cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MT News _ Myanmar Transparency

MT News _ Myanmar Transparency

Mostrar más
Publicaciones publicitarias
20 224
Suscriptores
+1724 horas
+5397 días
+89630 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ပြည်သူ့စစ်မှုထမ်းသင်တန်း (၃) အထိ ဖွင့်လှစ်နိုင်ခဲ့၊ ထပ်မံဖွင့်လှစ်မည့်သင်တန်းများအတွက် Time Frame များ ဖြန့်ဝေပေးထား ◾ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပဉ္စမမူကြမ်းရေးဆွဲပြီးစီး၍ အကြံပြုနိုင်ရန်ဖြန့်ဝေထားပြီး အကြံပြုချက်မရှိပါက အထက်အဆင့်ဆင့် တင်ပြဆောင်ရွက်မည် ၁၃. ၇. ၂၀၂၄ Written by Tha Doe ပြည်သူ့စစ်မှုထမ်းသင်တန်း (၃) အထိ ဖွင့်လှစ်နိုင်ခဲ့သလို ထပ်မံဖွင့်လှစ်မည့်သင်တန်းများအတွက် Time Frame များ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပဉ္စမမူကြမ်းရေးဆွဲပြီးစီး၍ အကြံပြုနိုင်ရန်ဖြန့်ဝေထားပြီး အကြံပြုချက်မရှိပါက အထက်အဆင့်ဆင့် တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) သို့ တွင် ပြောကြားသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ဇူလိုင် ၁၂ ရက်က ကျင်းပရာတွင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယခုချိန်ထိ ဗဟိုအဖွဲ့အစည်းအဝေး ၅ ကြိမ်ပြုလုပ်ခဲ့သလို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (ပဉ္စမမူကြမ်း) နှင့် ယင်းနည်းဥပဒေ (ပဉ္စမမူကြမ်း) အပေါ် ဥပဒေရေးရာဝန်ကြီးဌာနမှပေးပို့သည့် ပြင်ဆင်ချက်နှင့် သဘောထားမှတ်ချက်များကို ဆွေးနွေးနိုင်ရန် ဖြန့်ဝေပေးထားပြီးဖြစ်၍ နည်းဥပဒေ (ပဉ္စမမူကြမ်း)နှင့်စပ်လျဉ်းပြီး အစည်းအဝေး တက်ရောက်သူများမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရန်နှင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့်အကြံပြုချက်များရှိပါကလည်း အမြန်ပြန်လည်တင်ပြကြရန်မှာကြားခဲ့သလို ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများထပ်မံစိစစ်ပြီး ပြင်ဆင်ဖြည့်စွက်အကြံပြုချက်များမရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွား.... ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=71510 #sac #စစ်မှုထမ်း #စစ်သားစုဆောင်းရေး #MT
Mostrar todo...
👍 8
ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှောက်မှုမှာ ပျောက်ဆုံးနေတဲ့ လူ ၈ ဦးအနက် ၆ ဦးရဲ့ ရုပ်အလောင်း ဒီနေ့ ပြန်လည်တွေ့ရှိ ၁၂. ၇. ၂၀၂၄ Written by Hey Mar ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သဗ္ဗာန်တိမ်းမှောက်မှုမှာ ပျောက်ဆုံးနေတဲ့ လူ ၈ ဦးအနက် ၆ ဦးကို ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြန်လည်တွေ့ရှိပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။ ဖြစ်စဥ်က ဇူလိုင်လ ၁၀ ရက် နံနက် ၈ နာရီခန့်က ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးဆိပ်ကမ်းဘက်ကနေ ကြည့်​မြင်တိုင်မြို့နယ်၊ ဗားဂရာဆိပ်ဆီ ကျောင်းသားကျောင်းသူ ၅ ဦးအပါအဝင် ခရီးသည် ၁၆ ဦး လိုက်ပါလာတဲ့ သမ္ဗာန်ဟာ ဗားဂရာဆိပ်အနီး ၅ ဖာလုံခန့်မှာ ဒိုက်ပင်တွေ ငြိနေလို့ ရှင်းလင်းနေချိန် ကျောက်ချရပ်နားထားတဲ့ ရှမ်းရိုးမ(၃)သင်္ဘောကို ဝင်တိုက်ကာ သမ္ဗာန်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ တိမ်းမှောက်မှုအတွင်း ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူ(၈)ဦးကို ဆက်လက်ရှာဖွေခဲ့ရာမှာ အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်(၁)ဦးကို သန်လျင်ရေနံချက်စက်ရုံ ဘောတံတားအနီး၊ အသက်(၂၀)နှစ်အရွယ် လူငယ်(၁)ဦးကို ပုစွန်တောင်ချောင်းဝအနီး၊ အသက်(၄၂) နှစ်အရွယ် အမျိုးသား(၁)ဦးကို ပုစွန်တောင်ချောင်းဝအနီး၊ အသက်(၁၈)နှစ်အရွယ် လူငယ်(၁)ဦးကို ဆိပ်ကြီးဆိပ်အနီး၊ အသက်(၁၆)နှစ်အရွယ် အမျိုးသားငယ်(၁)ဦးကို သာကေတ(PT Power)ဆိပ်ကမ်းအနီးနဲ့ ယနေ့ ည ၉ နာရီအချိန်မှာ နောက်ထပ်အမျိုးသားရုပ်အလောင်းကို ထပ်မံရှာဖွေတွေ့ရှိပြီး၊ စုစုပေါင်း(၆)ဦးကို သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရှာဖွေတွေ့ရှိရုပ်အလောင်းတွေကို ပရဟိတအသင်းများက ယာဉ်တွေနဲ့ ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သမ္ဗာန်တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးခဲ့တဲ့ ကျောင်း သားကျောင်းသူ ၃ ဦးအပါအဝင် ၈ ဦးရဲ့ မိသားစုဝင်တွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျပ်နှစ်သိန်းစီ ထောက်ပံ့ခဲ့​ကာ ကယ်ဆယ်ရရှိသူ ၈ ဦးရဲ့ မိသားစုဝင်တွေကိုလည်း ကျပ်တစ်သိန်းစီ ထောက်ပံ့ပေးခဲ့​တယ်လို့ သိရပါတယ်။ #သမ္ဗာန် #တိမ်းမှောက် #ကြည့်မြင်တိုင် #MT
Mostrar todo...
😢 37👍 11 1
Photo unavailableShow in Telegram
