cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

မြန်မာ့ခရီးသည်

သတင်းမှန်များ အတွေးမှန်များ မျှဝေခြင်း

Mostrar más
Publicaciones publicitarias
9 749
Suscriptores
+424 horas
+1067 días
+44730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Repost from Htoo News
Photo unavailableShow in Telegram
နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း ( Black Lists ) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည် နေပြည်တော် ဇူလိုင် ၁၂
Mostrar todo...
👍 10
Repost from FACT CHECK
Photo unavailableShow in Telegram
ရေးမြို့နယ်တွင် ရွာသား ၁ ဦးအား စကစတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့တယ်လို့ RFA မှ အပုတ်ချရေးသား ****************************** ဇူလိုင်လ ၈ ရက်နေ့ ရေးမြို့နယ်၊ အာယုတောင်ရွာတွင် ကွမ်းသီးခူးသူနှင့် ကွမ်းသီးဝယ်သူများအား စကစတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းပင်မရှိသော်လည်း RFA မှ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ မုန်းတီးစေရန် စကစတပ်စစ်ကြောင်းနဲ့တိုး၍ ရွာသား ၁ ဦးကို ပစ်သတ်ခဲ့တယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။ #FakeNews https://t.me/factcheckmm ✅🇲🇲
Mostrar todo...
👍 3
Repost from Htoo News
ကျောက်မဲမြိုတွင် ဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းများအား စစ်တပ်သတင်းပေးသူ အိမ်ဖောက်ထွင်းသူများဟု အမည်တပ်ခါ TNLA မှ ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။ #ရှမ်းပြည်နယ်သတင်းစုံ
Mostrar todo...
🤬 8👍 2
Repost from Htoo News
👍 3
Repost from Htoo News
သံတွဲမြို့အနီး တိုက်ပွဲများတွင် AA အဖွဲ့အထိနာ ဇူလိုင် ၁၁ ရက်နေ့က သံတွဲမြို့အနီး နယ်မြေရှင်းလင်းနေသော လုံခြုံရေးစစ်ကြောင်း ၂ ခုနှင့် AA အကဖ သကသ များ အင်အား ၃၀ ခန့်နှင့် ၂ ကြိမ်၊ အင်အား ၄၀ ခန့်နှင့် ၂ ကြိမ်၊ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲများ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် AA သကသများ အထိနာစွာဖြင့် အလောင်းလက်နက်များ သယ်ဆောင် ဆုတ်ခွာသွားခဲ့။ ထိတွေ့တိုက်ပွဲ ဖြစ်စဉ် ၄ ခုအနက်မနက် ၁၁ နာရီခန့်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်၎င်းတို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ရသဖြင့် မသယ်ဆောင်နိူင်ဘဲ ကျန်ရှိခဲ့သည့် အလောင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့- -AA ၅ လောင်း - လက်နက် ၆ လက် - ကျည်အိမ် ၁၅ ခု - ကျည်မျိုးစုံ ၃၉၀ တောင့် - ဗုံးသီးမျိုးစုံ ၉ လုံး -လက္ပစ္ဗုံး ၃ လုံး -ကျည်ကာဦးထုပ် ၃ လုံး -AA ယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့။ နေ့လည် ၃ နာရီ ခန့်တွင် ဖြစ်ပွားခဲ့သည့် တိူက်ပွဲတွင်လည်း မသယ်ဆောင်နိူင်ဘဲ ကျန်ရစ်ခဲ့သည့် အလောင်းလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့- -AA ၁လောင်း -အမ်(၂၂) ၁လက် -ကျည်အိမ် ၅ ခု - ဗုံးသီး ၇ လုံး - လက္ပစ္ဗုံး ၇ လုံး - ကျည်မျိုးစုံ ၆၁၁ တောင့် သိမ်းဆည်းရမိခဲ့။ ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့။ #တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 3😢 1
ဘယ်နေရာလဲ..? သိန္နီ ဆိုလား... 🤔🤔🤔 မှိုင်းဝေ
Mostrar todo...
