es
Feedback
MDY Revolution

MDY Revolution

Ir al canal en Telegram

မင်္ဂလာပါ။ ကျွန်တော်တို့ MDY Revolution မှကြိုဆိုပါတယ်ဗျ။ မန္တလေးမြို့ပေါ် ‌စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျာ❤️

Mostrar más

📈 Análisis del canal de Telegram MDY Revolution

El canal MDY Revolution (@mdyrevolution23) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 13 180 suscriptores, ocupando la posición 15 425 en la categoría Noticias y medios y el puesto 9 720 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 13 180 suscriptores.

Según los últimos datos del 28 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -267, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 11.49%. Durante las primeras 24 horas tras publicar, el contenido suele obtener 8.22% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 515 visualizaciones. En el primer día suele acumular 1 084 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 20.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
မင်္ဂလာပါ။ ကျွန်တော်တို့ MDY Revolution မှကြိုဆိုပါတယ်ဗျ။ မန္တလေးမြို့ပေါ် ‌စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျာ❤️

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 29 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

13 180
Suscriptores
-324 horas
-657 días
-26730 días
Archivo de publicaciones
Daily Highlight 3 Jul 29 (11:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - မြိုင်မြို့နယ် ၅ကြိမ် - ဆောမြို့နယ် ၄ကြိမ် - တောင်သာနယ် ၁ကြိမ် - ထီးလင်း/ ကျောက်ထုနယ်အစပ် ၁ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Jul 29 (11:00 PM) - ယမန်နေ့ ညနေပိုင်းက အောင်လံနယ်၊ ပြလို့တိုက်နယ်၊ တိုက်နယ်ရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ ရဲခွေး ၁ကောင် ပွဲချင်းပြီးသေဆုံးပြီး ၃ ကောင် ဒဏ်ရာရ၊ အဆိုပါ ၃ကောင်အနက်မှ ၁ကောင်မှာ ဆေးရုံတွင် ထပ်မံသေဆုံးသွားကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော စစ်ခွေးများက နောင်ရင်းရွာနှင့် မင်းယားစံပြရွာတို့ဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နောင်ရင်းရွာအတွင်းသို့ လက်နက်ကြီး ၂ လုံး၊ မင်းယားစံပြရွာအတွင်းသို့ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - တရုတ်နိုင်ငံတွင် ​သေဒဏ်​ပေး ကွပ်မျက်ခံရသော ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နှင့် မိသားစုဝင်များ ပိုင်ဆိုင်ခဲ့သည့် လောက်ကိုင်မြို့ပေါ်မှ အဆောက်အအုံများနှင့် အိမ်ရာများကို MNDAA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင်ခဲ့သော တပ်ဖွဲ့ဝင်များ၊ ကျဆုံးရဲ​ဘော်​များ၏ မိသားစုဝင်​များအား မဲနှိုက်ပြီး ခွဲဝေပေးခဲ့ကြောင်း၊ အဆိုပါ မဲနှိုက်ရွေးချယ်ပွဲကို ဇူလိုင်လ ၂၆ရက်နေ့မှစတင်ပြီး လောက်ကိုင်မြို့ပေါ်တွင် ပြုလုပ်နေခဲ့ကြောင်း သိရ။ - ဇူလိုင်လ ၂၈ ရက်နေ့က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာနှင့် စစ်ကိုင်းနယ်မြောက်ခြမ်း စမွန်းရွာတို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပေါက်ကန်ဘူတာရွာတွင် လာရောက်စစ်ဘေးရှောင်နေသော အသက် ၆၀ခန့်အရွယ် အမျိုးသား ၁ဦး သေဆုံး၊ စမွန်းရွာ‌မှလည်း အသက် ၄၀ ခန့်အရွယ် အမျိုးသမီး ၁ဦး သေဆုံးပြီး ပြည်သူ ၃ဦးထက်မနည်း ဒဏ်ရာရ၊ ထို့ပြင် နေအိမ် အလုံး ၂၀ခန့်လည်း