ပထမပွဲမှာ ရုရှားဖိုက်တာကို မရှုမလှ ရှုံးနိမ့်ခဲ့ရပေမဲ့ ဒုတိယပွဲမှာ တိုးတက်လာတဲ့လက်စွမ်းနဲ့ ပြိုင်ဘက်ကို ဒိုင်ပွဲရပ်အနိုင်ယူပြီး ဘတ် ၃၅၀၀၀၀ ဆွတ်ခူးခဲ့တဲ့ ထွန်းမင်းအောင် ၁၂. ၇. ၂၀၂၄ Written by Thettant မေလ ၃၁ ရက် သောကြာနေ့ည One Friday Fights 65 ရဲ့ ဖယ်သာဝိတ်တန်းမှာ မြန်မာပြည်ချန်ပီယံဟောင်းထွန်းထွန်းမင်းရဲ့ညီ ၁၈ နှစ်သား ထွန်းမင်းအောင်နဲ့ ရှုံးပွဲမရှိသေးတဲ့ ရုရှားဖိုက်တာ MMA နဲ့ ကစ်ဘောက်ဆင်ဖိုက်တာ Dmitry Kireev တို့ ယှဥ်ပြိုင်ထိုးသတ်ရာမှာ အကိုဖြစ်သူ ထွန်းထွန်းမင်းလို ပွဲထွက်လာပေမဲ့ ရုရှားဖိုက်တာကို စင်ပေါ်တက်အထိုးခံပြသွားတဲ့ ထွန်းမင်းအောင်က မရှုမလှလို့ဆိုရလောက်အောင် ဘာမှလုပ်မပြနိုင်ဘဲ အရေးနိမ့်သွားခဲ့ပြီး ပထမဆုံး One ပွဲဦးထွက် ရှုံးခဲ့ပေမဲ့ ဒီနေ့ညမှာတော့ ပထမအကြိမ်လိုပွဲထွက်လာတဲ့အပြင် ပြိုင်ဘက် ဗီယက်နမ်ဖိုက်တာ ထရန်ကွပ်တန် ဆက်မထိုးနိုင်အောင် ထိုးသတ်ပြခဲ့လို တတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ နိုင်ခဲ့တာကြောင့် ဆုကြေး ဘတ် ၃၅၀၀၀၀ ပါ ဆွတ်ခူးခဲ့ပါတယ်။ အရပ်အမောင်းရော ခြေတံလက်တံရှည်မှုပါ အားသာတဲ့ထွန်းမင်းအောင်ဟာ ပထမအကြိမ်က အရေးနိမ့်မှုကို သင်ခန်းစာယူနိုင်ခဲ့ပြီး ပြိုင်ဘက်ကို ခြေကန်ချက်တွေ၊ ဒူးတိုက်ချက်တွေ၊ တံတောင်ရိုက်ချက်တွေနဲ့ သတ်လုံးသတ်ကွက်စုံလာခဲ့သလို ပင့်လက်သီးတွေ၊ ထောက်ခြေ၊ နင်းခြေ၊ ချုပ်ဒူး၊ ဒူးပျံတွေနဲ့ ချိန်ကိုက်သုံးနိုင်ခဲ့ပြီး ပထမပွဲထက် သိသိသာသာ တိုးတက်လာတာ မြင်ရပါတယ်။ အသိသာဆုံးတိုးတက်မှုက ထွန်းထွန်းမင်းတို့ညီအကိုတွေဟာ တတိယအချီမှာ သက်လုံကျတတ်ပြီး ထွန်းမင်းအောင်ကိုယ်တိုင်လည်း တတိယအချီမှာ တချို့ပွဲတွေ သက်လုံကျတတ်ပေမဲ့ ဒီနေ့ပွဲမှာတောင် သက်လုံမကျဘဲ တစ်ချိန်လုံးတိုက်စစ်ဆင်နေခဲ့တာပါ။ ဒုတိယအချီဆိုရင် ထရန်ကွပ်တန်နဲ့ တံတောင်ပြိုင်ရိုက်နေခဲ့ပြီး သူထိကိုယ်ထိမှာ ခံနိုင်ရည်ပိုမြင့်လာတာလည်းမြင်ရပါတယ်။ ခံနိုင်ရည်အမြင့်ဆုံးကတော့ ထရန်ကွပ်တန်ဟာ ဒီနေ့ပွဲမှာ ထွန်းမင်းအောင်ကို လေးကြိမ်ထက်မနည်း မတော်ရာ ကန်မိတာကိုတောင် ထိုးသတ်အားကျမသွားတာလည်း သတိပြုမိခဲ့တဲ့အပြင် ပြိုင်ပွဲအဆုံးသတ် တတိယအချီမှာလည်း ထွန်းမင်းအောင်ရဲ့တံတောင်ရိုက်ချက်နဲ့ ပြိုင်ဘက် ထပ်မထိုးနိုင်လို့ ဒိုင်ပွဲရပ်နဲ့အနိုင်ရပြီး ဘတ် ၃၅၀၀၀၀ ဆွတ်ခူးသွားခဲ့တာပါ။ တကယ်တော့ One ကို မြန်မာပြည်က သွားထိုးတဲ့အထဲ စိုးလင်းဦးက အသက်အကြီးဆုံးဆို အငယ်ဆုံးက ထွန်းမင်းအောင်လို့ ပြောရမှာပါ။ ပထမအ​ကြိမ်ကျရှုံးခဲ့ပေမဲ့ ဒုတိယအကြိမ်မှာတော့ အဆပေါင်းများစွာတိုးတက်လာမှုနဲ့ မြင်ရတာ စိတ်ကျေနပ်စရာဖြစ်သလို စိုးလင်းဦးခြေရာနင်းပြီး ဒေါ်လာတစ်သိန်းတန်စာချုပ်ရလာမလားဆိုတာကတော့...။ #one #ထွန်းထွန်းမင်း #ထွန်းမင်းအောင် #ရုရှား #thailand #russia #OIC #MTsport #TunMinAung #MTEntertainment
Mostrar todo...