3.88 MB
1.30 MB
1.00 MB
1.21 MB
👍 11
Repost from U Kyaw Soe Oo
ယနေ့ည ၁၂ နာရီခန့်က ရှမ်းမြောက်ဒေသ၊သိန္နီမြို့၌စစ်သွေးကြွ MNDAA နဲ့ TNLA စုဖွဲ့ထားသော အမှတ်(၁)အထက်တန်းကျောင်း၊ပညာရေးမှူးရုံး နေရာကို တပ်မတော် မှ လေကြောင်း နဲ့ ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
Mostrar todo...
👍 7
👍 6
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက် ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေ ရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း။ ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ကို “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်ကစောင့်ရှောက်ကြ” “Helping vulnerable populations in emergencies”ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါဆောင်ပုဒ်ချမှတ်ရခြင်းသည် ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ် များ၊ စားနပ်ရိက္ခာရှားပါးမှုများ စသည့် ဘေးဒုက္ခအန္တရာယ်အမျိုးမျိုးကြောင့် အရေးပေါ် အခြေအနေများကို လူသားများ ကြုံတွေ့ခံစားနေကြရကြောင်း။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသူများက ပိုမိုထိခိုက်ခံစားကြရကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်များ၊ ပဋိပက္ခများဖြစ်ပေါ်ချိန်များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ခုခံနိုင်စွမ်းနည်းသည့်အပြင် သူတို့၏ သီးသန့်လိုအပ်ချက်များ သည်လည်း လျစ်လျူရှုခြင်းခံရလေ့ရှိကြောင်း၊ သူတို့၏ ဘဝလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်း မာရေးများကို ဆောင်ရွက်ပေးခြင်းသည် မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ ကောင်း ကျိုးကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်ကြောင်း။ နိုင်ငံတကာသတင်းအချက်အလက်များအရ ဘေးဥပါဒ်ကျရောက်နေသူများ ထဲတွင် လူငယ်များစွာ ပါဝင်နေသည်ဟု သိရကြောင်း၊ နိုင်ငံတချို့တွင် ဘေးဥပါဒ်ကျ ရောက်နေသူများ၏ သုံးပုံနှစ်ပုံခန့်သည် အသက်(၂၅)နှစ်အောက် လူငယ်များဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း ကျောင်းမနေသည့် လူငယ်တစ်ဝက်ခန့်တွင် ပဋိပက္ခဖြစ်နေသည့်နိုင်ငံ များ ၊ ပဋိပက္ခကြုံတွေ့ခဲ့ရသည့် နိုင်ငံများက ဖြစ်နေသည်ကို တွေ့ရပါကြောင်း။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံ၏အင်အားများ ဖြစ်ခြင်း ကြောင့် ကလေးများ၊ အမျိုးသမီးငယ်များ ကျောင်းပညာသင်ကြားခွင့်မရခဲ့ပါက သို့မ ဟုတ် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပါက ၎င်းတို့ တစ်ဦးချင်းအတွက် သာမက ၎င်းတို့ ပတ်ဝန်းကျင်နှင့် နိုင်ငံ့၏ အနာဂတ်သည်လည်း အားနည်းချက်များ၊ လိုအပ်ချက်များ ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိခိုက်လွယ်သူများကို အားလုံးက ကူညီဖေးမစောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ ဒေသန္တရအစိုးရအဖွဲ့အစည်းများက လည်း အရေးပေါ်စီမံခန့်ခွဲမှုအစီအမံများ ပြင်ဆင်ထားရန်လိုအပ်ကြောင်း။ ထို့ကြောင့် အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်၊ ထိခိုက်လွယ်သူ များကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက် များနှင့် ဒေသအလိုက် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိရန် အရေးကြီး သကဲ့သို့ နောက်ဆုံးအခြေအနေနှင့်အညီ Update ဖြစ်နေရန်လည်း လိုအပ်ကြောင်း၊ ယခုလို လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို နိုင်ငံတစ်ဝန်းရရှိရန် အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူ ရန် လိုအပ်ကြောင်း။ ယနေ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ မှတ်တိုင်တစ်ခုဖြစ်လာမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်း အရာသန်းခေါင်စာရင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ အားလုံးပါဝင်လို့၊ သန်းခေါင် စာရင်းကောက်ကြစို့” “A nation-wide census, let us all participate” ဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင် က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေ၏အခန်း ကဏ္ဍနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် “ ထိခိုက် လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” Video Clip ကို ပြသသည်။ ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်
Mostrar todo...