မီးလောင် ပျက်စီးသွားကြောင်း သိရ။ - ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို သိမ်းပိုက်ရရှိထားပြီး အုပ်ချုပ်ရေးဖော်ဆောင်နေသော အာရက္ခတပ်တော် AA က မင်းပြားမြို့ကို အဉ္ဇနပူရမြို့ ဟု လည်းကောင်း၊ ပေါက်တောမြို့ကို ဝီရဌာနီမြို့ ဟူ၍လည်း မြို့အမည်အသစ်များ အသီးသီး ပြောင်းလဲ၊ ယမန်နေ့ မနက်ပိုင်းက မြို့အမည်အသစ် ဆိုင်းပုဒ်များကို အခမ်းအနားများဖြင့် အသီးသီး ကျင်းပဖွင့်လှစ်ပေးခဲ့ကြောင်း သိရ။ - ယမန်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း အောက်ဘက်မှ သင်္ဘော ၂စီး ရေစကြိုမြို့သို့ ဆိုက်ကပ်ခဲ့ပြီး အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးထားသော စစ်မှုထမ်းတပ်သားသစ် အင်အား ၅၀၀ ခန့်ကို ချထားပေးခဲ့ကြောင်း၊ အဆိုပါ စစ်ခွေးအသစ်များကို ညနေပိုင်းတွင် ရေစကြိုအခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းများအတွင်းသို့ ကျွဲနွားအုပ်များ မောင်းနှင်သလို မောင်းနှင်ခေါ်ဆောင်သွားကြကြောင်း၊ တပ်သားသစ်များအနက်မှ အချို့မှာ အသက်မပြည့်သေးသည့် ကလေးစစ်သားများဖြစ်ကြောင်း သိရ။ - မြဝတီဒေသအခြေစိုက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ဒေသတွင်း စစ်ရေးပဋိပက္ခများတွင် DKBA တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်း မပြုလုပ်ကြရန်၊ လိုက်နာမှုမရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ကြေညာချက်တစ်ခု ယနေ့ ထုတ်ပြန်၊ ဖလူးလေးအနီးရှိ DKBA  စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်လုပ်ကိုင်နေသော ကျားဖြန့်ဆိုက်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရက်ပိုင်းအ​ကြာတွင် ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရ။ - ကြို့ပင်ကောက်နယ်၊ အလယ်ကုန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်တပ်က ဇူလိုင်လ ၇ ရက်နေ့မှစတင်ပြီး အင်အားအလွန်အကျွံအသုံးပြုကာ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်၊ ဇူလိုင် ၂၃ ရက်နေ့က အလယ်ကုန်းရဲစခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ၊ ထို့ပြင် တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည်ဟုဆိုကာ စစ်ခွေးလော်ဘီများ သတင်းဖြန့်​ဝေခဲ့သည့် ကျေးရွာများကိုလည်း ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးခဲ့ရာ ဒေသခံများ၏ နေအိမ်များအပြင် စစ်တပ်အရာရှိများ၏ မိသားစုနေအိမ်များပါ မီးလောင်ပြာကျခဲ့ကြောင်း၊ မြို့ကိုင်းရွာ မီးရှို့ခံရမှုဖြစ်စဉ်တွင် မှော်ဘီလေတပ်မှ စစ်ခွေး၏နေအိမ်၊ အလယ်ကုန်းစခန်းမှ ရဲအုပ်ငွေစိုး၏ မိသားစုအိမ်နှင့် ဘီးလင်းတွင် တာဝန် ကျနေသော စစ်ခွေးအရာရှိ၏ မိသားစုအိမ်တို့ပါ မီးရှို့ခံခဲ့ရကြောင်း၊ ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ မြို့ကိုင်း၊ ချောင်းဂွ၊ ညောင်ပင်သာနှင့် ကွက်သစ် စသည့် ကျေးရွာများကို စစ်ခွေးများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြို့ကိုင်းရွာ မီးရှို့ခံရမှုတွင် ရှောင်တိမ်းနိုင်ခြင်းမရှိသည့် အဖိုးအိုတစ်ဦးမှာ နေအိမ်တွင်ပင် မီးလောင်သေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၈ ရက်နေ့ကလည်း ကျခတ်တန်းကြီးရွာသို့ ဝင်ရောက်လာသော စစ်ခွေးများက လယ်ထဲရှိ တောင်သူ ၁ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Jul 29 (11:00 PM) - ဇူလိုင်လ ၁၆ ရက်နေ့က ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်ဘက်မှ ဆောမြို့ဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုများပြားပြီး လောင်းရှည်မြို့ဘက်သို့ ဆုတ်ခွာထွက်ပြေး၊ အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း စစ်တပ်က အင်အားအများအပြားဖြင့် လေကြောင်းပစ်ကူရယူကာ ထပ်မံထိုးစစ်ဆင်လာခဲ့ပြီး တော်လှန်ရေးအဖွဲ့များကလည်း အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ခွေးများ အထိနာကာ ထပ်မံဆုတ်ခွာထွက်ပြေးသွားကြကြောင်း၊ တိုက်ပွဲများအပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်နက်မျိုးစုံ ၁၁လက်၊ ခဲယမ်းဗုံးသီးများ၊ ကား ၃ စီး၊ Drone ဆက်စပ်ပစ္စည်းအချို့၊ Starlink စက် ၁ လုံး၊ အခြား စစ်သုံးပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိအချိန်အထိလည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ခွေး ၉ ကောင်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရ။ - ဇူလိုင် ၂၇ ရက်နေ့ နေ့လယ်ပိုင်းက နတ်မောက်-မြို့သစ်လမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဉ် နတ်မောက်မြို့မှ မြို့သစ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၁ စီးကို တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်၊ ကားပေါ်တွင်လိုက်ပါလာသော နတ်မောက်ရဲစခန်းမှူး သေဆုံးပြီး ကျန် ရဲခွေး ၂ကောင်မှာ ဒဏ်ရာများရရှိပြီး ထွက်ပြေးသွားကြောင်း၊ ၎င်းတို့ထံမှ Mark II ကား ၁စီး၊ ခဲယမ်းအချို့၊ စစ်သုံးပစ္စည်းအချို့ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး နိုင်ငံ့စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းကာ အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်နေသည့် စကစ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း အကြမ်းဖက်စစ်ခေါင်းဆောင် စာမတတ်ပေမတတ် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ အာကာသနည်းပညာများ တိုးတက်လာနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မင်းအောင်လှိုင်က အာကာသယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပဏာမရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံအတွက် ပထမဆုံးသော အာကာသယာဉ်မှူးများကို မွေးထုတ်သွားမည်ဖြစ်ကြောင်း အရှက်တရားကင်းမဲ့စွာ အာချောင်နေကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက မဘိမ်းမြို့ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ တို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ ထို့ပြင် နေအိမ်များ၊ မော်တော်ယာဉ်များနှင့် ပြည်သူပိုင်ပစ္စည်းများလည်း အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရ။ - ဇူလိုင်လ ၁၆ ရက်နေ့က KNU ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ထီးလော်သီးထာရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကျေးရွာစာသင်ကျောင်းဆောင်များ၊ ကျောင်းတွင်းပစ္စည်းများနှင့် နေအိမ် ၁၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ဇူလိုင်လ ၂၄ ရက်နေ့က စကစ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး မျိုးဇော်သိန်းဆိုသူက မင်းအောင်လှိုင်၏ အမိန့်အရဟုဆိုကာ ရက် ၁၀၀ စီမံချက်အတွင်း ကြက်ဥဈေးနှုန်းများ ပြန်လည်ကျဆင်းစေရေးအတွက် နိုင်ငံတဝန်းရှိ သမဝါယမအသင်းများအနေဖြင့် ကြက်ဥ တစ်လုံးလျှင် ၅၅၀ ကျပ်ဖြင့် အရှုံးခံရောင်းချရန် ညွှန်ကြားခဲ့ကြောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် သမဝါယမအသင်းက ကြက်ဥ အလုံး ၁၂,၀၀၀ ကို ဒေသတွင်းကြက်ခြံများမှ ဝယ်ယူပြီး စစ်တပ်သတ်မှတ်ဈေး တစ်လုံးလျှင် ၅၅၀ ကျပ်ဖြင့် သမဝါယမအသင်းစု၏ ကုန်စုံဆိုင်တွင် ရောင်းချပေးခဲ့ရကြောင်း၊ တစ်နိုင်ငံလုံးရှိ မြို့နယ်သမဝါယမအသင်းများအနေဖြင့် ကြက်ဥကိုသာမက အခြေခံစားသောက်ကုန်များကိုပါ အရှုံးခံ၍ သက်သာဈေးနှုန်းဖြင့် ရောင်းချပေးရန် သမဝန်ကြီး မျိုးဇော်သိန်းက ညွှန်ကြားထားသော်လည်း လက်တွေ့တွင်မူ သမဝါယမအသင်းများတွင် လုံလောက်သည့် ဘတ်ဂျက်ငွေမရှိကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းကို ယခုကဲ့သို့ အရှုံးခံရောင်းချခြင်းဖြင့် ကုစား၍မရနိုင်ဘဲ ယခုကဲ့သို့ လုပ်ရပ်မှာ အလွန်လွဲမှာသော ပညာမဲ့ဖြေရှင်းနည်းဖြစ်နေကြောင်း စီးပွားရေးကျွမ့းကျင်သူများမှ သုံးသပ်လျက်ရှိကြောင်း သိရ။ - ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းက သံတွဲနယ် လင်းဘူးတောင်ရွာအနီးရှိ ကျောက်ခွဲစက်ရုံကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ စက်ရုံရှိ စက်ပစ္စည်းအချို့နှင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရ။ - ယမန်နေ့က ချောက်မြို့နယ် တောင်သာတောင်ရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော စစ်ခွေးများက စမ်းစုရွာနှင့် ဆူးတောကြားရွာတို့ကို ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရ။ - ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပုလောနယ် ဘိုင်းပြင်ရွာမှ စစ်ခွေးစစ်ကြောင်း ပြန်လည်ထွက်ခွာသွားသဖြင့် နေအိမ်သို့ပြန်၍ ရိက္ခာပြန်ယူသော ပြည်သူတစ်ဦးကို ကင်းလှည့်လာသော စစ်ခွေးများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်၊ ထို့နောက် စစ်ခွေးများက ရုပ်အလောင်းကို ရွာအတွင်း ဖြစ်သလို မြှပ်နှံထားခဲ့သဖြင့် နောက်တစ်ရက်တွင်မှ ရွာသားများက ပြန်လည်တူးဖော်ပြီး သင်္ချိုင်းတွင် ပြောင်းရွှေ့သဂြိုဟ်ပေးခဲ့ရကြောင်း သိရ။ - ဇူလိုင်လ ၂၇ရက်နေ့ ညနေပိုင်းမှ ယမန်နေ့ မနက်ပိုင်းအထိ စစ်တပ်က မြဝတီနယ် မင်းလက်ပံရွာအနီးကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီး ဒရုန်းများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းများကလည်း အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၊ ဇူလိုင်လ ၂၇ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သုံးထပ်ကွေ့အနီးရှိ ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဗုံးစထိမှန်ပြီး ပျံလွန်တော်မူခဲ့ကြောင်း၊ ထို့ပြင် ဝေါ်လေဒေသရှိ KNLA တပ်စခန်းများကိုလည်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိနေကြောင်း၊ နှစ်ဖက်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်၏ စက်သေနတ်ကျည်များနှင့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျော်လွန်ကျရောက်ခဲ့သဖြင့် ထိုင်းအာဏာပိုင်များက လိုအပ်သော စစ်ဆေးဆောင်မှုများ လုပ်ဆောင်ခဲ့ပြီး ဒေသခံများကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရ။ - ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသော မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၃၇နှစ် မတရားချမှတ်၊ ထို့ပြင် အမျိုးသမီး ၂ဦးအပါအဝင် အခြားသပိတ်ရဲဘော် ၈ဦးကိုလည်း အလားတူထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရ။ - KK Park အပါအဝင် ကျားဖြန့်စခန်းများကို ကြီးကြပ်နေသော စစ်တပ်လက်အောက်ခံ KNA (ယခင် BGF) ခေါင်းဆောင် စောမုတ်သုန်ကို လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းမှုများဖြင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်ပြန်၊ စောမုတ်သုန်ကို ၂၀၂၄ ခုနှစ် ကလည်း ဥရောပသမဂ္ဂ EU က လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူကုန်ကူးမှုများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ပါဝင်ခဲ့သည့်လုပ်ရပ်များအတွက် ပိတ်ဆို့အရေးယူစာရင်းတွင် ထည့်သွင်းထားခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

