မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
Ir al canal en Telegram
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏သတင်းချန်နယ်ဖြစ်ပါသည်
Mostrar más1 971
Suscriptores
-124 horas
+157 días
+14130 días
Archivo de publicaciones
အောက်တိုဘာ၄ရက်
🔺(7:30pm)ခန့်က အမှတ်(၁၄)ရပ်ကွက်မှ လူငယ်ပိုင်းအမျိုးသမီးတစ်ဦးကို စခများမှ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၄ရက်
🔺(11:00am)ခန့်က နဘူးအိုင်ရွာ၊လမ်းဆုံမှာ ရခတွေ စစ်ဆေးနေ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂ရက်
🔺အမှတ်၃ရပ်ကွက်မှာ စခ၊ပျူတွေ လူဦးရေစာရင်းလိုက်ကောက်နေတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၇ရက်
🔺မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်စိန်ဝင်းက အမှတ်(၁)(၂)(၆)မှ ကျူးကျော်နေသူများထံအဓမ္မငွေကြေးတောင်းခံခိုင်းတာ၊
အမှတ်(၂၀)-ချောင်းဒေါင်း၊မြို့ပတ်လမ်းတကြောမှ မြေရှင်များဆီ လယ်မြေအခြားနည်းသုံးခွင့် အတင်းကျပ်လျှောက်ခိုင်းပြီး ငွေညှစ်တာ၊လုပ်ငန်းလိုင်စင်များကို တရားမဝင်နားလည်မှုနဲ့အဓမ္မငွေညှစ် တောင်းခိုင်းတာတွေကို ရပ်ကွက်အုပ်မှူးတွေနဲ့ပေါင်း ငွေဖန်နေတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၇ရက်
🔺အမှတ်၁၂၊လေးအိမ်တန်းမှ ၂၀ဦးခန့်စီ ခမရ(၁၅) တပ်ထဲမှာ ယနေ့နံနက်(၇)နာရီခန့်မှစ၍ ပျူသင်တန်းပေးနေ။၅ရက် သင်တန်းပေးမှာဖြစ်ပြီး သင်တန်းသားအချို့က အတင်းအကျပ်ခေါ်လို့ တက်ရတာလို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၅ရက်
🔺မနေ့ည၁၀နာရီခန့်က လယ်သစ်ရွာမှပျူငပေါက်၊ကံလှရွာမှပျူဝင်းကြိုင်နှင့်စခအဖွဲ့မှ နဘူးအိုင်ရွာမှ ဦးလှနီတို့ သားအဖနှစ်ဦးအား နေအိမ်ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပေါက်စိမ်းလမ်းခွဲအနီးမှာ သေနတ်ဖြင့်ပစ်သတ် အလောင်းစွန့်ပစ်ခဲ့။
မိသားစုဝင်တွေဆီမှဖုန်းများ၊ဈေးရောင်းဝယ်လုပ်တဲ့ငွေ သိန်းတစ်ရာခန့်ကို ယူသွားတယ်လို့သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၄ရက်
🔺၂၂ရက်နေ့၊နံနက်၁၁နာရီခန့်က တလုတ်-ဆီမီးခုံလမ်းပိုင်းမှာ တလုတ် မှထွက်လာသော စခကားတစ်စီးကို MP-9 ၊ ရွှေဂျိုးဖြူ ၊ ရွှေခြံသား၊ တလုပ်၊ Myingyan Danger Dynamite၊ one ldf Myingyan အဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၂ရက်
🔺ရွာသာယာ(ရွှေဟင်္သာကျောင်း)ရောက်နေတဲ့ မန်ကျည်းစုရွာ မီးရှို့တဲ့စခတွေ ယုံထိုးရွာရောက်နေ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၁ရက်
🔺ဆီမီးခုံမှထွက်လာသည့်စခကားကြီး၄စီး၊ကားသေး၂စီး မြို့သာဘက်ဦးတည်ထွက်သွားပြီး မြို့သာစက်မှုဇုန်ကျော်သွားပြီလို့ သိရ(12:44pm)ရရှိသတင်း။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၁ရက်