👍 5
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် ဇူလိုင် ၁၁ ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ အထိမ်းအမှတ် အခမ်းအနားကျင်းပရေးဗဟိုကော်မတီနှင့် ဆပ်ကော်မတီများမှတာဝန်ရှိသူများ၊ ဝန်ကြီး ဌာနများနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက် ကြသည်။ ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူ ဦးရေနေ့ ဖြစ်ပေါ်လာသည့် အကြောင်းရင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတ ကြီးဖြေရှင်းရမည့် မိသားစုစီမံကိန်း၊ ကျား မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန် ဆောင်မိခင်ကျန်းမာရေးနှင့် လူ့အခွင့်အရေးများ၏ အရေးပါမှုစသည့် လူဦးရေဆိုင်ရာ ပြဿနာရပ်များကို ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုး မြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ကို အစွဲပြုပြီး ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။ မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့် အညီ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ကျင်းပသည့် အခမ်းအနားသည် (၃၅)ကြိမ် မြောက် အခမ်းအနားပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာ့လူဦးရေ သည် သန်းပေါင်းရှစ် ထောင်ကျော်ရှိပြီဖြစ်ကြောင်း၊ ရှေးယခင်က ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့ကာလတွင် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ အဆင့်မြင့်နည်းပညာများနှင့် လူမှုဘဝ များဖွံ့ဖြိုးတိုးတက်လာ သည့်အပြင် လူဦးရေဆိုင်ရာမွေးဖွားနှုန်း၊ သေဆုံးနှုန်းများ ပြောင်းလဲလာခြင်းကြောင့် လူဦးရေသန်းတစ်ထောင်တိုးရန် အချိန်သည် တဖြည်းဖြည်း တိုတောင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာ မပြည့်စုံခြင်းများ၊ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများ၊ ရာသီဥတုဖောက်ပြန်ခြင်း များ၊ ကူးစက်ကပ်ရောဂါပျံ့နှံ့ခြင်းများ၊ ရေဘေး လေဘေး မုန်တိုင်းဘေး စသည့် သဘာဝဘေး အန္တရာယ်များကို လူသားတို့ ယခင်ကထက် ပိုမိုရင်ဆိုင်ခံစား လာနေကြ ရကြောင်း၊ ထို့ပြင် တန်းတူညီမျှမှု မရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှုများပြားလာခြင်းများ စသည့် လူနေမှုအဆင့်အတန်းများ ကွဲပြားပြီး လူတန်းစား ကွာဟမှုပြဿနာများနှင့် လည်း ရင်ဆိုင်လာကြရကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများတွင် အဆိုပါပြဿနာများ ပိုမိုဖြစ်ပွားလာသည် ကို မိမိတို့ မျက်မြင်တွေ့ကြုံနေရသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။ လူဦးရေဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အများစုတွင် မွေးဖွားနှုန်း သိသိသာသာကျဆင်းလာခြင်းကြောင့် ကလေးဦးရေ နည်းပါးလာပြီး လုပ်သားအင်အား ရှားပါးခြင်းများ၊ သက်ကြီးရွယ်အိုများပြားလာခြင်း များနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများတွင် မွေးဖွားနှုန်းမြင့်မားခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ အလုပ်လက်မဲ့များပြားခြင်း၊ ဆင်းရဲနွမ်းပါးသူများပြားခြင်း စသည့် ပြဿနာများနှင့်ရင် ဆိုင်နေကြရကြောင်း။ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒတွေချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင် ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက် ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေ ရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း။
Mostrar todo...
👍 4
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.