17👍 10
05:57
Video unavailableShow in Telegram
"မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်အများစုအနေနဲ့ကတော့ ပုဂံအပြင် သရေခေတ္တရာတို့ ပျူမြို့ဟောင်းတွေကို လာရောက်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်ခင်ဗျ။ အဓိကအနေနဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ သဘာဝအမွေအနှစ် (၂)ခုကိုဆိုရင် ကမ္ဘာ့အမွေအနှစ်ပေးတဲ့အချိန်မှာ စံနှုန်း ၁၀ ချက်ရှိတယ်။ ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ စံနှုန်း ၆ ချက် သတ်မှတ်ထားပါတယ်။ အဲဒီထဲက ဗိဿနိုး ဟန်လင်း ပျူမြို့ဟောင်း သုံးမြို့လုံးထဲက စံနှုန်း ၂၊ ၃ ၊ ၄ဆိုတဲ့ အချက် ၃ ချက်နဲ့ ကိုက်ညီပြီးတော့မှ ဒီသုံးမြို့လုံးက ကမ္ဘာအမွေအနှစ်စာရင်းဝင်ဆုကိုရရှိခဲ့တာပါ" ဆိုတဲ့ နည်းပြဆရာ ကိုကျော်သက် (ရှေးဟောင်းသု‌တေသန နည်းပညာသင်တန်းကျောင်း) ၁၂.၇.၂၀၂၄ ရိုက်ကူး/ တည်းဖြတ် - သန္တာ #ပျူမြို့ဟောင်း #သရေခေတ္တရာ #နည်းပြဆရာကိုကျော်သက် #KyawThet #MyanmarHistorical #PyuHistorical #MTEntertainment
Mostrar todo...
141.00 MB
👍 29
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပြီး SAC ဥက္ကဋ္ဌ တက်ရောက် ၁၂. ၇. ၂၀၂၄ Written by Nyein Kyaw ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာ ယနေ့ ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၀ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၈,၈၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ရာ ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲများ၌ စုစုပေါင်းသစ်ပင် ၁၆၂,၅၂၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ #sac #ကြည်း #ရေ #လေ #ရေဆင်း #သစ်ပင် #MT
Mostrar todo...
👍 11🤨 7😐 3👎 2😱 2🤣 2 1🤩 1
Photo unavailableShow in Telegram
လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအား အမည်မည်းစာရင်းမှ ဖြေလျှော့ပေးဖြစ်သောကြောင့် ဇူလိုင်လ ၁၅ ရက်မှစ၍ သက်ဆိုင်ရာဌာနများသို့ သတင်းပို့ရန် SAC အသိပေး ၁၂. ၇. ၂၀၂၄ Written by Nyein Kyaw အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအား အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးမည်ဖြစ်သောကြောင့် ယခုဇူလိုင်လ ၁၅ ရက်မှစတင်၍ မိမိတာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ရန် .... ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=71493 #blacklist #အမည်ပျက်စာရင်း #CDM #ဝန်ထမ်း #MT
Mostrar todo...
👍 23👎 17🤣 5 2
Photo unavailableShow in Telegram
TNLA နှင့် PDF များ ရှော့တိုက်ဒုံးဖြင့်ပစ်၍ ရက်သားကလေးငယ်နှင့် ဖခင်သေဆုံးပြီး မိသားစုသုံးဦးအပါအဝင် လူ ၇ ဦး ဒဏ်ရာရ ၁၂. ၇. ၂၀၂၄ Written by Nay Moe အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးဖြင့်ပစ်၍ ရက်သားကလေးငယ်နှင့် ဖခင်သေဆုံးပြီး မိသားစုသုံးဦးအပါအဝင် လူ ၇ ဦး ဒဏ်ရာရရှိခဲ့မှု ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်သို့ TNLA နှင့် ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်သည့် ကိုနိုင်(၃၁)နှစ်နှင့် ၎င်း၏သားဖြစ်သူ ရက်(၂၀)သားအရွယ် ကလေးငယ်တစ်ဦးတို့တွင် ရှော့တိုက်ဒုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုလှဝင်း(၂၁)နှစ်၊ မချစ်စု(၃၁)နှစ်၊ မခင်သက်ပိုင်(၂၁)နှစ် နှင့် မထိုက်ထိုက်ရှိုင်း (၂၆)နှစ်တို့ ရှော့တိုက်ဒုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ည ၇ နာရီ ၅၅ မိနစ်တွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်ကျေးရွာသို့ PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေ ဦးဇော်လွင်(၄၈)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်း(၃၈)နှစ်နှင့် သမီးဖြစ်သူ မပြည့်ဖူးလွင် (၁၄)နှစ်တို့တွင့် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=71490 #မိုးကုတ် #မတ္တရာ #TNLA #PDF #ရှော့တိုက်ဒုံး #MT
Mostrar todo...