🔺မနေ့က ဘလဲ့ရွာမှာတပ်စွဲနေတဲ့ စခတွေ မန်ကျည်းစုရွာမှ နေအိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသူ၊ရွာသားများကို ဘုန်းကြီးကျောင်းမှာ ဖမ်းခေါ်ပြီး ရိုက်နှက်စစ်ဆေးကာ အမျိုးသမီးများထံမှ နားကပ်၊ရွှေပစ္စည်းများ ချွတ်ယူခဲ့။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၀ရက်
🔺မနေ့က ရွှေဘုံသာရွာမှ ပျူဝင်းကြိုင်၊ငပေါက်တို့ရဲ့ တပည့် အုပ်ကြီးငမောင် အရှင်းခံရ ။ ဒေါင်းနီအဖွဲ့မှ ရှင်းလင်းခဲ့တာဖြစ်ပြီး MP-9အဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၂၀ရက်
🔺မနေ့က မြင်းခြံမြို့ပေါ်မှာ ၃နေရာ ဗုံးကွဲခဲ့တယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၁၉ရက်
🔺မြင်းခြံမြို့ပေါ် မှာ ညနေ၆နာရီ၊၃၀မိနစ်ခန့်က ဗုံးကွဲပြီးနောက် စခတွေ နေရာစုံကနေ ခြောက်လှန့်ပြီး သေနတ်များပစ်ဖောက်ခဲ့။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၁၃ရက်
🔺မနေ့ည၁၂နာရီခန့်က စခ၊ပျူ တွေကားတစ်စီးဖြင့် ဂျုပ္ပင်ရွာ အရှေ့ဘက်ကိုလာရောက်ပြီး ဖမ်းလာသူ၃ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီး အလောင်းစွန့်ပစ်ခဲ့။သေနတ်၃ချက်ပစ်ခတ်သံကြားရပြီး ၁ဦးက မသေသေးဘဲ နံနက်၈နာရီခန့်မှာ စခတွေသိမ်းယူထားတဲ့ အမည်ခွာထားတဲ့ လူနာတင်ကားနဲ့ သယ်ယူသွားတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၁၀ရက်
🔺ဂျုပ္ပင်ရွာအုပ်ကြီး အရှင်းခံရတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၆ရက်
🔺မြင်းခြံမြို့၊အမှတ်(၁)ရပ်ကွက်၊မြို့သစ်မှ ကျူးကျော်နေသူများ၊အိမ်ငှားနေသူများ၊အဆောင်ငှားနေသူများကို ပျူ(၃)ကောင်မှ သေနတ်များဖြင့် ခြိမ်းခြောက်၍ အုပ်ကြီးဝင်းရွှေအိမ်ခေါ်ပြီး တစ်အိမ်၃ထောင်ကျပ်ဖြင့် ပိုက်ဆံတောင်းယူနေတယ်လို့ သိရ။
ယခင်ကလည်း တစ်အိမ်ထောင်၅သောင်း တောင်းယူခဲ့တာ ရှိခဲ့ဖူးတယ်လို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၄ရက်
🔺တလုပ်နဲ့နယ်ခြားက စခတွေ ဧရာဝတီမြစ်ကြောမှာ ခြေရှုပ်နေ တလုပ်၊နယ်ခြား နဲ့ ချောင်းပေါက် ကို ကူးမဲ့ စက်လှေ၊မော်တော်များ အထူးဂရုပြုကြဖို့ သတိပေးအပ်ပါသည်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၃ရက်
🔺မြင်းခြံခရိုင်အတွင်းက ပျူတွေ နေပြည်တော်ကို အလှည့်ကျဘုရားဖူးသွားနေရ။ယနေ့ တောင်သာမြို့နယ်၊ဘုရားလှရွာမှ ပျူမိသားစုတွေ ဘုရားဖူးသွားရတယ်လို့ သိရပြီး ဩဂုတ်၁၉ရက်နေ့က မြင်းခြံမြို့က ပျူတွေ သွားကြရတာလို့ သိရ။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၃ရက်
🔺ကျောက်ကန်ရွာမှာ စခကား၂စီး၊မနက်က ရောက်နေ။ယ္ခုထိ ရှိနေသေး။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စက်တင်ဘာ၃ရက်
🔺မနေ့က နှပ်ချိုတောရွာရောက်နေတဲ့စခတွေ မနေ့ညက ပျဉ်းလှတောရွာမှ တဆင့် ယနေ့နံနက်ဖောင်ကျင်း(တောင်)ရွာရောက်နေ။(စခအင်အား၇၀ခန့်)
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
