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ပေးထားရတယ်လို့ သိရပါတယ်။
Mostrar todo...
သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ... အဖျားတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာ ကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ... ပီး တကိုယ်လုံးအေးစက်လာပီး ... Pressure , Oxygen , Platelet Count တွေ ကျ ၅ ရက်မြောက်နဲ့ ၇ ရက်မြောက်အထိ အသက်လုရတယ် အရည်တွေ ဝင်အောင် တိုက်ရတယ် ... ( ကြက်ကြမ်း စွပ်ပြုတ် ( အချိုမှုန့်မပါရ ရေဓာတ်ခမ်းတာဖြစ်လို့ အချိုမှုန့်က ရေဓာတ်ကို စုပ်ယူလို့ပါ ) / အုန်းစိမ်းရည် / အိုဗာဖြူ / ငုံးဥ / ကြက်ဥ / အမဲစွပ်ပြုတ် ) အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင် Expired ဖြစ်သွားကြပါတယ် .... ၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ... အခု ကလေးတွေ အများကြီး ဖြစ်နေကြတယ် .... မိနစ် ၂၀ တခါ Pressure ကျပါတယ် အမြဲတိုင်း နေရပါမယ် နော် ... သွေးလွန်တုပ်ကွေးခြင် က ရောဂါရှိသူကို ကိုက်ပီး ကူးစက်ခံရသူကို ကိုက်လိုက်တာနဲ့ ...၁၀ ရက်အတွင်း Virus ပေါက်ဖွားတာ အဖျားတက်စေပါတယ် ... 103-104 မကျ ပါ ...ကယောင်ကတမ်းပြောပါတယ် ... Hess test မှာ တချို့ မပေါ်ပါ သွေးစစ်မှ ပေါ်ပါတယ် ... ကိုယ့်ရဲ့ မြို့ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူ ရှိရင် သင့်တို့လဲ ကူးစက်နိုင်ပါတယ် ... မပေ့ါ့ဆကြပါနဲ့ ဆေးခန်း အချိန်မှီ မရောက်နိုင်တဲ့ ကလေးတွေ Expired ဖြစ်တာ များနေပါတယ် #crd_to_owner_with_respect
Mostrar todo...
👍 4
Photo unavailableShow in Telegram
စမ်းချောင်းမြို့နယ်အတွင်း 16:40ခန့်တွင် ဖီဒါလိုင်း ဓာတ်အားပြန်တင်ချိန် မကြီးကြီးလမ်းနှင့်ပြည်လမ်းထောင့်၌ T-piller ပွင့်ထွက်သွားပြီး Cable lug ချို့ယွင်းသွားပါသဖြင့် Underground ဌာနဖြင့် အမြန်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ကျွန်းမြောက်ရပ်ကွက်နှင့် မြေနီတောင်ရပ်ကွက်ရှိ နေရာအချို့ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
Mostrar todo...
👍 2
Photo unavailableShow in Telegram
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၃၀ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ဆန်းပြည့်အောင် မောင်းနှင်လာသော TOYOTA SUCCEED မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကြိမ်ဆွဲခြင်းများ အတွင်း မုန့်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
Mostrar todo...
👍 1
ရန်ကင်းမြို့နယ်အတွင်း ကျန်းမာရေး အ ထောက်အကူပြုလုပ်ငန်းများဆောင်ရွက် ရန်ကုန် ဇွန် ၂၉ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူနေရာများတွင်ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများကိုစဥ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်အမှတ်(၈)ရပ်ကွက်၊ နှင်းဆီလမ်း၊ ကံဘဲ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် ပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးပိုစတာပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယဥ်မွန်
Mostrar todo...
Photo unavailableShow in Telegram
ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင် (9:00) to (13:00) နာရီအထိ သစ်ပင်ခုတ် Shutdown Edit သိပ်မကြာပါပု အရံဓာတ်အားလိုင်းနဲ့ပေးပါမည်တဲ့။
Mostrar todo...
👍 1
မီးကြိုးရှော့ဖြစ်ခြင်းအားအချိန်မီပြုပြင်ခြင်း ===================================== ဇွန် (၂၉)၊၂၀၂၄ ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ထန်းတပင်မြို့နယ်၊ဓနဲရိကျေးရွာအုပ်စု၊ကျောင်းကုန်းကျေးရွာ၊ကျောင်းကုန်းကျေးရွာနှင့်ဆပ်ကလေးရွာခြင်းဆက်တံတားဘေးရှိမိန်းမီးကြိုးအားရိတ်စက်တင်ကားများမှကားနှင့်မလွတ်သောကြောင့်ကြိုနှစ်ချောင်းကိုဝါးတစ်လုံးဖြင့်ပူး၍ထောက်ထားခဲ့ရာမှ ယနေ့ ညနေ (၄:၁၅)နာရီခန့်တွင်ကြိုးပူးနေသောနေရာမှမီးပန်းများပွင့်၍ရှော့ဖြစ်လျှက်ရှိပါသည်။ ၎င်းမီးကြိုးရှော့ဖြစ်လောင်ကျွမ်းမှုကြောင့်မီးကြိုးပျက်ကျလုနီးနီးရှိနေသည်ကိုအနီးနားရှိတာဝန်သိပြည်သူမှ (EPC)ရုံးသို့ဖုန်းဆက်အကြောင်းကြားရာဝန်ထမ်းနှစ်ဦးအားလွှတ်ပြီးအချိန်မီပြုပြင်ကြိုးဆက်ခြင်းကြောင်းခရီးသွားပြည်သူများလျှပ်စစ်မီးဘေးအန္တရာယ်မှကင်းလွှတ်ခဲ့သည်။ တင်ထွန်းအောင် (ထန်းတပင်မြေ)
Mostrar todo...
👍 4
လက်ရှိဓာတ်အားစနစ်အခြေအနေများအရ Load Shed Planအား အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်ခရိုင်များအား မနက် (05:00)နာရီ မှ (09:00)နာရီထိ တကြိမ် မနက် (09:00)နာရီ မှ (13:00) နာရီထိ တကြိမ် နေ့လည် (13:00)နာရီ မှ (17:00) နာရီထိ တကြိမ် ညနေ (17:00)နာရီ မှ (21:00) နာရီထိ တကြိမ် အုပ်စုနှစ်ခုအား တရက်လျှင် (08:00) နာရီကြာအလှည့်ကျ ဓာတ်အားပိတ်ဆောင်ရွက်မည်ဟု သိရပါသည်။ အနောက်ပိုင်းခရိုင်သည် ယခင်ပုံစံအတိုင်း မပြောင်းလဲပဲ ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ #YDN
Mostrar todo...
👍 3
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.