photo content

“No More Dictatorship People Defence Force – NMD” စာအမှတ် ။ ။ ၇/၂၀၂၆ ရက်စွဲ ။ ။ ၂၉၊ ၇၊ ၂၀၂၆ “စကစ၏ ဝေဟင်အားထားရာ တစ်ခုဖြစ်သော
“No More Dictatorship People Defence Force – NMD” စာအမှတ် ။ ။ ၇/၂၀၂၆ ရက်စွဲ ။ ။ ၂၉၊ ၇၊ ၂၀၂၆ “စကစ၏ ဝေဟင်အားထားရာ တစ်ခုဖြစ်သော ညောင်ဦးလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက်ခြင်း” ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက် ည (၁၀)နာရီ မိနစ် (၃၀) အချိန်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ကျွန်တော်တို့ No More Dictatorship People Defence Force - (NMD) အဖွဲ့၊ Infinity(အညာ) အဖွဲ့တို့သည် မဟာမိတ်များ ဖြစ်ကြသော Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာ (ပလဖ)နှင့် ညောင်ဦးခရိုင် ရင်း(၅) အဖွဲ့တို့၏ အကူအညီဖြင့် ပူးပေါင်း၍ ညောင်ဦးလေဆိပ်ကို ၁၀၇မမ ရှေ့ာတိုက်ဒုန်းများ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် ညောင်ဦးလေဆိပ်သို့ ၁၀၇မမရှော့တိုက်ဒုန်း(၈)လုံး ပစ်ခတ်ရာ (၅)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်။ ၎င်းညောင်ဦးလေဆိပ်သည် မကြာသေးမှီကမှ မကွေးလေတပ်ရှိ Mi35ရဟတ်ယာဥ် နှင့် Gyrocopter များ ရွှေ့ပြောင်းထားကြောင်း သတင်းရရှိ၍ ထိုလေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ နေ့စဥ်ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။ထိုအပြင် Y8နှင့်Y12လေယာဥ်များလည်း မကြာခဏ ညောင်ဦးလေဆိပ်သို့ ထားရှိကြောင်း သိရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်ရခြင်း ဖြစ်ပါသည်။ အရေးတော်ပုံမုချအောင်ရမည်။

ကျွန်တော်တို့အားလုံးကို သတင်းအမှောင်ဖုံး ဝေဝါးအောင်ထားလို့ မရပါဘူး... အပြစ်မဲ့ပြည်သူမှန်း သိရက်နဲ့တောင် အကြမ်းဖက်ဗုံးကြဲတိုက်
ကျွန်တော်တို့အားလုံးကို သတင်းအမှောင်ဖုံး ဝေဝါးအောင်ထားလို့ မရပါဘူး... အပြစ်မဲ့ပြည်သူမှန်း သိရက်နဲ့တောင် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်နိုင်တဲ့ စကစဟာ အသက်၈၀ကျော် ဒီအမေအိုတစ်ဦးကို ပြည်သူမြင်အောင် ထုတ်မပြရဲတာဟာ ဘာကြောင့်ပါလဲ??? ဒီလောက်ရိုးရှင်းတဲ့တောင်းဆိုချက်ကို ဘာအတွက် မလိုက်လျောနိုင်ရပါသလဲ???? တကယ်ပဲ ကြောက်လန့်နေပြီလား.... တစုံတရာ ထူးခြားမှုမရှိလာသ၍ ဒီ Post ကို ညစဉ်တင်နေမှာဖြစ်ပါတယ်.. "Seeing Is Believing" MDY Revolution #Proofoflife Jul 29, Wednesday

မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Jul နေ့လယ်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -4:20PM ၆၈လမ်း ၃၀× ၃၁ကြားဖမ်းနေဆဲ(3:30) Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot

မန္တလေးမြို့ 🚨🚨 Jul 29 -1:00PM ၇၈ရန်မန်းလမ်းအတိုင်း တောင်ဘက်သို့ အင်အားအပြည့်ပါသေး စခSino-Truckကား ၁၀စီး၊4- Wheel ၁စီး အမြန်မောင်းသွားကြောင်း သတင်းရရှိပါသည်။ Source - MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

မန်း-မတ္တရာသတင်း 🚨🚨 Jul 29 11:45AM လည်ကတုံးအင်္ကျီအဖြုတ်များ ဝတ်ဆင်ထားသော လူငယ် ၅၀ခန့်စီပါ စခ Sino Truck ကားကြီး ၂စီး မန္တလေးဘက်မှ မတ္တရာဘက်သို့မောင်းသွားကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

မန်း-မတ္တရာသတင်း 🚨🚨 Jul 29 10:15AM တစ်စီးလျင် အင်အား ၃၀ခန့်ပါသော စခ Sino Truck ကားကြီး ၈စီး မတ္တရာဘက်မှ မန္တလေးဘက်သို့မောင်းသွားကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo 📮သတင်းပေးပို့ရန် @MDYRevolution_bot

မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ငွေညစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့်မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Jul 29 နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -8:55AM ၇၄လမ်း ၂၇× ၂၈ကြား ရခသီးသန့် စစ်နေ Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot

💸 အပတ်စဉ် (၃၁) သစ္စာဆုကြီး ပြန်လာပါပြီ!💸 🎉 သိန်း (၅၀) တန် သစ္စာဆုကြီး ရဲ့ ကံထူးရှင်အသစ်ကို အခုရှာဖွေနေပါပြီ! အပတ်တိုင်း ကံ
💸 အပတ်စဉ် (၃၁) သစ္စာဆုကြီး ပြန်လာပါပြီ!💸 🎉 သိန်း (၅၀) တန် သစ္စာဆုကြီး ရဲ့ ကံထူးရှင်အသစ်ကို အခုရှာဖွေနေပါပြီ! အပတ်တိုင်း ကံထူးရှင်တွေ ဆက်တိုက်ပေါ်ထွက်နေတဲ့အချိန်မှာ... ဒီတပတ်က သင့်အလှည့် ဖြစ်နိုင်ပါတယ်။ 🏆 သိန်း (၅၀) တန် သစ္စာဆုကြီး ကို အရယူဖို့ အခွင့်အရေးက အခုထိ ရှိနေဆဲ! 📅 ကံစမ်းကာလ ဇူလိုင်လ (၂၆) ရက် မှ သြဂုတ်လ (၂) ရက် အထိ ✨ ကံထူးရှင်စာရင်းမှာ နာမည်ပါလာသူတွေက အပတ်တိုင်း ရှိနေပါတယ်။ နောက်တစ်ယောက်က... သင် ဖြစ်မလား?ဆိုတာ ခုပဲကံစမ်းပြီး ပါဝင်လိုက်ပါ။ 🎫 ပါဝင်ရန် 🔸 Agent / Ranger များထံမှ ဝယ်ယူနိုင်ပါတယ်။ 🔸 သို့မဟုတ် ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူပြီးလည်း ကံစမ်းနိုင်ပါတယ်။ 🍀 အခွင့်အရေးကို လက်မလွတ်စေနဲ့... ဒီအပတ်ရဲ့ သစ္စာဆု သိန်း (၅၀) ကို စူပါဖိုးနဲ့အတူ ရယူလိုက်ပါ! 😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ ..... ✊ #NwayOoHti #WeDreamBold #WeeklySuper4 #MDYRevo

😚 MDY Revolution 😚 ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု 😹 အကောင့်များဖြစ်သော @A01RedMR @A02FWhiteMR @A03YELLOWMR @
😚 MDY Revolution 😚 ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု 😹 အကောင့်များဖြစ်သော @A01RedMR @A02FWhiteMR @A03YELLOWMR @A04OrangeMR @A06BlackMR တို့နှင့် 😄 Telegram bot 😄 ဖြစ်သော @MDYRevolution_bot တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည် MDY Revolution Admin Team