😢 30👎 3👍 1
06:51
Video unavailableShow in Telegram
မိုးမလုံကျူးတဲက အသက် ၈၅ နှစ်အရွယ် နှဲဆရာကြီး သပြေကြိုင်ရဲ့ ဘဝအမော ၁၂.၇.၂၀၂၄ ရိုက်ကူး/တည်းဖြတ်- ဟေမာ နှဲဆရာကြီး သပြေကြိုင်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ဆန်းရပ်ကွက်၊ မီးခြစ်ဆံစက်ရုံဝင်း(စက်ဘီးစက်ရုံဝင်း ) လိုင်းခန်းတွေရဲ့ အနောက်ဘက်က ကျူးကျော်မှာ နေထိုင်သူပါ။ အရင်က မီးခြစ်ဆံ စက်ရုံလုပ်သား အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် အခုအခါမှာတော့ ပင်စင်ယူပြီး စက်ရုံအနောက်ဘက်က သူ့ကို အိမ်ဆောက်နေထိုင်ခွင့်ပေးထားတဲ့ နေရာလေးမှာပဲ နေထိုင်ခဲ့တာ နှစ် ၂၀ ကျော်နေပါပြီ။ အခုအခါ သူတို့နေထိုင်ရတဲ့ ကျူးကွက်ကလေးက ရေဆိုးရေညစ်တွေ ဝန်းရံနေတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတဲ့ မိုးရာသီ အချိန်အတွက် ပူပင်နေရပြန်ပါတယ်။ မလုံခြုံတဲ့ အိမ်ငယ်နဲ့ မပြေလည်တဲ့ သားသမီးတွေကြား အသက် ၈၅ နှစ်အရွယ် သပြေကြိုင်(ခေါ် ) ဦးအုန်းကြိုင်ရဲ့ ဘဝအမောတွေကို MT Entertainment က ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ #နှဲ #သပြေကြိုင် #ကျုး #မင်္ဂလာတောင်ညွန့် #MTEntertainment
Mostrar todo...
148.07 MB
😢 27👍 14
09:25
Video unavailableShow in Telegram
MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း ၁၂. ၇. ၂၀၂၄ တင်ဆက်/တည်းဖြတ် MT News ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ◾️ ဘုတလင်က PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့အတိုက်ခံရပြီး လေးဦးဒဏ်ရာရခဲ့လို့ ဒဏ်ရာရသူတွေကို ဆေးကုသဖို့ အဆောက်အအုံတစ်လုံးဆီ ခေါ်ဆောင်ချိန် ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံရလို့ PDF ငါးဦးနဲ့ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေဆုံးတဲ့သတင်း ◾️ နီပေါနိုင်ငံမှာ မြေပြိုမှုကြောင့် ထရီရှုလီမြစ်အတွင်း ဘတ်စ်ကားနှစ်စီးမျောပါကာ လူ ၆၅ ဦး ပျောက်ဆုံးနေတဲ့သတင်း ◾️ သားအမိတော်စပ်တဲ့ လက်နက်မဲ့အမျိုးသမီးနှစ်ဦးကို PDF လေးဦးက 'ဒလန်မတွေ' လို့ စွပ်စွဲကာ နေအိမ်အထိ လာရောက်သတ်ဖြတ်တဲ့သတင်း ◾️ ထိုင်းနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတွေအတွက် ရေလမ်းကြောင်းကုန်သွယ်မှုတွေကို စတင်ပြုလုပ်တဲ့သတင်း ◾️ မြန်မာနိုင်ငံရဲ့ စွမ်းအင်အဆောက်အဦ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ ဆန္ဒရှိနေတဲ့သတင်း ◾️ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိဖို့ ကူညီပံ့ပိုးပေးမယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးပြောတဲ့သတင်းနဲ့ ◾️ ဘဏ်‌တွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် စိုးရိမ်စိတ်ကြောင့် ငွေထုတ်သူများလာလို့ Kpay နဲ့ Wave Money တို့မှာပါ ငွေသားထုတ်ယူရခက်ခဲနေတဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။ #ပွင့်လင်းမြန်မာ #mtnews_entertainment #mtnews #myanmar_transparency_news #myanmar_transparency_news_ရုပ်သံ
Mostrar todo...
13.11 MB
👍 40 2
Photo unavailableShow in Telegram
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို လိမ်လည်အကောင့် ခေါ် Mule Acaounts များ ဖွင့်လှစ်စေ၍ အွန်လိုင်းလိမ်လည်မှု ပြုနေသော ဂိုဏ်းဝင်များကို ဖော်ထုတ်ဖမ်းမိ ၁၂.၇.၂၀၂၄ Translated by Htwe Ko Tun ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို လိမ်လည်အကောင့် ခေါ် Mule Accounts များကို ဖွင့်လှစ်စေရန် လှည့်ဖြားစည်းရုံး၍ ၎င်းတို့ကို အွန်လိုင်း လိမ်လည်မှုဂိုဏ်းများသို့ ရောင်းချစေခြင်းဖြင့် အွန်လိုင်းမသမာမှုများပြုနေသည့် ဂိုဏ်းနှစ်ဂိုဏ်းနှင့်ဆက်စပ်နေသော တရားခံနှစ်ဦးကို ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ အဆိုပါ လိမ်လည်အကောင့်ငွေစာရင်းများတွင် လိမ်လည်မှန်ကန်မှုမရှိသော အရောင်းအဝယ်များ ဘတ်ငွေ ၃ ဘီလျံဖိုးအထိ ပြုလုပ်ထားသည်ကိုလည်း တွေ့ခဲ့ကြရသည်။ အဆိုပါ အွန်လိုင်းလိမ်လည်မှုဂိုဏ်းက နိုင်ငံခြားရွှေ့ပြောင်းလုပ်သားများကို ဥပဒေနှင့်အညီ ထိုင်းနိုင်ငံအတွင်း သွင်းပေးကာ ၎င်းတို့ကို ဘဏ်အမျိုးမျိုးတွင် ငွေစုစာအုပ် အကောင့်များဖွင့်လှစ်ရန် လှည့်ဖြားစည်း ရုံးခဲ့သည်။ ဆိုက်ဘာရာဇဝတ်မှုစုံစမ်းထောက်လှမ်းရေးဗျူရို(CCIB) က ဇူလိုင်လ ၁၁ ရက်တွင် Save Foreigen Workers ခေါ် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို လိမ်လည်လှည့်ဖြားမှုများအား ဖော်ထုတ်ရန်စစ်ဆင်ရေးကို စတင်ခဲ့သည်။ ထိုစစ်ဆင်ရေးအရ ထောက်လှမ်းဖော်ထုတ်မှုအရ လိမ်လည်အကောင့် ခေါ် Mule Accounts များ ဖွင့်လှစ်ပေးရကာ လှည့်ဖြားမှုခံနေရသော နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား ၅၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့၏ လိမ်လည်အကောင့်များတွင် ဘတ်ငွေ ၃ ဘီလျံကျော် စီးဆင်းလည်ပတ်နေကြောင်းလည်း တွေ့ခဲ့ရကာ အဆိုပါ လိမ်လည်အကောင့် ၁၀၀ ကျော်ကို .... ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=71485 #thailand #ရွှေ့ပြောင်းလုပ်သား #muleaccount #MT
Mostrar todo...
👍 44 2
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.