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ကျွန်တော်တို့ MDY Revolution မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ 🙏 🪷 ဓမ္မဘက်မှ ရပ်တည်လျက်ရှိသော တော်လှန်ပြည်သူ၊ တော်လှန်ရဲဘော်များအားလုံး ရေလိုအေးကြပါစေ၊ ပန်းလိုမွှေးကြပါစေ၊ ကျန်းမာကြပါစေ၊ လန်းဖြာကြပါစေ၊ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ထပ်ဆင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။ 🙏 MDY Revolution

Daily Highlight 1 Jul 28 (11:55 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - သံတွဲနယ် ၂ကြိမ် - ငါန်းဇွန်နယ် ၁ကြိမ် - ရွှေကူနယ် ၁ကြိမ် - သပိတ်ကျင်းနယ် ၂ကြိမ် - စစ်ကိုင်းနယ် ၁ကြိမ် - တကောင်းတိုက်နယ် ၁ကြိမ် - မဘိမ်းနယ် ၂ကြိမ် - မိတ္ထီလာ/မလှိုင်နယ်အစပ် ၃ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) - မြိုင်မြို့နယ် ၈ကြိမ် - ရေဦးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

photo content

ကျွန်တော်တို့အားလုံးကို သတင်းအမှောင်ဖုံး ဝေဝါးအောင်ထားလို့ မရပါဘူး... အပြစ်မဲ့ပြည်သူမှန်း သိရက်နဲ့တောင် အကြမ်းဖက်ဗုံးကြဲတိုက်
ကျွန်တော်တို့အားလုံးကို သတင်းအမှောင်ဖုံး ဝေဝါးအောင်ထားလို့ မရပါဘူး... အပြစ်မဲ့ပြည်သူမှန်း သိရက်နဲ့တောင် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်နိုင်တဲ့ စကစဟာ အသက်၈၀ကျော် ဒီအမေအိုတစ်ဦးကို ပြည်သူမြင်အောင် ထုတ်မပြရဲတာဟာ ဘာကြောင့်ပါလဲ??? ဒီလောက်ရိုးရှင်းတဲ့တောင်းဆိုချက်ကို ဘာအတွက် မလိုက်လျောနိုင်ရပါသလဲ???? တကယ်ပဲ ကြောက်လန့်နေပြီလား.... တစုံတရာ ထူးခြားမှုမရှိလာသ၍ ဒီ Post ကို ညစဉ်တင်နေမှာဖြစ်ပါတယ်.. "Seeing Is Believing" MDY Revolution #Proofoflife Jul 28, Tuesday

မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Jul 28 နေ့လယ်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -1:40PM ၆၈လမ်း၊ ၄၀× ၄၁× ၄၂ကြား ဖမ်းနေ Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot

မန္တလေးမြို့ 🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ငွေညစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့်မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ Jul 28 နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -9:40AM လမ်း၈၀၊ ၃၄× ၃၅ကြား ဖမ်းနေ -9:50AM ၃၈လမ်း ၇၈× ၇၉× ၈၀ကြား ဖမ်းနေ Source -MR Informer #MDYRevo https://t.me/MDYRevolution1 📮သတင်းပေးပို့ရန် @MDYRevolution_bot

🏆 နွေဦးထီဖွင့်ဖို့ (၃) ရက်သာ လိုပါတော့တယ်! ဒီတခေါက် ကံကြမ္မာက သင့်ဘက်ကို လှည့်လာမလားဆိုတာ မသိနိုင်ပေမယ့်… ကံစမ်းမထားရင်တော့
🏆 နွေဦးထီဖွင့်ဖို့ (၃) ရက်သာ လိုပါတော့တယ်! ဒီတခေါက် ကံကြမ္မာက သင့်ဘက်ကို လှည့်လာမလားဆိုတာ မသိနိုင်ပေမယ့်… ကံစမ်းမထားရင်တော့ ကံထူးဖို့ အခွင့်အရေး မရှိနိုင်ပါဘူး။ ✅ အခုပဲ နွေဦးထီထိုးပြီး 💰 သိန်း 5️⃣0️⃣0️⃣0️⃣ ကံထူးရှင် ဖြစ်မယ့် အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပါ ! 🍀 🏆နွေဦးထီကံစမ်းရန် www.nwayoohti.com 😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ ..... ✊ #NwayOoHti #WeDreamBold #Lucky7Promotion #MDYRevo